Mar
21

ကြွက်သားတည်ဆောက်သော ကာဒီရို

Home > General Health > ကြွက်သားတည်ဆောက်သော ကာဒီရို

ကျွန်တော်တို့သည် cardio ကိုမုန်းကြသည်။ အကယ်၍ မမုန်းဘူးဆိုလျှင် ကျွန်တော်တို့သည် Runner’s World မဂ္ဂဇင်းကို ဖတ်ကောင်းဖတ်နေနိုင်သည်။ တကယ်တော့ အေရိုးဗစ် training သည် ကျွန်တော်တို့၏ ခက်ခက်ခဲခဲ ပုံဖော်ထားသော ကြွက်သားများကို ကာဆီးဖုန်းလွှမ်းသွားစေမည့် အဆီဆဲလ်များကို လောင်ကျွမ်းစေသော လေ့ကျင့်ခန်းများဖြစ်သည်။ ၎င်းတို့သည် ကျွန်တော်တို့၏ နှလုံးသွေးလည်ပတ်မှုနှင့် အထွေထွေ ကျန်းမာရေးကိုလည်း အထောက်အကူပြုသည်။ သုတေသနအသစ်က ပြသည်မှာ ၎င်းတို့သည် ကြွက်သား ထုထည်နှင့် ခွန်အားကိုလည်း တက်စေသည်ဟူ၍ ဖြစ်သည်။

University of Jyvaskyla (Finland) မှ သိပ္ပံပညာရှင်များသည် ကြွက်သားထုထည်၊ ခွန်အားနှင့် ပါဝါ(ရုတ်တရက် အားသုံးနိုင်သော စွမ်းရည်) တို့ပေါ် အေရိုးဗစ်လေ့ကျင့်ခြင်း၏ အကျိုးသက်ရောက်မှုကို ၂၁ပတ်ကြာ စမ်းသပ်ခဲ့ကြသည်။ အုပ်စု အေ သည် တစ်ပတ်ကို ၀ိတ်နှစ်ကြိမ် မ သည်။ အုပ်စုဘီသည်လည်း ထိုနည်းလည်းကောင်း၊ သို့သော် တစ်ပတ်ကို နှစ်ကြိမ် မိနစ်ခြောက်ဆယ် စက်ဘီး(stationary bike) နင်းခိုင်းသည်။ သိပ္ပံပညာရှင်များသည် ကစားသမားများ၏ ပေါင်လုံးပတ်၊ ဒူးကွေးဆန့် လေ့ကျင့်ခန်း ခွန်အားနှင့် ခြေထောက် ပါဝါတို့ကို စမ်းသပ်မှု မစခင်နှင့် ပြီးနောက်တို့မှာ တိုင်းတာခဲ့သည်။ ၂၁ ပတ်ကြာပြိးနောက်တွင် အုပ်စုဘီက ပုဂ္ဂိုလ်များသည် အုပ်စုအေထက် ပေါင်ထုထည်နှင့် ဒူးကွေးဆန့် ခွန်အား ပိုတက်လာကြောင်းတွေ့ရသည်။ သို့သော် ခြေထောက် ပေါင်ကြွက်သား ပါဝါမှာတာ့ အုပ်စုအေက ကစားသမားများတွင်သာ သိသိသာသာ တက်လာကြောင်းတွေ့ရသည်။

ဘယ်လိုအသုံးချမလဲ

အကယ်၍ သင်သည် ကာဒီရိုလုပ်ခြင်းက သင့်ကို အားနည်းစေပြီး သေးသိမ်စေသည်ဟု ယူဆလျှင် ပြန်စဉ်းစားပါ။ ကာဒီရိုသည် အနည်းဆုံးတော့ သင့်ပေါင်များတွင် ထုထည်နှင့် ခွန်အားကို တိုးမြင့်ပေးပါလိမ့်မည်။ သို့သော် ကျွန်တော်တို့သည် ပါဝါနှင့် ၀ိတ်တွေကစားနေသော အချိန်များတွင် ကာဒီရိုကို လျှော့ထားချင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ကာဒီရိုသည် ပါဝါဖွံဖြိုးမှုကို အနှောင့်အယှက်ပေးနိုင်သောကြောင့်ဖြစ်သည်။ ဖြေရှင်းချက်မှာ ကိုယ့်ဝိတ်လေ့ကျင့်ခြင်းများနှင့် အညီ ကာဒီရိုကို လှည့်လည်သွားရန်ဖြစ်သည်။

ကျွန်တော်တို့သည် အကြိမ်အလယ်အလတ်ကနေ အကြိမ်များများနှင့် ၀ိတ်ကစားနေသောအခါ အေရိုးဗစ်လေ့ကျင့်ခြင်းကို တစ်ပတ် သုံးကြိမ်ထက် ပိုမလုပ်ပါနှင့်။ အဓိက ကာဒီရို အနေဖြင့် စက်ဘီးစက်မှာစီးခြင်း လုပ်ပါ။ နောက်ပြီး တစ်ခါကစား မိနစ်ခြောက်ဆယ်ထက် မပိုပါနှင့်။ ကာဒီရိုလေ့ကျင့်ချိန်များကို ၀ိတ်မ မသည့် နေ့များတွင်ကစားပါ။ သို့မဟုတ်လည်း အနည်းဆုံးတော့ ၀ိတ်မမသည့် အချိန်များတွင် ကစားပါ။ အကယ်၍ တစ်ချိန်တည်းမှာကိုပဲ ၀ိတ်ရော၊ ကာဒီရိုရော လုပ်ရတော့မည်ဆိုလျှင်တော့ ၀ိတ်မပြီးမှသာလျှင် ကာဒီရိုလုပ်ပါ။

အလေးများများ၊ အကြိမ်နည်းနည်း ကစားသည့် ခွန်အားနှင့် ပါဝါအတွက် ၀ိတ်ကစားသည့်ကာလများတွင် ကာဒီရိုကို တတ်နိုင်သမျှ ကန့်သတ်ထားသင့်သည်။ ထိုအခါမျိုးတွင် ကာဒီရိုအချိန်ဆွဲလုပ်နေမည့်အစား အချိန်တိုတိုနှင့် ပြင်းအားပိုများသည့် ကာဒီရိုမျိုးကို ကစားပါ။ ကြိုးခုန်ခြင်း သို့မဟုတ် တာတိုပြေးခြင်းတို့သည် အသင့်တော်ဆုံးဖြစ်သည်။ မြန်မြန်နှင့် ပြင်းပြင်းထန်ထန်လုပ်ပြီး တစ်ခါနှင့်တစ်ခါကြား စက္ကန့် ခြောက်ဆယ်လောက် နားပါ။ ထိုထက်ပိုလုပ်လျှင် သင်သည် Runner’s World ကိုမှာပြီး ဖတ်ဖို့လိုနေပြီဖြစ်သည်။

Reference : K. Hakkinen et al, “Neuromuscular adptation during concurrent strength and endurance training versus strength training.” European Journal of Applied Physiology. 98(1): 42-52.

Related posts:

  1. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း
  2. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
  3. သွေးပူလုပ်ခြင်း
  4. လီဟေနီ၏ အကောင်းဆုံးအခြေအနေ
  5. ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်