ခင်မောင်ကျော်နှင့် ခဏတာ
Home > Training and Contest > ခင်မောင်ကျော်နှင့် ခဏတာတင်ဆက်သူ — အောင်အောင်
ဒီတစ်ခေါက်တော. စာဖတ်ပရိသတ်ကြီး အတွက် မျိုးဆက်သစ် ကာယဗလ မောင်တစ်ဦးဖြစ်တဲ. မောင်မြန်မာ ခင်မောင်ကျော်နှင်. တွေ.ဆုံခဲ.တာလေးကို တင်ပြပေးလိုက်ပါတယ်။ သင်တို.လည်း သိပြီးသားဖြစ်မှာပါ။ ဒီနာမည်လေးကို ကိုနိုင်ဦးတို. ကိုနိုင်ေ၀၀င်း တို.ရဲ. ပို.စ်တွေမှာလည်း ပါဖူးနေကျပါပဲ။ ကျွန်တော် သူနဲ.တွေ.ဆုံဖို. ရည်ရွယ်ထားတာ ကြာပါပြီ။ အမျိုးမျိုးသော အကြောင်းလေးတွေကြောင်. မတင်ဖြစ်ခဲ.ဘဲ အခုလိုမျိုး ပြိုင်ပွဲနီးချိန်လေးမှာပဲ အမှတ်တရ အနေနဲ. တင်ပေးလိုက်တာပါ။ သူနဲ. တွေ.ဆုံခိုက် သိလိုသမျှလေးတွေ မေးပြီး ပြန်လည်ဖောက်သည် ချပေးလိုက်ပါတယ်။
အကိုအနေနဲ. ကာယဗလအားကစားကို ဘယ်နှစ်ခုနှစ်က စတင်လေ.ကျင်.ခဲ.ပါသလဲ ခင်ဗျာ
ကျွန်တော် ကာယဗလ အားကစားကို ရန်ကုန်ရောက်မှ စတင်ကစား ဖြစ်တာပါ။ ကျွန်တော် သူငယ်ချင်း နိုင်လင်းထွန်းနှင်. ရန်ကုန်ကို တက်လာပြီး ဆရာ ဦးထွန်းလွင်ထံမှာ လေ.ကျင်. သင်ကြားခဲ.တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ၂၀၀၅ ဂျုလိုင်က စတင်ကစားခဲ.တာ ဖြစ်ပါတယ်။
အကိုအကြိုက်ဆုံး ပြည်တွင်း ပြည်ပ ကာယဗလသမားတွေက ဘယ်သူတွေများဖြစ်ပါမလဲ။
ပြည်တွင်းမှာတော. ကိုအောင်ဆွေနိုင်၊ ကိုအောင်ခိုင်ဝင်းတို.ကိုတော. အကြိုက်ဆုံးပါပဲ။ ပြည်ပအနေနဲ. ဂျေကက်တလာ ကိုကြိုက်တယ်ဗျာ။ သူရဲ. bodytypeကို တော်တော် ကြိုက်တယ်ဗျာ။
အကို စတင်ဝင်ပြိုင်တာ ဘယ်ပွဲများလဲ ခင်ဗျာ။
၂၀၀၆ တိုင်းနှင်. ပြည်နယ် လူရွေးပွဲပါ ခင်ဗျာ။
ပြိုင်ပွဲရလဒ် အနေနဲ.ရော
အဲဒီပြိုင်ပွဲမှာ ရန်ကုန်တိုင်းအနေနဲ. ဒုတိယ ရခဲ.ပြီး MCCမှာ ကျင်းပတဲ.၂၀၀၆ ပြည်နယ်နှင်. တိုင်းပြိုင်ပွဲမှာ ရန်ကုန်တိုင်း ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ.ရာမှာ တတိယ ရရှိခဲ.ပါတယ်။
နောက်ထပ်ပြိုင်ပွဲတွေ ရှိပါသေးသလား ခင်ဗျာ။
ဟုတ်ကဲ. Lolane ကကျင်းပတဲ. ကိုယ်ခန္ဒာ အလှပြိုင်ပွဲ မှာလည်း ပထမဆုရရှိခဲ.ပြီး MCCမှာ ကျင်းပတဲ. ၂၀၀၇ တိုင်းနှင်.ပြည်နယ် ပွဲမှာလည်း ရန်ကုန်တိုင်း ကိုယ်စားပြု ပထမ ရရှိခဲ.ပါတယ်။ အဲဒီနှစ်မှာပဲ Crusher ပြိုင်ပွဲမှာလည်း တတိယ ရရှိခဲ.ပါတယ်။
ဒါဆို အကိုအနေနဲ. ကစား သက်တမ်း တိုတိုလေးမှာ အောင်မြင်မှုတွေ ရရှိခဲ.တာပေါ.။
ဟုတ်ကဲ. အဲဒီလိုပဲ ပြောရမှာပေါ.။
အကို မောင်မြန်မာ အငယ်တန်းမှာလည်း ဆုချိတ်သေးတယ်နော် ဘယ်နှစ်ခုနှစ်မှာလဲ ခင်ဗျာ။
သြော် ဟုတ်ပါတယ် ၂၀၀၈ မှာပါ ဗျာ။ မောင်မြန်မာ အငယ်တန်း ပထမ ရရှိခဲ.ပါတယ်။
အကိုအနေနဲ. ဘယ်လို ခံစားရပါသလဲ။
ပျော်တာပေါ.ဗျာ မြန်မာပြည်မှာ ကာယဗလ နဲ. ပတ်သက်ရင် အမြင်.ဆုံးပြိုင်ပွဲဆိုလည်း မမှားဘူးလေ အဲဒီပွဲမှာ ဆု ရတယ်ဆိုတော. အရမ်းပျော်တာပေါ.
အဲဒီပြိုင်ပွဲပြီးတော. အကိုအနေနဲ. နောက်နှစ်တွေမှာကော ပြိုင်ပွဲ ၀င်ဖြစ်သေးလားခင်ဗျာ။
ကျွန်တော် ၂၀၀၉ မှာဝင် ဖြစ်သေးတယ်ဗျ မောင်မြန်မာပြိုင်ပွဲကော Crusherပြိုင်ပွဲကော
ဆုကော ရရှိခဲ.သေးလားခင်ဗျာ
ရတော. ရခဲ.ပါတယ် ဒါပေမယ့် ထင်သလို မဖြစ်လာခဲ.ပါဘူး ကျွန်တော်ရဲ. ကစားချိန်နည်းခဲ.မှု နေမကောင်း ဖြစ်နေတာတွေကြောင်. မောင်မြန်မာ အကြီးတန်းမှာ ပဉ္စမ ရခဲ.ပြီး Crusher ပြိုင်ပွဲမှာတော. အကြီးတန်း စတုတ္တ ရခဲ.ပါတယ်
ဒါဆို ဆုရရှိမှုအနေနဲ. ဆုတ်ယုတ်သွားတာပေါ.နော်
ဟုတ်ပါတယ် ကျွန်တော်အနေနဲ. ပြိုင်ပွဲအတွက်ချည်းပဲ ဇောက်ချနေလို.မရ တဲ.အတွက် လစ်ဟင်းမှုတွေ ဖြစ်ခဲ.တာပါ။
အကိုအနေနဲ. ကိုယ်ဟန်ပြ အပိုင်းနဲ. ပတ်သက်ပြီး ဘယ်သူတွေဆီမှာ သင်ခဲ.ပါသလဲ။
ကျွန်တော် ဆရာ ဦးထွန်းလွင် ဆီမှာကတော. နည်းနည်းပါးပါး ပဲ သင်ကြားခဲ.ပြီး ကိုယ်ဘာသာ လေ.လာ လေ.ကျင်.ခဲ.ပါတယ်။
အကိုကိုယ်တိုင် ကော ကျေနပ်မှုရှိရဲ.လား
ဘာကို ဆိုလိုတာလဲ ခင်ဗျာ
သြော် ကိုယ်ဟန်ပြ တာနဲ. ပတ်သက်လို.ပါ
ကျွန်တော်ကတော. ထင်တာပြောရရင် ကျွန်တော် အမှတ်ရ နည်းတာ ကိုယ်ဟန်ပြ ညံ့တာလည်း ပါတယ်လို. ထင်တယ် ကိုယ်ကိုကိုယ်တော. မကြိုက်ဘူးဗျ။ ကိုယ်ဟန်ပြအပိုင်းမှာ တော်တော် လိုအုံးမယ်ထင်တယ်လို.
အကို အကြိုက်ဆုံးပြကွက်က ဘာလဲမသိဘူး
ဗယ်လီ(၀မ်းဗိုက်သား) ပြကွက် ကို အကြိုက်ဆုံးပဲဗျာ။
အကို အားနည်းတဲ. ကြွက်သားက ဘယ်အပိုင်းလဲခင်ဗျာ
ခြေသလုံးသား ကစားရတာတော. အကြောက်ဆုံးပဲဗျာ အလေးမနိုင်လို.
