-
Phyo Wai Win wrote a new blog post: ဒိုရီယန်ရီတ်ပြောသော ဒိုရီယန်ရီတ်ဘ၀ ဖြစ်စဉ်အချို့ 1 day, 13 hours ago · View
Post written by Aung Aung (aungaung.aung24@gmail.com) မောင်အိုလံပီယာ (၆)ထပ်ကွမ်း ဒိုရီယန်ရီတ်စ် ၏ ကိုယ်ရေးအကြောင်းအရာ အချို့ကို ကျွန်တော် ကဲ့သို့ မောင်အိုလံပီယာ အချို့၏ ဘ၀ဖြစ်စဉ် အကြောင်းကို စိတ်ဝင်စားသူများ ဗဟုသုတ ရနိုင်ရန် ရည်ရွယ်၍ရေးသား တင်ဆက်ပေးလိုက်ပါသည်။ ကျွန်တော် အကြိုက်ဆုံး မောင်အိုလံပီယာ (၆) ဦးတွင် ဒိုရီယန်ရိတ်စ် သည်လည်း အပါအ၀င်ဖြစ်သည်။ ထိုကြောင့်လည်း ကျွန်တော်သည် ဤ ဆိုက်တွင် ဒိုရီယန်ရီတ်စ် ၏ ခံယူချက၊် ဒိုရီယန်ရိတ်စ် အကြောင်းပါသော ဆောင်းပါးများကိုေ၇းသားခဲ့ပြီး ဖြစ်သလို ၊ အခြား ကျွန်တော် ကြိုက်နှစ်သက်သော မောင်အိုလံပီယာအချို့၏ အကြံပေးချက်များ ၊ ကစားနည်းများ ကိုလည်း အလျဉ်းသင့်သလို ရေးသား တင်ဆက်ခဲ့ပါသည်။ ထိုေ၇းသား [...] -
Phyo Wai Win wrote a new blog post: ကာယဗလလေ့ကျင့်ခြင်း၏ သမားရိုးကျ အမှားဆယ်ခု 1 week ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) အကယ်၍သင်ဟာလက်ရှိ အခြေအနေမှဆက်လက် မတိုးတက်လိုတော့လျင်ဖြစ်စေ၊ ခန္ဓာကိုယ်ကြီး ထွားလာခြင်းကြောင့် အ၀တ်အစားအသစ်များ ၀ယ်ရခြင်းနှင့်သွားလာလှုပ်ရှား ရခြင်းများကိုအပိုဟု ထင်ကာစိတ်မပါတော့လျင်တော့ သင့်အတွက်ယခုတင်ပြပေးမည့် ကာယဗလလေ့ကျင့်သူများကျူး လွန်တတ်ကြသည့် အမှားဆယ်ခုကို ကျူးလွန်ရုံလေးပါပဲ။ ဒါဆိုသင်ဘယ်တော့မှမကြီးထွားနိုင်တော့ မည့်အပြင်သေးငယ်သွားနိုင်ပါသည်။ အကယ်၍သင်ဟာလက်ရှိအနေအထားမှဆက်လက်တိုးတက်ကြီးထွားလိုသည်ဆိုပါကယခုတင်ပြပေး မည့်အမှားများကိုဝေးဝေးမှရှောင်ပါလေ။ အမှား-1။ ။အလေးများလွန်းခြင်း ချိုလွန်းကအီတတ်၏ဟူသောစကားလေးအတိုင်းပင်မည်မျှပင်ကောင်းသောအ ရာပင်ဖြစ်စေကာမူအတိုင်းထက်လွန်ပါကအကျိုးမပြုတတ်ပေ။ထို့ အတူပင်ကာယဗလလေ့ကျင့်ခြင်း တွင်လည်းထုတင်ရာတွင်အလေးများများအသုံးပြုရန်လိုအပ်သော်လည်းအလေးများလွန်းပြီးပုံမကျပန်း မကျလေ့ကျင့်ပါကအဆစ်အမြစ်များဒဏ်ရာရခြင်း၊နှင့်လေ့ကျင့်သောကြွက်သားကိုထိရောက်မှုသိပ်မရှိ စေဘဲအခြားသောကြွက်သားများ၏အကူအညီဖြင့်ညာဝါးလေ့ကျင့်ခြင်းကိုသာသင်ကြုံရမည်ဖြစ်သည်။ သင်ဟာရွန်နီကိုလ်းမင်းမဟုတ်ပါ။ထိုကြောင့်သင်သည်အလေးကိုလောဘမကြီးဘဲသင်ခြောက်ကြိမ် ခန့် အကူအညီမပါဘဲလုံးဝမလေ့ကျင့်နိုင်သောအလေးဖြင့်ဘယ်တော့အခါမှမလေ့ကျင့်ပါနှင့်။ အမှား-2။ ။ပုံမကျခြင်း သင်သည်ပရော်ဖက်ရှင်နယ်ကာယဗလမောင်များ၏လေ့ကျင့်နည်းခွေများတွင် ထိုမောင်များကအလေးများများကိုစနစ်တကျမဟုတ်ဘဲလေ့ကျင့်နေသည်ကို(ဥပမာ-ရွန်နီကိုလ်းမင်း ၏လေ့ကျင့်နည်းခွေများတွင် barbell row လေ့ကျင့်ခန်းကိုကြည့်ပါ။)သင်မြင်တွေ့ ရခြင်းကြောင့်သင် လည်းအလေးများများကိုပုံမကျပန်းမကျလေ့ကျင့်လျင်ကြီးထွားနိုင်သည်ဟုမထင်လိုက်ပါနှင့်။ထိုကာ ယဗလချန်ပီယံများ၏ကစားသက်သည်ဆယ်နှစ်အထက်အနည်းဆုံးရှိသောကြောင့်လည်းကောင်းတို့  သည်မည်သို့ ပင်လေ့ကျင့်စေကာမူကြွက်သားညှစ်အားကိုအသုံးပြုပြီးလေ့ကျင့်တတ်သောကြောင့် ပြသနာမရှိသော်လည်းသင်ကဲ့သို့ သောသာမန်ကစားသမားသည်ထိုကဲ့သို့ အလေးများများကိုပုံမကျ ပန်းမကျလေ့ကျင့်ပါကကြွက်သားမကြီးထွားစေသည်သာမကဒဏ်ရာပြင်းပြင်းထန်ထန်ပင်ရနိုင်သည်။ အမှား-3။ ။ပြင်းအား(အင်တန်စစ်တီး)နည်းပါးခြင်း မည်မျှပင်လေ့ကျင့်စေကာမူကြွက်သားများမတိုးတက်ရသည့်အခြေခံအချက် တစ်ခုမှာအင်တန်စစ်တီး(ပြင်းအား)နည်းပါးစွာလေ့ကျင့်ခြင်းကြောင့်ဖြစ်သည်။ထိုသို့ လေ့ကျင့်ခြင်း၏ အခြေခံအကြောင်းအရင်းမှာပင်ပန်းခြင်းကိုမခံစားလိုခြင်းကြောင့်ဖြစ်သည်။အကယ်၍သင်သည်ကြွက် သားကြီးထွားမည်ဆိုလျင်ဘာပဲလုပ်ရလုပ်ရစိတ်ထားပါကသင့်အတွက်အကောင်းဆုံးပေးလိုသောအ [...] -
Phyo Wai Win wrote a new blog post: Front Squat လေ့ကျင့်သင့်သည့် အကြောင်းအရင်းများ 2 weeks ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ယနေ့ ခေတ် IFBB မှကျင်းပသောပရော်ဖက်ရှင်နယ် ကာယဗလပြိုင်ပွဲသုံးပွဲကို ချန်ပီယံဖြစ်ပြီး၊မောင် အိုလံပီယာပြိုင်ပွဲတွင် ပထမခြောက်ယောက်ထဲဝင်သူ ကာယဗလမောင်တစ်ယောက်သည် ပေါင်ကြွက် သားမည်မျှကောင်းမွန်ကြီးထွား လှပမည်ကိုမှန်းကြည့်လျင်ပင် သိနိုင်ပါသည်။ ထိုသို့ သိနိုင်သည်နှင့် တပြိုင်နက်အားလုံးကထိုသူသည်သမားရိုးကျခက်ခဲသောပေါင်လေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အလေး ထမ်းထိုင်ထ (back squat)ကိုအကြိမ်ပေါင်းမည်မျှအလေးမည်မျှနှင့်လေ့ကျင့်ထားသည်ကိုခန့် မှန်း ကြမည်ဖြစ်သည်။အလေးထမ်းထိုင်ထ (back squat)သည်ခန္ဓာကိုယ်အောက်ပိုင်းအတွက်သာမက အပေါ်ပိုင်းအတွက်ပါအကောင်းဆုံးသောလေ့ကျင့်ခန်းတစ်ခုဖြစ်သည်ကိုလေ့ကျင့်ရေးသုတေသနများ ကအခိုင်အမာတင်ပြထားပါသည်။ သို့ သော်အထက်တွင်တင်ပြခဲ့သောကာယဗလချန်ပီယံသည်သူ့ တစ်သက်လုံး တွင်သမားရိုးကျ Back squat ကိုတစ်ကြိမ်မှမလေ့ကျင့်ခဲ့ဖုးသော်လည်းဤကဲ့သို့ သောအောင်မြင်မှု များကိုရယူနိုင်သည့်ပေါင်ကြွက်သားကိုပိုင်ဆိုင်ထားသူဖြစ်သည်။ပုံပြင်မဟုတ်ပါ။တစ်ကယ့်လက်တွေ့  ဖြစ်သည်။ထိုသူသည်ဂျာမဏီမှကာယဗလချန်ပီယံရွန်နီရာကယ်လ်ဖြစ်သည်။ ရွန်နီရာကယ်လ်သည်သူ့ ဘ၀တစ်လျောက်လုံးတွင်ဘာဘယ်လ်အလေးတန်း နှင့်သော်လည်းကောင်း၊စက်ဖြင့်သော်လည်းကောင်းသမားရိုးကျ back squat ကိုတစ်ကြိမ်မှမကစားခဲ့ ဖူးပါ။သို့ သော်အလေးဆုံရှေ့ ထမ်းထိုင်ထ front squat ကိုမူအကြော့ပေါင်းထောင်နှင့်ချီပြီးလေ့ကျင့်ခဲ့ သူဖြစ်သည်။သူသည်ပြိုင်ပွဲဝေးကာလကိုယ်အလေးချိန်ပေါင် 240-ရှိနေစဉ်တွင်ပင် front [...] -
Phyo Wai Win wrote a new blog post: သိပ္ပံနည်းကျ အဆီချနည်းများ စာအုပ် 2 weeks, 5 days ago · View
BOOK written by Naing Oo (119) (intensemuscle@gmail.com) ဤစာအုပ် ငယ်ကိုရေးသားရခြင်းအကြောင်းအရင်း ကျွန်တော်သည် http://www.myanmarfitness.com တွင် ကာယဗလနှ င့်ကြံ့ခို င်မှုလေ့ကျင့် နည်းဆောင်းပါး များ၊အာဟာရြ ဖည့် စွက်ဆေးများအပြင်၊အဆီချ နည်းဆောင်းပါးများနှ င့်အမျိုးသမီးများအတွက်လည်း ဆောင်းပါးများကိုအလျဉ်းသင့်သလိုတင်ဆက်ခဲ့သည် မှာကြာပြီဖြစ်သည်။ စာအုပ်ကြီးငယ်များကိုလည်း တင်ဆက်ခဲ့သည်မှာကိုးအုပ် ပင် ရှိခြဲ့ ပီဖြစ် သည်။ထို့ ကြောင့်ကျွန် တော့်ဆယ်အုပ် မြောက်စာအုပ်ကို တစ်မူထူးခြားအောင်တင်ဆက်ပေးလိုသည့်အာသီသရှိသည်မှာကြာပြီဖြစ်သည်။ထို့ အပြင်ကျွန် တော့် ကိုယခုနောက်ပိုင်းအများဆုံးဆက်သွယ်မေးမြန်းလာကြသည်များကိုအနှစ် ချုပ်ကြည့်လျင်အဆီချလို သူများကပို များနေကြပေသည်။ထိုသူများတွင်အများစု သည်အမျိုးသမီးများဖြစ်ပြီး၊အချို့ သည်ဆီးချို၊ သွေးချိုစသောရောဂါသည် များအပြင်လေ့ကျင့်ခန်းများပြုလုပ် ရန်လုံးဝမအားလပ်သူများဖြစ်နေတတ် ကြသည်။ထိုသူများသည်လေ့ကျင့် ခန်းပြုလုပ် ရန် ဂျင်မ် များသို့ သွားပါကလည်းလျာထွက်အောင်မောင်း သည်ကိုသာခံ စားကြရပြီးအဆီလုံးဝမကျဘဲမောပန်းစိ တ်ပျက်နေကြသူများဖြစ်သည်။ထို့ အပြင် ဈေးကွက်တွင် ဈေးကြီးသောအဆီချ ဆေးများနှင့်တစ် ပါတ်အတွင်းအဆီချ နည်းများစသည်ဖြင့် [...] -
Phyo Wai Win wrote a new blog post: ကမ္ဘာကျော် ကာယဗလဖြည့်စွက် ဆေးများနှင့် ဆိုးကျိုးများ 3 weeks, 2 days ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ကာယဗလလေ့ကျင့်သူတိုင်းသည် မိမိကိုယ်ခန္ဓာကြီးထွားသန်မာ ကျစ်လစ်စေရန်အတွက် ဖြည့်စွက် ဆေးများသည်အရေးပါကြောင်းကို သိထားပြီးဖြစ်သော်လည်း ထိုဖြည့်စွက်ဆေးများ၏ အခြားတစ်ဖက် ဖြစ်သောဘေးထွက်ဆိုးကျိုး အချို့ ကိုလည်းသိထားကြစေရန် တင်ပြပေးလိုက်ပါသည်။ ဤကဲ့သို့  ဘေးထွက်ဆိုးကျိုးများကိုတင်ပြနေ၍ကျွန်တော့်ကိုဖြည့်စွက်ဆေးများကိုဆန့် ကျင်သူဟုမထင်မှတ် လိုက်ပါနှင့်။ကျွန်တော်ဤဆောင်းပါးကိုရေးရခြင်း၏အဓိကအချက်မှာဖြည့်စွက်ဆေးများကိုဒုတိယ ဘုရားသခင်သဖွယ်ထင်မြင်နေသူများကိုအသိပေးလိုခြင်းဖြစ်ပါသည် ။သို့ သော်အသေအချာမှတ် သားထားရမည်မှာကာယဗလဖြည့်စွက်ဆေးများသည်အားကစားစွမ်းရည်ကိုတိုးတက်စေရန်နှင့် ကြွက်သားထုထည်တက်လာစေရန်အတိုင်းအတာတစ်ခုအထိကိုအကူအညီအမှန်တစ်ကယ်ပေး နိုင်ပါသည်။ထို့ အပြင်နောက်ထပ်မှတ်သားရမည်မှာဖြည့်စွက်ဆေးများမပါဘဲလည်းအာဟာရကိုမှန် မှန်ကန်ကန်ရွေးချယ်စားသောက်ပြီး၊လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ကာပြည့်ပြည့်၀၀အနားယူတတ်မည်ဆို ပါကလည်းကြွက်သားထုတက်နိုင်ပါသည်။ယခုတော့အများအသုံးများသည့်တစ်ကယ်အကျိုးပြုသည့် ဖြည့်စွက်ဆေးများကိုများများသုံးမိပါကကြုံရနိုင်သည်ဘေးထွက်ဆိုးကျိုးများကိုအရင်လေ့လာလိုက် ပါဦး။ Creatine ၏ကောင်းကျိုး- ယနေ့ ခေတ်တွင်လူသုံးအများဆုံးသောကာယဗလဖြည့်စွက်တစ်မျိုးမှာ၊ Creatine ဖြစ်ပြီးလွန်ခဲ့သောဆယ်စုနှစ်နှစ်ခုလောက်မှစ၍တွင်ကျယ်လွန်းစွာအသုံးပြုလာကြသည်။ Creatine ကိုအမှုန့် ရော၊ဆေးတောင့်ပုံစံပါရနိုင်ပါသည်။ကျန်းမာသန်စွမ်းသူတစ်ယောက်သည်တစ် နေ့ ကို5 -ဂရမ်မှ 20 -ဂရမ်အထိအသုံးပြုနိုင်ပါသည်။ Creatine ၏ဘေးထွက်ဆိုးကျိုး- Creatine သည်ကျွန်တော်တို့ ၏ကြွက်သားဆဲလ်အတွင်းတွင်ရှိပြီးသားအော်ဂဲ နစ်အက်ဆစ်တစ်မျိုးဖြစ်သည်။ Creatine သည်ခန္ဓာကိုယ်အတွင်းရှိအခြားသောကိုယ်တွင်းအင်္ဂါများအ တွင်းမှရေကိုစုပ်ယူပြီးကြွက်သားဆဲလ်များအတွင်းသို့ ပို့ ဆောင်ပေးခြင်းကြောင့်ကျန်အင်္ဂါအစိတ်အပိုင်း များသည်ရေဓါတ်ခန်းခြောက်ပြီးကြွက်တက်ခြင်းဖြစ်သည်။ Creatine သည်ကြွက်သားအင်အားကိုအ ဆမတန်တိုးပွားစေပြီး၊ပုံမှန်မဟုတ်သောပမာဏလောက်ပင်ကိုယ်အလေးချိန်ကိုတိုးတက်စေသည်။ထို [...] -
