Comments on: ခင်မောင်ကျော်နှင့် ခဏတာ

By: Naing Wai
Pleasure is mine… bro!

By: saisai
အခုလို အကြံဥာဏ်ကောင်းတွေ နည်းလမ်းတွေပေးတာကို အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ… ကစားတာ၊ စားတာ အကုန် နည်းစနစ်မှန်မှန်နဲ့ သေသေချာချာဆော့ကစားမယ်၊ ဇွဲနဲ့ ဝီရိယမလျှော့ဘူးဆိုရင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်ပါတယ်… အခုလို အတွေ့အကြုံအများကြီးရှိတဲ့ ဆရာကောင်း နည်းပြကောင်းတွေကြောင့်လဲ ကျနော်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်…း)

By: Naing Wai
ဟုတ်ပါတယ်။ ကိုအောင်အောင် ပြောသလိုပါပဲ။ အစားအသာက်က အများကြီးကို စကားပြောပါတယ်။ ပြီးတော့လည်း ကြွက်သားဆိုတာက ကျွန်တော့်ဆရာတွေ နှိုင်းသလို ကြက်သားစားတာနဲ့ နှိုင်းသလို ပြောရမယ်ဆိုရင်.. ကြက်သား အသက်ကြီးတဲ့ကြက်သားဆို ရင့်မာပြီး ကိုက်ရတာ မာတောင့်နေသလို၊ ငယ်တဲ့ ကြက်သားဆိုရင် နုပြီး အိနေသလိုပဲတဲ့။ ကိုယ်ဘယ်လောက်ကစားကစား ရင့်ကျက်မှုမရှိသေးရင် အဲသည်လို မာတောင့်ပေါ်လွင်လာမှာ မဟုတ်လို့ဆိုသလိုပါပဲ။ စိုင်းစိုင်းတို့လို ငယ်နေတဲ့ အချိန်မှာဆို ခန္ဓာကိုယ်က ကြီးထွားဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်တော့ အရေပြားအောက်မှ subcutaneous fat က ပိုများတယ်။ အသက်ကြီးကြီး အဖိုးကြီးတွေဆိုရင် အဲသည့် fat တွေ နည်းနည်းလာတော့ အရေတွန့်တာတွေတောင် ဖြစ်လာတယ်။ တချို့ဆို ဗယ်လီတွေတောင် ထင်းနေနိုင်တယ်။

ဒါကြောင့် တစ်နှစ်တို့ ငါးလတို့ဆိုတာ တကယ်တော့ နုပါသေးတယ်။ စိတ်မပျက်ကြပါနဲ့။ ပုံမှန် လမ်းမှန်သာ လျှောက်သွားရင် အချိန်တန်တော့ သူ့ဖာသာ ထင်းလာပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်ကို ချမှတ်ထား။ ဗယ်လီမထင်းပေမယ့် ဗိုက်လေးချပ်နေ၊ ကိုယ်လုံးတောင့်တောင့် တင်းတင်းဖြစ်ချင်တယ်ဆို သည်အတိုင်းဆက်သွားပေါ့။ ဗယ်လီကို ထင်းချင်တာဆိုရင်တော့ ရင့်ကျက်မှုလွန်သွားအောင် လုပ်ပစ်လိုက်လို့ရပါတယ်။ တကိုယ်လုံးပိန်ချုံးသွားအောင်ကို ဖြည်းဖြည်းချင်း ချသွားပါ။ တစ်ပတ်ကို နှစ်ပေါင်လောက် ကျအောင်ကို ချပါ။ ကိုခင်မောင်ကျော်တို့ကျ ပြိုင်ပွဲနီးရင် အဲသည်လိုကို ချသွားတာပါ။ ဘာလို့ဆို တလောက သူ့ကို တွေ့တုန်းက တော်တော်ကြီး အစ်ထွက်နေပါတယ်။ အဲသည်အချိန်မှာ သူ့ကို အင်္ကျီချွတ်ခိုင်းကြည့်လျှင် ဗယ်လီထင်းမှာ မဟုတ်တာ သေချာသည်။ သူတို့ကျ အဲသည်လောက်ကြီး တင်ထားတော့ ချတဲ့အချိန်ကျ အခုလို ပုံဖြစ်လာတာပေါ့။ ဒါကြောင့် ရည်မှန်းချက်နဲ့ ခွဲခြားကစား၊ နေထိုင်သွားတာ အကောင်းဆုံးပါ။ ကိုယ်အသက်အရွယ်နဲ့ ထုတက်နေတဲ့အချိန်မှာ မာဆယ်ထုတက်အောင် အာရုံစိုက်ထား။ ကောင်းကောင်းစား(ပရိုတိန်း များများစား) နား၊ ဗယ်လီလည်း ကိုအောင်အောင်ရည်ညွှန်းသလို လုပ်သွား။ အဲတာဆို အဆင်ပြေပါပြီ။ ပြိုင်ပွဲဝင်မဟုတ်ရင် အင်္ကျီ ၀တ်တာ ကြည့်ကောင်းလျှင်၊ confidence လေးရှိနေလျှင် တော်ပြီပေါ့။ တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။ အဲသည်လိုမှ မဟုတ်လျှင် http://myanmarfitness.com/the-lessons-ive-learned-from-2010-mr-myanmar