ဘယ်အပိုင်းတွေ သန်လဲ
ဝင်းသားဆွဲတာရယ် အောက်ပိုင်းထိုင်တာရယ်တော. တော်တော်လေး သန်တယ်ဗျ
အကိုရဲ. ပြိုင်ပွဲဝေး ကစားနည်းလေးတွေ ပြောပြပေး လို.ရမလား
သြော် ရပါတယ် ကျွန်တော်ကစားနည်းသိရင် ခင်ဗျားယုံမှာလား
ဘာလို.လဲဗျ
ကျွန်တော် တစ်ပတ်ကို ခြောက်ရက် ကစားတယ်ဗျ။
ပထမရက်
. အကြိမ်ရေ အကျော.
ပက်လက်အိပ်ဘားရှည်ရင်အုပ်တွန်း ၁၀ကြိမ် ၎
ခုံစောင်းအိပ်ဘားရှည်ရင်အုပ်တွန်း ၁၀ကြိမ် ၎
ဘားတိုရင်အုပ်တွန်းပက်လက်အိပ် ၈-၁၀ကြိမ် ၎
ပူးအိုဗာ ၈-၁၀ကြိမ် ၎
ဒုတိယရက်
. အကြိမ်ရေ အကျော.
ဒမ်ဘယ်ဖြင်.တစ်ဖက်ချင်းလက်မောင်းနောက်သားဆန့် ၁၀ ၎
ပက်လက်အိပ်လက်မောင်းနောက်သားဆန်. ၁၀ ၎
ပူလီကြိုးဖြင်.လက်မောင်းနောက်သားဖိချ ၁၀ ၎
တတိယရက်
. အကြိမ်ရေ အကျော.
တန်းခိုဆွဲတက်(အရှေ./အနောက်) ၁၀ ၎
ဒမ်ဘယ်ဖြင်.တစ်ဖက်ချင်းဝင်းသားဆွဲ ၁၀ ၎
ပူလီကြိုးဆွဲချပြန်တင် ၁၀ ၎
စက်ဖြင်.ခါးကိုင်းဆွဲတင် ၁၀ ၎
စတုတ္တရက်
. အကြိမ်ရေ အကျော.
ထိုင်လျှက်ဆုံတွန်းအရှေ./အနောက် ၁၀ ၎
ဘားတိုဘေးခွဲမ ၁၀ ၎
ဘားရှည်ဖြင်. ဂုတ်ဖြုတ်ချ ၁၀ ၎
ဘားတိုတစ်ဖက်ချင်းဆုံတွန်း ၁၀ ၎
ပဉ္စမနေ.
. အကြိမ်ရေ အကျော.
ဘားရှည်လက်မောင်းရှေ.ကွေး ၁၀ ၎
ဘားတိုတစ်ဖက်ချင်းလက်မောင်းကွေး ၁၀ ၃
လက်ဖျံ ဘာဘယ်အရှည်ဖြင်. ၁၀ ၎
ခုံစောင်းမှီ လက်မောင်းကွေ့းဘာဘယ်အရှည်ဖြင်. ၁၀ ၃
ဆဌမနေ.
. အကြိမ်ရေ အကျော.