Phyo Wai Win wrote a new blog post: ပရိုတိန်းကွာလတီသည် ကြွက်သားထုထည် အပေါ်သက်ရောက်မှု ရှိမရှိ 3 weeks, 5 days ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ယနေ့ ခေတ်တိုးတက်နေသော နည်းပညာခေတ်တွင်၊ သိပ္ပံနည်းကျကြွက်သားကြီး ထွားစေမည့်အီ ကွေးရှင်းတစ်ခုကိုချပြပါဆိုလျင်၊ အလေးဖြင့်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကိုယ်တွင်းအင်အား(ကယ် လိုရီ)ညီမျှမှုနှင့်လုံလောက်သော ပရိုတိန်းပမာဏတို့ ပင် အညီအမျှချပြရမည်ဖြစ်သည်။ ကနေဒါ McMaster University မှသုတေသီJason Tang and Stuart Phillips တို့ သည်ကြွက်သားကြီးထွားမှုသည်၊ အလေးများဖြင့်လေ့ကျင့်ခြင်းနှင့်အာဟာရဂရုပြုခြင်းတို့ သည်အပြန်အလှန်ဆက်စပ်နေကြောင်းကို တင်ပြခဲ့ပြီးကာယဗလလေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်ပရိုတိန်း(အသားဓါတ်)မှီဝဲခြင်းသည်ကာယ ဗလကစားသမားများကိုတိုးတက်မှုအမြင့်ဆုံးရစေကြောင်းကိုပါတင်ပြခဲ့သည်။ ထိုမှီဝဲသောပရိုတိန်းအမျိုးအစားကွဲပြားသည်နှင့်အမျှကြွက်သားထုတက်စေရေးအတွက်သက်ရောက်မှု အနည်းငယ်စီကွာခြားမှုရှိသည်။နို့ ပရိုတိန်းနှင့်ပဲနို့ ပရိုတိန်းတို့ သည်ကြွက်သားထုတက်စေရေးတွင်ကွဲ ပြားမှုရှိသည်။နို့ ပရိုတိန်း(whey ,casein)သည်ပဲနို့ ပရိုတိန်းထက်ကြွက်သားထုကိုပို၍တက်စေသည်။ အသက်အရွယ်လွန်သောအားကစားသမားများတွင်မူ leucine ပါဝင်မှုများသောပရိုတိန်းမှုန့် များက ကြွက်သားထုတက်စေရေးကိုအထူးအကျိုးပြုသည်။ အချုပ်ဆိုရသော်ကြွက်သားကြီးထွားလိုသောကာယဗလအားကစားသမားများသည်လေ့ကျင့်ခန်းများ ကိုပြင်းပြင်းထန်ထန်ပြုလုပ်သင့်ပြီး၊ကယ်လိုရီများများစားသုံးသင့်ကာ၊ပရိုတိန်းကိုလေ့ကျင့်ပြီးပြီးချင်း လုံလုံလောက်လောက်မှီဝဲသင့်ပါသည်။မိမိတို့ လိုအပ်သောပရိုတိန်းကိုရွေးချယ်ရာတွင် အထက်တွင်တင်ပြခဲ့သောမိမိတို့ နှင့်သင့်လျော်မည့်ဖြည့်စွက်အာဟာရမှုန့် များကိုစနစ်တကျရွေးချယ် အသုံးပြုပါ၏အကြံပြုပါသည်။ ( Current Opinion in [...] -
Phyo Wai Win wrote a new blog post: သိပ္ပံနည်းကျအဆီချနည်းများ စာအုပ်မိတ်ဆက်နှင့် ဘလော့ဂ်အသစ်သို့  ဖိတ်ခေါ်ခြင်း 4 weeks, 1 day ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်မှ ယခုလက်ရှိ 2012-ခုနှစ်တွင် ကမ္ဘာ့လူဦးရေတိုး တက်မှုနှုန်းမှာလည်း အဆမတန်တိုးပွားလာသကဲ့သို့ ရောဂါဘယဆိုးများကလည်း တစ်မျိုးပြီးတစ် မျိုးပေါ်ထွက်လာနေသည့် အပြင်ယနေ့ ခေတ် လူနေထိုင်မှုဘ၀ပုံစံ life style ကလည်းရောဂါဆိုး များကိုဖြစ်စေသည့် အကြောင်းခံများဖြစ်လာနေသည်ကို အထင်အရှားမြင်တွေ့ နေရသည်။ ဥပမာ- လွတ်လပ်လွန်းစွာအထိန်းအချုပ်မဲ့နေထိုင်လာမှုကြောင့်ကာမေသုမိစ္ဆာအမှုများလွန်ကဲစွာပြုမူလာ ခြင်းကြောင့်အေအိုင်ဒီအက်စ်ကဲ့သို့ သောရောဂါဆိုးများအဖြစ်များလာခြင်း၊လူတို့ ပြုပြင်ထုတ်လုပ် ထားသည့်အစားအသောက်များ၊ဓါတုဆေးဝါးများကြောင့်ကင်ဆာရောဂါများဖြစ်လာခြင်း၊တိုးတက် လာသောနည်းပညာများကြောင့်ကိုယ်လက်လှုပ်ရှားမှုနည်းပါးဘ၀နေထိုင်မှုပုံစံများ၊အရသာနှင့် အမြင်ပန်းလှပမှုကိုဦးစားပေးပြီးထုတ်လုပ်ထားသောပြည့်ဝဆီများသောအာဟာရများ၊နှင့်သကြားဓါတ်များ သောအာဟာရများစသည်တို့ ကြောင့်ဆီးချို၊သွေးချိုရောဂါနှင့်နှလုံးရောဂါများနှင့်အာရုံကြောရောဂါ များအပြင်လည်းကောင်းတို့ ကိုဖြစ်စေနိုင်သောအ၀လွန်ရောဂါဟူသည့်အခြေအနေတစ်ရပ်ကိုပေါက် ဖွားဖြစ်ထွန်းလာစေသည်။အ၀လွန်ခြင်းသည်လူ တစ်ဦးစီ၏ကိုယ်ခန္ဓာကျန်းမာရေးအပေါ်သက်ရောက် မှု့ ရှိသည့်ပါဆင်နယ်ကိစ္စသာဖြစ်သော်လည်းထိုကဲ့သို့သောလူများတစ်နေ့ တစ်ခြားများများစားစားအ၀ လွန်လာခြင်းနှင့်မျိုးဆက်သစ်ကလေးငယ်များသည်လည်းထိုပြသနာရင်ဆိုင်နေရခြင်းသည်ကာကမ္ဘာ့ လူသားများအတွက်အရေးပါသောလူသားရေးရာ၊အမျိုးသားရေးရာပြသနာအဖြစ်ရပ်တည်လာနေပေ သည်။ယနေ့ ကမ္ဘာပေါ်တွင်အမေရိကန်နှင့်အနောက်နိင်ငံကြီးများကအင်အားသုံးပြီးပြုချင်သလိုပြု ရမ်းချင်သလိုရမ်းနေသော်လည်း*လူ့ အခွင့်အရေး*ဟူသည့်အမည်တပ်ပြီးတစ်မျိုးပြီးတစ်မျိုးလှုပ်ရှား နေကြသော်လည်း*ကမ္ဘာ့လူသားများကျန်းမာသန်စွမ်းရေး*ကိုတော့ WHO ၏တာဝန်ဟုဆိုကာလွဲချ ထားတတ်ကြသည်။ထို့ ကြောင့်လည်းအမေရိကန်လူမျိုးသုံးချိုးနှစ်ချိုးသည်ရှိသင့်သောကိုယ်အလေး ချိန်ထက်လွန်နေကြပြီး၊ခလေးငယ်များ၏20 %လောက်သည်လည်းအ၀လွန်သူလေးများဖြစ်နေ ကြသည်။ထို့ အပြင်တိုးတက်ပြီးဆဲနိုင်ငံများတွင်လည်းထိုပြသနာသည်အနုမြူဗုံးပြသနာထက်ပို၍ [...] -