By: အောင်အောင်
ကိုစိုင်းစိုင်း နှင်. kzy တို.ခင်ဗျာ အကိုတို.ပြောကြားချက်အရဆို ဗယ်လီသားကို ကစားတာ အရမ်းများပါတယ် ကိုခင်မောင်ကျော်မှ မဟုတ်ပါဘူး ကမ္ဘာကျော်မောင်အိုလံပီယာတစ်ချို.တောင် ပြိုင်ပွဲဝေးကာလတွေမှာ တစ်ပတ်ကို နှစ်ကြိမ် ပဲ ကစားပြီး ပြိုင်ပွဲနီးတဲ.အချိန်တွေမှာသာ တစ်ရက်ခြားကစားကြပါတယ် အကိုတို.ကစားသလို အကြိမ်ရေ တစ်ရာ လည်းမကျော်ပါဘူး ကျွန်တော် တစ်ခု အကြံပြုချင်တာက အကိုတို.ကစားတဲ.နေရာမှာ ကိုယ်ကစားတဲ.ကြွက်သားအပေါ်မှာ အာရုံစိုက်ပြီး ညှစ်ကစား ပါ ဒီဗိုက်ကြွက်သားမှ မဟုတ်ဘူးနော် ဘယ်ကြွက်သားကိုပဲ ကစားကစား  နောက်တစ်ခုက ကယ်လိုရီအရမ်းမြှင်.တဲ. ကိတ်မုန်. တို. ၀က်ခေါက်ကြော် တို. အုန်းသီးနဲ.ပတ်သက်တဲ. မုန်.တွေ အဆီအရမ်းများတဲ.အစားအစာတွေကိုလည်းတတ်နိုင်သရွေ. လျှော.စားပါ ထိုအစားအစာတွေကလည်းအကိုတို.ရဲ. ဗယ်လီ သားကို အနှောင်.အယှက်ပေးပါတယ် ဆိုလိုတာက အဆိုပါ အဆီတွေက ခင်ဗျားတို.ရဲ. ဗယ်လီ မာဆယ်တွေကို ဖုံးလွမ်းထားသလိုဖြစ်စေပါတယ် နောက် ခါးဘေးသားအတွက်က ကျွန်တော်တို.ဆိမှာ လက်ရှိကစားနေတာကတော. ခါးဘေးလှည်.တာရယ်၊ အလေးကိုင်(ဒမ်ဘယ်)ကိုယ်ကို ဘေးကိုစောင်းတာရယ်၊ ဗယ်လီစင်မှာ ခါးဘေးစောင်းပြီးရိုက်တာတို.ရယ်က ခါးဘေးသားအတွက်ထိရောက်ပါတယ်၊ ဗယ်လီအောက်ပိုင်းကြွက်သား အားနည်းတာကတော. တန်းခိုခြေမြှောက် နဲ. ပက်လက်အိပ်ခြေမြှောက်တို.ကို ကစားကြည်.ပါ။အဓိက ကတော.ဗျာ ဘယ်ကြွက်သားပဲ ဖြစ်ဖြစ် ညှစ်ကစားနိုင်ရင် ထူးခြားမှု လေးတွေဖြစ်လာမှာပါ ကျွန်တော်ကတော. လက်ရှိကစားတာ ရိုးရိုးအိပ်ထမတင်၁၅ ကြိမ် ၄ကျော.၊ တန်းခိုခြေမြှောက် ၁၅ကြိမ် ၄ကျော. နဲ.ဗယ်လီစင်မှာ ဇောက်ထိုး ၁၅ကြိမ်လေးကျော.ဒီလောက်ပဲ တစ်ပတ်ကို သုံးကြိမ်ကစားတယ် တိုးတက်မှုလည်းအများကြီးရှိပါတယ် အဲဒီနည်းလေးက ကျွန်တော်ကို ကိုခင်မောင်ကျော် ပဲပေးထားတာပါ။ကြိုးစားကြည်.ပါဗျာ