အလေးထမ်းအပြည်.ထိုင် ၁၀ ၎
အလေးထမ်းတ၀က်ထိုင် ၁၀ ၎
ပေါင်ရှေ.ကန် (စက်ဖြင်.) ၁၀ ၎
ပေါင်ရှေ.ဒူးကွေးဆန်. (စက်ဖြင်.) ၁၀ ၎
ဝမ်းလျားမှောက် ပေါင်တွင်းကွေး ၁၀ ၎
မတ်တတ်ရပ်ခြေဖျားထောက်ကြွ ၁၀ ၎
ထိုင်လျက် ခြေဖျားထောက်ကြွ ၁၀ ၎
တို.ပါပဲ ပြိုင်ပွဲနီးရင်တော. နှစ်ရက်စာကို တစ်ရက်နဲ. ကစားပြီး တစ်ပတ်ကို လေးရက်နှုန်း ဖြစ်ပါတယ်။ နားရက်တွေမှာတော. ကောင်းကောင်းလေး တတ်နိုင်သလောက် အနားယူပေးပါတယ်။
အခုလိုမျိုး ကစားနည်းတွေပါ ရှင်းပြပေးတဲ.အတွက် ကျေးဇူးတင်ပါတယ်။ အကိုအနေနဲ. လူငယ်ဝါသနာရှင်တွေကို ဘာများ ပြောချင်ပါသလဲ။
ဟုတ်ကဲ. ကျွန်တော်တို. လူငယ်အချို. ဒီအားကစားကို ၀ါသနာပါပြီ ဆိုကတည်းက အရမ်းကို ကျေးဇူးတင်ပါတယ် ကစားပါ တတ်နိုင်သရွေ. စိတ်ဓာတ် ပြင်းပြင်းလေး ထားပြီးတော. ကျွန်တော်ဆိုလည်း ဒီလိုပဲ တက်ရောက်ယှဉ်ပြိုင်ရာကနေ အောင်မြင်မှုရခဲ.တာပါ။ လူငယ်တွေ အနေနဲ.လည်း မကောင်းမှုတွေများနေတဲ. ခေတ်ကြီးထဲမှာ ကိုယ်. ကျန်းမာရေးလည်းကောင်းပြီး မြင်သူငေးစေမဲ. ဘော်ဒီမျိုး ပိုင်ဆိုင်နိုင်ပါစေလို. ဆုတောင်းပေးပါတယ်
ဒီနေ. ကာယဗလ လောကအပေါ် အကို.အမြင်လေး ပေးပါအုံး။
ကျွန်တော်အမြင် ပြောရရင်တော. မောင်တွေအားလုံးဟာ ၀ါသနာအရသာ ၀င်ရောက် ယှဉ်ပြိုင်နေကြတာပေါ.နော် ပိုက်ဆံအကုန်အကျခံပြီးတော. တစ်နှစ်ပတ်လုံး ကြိုးစားလေ.ကျင်.ထားတာလေးကို ပြိုင်ပွဲကျမှပဲ ဖော်ထုတ်ခွင်.ရတယ် ပေါ.နော်။ ဒါပေမယ်လည်း အရှုံးအနိုင် ပဓာနမထားကြပါဘူး ၀င်ပြိုင်ရရင် ပျော်နေကြသာပါပဲ။ ထိုက်တန်တဲ. ရင်းနှီးမှုလေး ရရင်တော. ကောင်းပါတယ်။ တစ်ချို.မောင်တွေဆိုရင် စီးပွားရေး လိုင်းဘက် ပြောင်းကုန်ပါပြီ။ ကာယဗလ လောကကြီး တိုးတက်ဖို.တော. မျှော်လင်.နေပါတယ်။
အကို လက်ရှိ ဆက်သွယ်လို.ရမဲ. လိပ်စာက။
Perfect Gym မှာရှိပါတယ် မြေနီကုန်း မှာပါ။
အကို လာမဲ. Crusher ပြိုင်ပွဲဝင်ဖြစ်လား
မ၀င်ဖြစ်ဘူးဗျ နေမကောင်းတာကော Gymမှာ လူ အရမ်းကျတော. ပင်ပန်းတာလည်းပါတယ်။ တိုင်းနှင်. ပြည်နယ် နဲ. မောင်မြန်မာ ပွဲတော.၀င် ဖြစ်မယ်ထင်တယ်။ ကျိမ်းသေတော. မပြောသေးဘူးဗျ။
ဘယ်သူတွေ ဗိုလ်စွဲမယ်ထင်လဲ
အကြီးတန်းကတော. နည်းနည်းကောင်းမယ် ကိုအောင်ဆွေနိုင် ပြန်ရောက်နေပြီတဲ.။ ပြည်ပခရီးသွားတာ ကနေ ကိုအောင်ခိုင်ဝင်းကတော. ရှုံးကြွေးပြန်ဆပ်မယ် ထင်တယ်။ အငယ်တန်းမှာ ထွန်းဝင်းနိုင်လည်းပါမယ် ကြားတယ်။ လာတော. အားပေးမယ်ဗျာ ဒီနှစ်ကတော. ပရိသတ်ပဲလုပ်နေရတယ်။ နှစ်စကတည်းက
ကျေးဇူးတင်ပါတယ်အကို
ကျွန်တော်ကလည်း မြန်မာပြည်မှာ ဒီလိုအားကစားမျိုးကို ဆိုဒ်တည်ထောင်ပြီး လူငယ်ဝါသနာရှင်တွေကို ပို.ချပေးနေတဲ. အကိုတို.သုံးယောက်စလုံးကို ကျေးဇူးတင်ပါတယ် ရေရှည်လည်းတည်တံ့ပါစေဗျာ။
တင်ဆက်သူ အောင်အောင်(aungaung.aung24@gmail.com)
Related posts:










ကိုခင်မောင်ကျော်ကို အလျှင်မြန်ဆုံး တိုးတက်လာတဲ့ ကာယဗလမောင်တစ်ယောက်လို့ ဆိုရမှာပဲဗျာ။ သူ့ရဲ့ ကြိုးစားမှုသည် ကိုအောင်ခိုင်ဝင်းတို့ကိုတောင် ခြိမ်းခြောက်လာနိုင်တယ်။ သူ့ရဲ့ ကစားနည်းတွေမှာ ကျွန်တော်တို့အတွက် လေ့လာစရာတွေရပါတယ်။ ကျေးဇူး ကိုအောင်အောင်
အားကျစရာပါပဲ အကို..