Phyo Wai Win wrote a new blog post: အသားစားရင် အသက်တိုသလား 1 month, 1 week ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ကာယဗလလေ့ကျင့်သူများ အတွက်ကတော့အဓိက အသက်ဓါတ်သည်ပရိုတိန်းခေါ် အသားဓါတ်ဖြစ် သည်။ယနေ့ ခေတ် အာဟာရပါရဂူများကတော့ လူများကို အသားဓါတ်များများ မစားရန်နှင့်ပြုပြင် ကြော်လှော် ချက်ပြုတ်ထားသောအသားများကိုစားခြင်းမှတားမြစ်နေကြသည်မှာအဘယ်ကြောင့် နည်း။အထောက်အထားများကမည်သို့ နည်း။ National Institutes of Health and the American Association of Retired People (AARP)အဖွဲ့  အစည်းကြီးကလူပေါင်း500000(ငါးသိန်း)ကိုဆယ်နှစ်ကြာသုတေသနပြုပြီး နောက်အောက်ပါ အတိုင်းတင်ပြခဲ့သည်***အသားများများစားလွန်းသူများ၊အထူးသဖြင့်အနီရောင် အသား(အမဲသား၊ကျွဲသား) စားသူများသည်အသားနည်းနည်းသာစားသူများနှင့် ယှဉ်လျင်နှလုံးရောဂါဖြစ်နိုင်ချေ 36%၊ကင်ဆာ ဖြစ်ပြီးသေနိုင်ချေ 22%၊ပိုပြီးသက်တမ်း မစေ့မှီအထက်ပါရောဂါများနှင့်သေနိုင်ကြောင်းကိုတင်ပြခဲ့သည်။ ထို့ ကြောင့်အသားဓါတ်စားလိုပါကအဖြူရောင်အသား(ကြက်သား-အရေခွံမပါ)၊ငါးစသည်တို့ ကိုစား ခြင်းသည်အသေဆိုးစေသောရောဂါများဖြစ်နိုင်ချေနည်းပါးသောကြောင့်ရွေးချယ်သင့်ပါသည်။ ထို့ ကြောင့်အသားဓါတ်များ၊ပြုပြင်ထုတ်လုပ်ထားသောအသားများကိုများများစားလွန်းခြင်းကိုရှောင် ကြဉ်ပါ။နို့ မဟုတ်ပါကသေတမ်းစာကြိုရေးထားပါ။ Ref: ( Archives Internal Medicine , 169:562-571, 2009) [...] -
Phyo Wai Win wrote a new blog post: Bob Paris ၏အကြံပြုချက်များ 1 month, 1 week ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) တစ်ခါကအချိုးအစား အလှဆုံးသောကမ္ဘာ့ထိပ်သီး ကာယဗလမောင်တစ်ဦးဖြစ် သူဘော့ဗ်ပဲရစ် ၏ကာယဗလလေ့ကျင့်သူ လူသစ်များသို့ အကြံပြုချက်များကိုစုစည်း တင်ပြပေးလိုက်ပါသည်။ (1)-အလေးများဖြင့်ကာယဗလလေ့ကျင့်ခြင်းသည်အလေးများကိုလွှဲမြှောက်ရုံသက်သက်မဟုတ်ပါ။ ဒဏ်ရာအနာတရမကြုံတွေ့ ရစေရန်နှင့်မိမိလိုအင်ပြည့်ဝစေရန်အတွက်အလေးထက်ကြွက်သား ညှစ်အားဖြင့်ကစားတတ်အောင်ကြိုးစားပါ။ (2)-သင့်၏တိုးတက်မှုသည်သင်မနိုင်သောအများဆုံးအလေးပေါ်တွင်မမူတည်ဘဲလေ့ကျင့်သောပုံစံ မှန်ကန်မှုအပေါ်တွင်သာမူတည်သည်ကိုမှတ်ထားပါ။ (3)-ကာယဗလလေ့ကျင့်ခြင်း၏ထူးခြားသောရလာဒ်များကိုအလေးများဖြင့်စနစ်တကျလေ့ကျင့်ခြင်း၊ အေရိုဗစ်လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့်ကောင်းမွန်သောအာဟာရများပေါင်းစပ်မှသာသင်မြင် တွေ့ ရမည်ဖြစ်သည်။ (4)- ***အာဟာရကိုဂရုမစိုက်ပါကမည်သည့်ဖြည့်စွက်အာဟာရကမှသင့်ကိုမကူညီပေးနိုင်ပါ*** သင့်ရည်မှန်းချက်နှင့်သင့်ကိုယ်တွင်းဇီဝဖြစ်စဉ်အပေါ်မူတည်ပြီးသင့်တင့်ကောင်းမွန်သောအာဟာ ရကိုစနစ်တကျစွဲမြဲစွာမှီဝဲပါ။ပြီးမှဖြည့်စွက်အာဟာရများကိုမှီဝဲပါ။ (5)-အကယ်၍သင်သည်လေ့ကျင့်ချိန်တစ်ချိန်ကိုပျက်ကွက်သည်ဖြစ်စေ၊အာဟာရတစ်နပ်လွတ်သွား သည်ဖြစ်စေ၊သင့်တိုးတက်မှုသည်ဆုတ်ယုတ်သွားသည်ဟုမှတ်ထားပြီး၊သင်ရောက်နေသည့်နေရာ မှရှေ့ သို့ သာဆက်လက်ချီတက်သွားရန်ကြိုးစားပါ။ (6)-လေ့ကျင့်ချိန်တွင်တိုးတက်ကြီးထွားရန်နှင့်ခွန်အားတိုးတက်ရန်နည်းလမ်းများစွာရှိသည့်အနက်အ လေးတဖြည်းဖြည်းတိုးသွားခြင်းကလည်းတစ်ချက်အပါအ၀င်ဖြစ်သည်။ (7)-အပြည့်စုံဆုံးသော၊အလှပဆုံးသောခန္ဓာကိုယ်ကိုပိုင်ဆိုင်စေရန်အတွက်သင့်ခန္ဓာကိုယ်အချိုးအစား ကိုအမှန်အတိုင်းမြင်ရန်လိုအပ်ပြီးလည်းကောင်းကိုပြုပြင်ရန်အချိန်နှင့်အင်အားစိုက်ထုတ်မှုများစွာ လိုအပ်သည်ကိုမှတ်သားထားပါ။ (8)-အကယ်၍သင့်ခန္ဓာကိုယ်ကိုအကောင်းဆုံးတည်ဆောက်နိုင်ရန်အတွက်မြင်လာပြီဆိုပါကနောက် ထပ်အရေးပါသောသင့်အောင်မြင်မှုများကိုလည်းမြင်အောင်ကြည့်လိုက်ပါ။ (9)-လေ့ကျင့်ခြင်းနှင့်အာဟာရကောင်းကောင်းမှီဝဲခြင်းကိုသင့်အတွက်အရေးအပါဆုံးဟုသတ်မှတ် ထားလိုက်ပါ။ (10)-လေ့ကျင့်ခန်းတစ်ခုကိုပုံကျပန်းကျလေ့ကျင့်တတ်ပြီဆိုပါကလေ့ကျင့်ချိန်တွင်ခံစားရ သောကြွက်သားနာကျင်ခြင်းနှင့်ဒဏ်ရာဖြစ်စေနိုင်သောနာကျင်မှုမျိုးကိုခွဲခြားသိပါ။ (11)-အပြုသဘောဆောင်သောစိတ်ကိုထားပါ။သို့ မှသာလိုရာခရီးနီးနိုင်မည်ဖြစ်သည်။ (12)-သင်လုပ်နိုင်သည်၊ကိုသင်အပြည့်အ၀သိပါ။အာဟာရနှင့်လေ့ကျင့်ခန်းကိုဂရုစိုက်ရုံဖြင့်သင့် ဆန္ဒရှိသောခန္ဓာကိုယ်ကိုရောက်အောင်သင်စွမ်းဆောင်နိုင်သည်ကိုမမေ့ပါနှင့်။ (13)-ကြီးထွားမှုအတွက်လေ့ကျင့်ခန်းသည်အရေးပါသလို၊အနားယူခြင်းနှင့်ပြန်လည်အားပြည့် စေခြင်းကလည်းအရေးပါသည်ကိုဂရုပြုပါ။ (14)-အလွန်အကျူးအာဟာရလျော့ချခြင်းကလုံးဝအကျိုးမပြုပါ။ (15)-လေ့ကျင့်ခန်းအကျော့တစ်ကျော့ပြီးဆုံးချိန်တွင် positive failure ဖြင့်သာအဆုံးသတ်ရန် လေ့လာပြီး၊အကျော့တိုင်းကိုအပြည့်အ၀အာရုံစူးစိုက်ပြီးလေ့ကျင့်ပါ။ Excerpt from [...] -