By: saisai
ကို KZY က ၁၅ဝ ကစားတယ်။ ကျနော်က အဲဒါထက်ကို ပိုတယ်။ ကာဒီရိုလေ့ကျင့်ခန်း(အပြေး)လဲလုပ်တယ်။ အစားအသောက်လဲ ဆင်ခြင်တယ်။ အဲဒါကို ခါးဘေးက အဆီတွေ မကျသေးဘူး။ ဗိုက်အောက်သားက လုံးဝကို မပေါ်သေးတာ။ သေသေချာချာဆော့တာ ၅လပြည့်တော့မယ်။ ကျန်တာတွေ သိသာလာတယ်။ ထင်ရှားလာတယ်။ အဲဒီဗယ်ရီသားကို အားမရသေးဘူး။ ကို KZY ပြောသလို အတင်းညစ်ရင်တောင် ရိပ်ရိပ်လေးပဲရှိတယ်။ ဘာမှားနေလို့ပါလဲခင်ဗျား…။

By: KZY
ကိုအောင်အောင်ရေ .. အကြံလေး တခုတောင်းချင်ပါတယ် ။ ကိုခင်မောင်ကျော်အနေနဲ့ ဘယ်လီကို ၂ ရက်ခြား တခါ ၁၀ ကြိမ် လေးကျော့ပဲကစားတယ်ဆိုတာ ကျနော့အနေနဲ့ မယုံနိုင်အောင်ပါပဲဗျာ။

ဘာလို့ ဒီလို ပြောရသလဲဆိုတော့ ကျနော် တနေ့ကို ၁၅၀ ဆက်တိုက် ကစားတာပါ။ နောက် ကစားတာ ၁ နှစ်ဝန်းကျင်ရှိနေပါပြီ သူ့လို ထုနဲ့ထည်နဲ့ မပြောနဲ့ အတင်းညစ်ရင်တောင် ရိပ်ရိပ်လေးပဲ ရှိတယ်။

ဘယ်လိုများ ကစားမှားလို့လဲဗျာ အကြံပေးပါဦး။

By: pwk
အစ်ကို ခင်မောင်ကျော့်ကို ကျနော် ပရိတ်သတ်တစ်ဦးအနေနဲ့ အကြံပြုချင်ပါတယ်ခင်ဗျ။ ခြေသလုံးနဲ့ ဂုတ်ပိုးတွေကို ဒီ့ထက်ကြီးအောင်ကစားလိုက်ရင် အရမ်းကြည့်ကောင်းသွားမယ်ထင်တယ်ခင်ဗျ။ ဒါကျနော့်ရဲ့ အကြံပြုချက်လေးပါ။

By: kawhmu
အခုလို မောင်တွေ တစ်ဦးချင်းစီရဲ့ အကြောင်းအရာတွေကို သိခွင့်၇တဲ့အတွက် ကျေးဇူးပါပဲဗျာ။

By: KZY
ကာယလေ့ကျင့်ခန်း ကစားတဲ့သူတွေအနေနဲ့ ပြေးတာကိုကော လုပ်လို့ရပါသလားဗျာ။ တချီု့က ပြေးရင် ကိုယ်လုပ်ထားတာတွေ ကုန်ရောလို့ ပြောကြလို့ပါဗျာ။

By: အောင်အောင်
ကိုစိုင်းစိုင်းရေ ကျွန်တော်ရဲ. ပေါ.လျော.မှုပါ သူဖြေကြားထားပါတယ်။ နှစ်ရက်ခြား တစ်ကြိမ် အိပ်ထမတင်နှင်. တန်းခိုခြေမြှောက် ကစားနည်းကို ၁၀ကြိမ် ၄ကျော. ကစားပါတယ်။ ကျေးဇူးတင်ပါတယ်။ အခုလို ဂရုတစိုက်ဖတ်ကြားပြီး ပြောကြားပေးတာကို။