မျိုးဆက်သစ် မြန်မာ့ကာယဗလ ကြယ်ပွင့်သစ်နှင့် တွေ့ဆုံခြင်း
Home > နိုင်ဦး စာမျက်နှာ > မျိုးဆက်သစ် မြန်မာ့ကာယဗလ ကြယ်ပွင့်သစ်နှင့် တွေ့ဆုံခြင်းကျင့်ခဲ့သောကြောင့် ထိုမျှအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ထို့ ထက် အောင်မြင့်ခဲ့ပါသေးသည်။ 2009-မောင်မြန်မာပြိုင်ပွဲ အငယ်တန်းတွင် ဒုတိယရရှိခဲ့ပါသည်။ ထို့ အပြင် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အာရှကာယဗလပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အဖြစ် 60-ကီလိုတန်းမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာအဆင့်-5-ရခဲ့သည်။ ယခုနှစ် 2010-မောင်မြန်မာပြိုင်ပွဲ အငယ်တန်းတွင်လည်း ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံး ဖြစ်သည်။ ထိုသူကား ထွန်းလင်း(ခ)မောင်ကျော်ပင်ဖြစ်သည်။ သူနှင့်တွေ့ ဆုံမေးမြန်းခန်းကို မြန်မာကာယဗလ ၀ါသနာရှင်လူငယ်များ ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါသည်။
နိုင်။ ။ခင်ဗျားရဲ့ ဇာတိမွေးရပ်ကိုပြောပေးပါ။
ထွန်း။ ။အမှတ်-4-နယ်မြေ၊ကျောတိုက်ရပ်ကွက်၊ဂန့် ဂေါခရိုင်၊ဂန့် ဂေါမြို့ ၊မကွေးတိုင်း။
နိုင်။ ။ခင်ဗျားရဲ့ အရပ်၊ကိုယ်အလေးချိန်ကိုပြောပေးပါ။
ထွန်း။ ။5-ပေ၊2-လက်မ၊ 65-ကီလို။
နိုင်။ ။ကာယဗလစတင်လေ့ကျင့်ဖြစ်ခဲ့ပုံလေးကိုပြောပြပါ။
ထွန်း။ ။ငယ်စဉ်ကသတင်းစာဂျာနယ်တွေထဲမှာ လီဟေးနီရဲ့ ပုံတွေကို ကြည့်ပြီးသူတို့ လို ထွားကျိုင်းသန်မာ ချင်ခဲ့ရာက စခဲ့တာပါ။ ဒါပေမဲ့ ကာယဗလလေ့ကျင့်မှသာ ဒီလိုဖြစ်နိုင်မယ် ဆိုတာ သိလာမှ စတင်လေ့ကျင့်ဖြစ်ခဲ့တာပါ။
နိုင်။ ။ကာယဗလအပြင်တစ်ခြား အလုပ်ကော လုပ်သေးလား။
ထွန်း။ ။လောလောဆယ်တော့ မောင်မြန်မာမင်းဇော်ဦးဖွင့်ထားတဲ့ gymမှာ နည်းပြအလုပ်ပဲ လုပ်ပါတယ်။
နိုင်။ ။ခင်ဗျားစံထားရတဲ့ ကာယဗလသမား ရှိလား။
ထွန်း။ ။ဟုတ်ကဲ့ပြည်တွင်းမှာတော့ ကိုမင်းဇော်ဦး၊ ကိုအောင်ခိုင်ဝင်းတို့ ပါပဲ။
နိုင်။ ။ကာယဗလမှာခင်ဗျားရဲ့ ရည်မှန်းချက်ကဘယ်အထိလဲ။ဘာလဲ။
ထွန်း။ ။ကျွန်တော်ကာယဗလရဲ့ နယ်ပယ်မှာ ရောက်နိုင်သလောက် ဝေးဝေးပျံသန်း ကြည့်ချင်ပါသေးတယ်။
နိုင်။ ။ခင်ဗျားရဲ့ ကြွက်သားကွဲပြားပေါလွင်မှု အတွက်ပြိုင်ပွဲမတိုင်မှီ ဘယ်နှစ်လ လောက်တည်းကစတင်လေ့ကျင့်ပါသလဲ။
ထွန်း။ ။3-လ သို့ မဟုတ် 4-လလောက်ကစပြီးကြိုတင်ပြင်ဆင်ပါတယ်။
နိုင်။ ။ခင်ဗျား ဘယ်ကြွက်သား အစိတ်အပိုင်းကို လေ့ကျင့်ရတာ နှစ်သက်လဲ။
ထွန်း။ ။ပေါင်ကြွက်သား
နိုင်။ ။စင်ပေါမှာ ဘယ်ကိုယ်ဟန်ပြကွက်က သင့်ပြိုင်ဘက်တွေကို အလဲထိုးနိုင်တယ်လို့ ထင်လဲ။ အဲဒီအစိတ်အပိုင်းကို ဘယ်လိုလေ့ကျင့်လဲလို့ ပြောပေးလို့ ရမလား။
ထွန်း။ ။ most muscular-တစ်ကိုယ်လုံး မာဆယ်ပြရတဲ့အကွက်၊ လေ့ကျင်တာကတော့ အခြေခံလေ့ကျင့်ခန်း၊ ဖရီးဝိတ်တွေဘဲဖြစ်တယ်။
နိုင်။ ။ဒီနှစ် မောင်မြန်မာပြိုင်ပွဲမှာ အငယ်တန်းလား အကြီးတန်းလား မသေချာဘူးဆို။
ထွန်း။ ။ဟုတ်ကဲ့၊ ဒါပေမဲ့ဘာဖြစ်ဖြစ် ကျွန်တော်က နှစ်လုံးပေါက် လေ့ကျင့်ပြင်ဆင် ထားတဲ့အတွက် သိပ်တော့ ရင်မခုန်မိပါဘူး။ အကောင်းဆုံး အစွမ်းပြနိုင်အောင် ကြိုးစားသွားမှာပါ။
နိုင်။ ။ခင်ဗျားကို ဆက်သွယ်ချင်လျှင် ဘယ်လိုဆက်သွယ်ရမလဲ။
ထွန်း။ ။ယခုလက်ရှိကတော့၊ရန်ကုန်မြို့ တော်စည်ပင်အားကစားဝင်းအတွင်း၊ gold’s gym
နိုင်။ ။ခင်ဗျား နိုင်ငံတကာ ကာယဗလပြိုင်ပွဲတွေမှာ နိုင်ငံတော်အတွက် ရွေတံဆိပ်တွေ အများကြီးရယူ နိုင်ပါစေဗျာ။ ဒီထက်အောင်မြင်မူတွေ ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ၊
ထွန်း။ ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်အောင် ကြိုးစားသွားပါမယ်။
တွေဆုံမေးမြန်းသူ
နိုင်ဦး—119
Related posts:









အစ်ကိုရဲ့ GYM လိပ်စာက?
မေမြို. က ယခင်မြို.မရုပ်ရှင်ရုံးမှာဖွင်.ထာပါတယ်