Phyo Wai Win wrote a new blog post: ပရိုတိန်းနှင့်ကြွက်သားထုထည် 1 month, 2 weeks ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ကျွန်တော်တို့ ကာယဗလကစားသမားများ အားလုံးကိုအထိတ်တလန့်  ဖြစ်စေလိုက်သည့် ဆောင်းပါးတစ်ပုဒ်ကို ကမ္ဘာကျော်ဖြည့်စွက် ကာယဗလဆေးများထုတ် လုတ်ရောင်းချနေသည့် Twin Lab ကုမ္ပဏီကထုတ်ဝေရောင်းချနေသော ကမ္ဘာ့ရောင်းအား အကောင်းဆုံးစာရင်းဝင် Muscular Development မဂ္ဂဇင်း၏ 2009-ခုနှစ်ဇွန်လ ထုတ်စာမျက်နှာ 126 တွင် Protein Timing Has No Effect on Muscle Mass or Strength ဟူသောခေါင်းစဉ်ဖြင့်တင် ဆက်ထားသမျှကိုပြန်လည်ဖောက်သည်ချလိုက်ပါသည်။ လေ့လာတွေ့ ရှိချက်အများစုကလေ့ကျင့်ခန်းမပြုလုပ်မှီနှင့်ပြုလုပ်ပြီးပြီးချင်းပရိုတိန်းဖြည့်စွက်ဆေးများ အသုံးပြုခြင်းကကိုယ်တွင်းပရိုတိန်းများနိုးကြားစွာစုပ်ယူစေမှုကိုအထောက်အကူပြုကြောင်းကိုတင်ပြ ထားကြသည်။သို့ သော်နယူးဂျာဆီကောလိပ်မှအချို့ သောသုတေသီများJay Hoffman နှင့်လုပ်ဖော် ကိုင်ဖက်များကဆယ်ပါတ်(နှစ်လခွဲကြာ)ကာယဗလလေ့ကျင့်သူအမျိုးသားများကိုလေ့လာပြီးနောက် ပရိုတိန်းဖြည့်စွက်ဆေးများအသုံးပြုသည့်အချိန်၊အသုံးပြုသည့်ပမာဏသည်ခွန်အားရော၊ကြွက်သား ထုထည်အပြင်ကိုယ်ခန္ဓာအချိုးအစားအပေါ်တွင်ပါမည်သို့ မျှသက်ရောက်မှုမရှိကြောင်းကိုစမ်းသပ်မှု တွင်ပါဝင်သောအမျိုးသားများကိုအုပ်စုနှစ်ခုခွဲကာ၊တစ်အုပ်စုကိုပရိုတိန်းလုံးဝမသုံးစေဘဲ၊ကျန် အုပ်စုကိုမနက်အိပ်ရာထ၊မလေ့ကျင့်မှီ၊လေ့ကျင့်ပြီးနှင့်ညအိပ်ရာဝင်ချိန်တို့ တွင်ပရိုတိန်းရော၊ဖြည့်စွက် ပရိုတိန်းဆေးများပါသုံးစေပြီးမှအောက်ပါကောက်နှုတ်ချက်ကိုတင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။ဤလေ့လာ တွေ [...] -
Phyo Wai Win wrote a new blog post: မောင်မြန်မာအောင်ဆွေနိုင်နှင့် ရောက်တတ်ရာရာ မေးခွန်းများ 1 month, 2 weeks ago · View
Post written by Aung Aung (aungaung.aung24@gmail.com) နွေရာသီရဲ့ ပူပြင်းလှတဲ့နေရောင်ခြည်ကို အံတုလျှက် ကျွန်တော် ခေမာသီလမ်းမပေါ်မှာတည်ရှိတဲ့ Mr. Myanmar Gym ကို ရောက်ရှိခဲ့ပါသည်။ Gym ပိုင်ရှင်ကတော့ ပရိသတ်ကြီးလည်း သိပြီးသားဖြစ်သလို ကျွန်တော်တို့ ကာယဗလ၀ါသနာပိုးတွေကြားမှာ မြန်မာပြည်ရဲ့လက်ရှိ ကာယဗလချန်ပီယံတွေ အကြောင်းပြောကြကြေးဆိုရင် သူ့ကို လုံးဝမေ့ထားလိုမရ။ သူမပါရင် မပြီးတဲ့ မြန်မာပြည်ရဲ့ လက်ရှိနံပါတ်(၁)ချန်ပီယံ မြန်မာပြည်ရဲ့ အကြီးထွားဆုံး ပြိုင်ပွဲဝင်မောင်တစ်ဦး၊ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေတတ်တာလည်း သူရဲ့ပင်ကိုယ် အကျင့်တစ်ခုလို့ဆိုရမလိုပါ။ သူကတော့ မြန်မာနိုင်ငံမှာ ၂၅ရက် ဖေဖော်ဝါရီက ကျင်းပခဲ့တဲ့ ၁၁ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ တံခွန်စိုက်ပြိုင်ပွဲမှာ ၉၀ ကီလိုတန်း၌ ရွှေတံဆိပ်ဆွတ်ခူးခဲ့သူ ကိုဝိုင်းချစ်(ခ)ကိုအောင်ဆွေနိုင်ပါ။ ကျွန်တော် ကိုအောင်ဆွေနိုင်ကို မျက်နှာချင်းဆိုင်တွေ့ပြီး သိချင်တာလေးတွေ မေးမြန်းချင်တဲ့ မြန်မာပြည်ကမောင်တွေ စာရင်းမှာ [...] -
Phyo Wai Win wrote a new blog post: သွေးပူ ဘယ်လိုလုပ်မလဲ 1 month, 3 weeks ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ကာယဗလလေ့ကျင့်သူများ အများဆုံးမှားသော လေ့ကျင့်ရေးအမှားတစ်ခုမှာသွေးပူကို စနစ်တကျမလုပ် ကြခြင်းပင်ဖြစ်သည်။ အားလုံးသိသည်ကတော့ မလေ့ကျင့်မှီတွင် မိမိ၏နှလုံးခုန်နှုန်းမြန်လာစေရန်နှင့် သွေးလည်ပါတ်မှုအားကောင်းပြီးအကြောဆန့် ရန်အတွက်အဆင်ပြေစေရန်အတွက်သွေးပူအနေနှင့် ပြေးခြင်း၊လမ်းလျောက်စက်ပေါ် လမ်းလျောက်ခြင်း၊ကြိုးခုန်ခြင်းစသည့် သွေးပူစေသောလေ့ကျင့်ခန်း များကိုရာသီဥတုနှင့်မိမိ၏ စိတ်ခံစားမှုအပေါ်မူတည်ပြီး ငါးမိနစ်မှဆယ်မိနစ် အထိပြုလုပ်ကြသည်။ထို့  နောက်တွင်မှအကြောလျော့(ဆန့် )ပြီးမိမိလေ့ကျင့်မည့်ကြွက်သားအုပ်စုကိုအလေးပေါ့ပေါ့ဖြင့်သွေး ပူလုပ်တတ်ကြသည်။ထိုမှစ၍အလေးတိုးတိုးသွားပြီးသွေးပူလုပ်သွားရာနောက်ဆုံးအကျော့လေ့ကျင့် သည်အထိတဖြည်းဖြည်းအလေးတိုးတိုးသွားခြင်းဖြစ်သည်။ဤသည်ကပဲအမှားကြီးဖြစ်သည်။ ပထမဦးစွာထိုအမှားသည်မည်သို့ စတင်ဖြစ်ပေါ်လာသည်ကိုတင်ပြပေးမည်။ယနေ့ ကြိုက်သည့်ဂျင်မ် ကိုသွားပြီးလေ့ကျင့်ပါ။ပထမဦးစွာလေ့ကျင့်မည့်သူများကိုနည်းပြများကအလေးကိုတဖြည်းဖြည်းချင်းစီ တိုးသွားရန်ညွှန်ကြားတတ်ကြ၏။လေ့ကျင့်သူများကလည်းယုံယုံကြည်ကြည်လိုက်လုပ်ကြ၏။ထိုသို့  ပြောခြင်းသည်နည်းပြများကိုအပြစ်တင်ဝေဖန်ခြင်းမဟုတ်ပါ။လည်းကောင်းတို့ သည်လည်းမှန်ကန် သောအင်ဖော်မေးရှင်းမရကြခြင်းကြောင့်ထိုသို့ ဖြစ်ရခြင်းဖြစ်သည်။ထို့ အပြင်လည်းကောင်းတို့ ရ တတ်ကြသည့်အင်ဖော်မေးရှင်းအမှားတစ်ခုမှာစတီးရွိုက်ဘီလူးကြီးများဖြစ်သောမောင်အိုလံပီယာ အဆင့်ပရော်ဖက်ရှင်နယ်မောင်များသည်လည်းကောင်းတို့ ၏လေ့ကျင့်နည်းဗီဒီယိုများတွင်စကစား သည်မှစ၍အလေးကိုတိုးတိုးသွားပြီးသွေးပူအကျော့များကစားသွားသော်လည်းအကြိမ်အရေအတွက် အပြောင်းအလဲမလုပ်ဘဲကြွက်သားများကိုထိုသွေးပူအကျော့များတွင်ပင်အားကုန်(failure)ဖြစ်သည် အထိညှစ်ကစားပြသည်။ထိုကဲ့သို့ လေ့ကျင့်ပါကအကျိုးထူးမည်ဟုထင်သောစတီးရွိုက်မသုံးသူများအ တွက်ကားအလဟဿပင်ဖြစ်သည်။ထိုသူများသည်သွေးပူများတွင်ပင်အကုန်ဆော့သော်လည်းကြီး ထွားနိုင်သည်မှာစတီးရွိုက်၊အာဟာရ၊ဖြည့်စွက်ဆေးများနှင့်လူနေမှုဘ၀ပုံစံတို့ ကြောင့်ဖြစ်သည်။ လည်းကောင်းတို့ နှင့်မည်သည့်အရာမျှ၊မည်သို့ မျှထပ်တူမကျနိုင်သူများသည်ထိုကဲ့သို့ လေ့ကျင့် သင့်ပါ၏လော။စဉ်းစားပါ။ထို့ အပြင်ပိုက်ဆံရှိတိုင်း၊နိုင်ငံခြားလေးသွားဖူးတိုင်းဂျင်မ်ဖွင့်ပြီး၊နိုင်ငံခြား [...] -
Phyo Wai Win wrote a new blog post: အလေးဖြင့် လေ့ကျင့်ခြင်း၏ အကျိုးကျေးဇူး 1 month, 3 weeks ago · View
Post written by Aung Aung (aungaung.aung24@gmail.com) “ကာယဗလ လေ့ကျင့်မှုဆိုတာဘာလဲ ” ကာယဗလသမားများ (Body builders)ဟာ သူတို့ရည်မှန်းတဲ့ ကိုယ်ခန္ဓာ ကာယဗလဖွံ့ဖြိုးမှု ရည်မှန်းချက် အတွက် အလေးတွေ မ,ပြီး လေ့ကျင့်ကြရပါတယ်။ ဒါပေမယ့် ကာယဗလအတွက် လေ့ကျင့်ရာမှာ အလေးတွေ အများဆုံး မ,နိုင်တာက အရေးအကြီးဆုံး မဟုတ်ဘူး။ ကာယဗလလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်က ကြွက်သားထု၊ ကြွက်သားကွဲပြားပေါ်လွင်မှု၊ အချိုးအစားကျကျနဲ့ လှပပြေပြစ်မှုတို့ရရှိဖို့ လေ့ကျင့်ခန်းတိုင်းအတွက် လုံလောက်တဲ့ အလေးတွေနဲ့ ကစားရေးပဲ ဖြစ်ပါတယ်။ အလေးမသမားများ (Weightlifters)ကျတော့ ကိုယ့်အတိုင်းအတာနဲ့ အစွမ်းကုန် အလေးများများကို မ,နိုင်ဖို့ အလေးနဲ့ လေ့ကျင့်ရပါတယ်။ ပြီးတော့ ပြိုင်ပွဲမှာ ကိုယ်ပြိုင်ရမယ့် အလေးမ,နည်းတွေအတွက် နည်းစနစ်ဆိုင်ရာ လေ့ကျင့်မှုတွေ လုပ်ကြရပါတယ်။ ကာယဗလသမားတွေနဲ့ အလေးမ,သမးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် ကာယဗလသမားတွေဟာ [...] -
Phyo Wai Win wrote a new blog post: ကြွက်သားသဘာဝနှင့် ခုခံအားဝန်တိုးလေ့ကျင့်မှု သဘောတရား 1 month, 3 weeks ago · View
Post written by Aung Aung (aungaung.aung24@gmail.com) အာနိုးရဲ့ ကာယဗလ ဆိုင်ရာ အထွေထွေ ဗဟုသုတများမှ ကြွက်သားသဘော သဘာဝနှင့် ခုခံအားဝန်တိုးလေ့ကျင့်မှု သဘောတရားအကြောင်းကို တင်ပြပေးလိုက်ပါတယ်။ တစ်ကိုယ်လုံးမှာ ကြွက်သားအမျိုးအစား (၃) မျိုးရှိပါတယ်။ သူတို့မှာ တစ်မျိုးစီ အရည်အသွေးလက္ခဏတွေ ရှိကြပါတယ်။ (၁) ကြွက်သားချော (Smooth Muscle) ကိုယ်ခန္ဓာအတွင်းက သွေးကြောကြီးတွေနဲ့ အူ ကြွက်သားချောလို့ခေါ်ပါတယ်။ (၂) နှလုံးကြွက်းသား (Cardiac Muscle) နှလုံးရဲ့ ကြွက်းသားမျှင်အားလုံးကို နှလုံးကြွက်သားလို့ ခေါ်ပါတယ်။ အကြိမ်ခပ်များများလုပ်တဲ့ လေ့ကျင့်ခန်းတွေနဲ့ နှလုံးကြွက်သားကို ခွန်အားပိုကောင်းလာအောင် လေ့ကျင့်ယူလို့ရနိုင်ပါတယ်။ (၃) အရိုးကြွက်သား (Skeletal Muscle) အရိုးတွေပေါ်မှာ ကပ်နေပြီးတော့ တစ်ကိုယ်လုံးရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ပေးတဲ့ ကြွက်သားရှည်ကြီးတွေကို အရိုးကြွက်သား (သို့မဟုတ်) ပြင်ပကြွက်သားလို့ ခေါ်ဆိုပါတယ်။ အလေးနဲ့ လေ့ကျင့်ခြင်းဆိုတာ [...] -
Phyo Wai Win wrote a new blog post: သင်အဆီမကျရသော အကြောင်းအရင်းများ 1 month, 3 weeks ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) အခုအဆီချနည်းစာအုပ်လေး တစ်အုပ်ရေးနေတုန်းမှာအဆီချလိုသူများရဲ့ မေးမြန်းချက်များကို ဖြေလိုဇောနဲ့ နားလည်ရလွယ်အောင် အဆီချသူများမှားတတ်သည့်အမှားများကို ကျွန်တော်မြင် သလောက်တော့စုစည်း တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ရေးနေတဲ့အဆီချနည်းစာအုပ်က တော့***သိပ္ပံနည်းကျအဆီချနည်းများ***လို့ အမည်ပေးထားပါတယ်။မူရင်းကျမ်းရှင် ကတော့အမေရိကန်နိုင်ငံမှအာဟာရပါရဂူ၊မစ္စတာခရစ္စအစီတိုဖြစ်ပါတယ်။သူကတော့မောင် အိုလံပီယာလေးထပ်ကွမ်းဂျေးကတ်လာနှင့်ကမ္ဘာကျော်ကာယဗလချန်ပီယံများစွာ၏အာဟာရ အကြံပေးဖြစ်ပြီး၊Ph.Dဘွဲ့ ရထားသူလည်းဖြစ်ပြီးဟောလီးဝုဒ်မှမော်ဒယ်လ်များနှင့်နာမည်ကျော် များ၏အာဟာရလမ်းညွှန်ဖြစ်သည်။သူရေးသားထားသောEvery thing you need to know About fat loss ဟူသောစာအုပ်ကိုကျွန်တော်နိုင်ဦး—119ကမြန်မာပြန်ပြီးအများအကျိုးပြုရန် ရည်ရွယ်ပါသည်။မူရင်းစာအုပ်သည်အမေရိကန်နိုင်ငံတွင်အကြိမ်အကြိမ်ပုံနှိပ်ထုတ်ဝေခဲ့ရသော ရောင်းအားအကောင်းဆုံးအဆီချနည်းစာအုပ်ဖြစ်ခဲ့ပါသည်။မကြာမှီသင်တို့ ထံအရောက်လာပါ လိမ့်မည်။ယခုရေးသားထားသောဆောင်းပါးသည်ထိုစာအုပ်ထဲမှမဟုတ်သော်လည်းကျွန်တော် လေ့လာထားမိသမျှကိုတင်ပြထားခြင်းဖြစ်ပါသည်။မကြာမှီထိုစာအုပ်ထဲမှအနည်းငယ်ကိုအ မြည်းကျွေးပါဦးမည်။ အဆီချသူများသည်မည်မျှပင်ကြိုးစားသော်လည်းအဆီမကျရသည့်အမှားများကိုတင်ပြပေး လိုက်ပါသည်။ 1—ကာဗိုဟိုက်ဒရိတ်များများစားလွန်းခြင်း ကျွန်တော်တို့ နိုင်ငံမှအဆီချသူအများစုသည်ကာဗိုဟိုက်ဒရိတ်ကိုအဆီတက်စေသော အာဟာရအဖြစ်သိပ်မမြင်တတ်ကြဘဲအဆီများကိုသာအထူးအာရုံစိုက်တတ်ကြသည်။မည်မျှ ပင်ကောင်းသောကာဗိုဟိုက်ဒရိတ်များ(အနှံများ၊အသီးများ)ပင်ဖြစ်စေကာမူုအတိုင်းအတာမသိ အချိန်မသိဘဲထင်သလိုစားပါကကိုယ်တွင်းအင်ဆူလင်ထကြွစေပြီးအဆီအဖြစ်သိုလှောင်စေ နိုင်သည်ကိုသတိပြုသင့်ပါသည်။မည်သည့်ကာဗိုဟိုက်ဒရိတ်ပင်ဖြစ်စေသွေးအတွင်းတွင်ဂလူး ကို့ စ်အဖြစ်ဖြင့်သာပျော်ဝင်ပြီး၊ခန္ဓာကိုယ်ကသွေးတွင်းဂလူးကို့ စ်(သကြားဓါတ်)ပမာဏကို 70mg မှ110mgအထိသာလက်ခံပြီးထို့ ထက်ပိုပြီးပမာဏများလာပါကသွေးတွင်းမှထိုဂလူး ကို့ စ်များကိုဖယ်ရှားရန်အင်ဆူလင်ဟူသောဟိုမုန်းကိုထုတ်လွှတ်ပြီးသွေးတွင်းမှပိုလျံနေသော ဂလူးကို့ စ်များကိုအသည်းနှင့်ကြွက်သားမျှင်များတွင်ဂလိုက်ကိုဂျင်အဖြစ်သိုလှောင်စေသည်။ အကယ်၍ထိုသိုလှောင်ရာနေရာများပြည့်သွားပါကလာသမျှသောဂလူးကို [...] -
Phyo Wai Win wrote a new blog post: ကိုယ်ကာယကြံခိုင်မှု နှင့် အပိုင်း(၃)ပိုင်း 2 months ago · View
Post written by Aung Aung (aungaung.aung24@gmail.com) ကိုယ်ကာယ ကြံ့ခိုင်မှုကို Physical Fitness လို့ခေါ်ပါတယ်။ Physical ဆိုတာက “ကိုယ်ကာယနှင့် သက်ဆိုင်သော (Fitness) ဆိုတာက “ကြံ့ခိုင်မှု” အဲဒီနှစ်ခုပေါင်းလိုက်တော့ “ကိုယ်ကာယ ကြံ့ခိုင်မှု” လို့အဓိပ္ပာယ်ရပါတယ်။ ကိုယ်ကာယ ကြံ့ခိုင်မှုဆိုတာက ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ စွမ်းရည်တွေ တိုးတက်မှုခေါ်တာပါပဲ။ ဥပမာ တစ်ခုပြောပြပါမယ်။ ဇီဝကမ္မဗေဒ သိပ္ပံပညာရှင်များလို့ခေါ်ဆိုတဲ့ ကိုယ်ခန္ဓာရဲ့ အလုပ်လုပ်မှုကို လေ့လာစူးစမ်းကြတဲ့ သုတေသနဆရာကြီးတွေဟာ လွန်ခဲ့တဲ့နှစ် (၄၀)လောက်က အလေးမသမားများ (Weightlifters) နဲ့ ကာယဗလသမားများ (Body Builders)ကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ သူတို့ကိုအဲ့ဒီလိုစမ်းသပ်ကြည့်တဲ့အခါ သူတို့တစ်တွေမှာ ခွန်အား အလွန်ကောင်း ကြပုံ နှင့် ကြွက်သားကြီးတွေ ဖွံဖြိုးကြီးထွားကြပုံတွေကို တွေ့ရှိခဲ့ကြတယ်။ ဒါပေမယ့် သူတို့မှာ နှလုံးနဲ့ [...] -
Phyo Wai Win wrote a new blog post: Squat ထိုင်ခြင်း၏ နည်းလမ်း အမှန် 2 months ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အတွက်ရောတစ်ကိုယ်လုံးခွန်အား အတွက်ပါအရေးပါသည့်အပြင် ဟိုမုန်းထွက်ရှိမှုကိုအများဆုံး အထောက်အကူပြုပေးမည့်လေ့ကျင့်ခန်း အားလုံး၏ဘုရင်ဖြစ်သော အလေးထမ်းထိုင်ထ Squat သည်နည်းစနစ်မှန်မှန်လေ့ကျင့်ပါက ကြက်ပေါင်လေးမှသစ်မြစ်ကြီး များကဲ့သို့ ကြီးထွားသောပေါင်ကြွက်သား များကိုပိုင်ဆိုင်စေနိုင်ပြီး၊အခြားသောအကျိုးကျေးဇူးများ စွာကိုလည်းပိုင်ဆိုင်စေနိုင်သော်လည်းစည်းစနစ်မကျဘဲလေ့ကျင့်ပါကတစ်သက်လုံးဒုက္ခိတဖြစ်စေ နိုင်သောလေ့ကျင့်ခန်းလည်းဖြစ်သည်။ယခုဤဆောင်းပါးသည် Squatကိုစနစ်တကျလေ့ကျင့်နိုင်မည့် နည်းလမ်းကောင်းလေးတစ်ခုကိုတင်ပြပေးလိုက်ပါသည်။ Louisiana Tech University (Ruston, Louisiana) မှသုတေသီများကပြိုင်ပွဲဝင်အလေးမသမားများ နှင့်သက်တမ်းနုသောအလေးမသမားများ၏ Squat ထိုင်နည်းစနစ်ကိုအသေးစိတ်လေ့လာပြီးနောက် 2009-ခုနှစ်ထုတ် the Journal of Strength and Conditioning Research စာစောင်တွင်အောက်ပါ အတိုင်းဖော်ပြခဲ့သည်။ပြိုင်ပွဲဝင်အဆင့်နှင့်ဝါရင့်အလေးမသမားများသည် Squat ထိုင်ရာတွင်လူသစ် များထက်ပို၍ပုံကျပြီးလည်ကောင်းတို့ လေ့ကျင့်သောနည်းစနစ်သည်ပို၍အလေးနိုင်စေပြီးမတော်တဆ ဒဏ်ရာရခြင်းများမှလည်းကာကွယ်ပေးနိုင်ကြောင်းကိုဖော်ပြခဲ့သည်။ထိုဝါရင့်အလေးမသမားများသည် Squat ထိုင်ရာတွင်အလေးထမ်းပြီးထိုင်ချရာတွင်ဖြည်းဖြည်းခြင်းထိုင်ချပြီး၊ပြန်ထရာတွင်မူကျည်ဆန်ဖူး သည်သေနတ်ပြောင်းဝမှထွက်သကဲ့သို့ အရှိန်နှင့်ထတတ်ကြသော်လည်းအခြားအရေးပါသောလည်း ကောင်းတို့ ၏လျို့ ဝှက်ချက်တစ်ခုမှာလည်းကောင်းတို့ သည်ဒူးဆစ်ကိုသက်ညှာသည်ဟူသောအ ကြောင်းပြချက်ဖြင့်ဒူးများသည်မည်သည့်အခါမှခြေချောင်းလေးများအရှေ [...] -
kawhmu commented on the blog post 2012 -အာနိုးကလပ်စစ်ပြိုင်ပွဲ ရလဒ် 2 months ago · View
အားကျစရာ ကောင်းလိုက်တာဗျာ၊ ကျွန်တော်တို့တွေနဲ့တော့ ဆီနဲ့ ရေလိုပါပဲ:D
-
