Naing Wai @naingwaiwin ?

active 2 hours, 29 minutes ago
  • kawhmu posted an update:   1 year, 9 months ago · View

    စူပါဆက် ကစားနည်းကို နည်းပြတွေက အားမပေးဘူးဗျ။ သူတို့တွေအမြင်က (ဥပမာ) လက်မောင်းရှေးသားနဲ့ နောက်သား တွဲကစားရင် ကြွက်သားတွေ ညက်ပြီး သေးသွားလိမ့်မယ်။ dead မာဆယ်ဖြစ်သွားလိမ့်မယ်တဲ့။ ဆုံနဲ့လက်မောင်းနောက်သား၊ရင်နဲ့ လက်မောင်းရှေ့သားတွေက ဆက်စပ်မှုရှိတဲ့အတွက် အဲ့ နည်းအတိုင်းသာ ကစားသင့်တယ်လို့ အကြံအဥာဏ်ပေးတယ်ဗျာ။ ကျွန်တော်ကတော့ အစလေ့ကျင့်တုန်းကတော့ နည်းပြဆရာတွေရဲ့ နည်းအတိုင်း လိုက်ကစားပါတယ်။ တစ်ရက်ကို နှစ်မျိုး တစ်ပတ်ကို ၆ရက်၊တစ်ရက်နားစနစ်နဲ့ ကစားစေချင်ကြတယ်။အခု ကျွန်တော်က အဲ့လိုမဟုတ်ဘူး တစ်ပတ် သုံးရက် သို့မဟုတ် လေးရက် ကစားပြီး ကိုယ့်စိတ်ကြိုက် free course အတိုင်း ကစားနေတယ် ဟီး အခုတော့ နည်းပြတွေလဲ ဘာမှမပြောတော့ဘူး ကျွန်တော့်စိတ်ကြိုက် ကစား စေတော့ပေါ့။ အခုတော့ ကျွန်တော့်ရဲ့ စိတ်ခံစားမှုအတိုင်း ထိအောင် ကစားနေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်လက်မောင်းတွေဟာ ရှေ့သားနှင့် နောက်သားစူပါဆက်တွဲကစားလျှင် အထိရောက်ဆုံးဆိုတာ တွေ့ရှိခဲ့ပါပြီ။ညီနောင်တို့အတွက်ရော ဘယ်လိုလဲ။ ဆွေးနွေးပေးသွားကြပါအုံး။

    • Avatar Image
      Naing Wai · 1 year, 8 months ago

      kawhmu ရေ ကိုယ့်ခံစားမှုနဲ့ ကိုယ်ကစားတာ အထိရောက်ဆုံးပါပဲ။ ပထမတော့ သူတို့ ညွှန်ပြတဲ့အတိုင်း လိုက်လုပ်ကြည့်ပေါ့။ စမ်းသပ်တဲ့ သဘောပါ။ ဘယ်သဘောတရားမဆို အကုန်လုံးကို စမ်းသပ်ကစားသင့်ပါတယ်။ ပြီးတော့မှ ကိုယ့်စိတ်ကြိုက်၊ ကိုယ်ထိရောက်သလို ပြောင်းလဲကစားတာ အကောင်းဆုံးပါ။ kawhmu ကို ကောင်းကောင်းတိုးတက်နေပြီလို့ မျှော်လင့်ပါတယ်။ မောင်မြန်မာအငယ်တန်းတက်ပြိုင်ဖို့လည်း အားပေးပါတယ်။ :-)
      Yours,
      Naingwai

    • Avatar Image
      kawhmu · 1 year, 8 months ago

      ကျေးဇူးအထူးပါ ကိုနိုင်ဝေ။ကျွန်တော်လဲ ကိုနိုင်ဝေ ပြောခဲ့သလို ကိုယ့်စိတ်ခံစားမှုအတိုင်း အဆုံးအစွန်းအထိ ကစားနေပါတယ်။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေဆဲပါ။:D အချိန်ရောက်ရင်တော့ မောင်မြန်မာ အငယ်တန်းဝင်ပြိုင်ဖို့အစီအစဉ်ရှိပါတယ်။ဒါပေမဲ့ အခု ကျွန်တော်က ဘာ supplement မှ မသုံးနိုင်သေးဘူး။ရှိတဲ့ ခွန်အားလေးနဲ့ပဲ ဖိညစ်ပြီး ကစားနေတာ။ အခုလို အားပေးစကားပြောတဲ့ ကိုနိုင်ဝေကို ကျေးဇူးအထူးပါ။ကျွန်တော်လဲ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားပါ့မယ်။ ကျွန်တော်လဲ ကိုနိုင်ဝေတို့ကိုအားပေးနေဆဲပါ။
      လေးစားစွာဖြင့်
      kawhmu

  • saisai comment အတွက် ကျွန်တော် ဆွေးနွေးပါရစေ။ တစ်ရက်ကို ဗယ်ရီ အကြိမ် 700 နဲ့ 800 အကြားဆိုတော့ များနေပါတယ်။အဲ့လောက် မလိုပါဘူး။ ဗယ်ရီ ရိုက်တယ်ဆိုတာလဲ နည်းစနစ်မှန်ကန်မှု ရှိဖို့တော့ အရမ်းအရေးကြီးပါတယ်။ တုတ်ရှည် တစ်ချောင်းကို ပခုံးပေါ်တင်ပြီး ခါးကို ဘယ်ညာလှည့်ပါ။ အကြိမ် ၂၅ လေးကျော့။ကြမ်းပြင်ပေါမှာ ပတ်လက် အိပ် ဒူးထောင်၊လက်နှစ်ဖက် ဦးခေါင်းအနောက်ထားပြီး ဘယ် ညာ အကြိမ် ၁၅ ကြိမ် ၄ ကျော့ လုပ်ပါ။ တစ်ရက်ခြားစီ ကစားကြည့်ပါ။
    ကွန်တော်အပေါ်က ပြောခဲ့သလို ကစားလို့မထိသေးဘူးလို့ ခံစားနေရရင် တန်းခို ခါးကို ဘယ်ညာ ယိမ်း ကစားကြည့်ပါ။ကျွန်တော့်အတွက်တော့ အ၇မ်းထိတယ်ဗျာ။

  • Naing Wai commented on the blog post Supplements အကြောင်း တစေ့တစောင်း   2 years, 2 months ago · View

    ကိုအေးချမ်း..
    ဆော်ရီးပါဗျာ.. ကျွန်တော်တို့ အတတ်နိုင်ဆုံး ပြင်ဆင်နေဆဲပါ… error လေးတွေ တက်နေခဲ့လို့ပါ.. Fix လုပ်ပြီးတာနဲ့ အသိပေးပါ့မယ်…