ကျေးဇူးပြု၍ ကိုခင်မောင်ကျော်က ဗိုက်ကို ဘယ်လိုကစားသလဲ သိပါရစေ ကိုအောင်အောင်
လေးစားစွာဖြင့်
ဝမ်းဗိုက်သား (ဗယ်ရီ)ကို ဘယ်နေ့မှာဆော့လဲဆိုတာ မတွေ့မိဘူးဗျ… အဲဒါလေး သိချင်လို့ပါ…း)
အခုလို အင်တာဗျူးအစီအစဉ်လေးတွေကောင်းတယ်ဗျို့… ဒါမှ မြန်မာ့လက်ရွေးစင် အားကစားသမားတွေကို သိခွင့်ရမှာ…. အစဉ်အားပေးနေပါတယ်…
ကိုစိုင်းစိုင်းရေ ကျွန်တော်ရဲ. ပေါ.လျော.မှုပါ သူဖြေကြားထားပါတယ်။ နှစ်ရက်ခြား တစ်ကြိမ် အိပ်ထမတင်နှင်. တန်းခိုခြေမြှောက် ကစားနည်းကို ၁၀ကြိမ် ၄ကျော. ကစားပါတယ်။ ကျေးဇူးတင်ပါတယ်။ အခုလို ဂရုတစိုက်ဖတ်ကြားပြီး ပြောကြားပေးတာကို။
ကာယလေ့ကျင့်ခန်း ကစားတဲ့သူတွေအနေနဲ့ ပြေးတာကိုကော လုပ်လို့ရပါသလားဗျာ။ တချီု့က ပြေးရင် ကိုယ်လုပ်ထားတာတွေ ကုန်ရောလို့ ပြောကြလို့ပါဗျာ။
အခုလို မောင်တွေ တစ်ဦးချင်းစီရဲ့ အကြောင်းအရာတွေကို သိခွင့်၇တဲ့အတွက် ကျေးဇူးပါပဲဗျာ။
အစ်ကို ခင်မောင်ကျော့်ကို ကျနော် ပရိတ်သတ်တစ်ဦးအနေနဲ့ အကြံပြုချင်ပါတယ်ခင်ဗျ။ ခြေသလုံးနဲ့ ဂုတ်ပိုးတွေကို ဒီ့ထက်ကြီးအောင်ကစားလိုက်ရင် အရမ်းကြည့်ကောင်းသွားမယ်ထင်တယ်ခင်ဗျ။ ဒါကျနော့်ရဲ့ အကြံပြုချက်လေးပါ။
ကိုအောင်အောင်ရေ .. အကြံလေး တခုတောင်းချင်ပါတယ် ။ ကိုခင်မောင်ကျော်အနေနဲ့ ဘယ်လီကို ၂ ရက်ခြား တခါ ၁၀ ကြိမ် လေးကျော့ပဲကစားတယ်ဆိုတာ ကျနော့အနေနဲ့ မယုံနိုင်အောင်ပါပဲဗျာ။
ဘာလို့ ဒီလို ပြောရသလဲဆိုတော့ ကျနော် တနေ့ကို ၁၅၀ ဆက်တိုက် ကစားတာပါ။ နောက် ကစားတာ ၁ နှစ်ဝန်းကျင်ရှိနေပါပြီ သူ့လို ထုနဲ့ထည်နဲ့ မပြောနဲ့ အတင်းညစ်ရင်တောင် ရိပ်ရိပ်လေးပဲ ရှိတယ်။
ဘယ်လိုများ ကစားမှားလို့လဲဗျာ အကြံပေးပါဦး။
ကို KZY က ၁၅ဝ ကစားတယ်။ ကျနော်က အဲဒါထက်ကို ပိုတယ်။ ကာဒီရိုလေ့ကျင့်ခန်း(အပြေး)လဲလုပ်တယ်။ အစားအသောက်လဲ ဆင်ခြင်တယ်။ အဲဒါကို ခါးဘေးက အဆီတွေ မကျသေးဘူး။ ဗိုက်အောက်သားက လုံးဝကို မပေါ်သေးတာ။ သေသေချာချာဆော့တာ ၅လပြည့်တော့မယ်။ ကျန်တာတွေ သိသာလာတယ်။ ထင်ရှားလာတယ်။ အဲဒီဗယ်ရီသားကို အားမရသေးဘူး။ ကို KZY ပြောသလို အတင်းညစ်ရင်တောင် ရိပ်ရိပ်လေးပဲရှိတယ်။ ဘာမှားနေလို့ပါလဲခင်ဗျား…။
ကိုစိုင်းစိုင်း နှင်. kzy တို.ခင်ဗျာ အကိုတို.ပြောကြားချက်အရဆို ဗယ်လီသားကို ကစားတာ အရမ်းများပါတယ် ကိုခင်မောင်ကျော်မှ မဟုတ်ပါဘူး ကမ္ဘာကျော်မောင်အိုလံပီယာတစ်ချို.တောင် ပြိုင်ပွဲဝေးကာလတွေမှာ တစ်ပတ်ကို နှစ်ကြိမ် ပဲ ကစားပြီး ပြိုင်ပွဲနီးတဲ.အချိန်တွေမှာသာ တစ်ရက်ခြားကစားကြပါတယ် အကိုတို.ကစားသလို အကြိမ်ရေ တစ်ရာ လည်းမကျော်ပါဘူး ကျွန်တော် တစ်ခု အကြံပြုချင်တာက အကိုတို.ကစားတဲ.နေရာမှာ ကိုယ်ကစားတဲ.ကြွက်သားအပေါ်မှာ အာရုံစိုက်ပြီး ညှစ်ကစား ပါ ဒီဗိုက်ကြွက်သားမှ မဟုတ်ဘူးနော် ဘယ်ကြွက်သားကိုပဲ ကစားကစား နောက်တစ်ခုက ကယ်လိုရီအရမ်းမြှင်.တဲ. ကိတ်မုန်. တို. ၀က်ခေါက်ကြော် တို. အုန်းသီးနဲ.ပတ်သက်တဲ. မုန်.တွေ အဆီအရမ်းများတဲ.အစားအစာတွေကိုလည်းတတ်နိုင်သရွေ. လျှော.စားပါ ထိုအစားအစာတွေကလည်းအကိုတို.ရဲ. ဗယ်လီ သားကို အနှောင်.အယှက်ပေးပါတယ် ဆိုလိုတာက အဆိုပါ အဆီတွေက ခင်ဗျားတို.ရဲ. ဗယ်လီ မာဆယ်တွေကို ဖုံးလွမ်းထားသလိုဖြစ်စေပါတယ် နောက် ခါးဘေးသားအတွက်က ကျွန်တော်တို.ဆိမှာ လက်ရှိကစားနေတာကတော. ခါးဘေးလှည်.တာရယ်၊ အလေးကိုင်(ဒမ်ဘယ်)ကိုယ်ကို ဘေးကိုစောင်းတာရယ်၊ ဗယ်လီစင်မှာ ခါးဘေးစောင်းပြီးရိုက်တာတို.ရယ်က ခါးဘေးသားအတွက်ထိရောက်ပါတယ်၊ ဗယ်လီအောက်ပိုင်းကြွက်သား အားနည်းတာကတော. တန်းခိုခြေမြှောက် နဲ. ပက်လက်အိပ်ခြေမြှောက်တို.ကို ကစားကြည်.ပါ။အဓိက ကတော.ဗျာ ဘယ်ကြွက်သားပဲ ဖြစ်ဖြစ် ညှစ်ကစားနိုင်ရင် ထူးခြားမှု လေးတွေဖြစ်လာမှာပါ ကျွန်တော်ကတော. လက်ရှိကစားတာ ရိုးရိုးအိပ်ထမတင်၁၅ ကြိမ် ၄ကျော.၊ တန်းခိုခြေမြှောက် ၁၅ကြိမ် ၄ကျော. နဲ.ဗယ်လီစင်မှာ ဇောက်ထိုး ၁၅ကြိမ်လေးကျော.ဒီလောက်ပဲ တစ်ပတ်ကို သုံးကြိမ်ကစားတယ် တိုးတက်မှုလည်းအများကြီးရှိပါတယ် အဲဒီနည်းလေးက ကျွန်တော်ကို ကိုခင်မောင်ကျော် ပဲပေးထားတာပါ။ကြိုးစားကြည်.ပါဗျာ
ဟုတ်ပါတယ်။ ကိုအောင်အောင် ပြောသလိုပါပဲ။ အစားအသာက်က အများကြီးကို စကားပြောပါတယ်။ ပြီးတော့လည်း ကြွက်သားဆိုတာက ကျွန်တော့်ဆရာတွေ နှိုင်းသလို ကြက်သားစားတာနဲ့ နှိုင်းသလို ပြောရမယ်ဆိုရင်.. ကြက်သား အသက်ကြီးတဲ့ကြက်သားဆို ရင့်မာပြီး ကိုက်ရတာ မာတောင့်နေသလို၊ ငယ်တဲ့ ကြက်သားဆိုရင် နုပြီး အိနေသလိုပဲတဲ့။ ကိုယ်ဘယ်လောက်ကစားကစား ရင့်ကျက်မှုမရှိသေးရင် အဲသည်လို မာတောင့်ပေါ်လွင်လာမှာ မဟုတ်လို့ဆိုသလိုပါပဲ။ စိုင်းစိုင်းတို့လို ငယ်နေတဲ့ အချိန်မှာဆို ခန္ဓာကိုယ်က ကြီးထွားဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်တော့ အရေပြားအောက်မှ subcutaneous fat က ပိုများတယ်။ အသက်ကြီးကြီး အဖိုးကြီးတွေဆိုရင် အဲသည့် fat တွေ နည်းနည်းလာတော့ အရေတွန့်တာတွေတောင် ဖြစ်လာတယ်။ တချို့ဆို ဗယ်လီတွေတောင် ထင်းနေနိုင်တယ်။
ဒါကြောင့် တစ်နှစ်တို့ ငါးလတို့ဆိုတာ တကယ်တော့ နုပါသေးတယ်။ စိတ်မပျက်ကြပါနဲ့။ ပုံမှန် လမ်းမှန်သာ လျှောက်သွားရင် အချိန်တန်တော့ သူ့ဖာသာ ထင်းလာပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်ကို ချမှတ်ထား။ ဗယ်လီမထင်းပေမယ့် ဗိုက်လေးချပ်နေ၊ ကိုယ်လုံးတောင့်တောင့် တင်းတင်းဖြစ်ချင်တယ်ဆို သည်အတိုင်းဆက်သွားပေါ့။ ဗယ်လီကို ထင်းချင်တာဆိုရင်တော့ ရင့်ကျက်မှုလွန်သွားအောင် လုပ်ပစ်လိုက်လို့ရပါတယ်။ တကိုယ်လုံးပိန်ချုံးသွားအောင်ကို ဖြည်းဖြည်းချင်း ချသွားပါ။ တစ်ပတ်ကို နှစ်ပေါင်လောက် ကျအောင်ကို ချပါ။ ကိုခင်မောင်ကျော်တို့ကျ ပြိုင်ပွဲနီးရင် အဲသည်လိုကို ချသွားတာပါ။ ဘာလို့ဆို တလောက သူ့ကို တွေ့တုန်းက တော်တော်ကြီး အစ်ထွက်နေပါတယ်။ အဲသည်အချိန်မှာ သူ့ကို အင်္ကျီချွတ်ခိုင်းကြည့်လျှင် ဗယ်လီထင်းမှာ မဟုတ်တာ သေချာသည်။ သူတို့ကျ အဲသည်လောက်ကြီး တင်ထားတော့ ချတဲ့အချိန်ကျ အခုလို ပုံဖြစ်လာတာပေါ့။ ဒါကြောင့် ရည်မှန်းချက်နဲ့ ခွဲခြားကစား၊ နေထိုင်သွားတာ အကောင်းဆုံးပါ။ ကိုယ်အသက်အရွယ်နဲ့ ထုတက်နေတဲ့အချိန်မှာ မာဆယ်ထုတက်အောင် အာရုံစိုက်ထား။ ကောင်းကောင်းစား(ပရိုတိန်း များများစား) နား၊ ဗယ်လီလည်း ကိုအောင်အောင်ရည်ညွှန်းသလို လုပ်သွား။ အဲတာဆို အဆင်ပြေပါပြီ။ ပြိုင်ပွဲဝင်မဟုတ်ရင် အင်္ကျီ ၀တ်တာ ကြည့်ကောင်းလျှင်၊ confidence လေးရှိနေလျှင် တော်ပြီပေါ့။ တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။ အဲသည်လိုမှ မဟုတ်လျှင် http://myanmarfitness.com/the-lessons-ive-learned-from-2010-mr-myanmar
အခုလို အကြံဥာဏ်ကောင်းတွေ နည်းလမ်းတွေပေးတာကို အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ… ကစားတာ၊ စားတာ အကုန် နည်းစနစ်မှန်မှန်နဲ့ သေသေချာချာဆော့ကစားမယ်၊ ဇွဲနဲ့ ဝီရိယမလျှော့ဘူးဆိုရင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်ပါတယ်… အခုလို အတွေ့အကြုံအများကြီးရှိတဲ့ ဆရာကောင်း နည်းပြကောင်းတွေကြောင့်လဲ ကျနော်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်…း)
Pleasure is mine… bro!