Phyo Wai Win wrote a new blog post: အဆီကျရန်ရေသောက်ပါ 2 months, 1 week ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ရေ-အသက်ရှင်သန်ရန်အတွက် မရှိမဖြစ်လိုအပ်သောသဘာဝတရား မိခင်ကြီး၏လက်ဆောင်မွန်အ ကြောင်းကိုကျွန်တော်တစ်ခါလည်း ဤဆိုက်တွင်ပင်တင်ဆက်ခဲ့ပြီးဖြစ်သည်။ ယခုတစ်ခါရေသည် ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်စေပြီး အဆီကျစေရန်ကူညီစွမ်းဆောင်နိုင်ကြောင်းကို အံ့သြဖွယ်ရာ တွေ့ ရှိရသည့်အတွက် ထိုဗဟုသုတကိုပြန်လည် မျှဝေလိုက်ပါသည်။ လေ့လာတွေ့ ရှိချက်— သုတေသီများ(Journal Clinical Endocrinology Metabolism, 92: 3334-3337, 2007) ကတင်ပြခဲ့သည်မှာ500-မီလီရေပမာဏ(တစ်လီတာရေသန့် ဗူး၏တစ်ဝက်)သည်ခန္ဓာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို25%တိုးတက်စေပြီးမိနစ်ခြောက်ဆယ်အတွင်းကယ်လိုရီ 20-ကို လောင်ကျွမ်းစေနိုင်သည်ကိုတွေ့ ရှိရကြောင်းတင်ပြခဲ့ကြသည်။ရေသည်အသည်းသို့ သွားသောသွေး များကိုအရည်ကျဲကာအားပျော့စေခြင်းနည်းလမ်းဖြင့်ကယ်လိုရီများကိုပိုမိုလောင်ကျွမ်းစေသည်။ခန္ဓာ ကိုယ်အတွင်းရှိဆဲလ်များသည်ရေကိုလက်ခံစုပ်ယူရာတွင်ဆဲလ်တွင်းအရည်ကြည်အနေနှင့်ရောဆဲလ် အပြင်အရည်များအဖြစ်ပါလက်ခံနိုင်စွမ်းရှိသည်။ထိုကဲ့သို့ ရေစုပ်ယူချိန်တွင်အင်အား(ကယ်လိုရီ)များ စွာကိုအသုံးပြုလောင်ကျွမ်းစေလိုက်သည်။ သို့ သော်မှတ်သားထားရမည့်အရေးပါသောအချက်မှာ-ရေအသောက်လွန်ပါက hyponatremia ဟုခေါ်သောကိုယ်တွင်းဆိုဒီယမ်၏ရှိသင့်သောပြင်းအားသိပ်သည်းဆပမာဏလျော့နည်းခြင်းနှင့် ကြုံတွေ့ ရမည်ဖြစ်သည်။ထိုအခြေအနေသည်အန္တရာယ်ရှိသောအခြေအနေဖြစ်သည်။အဓိကပြော ချင်သည်ကတော့အဆီကျလိုဇောနှင့်ရေအသောက်မလွန်မိစေရန်နှင့်ကျန်းမာကြံ့ခိုင်သောလူနေမှု ဘ၀အတွက်တည်ဆောက်ရန်အတွက်လည်းအရေးပါသောရေကိုလိုအပ်သည့်အတိုင်းအတာအထိ သောက်သုံးပါဟုအကြံပြုလိုက်ပါသည်။တန်ဆေးလွန်ဘေးဟူသည်ကိုသတိမူသင့်ပါသည်။ တင်ဆက်သူ— နိုင်ဦး—119 Email—intensemuscle@gmail.com [...] -
Phyo Wai Win wrote a new blog post: 2012 -အာနိုးကလပ်စစ်ပြိုင်ပွဲ ရလဒ် 2 months, 1 week ago · View
Post written by Naing Oo (119) (intensemuscle@gmail.com) ပြီးခဲ့သောအပါတ်က ကမ္ဘာ့ဒုတိယအဆင့်အမြင့်ဆုံးသော ဆုကြေးစားကာယဗလပြိုင်ပွဲဖြစ်သည့်အာနိုး ကလပ်စစ်ပြိုင်ပွဲကိုခြိမ့်ခြိမ့် သဲသဲကျင်းပပြီးစီးသွားပြီးအောက်ပါ အတိုင်းရလာဒ်အဖြေများထွက်ပေါ် ခဲ့သည်ကို သတင်းဆောင်းပါးအနေနှင့် တင်ဆက်ပေး လိုက်ပါသည်။ ပထမ-ဘရန့် ခ်ျဝါရန် ဘရန့် ခ်ျသည်ယခင်နှစ်ကလည်းအာနိုးကလပ်စစ်ချန်ပီယံဖြစ်သည်။ယခုနှစ်တွင်လည်းသူ့ သရဖူကို ဆက်လက်ထိန်းသိမ်းသွားနိုင်သည်။2011-မောင်အိုလံပီယာပြိုင်ပွဲမတိုင်မှီရက်အနည်းငယ်အလိုတွင် ဒဏ်ရာရ၍နားခဲ့ရသော်လည်းယခုအာနိုးကလပ်စစ်ပြိုင်ပွဲတွင်ပြန်လည်အစွမ်းပြခဲ့သည့်အတွက်သူ့ ကို ယခုနှစ်အိုလံပီယာဆုကိုခြိမ်းခြောက်နိုင်သူဟုအများကတစ်ပေးထားကြသည်။ ဒုတိယ-ဒင်းနစ်ဝုဖ် ယမန်နှစ်အာနိုးကလပ်စစ်ပြိုင်ပွဲတုန်းကလည်းဒုတိယ၊ယခုနှစ်တွင်လည်းလက်တစ်ကမ်းအလိုနှင့်သာ ကျေနပ်လိုက်ရသောဒင်းနစ်ဝုဖ်သည်ကားအသက်ငယ်သေးသည့်အတွက်အချိန်များစွာရှိသေးသူဖြစ် သည်။သူ၏အားနည်းသောကြွက်သားအစိတ်အပိုင်းများကသူ့ ကိုထိပ်တန်းကာယဗလမောင်တစ်ဦး အဖြစ်နှင့်သာရောင့်ရဲရမည့်အခြေအနေမျိုးဖြင့်သာထားပြီးချန်ပီယံဖြစ်ရန်ပါရမီမပါသူဟုတစ်ချို့ က လည်းဝေဖန်နေကြပြန်သည်။ တတိယ-အီဗန်စင်တိုပနီ သူ့ ကိုပြိုင်ပွဲမတိုင်မှီကအားလုံးကတစ်ပေးထားကြသော်လည်းစင်ပေါ်ရောက်လျင်အနည်းငယ်လိုအပ် နေသည်ချည်းသာဖြစ်သည်။ထိုအားနည်းချက်များကိုဖြည့်နိုင်သည့်နေ့ တစ်နေ့ သူ့ ကိုယှဉ်ပြိုင်နိုင်မည့် သူဟူ၍မည်သူမျှရှိမည်မဟုတ်ပေ။ စတုတ္ထ-Ben Pakulski သူကတော့အချိန်တိုအတွင်းအထူးခြားဆုံးတိုးတက်လာသည့်လူငယ်ကာယဗလမောင်တစ်ဦးဖြစ်သည်။ ကျွန်တော့်အမြင်တွင်ကားသူသည်ဒင်းနစ်ဝုဖ်ကဲ့သို့ ပင်ထိပ်တန်းမောင်ဖြစ်နိုင်သော်လည်းချန်ပီယံဖြစ် ရန်အတွက်လိုအပ်ချက်များရှိနေသည်ဖြစ်သည်။ယခုနှစ်၏ပွဲဦးထွက် Flex Proပြိုင်ပွဲတွင်ဒုတိယရရှိခဲ့ ပြီးယခုပြိုင်ပွဲတွင်တော့အဆင့်လေးရခြင်းဖြစ်သည်။မောင်အိုလံပီယာပြိုင်ပွဲကိုတော့ဝင်ခွင့်ရသွားပြီး ဖြစ်သည်။ ပဉ္စမ-ဒက်တာဂျက်ဆင် 2008-မောင်အိုလံပီယာချန်ပီယံဟောင်းကြီးဒက်တာဂျက်ဆင်သည်အောင်မြင်မှုများနှင့်ဝေးနေသည် မှာကြာပြီဖြစ်သည်။လူငယ်များကိုမည်သို့ မျှမယှဉ်နိုင်သော်လည်းထိပ်တန်းမောင်တစ်ယောက်ဖြစ် ကြောင်းကိုတော့သူကပြသနေဆဲဖြစ်သည်။မကြာသေးမှီကမှသက်ကြီးတန်းပရိုပြိုင်ပွဲတစ်ခုကို ပထမရလိုက်ခြင်းကသူ့ ကိုအထင်သေး၍မရကြောင်းကိုသတိပေးလိုက်ခြင်းဖြစ်သည်။ယခုပြိုင်ပွဲသည် ပွဲဆက်နေခြင်းကြောင့်မာဆယ်ကွာလတီကိုထိန်းမထားနိုင်ခြင်းဖြစ်သည်။ယခုနှစ်အိုလံပီယာပြိုင်ပွဲတွင် တော့သူ [...] - Load More





