Mar
16
ထုတင်ချင်သလား၊ချန်ပီယံရဲ့ စကားနာခံထား
Home > နိုင်ဦး စာမျက်နှာ > ထုတင်ချင်သလား၊ချန်ပီယံရဲ့ စကားနာခံထားတင်ဆက်သူ — နိုင်ဦး (119) (intensemuscles@gmail.com)
2009-ခုနှစ်ဥရောပ ပရိုဖက်ရှင်နယ်ကာယဗလပြိုင်ပွဲ ချန်ပီယံ troy alves ရဲ့ ထုတင်ရန် အကြံပြုချက်များကို ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။
——-ထုတင်ချင်လျှင် စနစ်တကျစားပါ။ ဒါပေမဲ့ ထောပတ်သီး၊ သံလွင်ဆီစတဲ့ ကောင်းမွန်တဲ့အဆီတွေ ပါဝင်အောင် စားပါ။
——-အသားများများ စားပါ။
——–ကျွန်တော်တစ်နေ့ ကို ခုနှစ်ကြိမ်စားတယ်။ နှစ်ကြိမ်ကတော့ protein
shake တွေဖြစ်ပြီး၊ ကျန်ငါးကြိမ်ကတော့ လုံးဝ အာဟာရပြည့်ဝတဲ့ ကာယဗလ အစားအစာတွေပဲ ဖြစ်ပါတယ်။
——–သင်စားတဲ့အကြိမ်တိုင်းမှာ ကာဗိုဟိုက်ဒရိတ် ပါဝင်စေရန် ကြိုးစားပါ။ ဒါပေမဲ့ ညအိပ်ရာဝင်ခါနီးတော့ ကာဗိုဟိုက်ဒရိတ်ကို မစားပါနဲ့ ။
စီစဉ်တင်ပြသူ——
နိုင်ဦး—–119
Email—-intensemuscle@gmail.com
Related posts:







ကိုနိုင်ဦး ခင်ဗျား…အစားအသောက်တွေကို စနစ်တကျ စားတဲ့ နေရာမှာ မြန်မာထမင်းကို စားပြီးအားဖြည့်နေတဲ့ ကျွန်တော်တို့နဲ့ ဂျုံကို စားပြီး အားပြည့်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ဘယ်လိုကွာခြားပါသလဲ။
ပြီးတော့ အသားများများစားမှ အားဖြစ်မှာထက် ထမင်းရည်များများသောက်၊အားဆေး များများသောက်ပြီး အားဖြစ်မှာ ဘယ်အရာက အကျိုးအာနိသင် ကောင်းပါသလဲ။ မနက်ပိုင်း အပေါ် ၀ိတ် ကစားပြီး၊ညနေပိုင်း အောက်ဝိတ် ကစားရင်ရော အဆင်ပြေပါ့မလား။အလေးများများ မပြီး အစားအသောက် မလိုက်နိုင်ရင်ရော ၀ိတ်က ထင်သလောက်တက်နိုင်ပါ့မလား။ ၀ိတ်မပြီး ကိုယ်လက်တွေ ကိုက်ခဲလို့ အကိုက်အခဲပျောက်ဆေးသောက်ရင်ရော၊ ရည်ရှည် ကောင်းပါ့မလား။ ၃လလောက်ကစားကြည့်ရုံနဲ့ ခန္ဒာကိုယ်အချိုးအစားပြေပြစ်ပါ့မလား။ကျေးဇူးပြုပြီး ဖြေပေးပါအုံး။ ကျေးဇူးတင်ပါတယ် ခင်ဗျာ
အဓိက ကတော့ထမင်းနဲ့ ဂျုံဘာမှ မကွာပါဘူး။ ကာယဗလသမားအတွက်ကတော့ သင့်လျော်တဲ့ အသားဓါတ်ပမာဏကို စားပြီးရင် စနစ်တကျ ကစားပါ။ အသားသိပ် အများကြီးစားစရာ မလိုပါဘူး။ ထမင်းရည်သောက်တာ အကျိုးရှိတယ်ဆိုတဲ့ အိုင်ဒီယာကို မေ့ထားလိုက်ပါ။ တစ်နေ့ ကို တစ်ကြိမ်သာ ကစားပါ။ အစားအသောက်မလိုက်နိုင်ရင်တော့ တိုးတက်မူရှိမှာမဟုတ်ပါဘူး။ ပင်ပန်းတာပဲ အဖတ်တင်မှာပါ။ အကိုက်အခဲပျောက်ဆေးတွေကို သိပ်မသောက်သင့်ပါဘူး။ ရေရှည်အတွက် လုံးဝမကောင်းပါဘူး။
3-လလောက်ကြိုးစား ကစားရင်တော့ သင်လိုချင်တဲ့ ဘော်ဒီရမှာပါ။ စိတ်မလျော့ပါနဲ့ ။ကြိုးစားပါ။
comment အတွက်ကျေးဇူးပါ။
နိင်ဦး——–119