အာ..ညီး သည် post လေး ကိုခုမှဖတ်မိတာပါ ကိုခင်မောင်ကျော်ကစားတဲ့program ကိုမရှင်းလို.ပါအဲ့တုန်းကကိုခင်မောင်ကျော်bodyweightတင်နေတာလားချနေတာလားခင်ဗျာ..ကစားတာ၁၀ ကျော့ ၄ခေါက်ဆိုတာက ကောများဘူးလား overtraining မဖြစ်အောင်ဘယ်လိုအလေးကို adjust လုပ်ပါသလဲခင်ဗျာ အဲ့တုန်းကမှတဲ့အလေးသိရင်ပြောပြပေးပါလားဗျာ -/site ကmember အကိုများကိုအစဉ်လေးစားလျက်.
ဟုတ်ပါတယ် အကို ကိုခင်မောင်ကျော်ရဲ့ ကစားနည်းက ကျွန်တော်တို့ လေ့လာမိသလောက် အကြိမ်ရေ များပေမယ့် လေ့ကျင့်ခန်း နည်းတာ တစ်ခုတော့ တွေ့ရပါတယ်။ သူ (၁၀)ကြိမ် (၄)ကျော့လို့ ပြောပေမယ် တစ်ချို့ လေ့ကျင့်ခန်းတွေမှာ အလေးတိုးပြီး (၈)ကြိမ်နဲ့ အဆုံးသတ်တယ်လို့ ပြောပါတယ်။ နောက်တစ်ခု အကို သတိထား ကြည့်ပါ ကိုခင်မောင်ကျော် ဟာ ကြွက်သား တစ်ခုကို လေ့ကျင့်ခန်း (၃)မျိုး (၄)မျိုးလောက်နဲ့ တစ်ပတ်ကို (၁)ရက်လောက်ပဲ လေ့ကျင့်ပါတယ်။ သူများမောင်တွေလို ကြွက်သားတစ်ခုကို တစ်ပတ် (၂)ရက်လောက် မကစားတာလည်း သူရဲ့ ထုးခြားမှုပါ။ ပြိုင်ပွဲနားနီးရင် ညဘက်တောင်မ အိပ်ဘဲ လူခြေတိတ်ချိန်မှာ ကစားတတ်လို့ ပြိုင်ဘက်တွေကတောင် သူ့ကို ချီးကျူးကြပါတယ်။ သူကစားတဲ့ အလေးဝန်က တော့ ကွှန်တာ် မမေးမိလိုက်တာ ကျွှန်တော်အမှားပါ။ သူပြောဖူးတာ ကတော့ ပြိုင်ပွဲဝေးချိန်တွေမှာ တတ်နိုင်သေ၇ွှ့ အလေးကိုများများ တွန်းတယ်လို့ပြောပါတယ်။ over traning နဲ့ ပတ်သက်လို့က ဒီဆိုက်မှာ ကျွန်တော်ရေးပြီးသားဖြစ်တဲ့ http://myanmarfitness.com/andreas-cahling-advice-on-prevention-of-overtraining-part-1 နှင့် နောက် အဆက်ဖြစ်တဲ့ အပိုင်း(၂) တွေမှာ လေ့လာ ကြည့်လိုက်ပါ။