အစ္စလာမ် ကာယဗလသမားများ ဥပုဒ်လအတွင်း ကာယဗလ လေ့ကျင့်သင့်ပါသလား?
Home > General Health, နိုင်ဦး စာမျက်နှာ > အစ္စလာမ် ကာယဗလသမားများ ဥပုဒ်လအတွင်း ကာယဗလ လေ့ကျင့်သင့်ပါသလား?တင်ဆက်သူ – နိုင်ဦး (119)(intensemuscle@gmail.com)
ကျွန်တော် နိုင်ဦး-119 သည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် အားလျော်စွာ၊ ကျွန်တော့်
အား သိရှိကြကုန်သော နိုင်ငံတစ်ကာရောက် အစ္စလာမ်ဘာသာဝင် ကာယဗလ လေ့ကျင့်လိုက်
စားကြသော သူငယ်ချင်းများ၊ ကျွန်တော်တို့ ဆိုက်မှ မင်ဘာများနှင့် ကျွန်တော့် တပည့်လေးများက
ယခုကဲသို့ အစ္စလာမ် ဘာသာဝင်များ အထွတ်အမြတ်ထားသော ဥပုဒ်လရောက်သည်နှင့် မေး
တတ်ကြသည်မှာ၊ ဥပုဒ်လအတွင်း ကာယဗလ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါသလား။ မိမိတို့ 
၏ဘော်ဒီကျမသွားအောင်မည်ကဲ့သို့ ပြုမူနေထိုင်သင့်သနည်းစသောအများကြားဖူးနေကြ
မေးခွန်းလေးများအပြင်ဘာသာရေးအနည်းငယ်လေးစားသူများကလည်းအစ္စလာမ်သာသနာတွင်
ကာယဗလလေ့ကျင့်လိုက်စားခြင်းကိုခွင့်ပြုပါသလားဟုမေးလေ့ရှိကြပါသည်။ထိုသူများ
အားလုံးကိုတပြိုင်တည်းအဖြေပေးရန်ကျွန်တော့်တွင်အခက်အခဲလေးများရှိခဲ့သောကြောင့်
မျက်နှာခြင်းဆိုင်မေးသူများကိုသာအလျဉ်းသင့်သလိုဖြေကြားခဲ့ပါသည်။အဝေးရောက်သူငယ်
ချင်းများအတွက်ကိုကားများစွာအခက်အခဲရှိခဲ့ပါသည်။သို့ သော်ယခုအချိန်တွင်ကျွန်တော့်သူ
ငယ်ချင်းတစ်ဦးဖြစ်သူကိုနိုင်ေ၀၀င်း၏ကျေးဇူးဖြင့် www.myanmarfitness.com ဟူသော
ဆိုက်လေးသည်နိုင်ငံတကာရောက်သူငယ်ချင်းများကိုကျွန်တော့်ဗဟုသုတများဖြန့် ဝေပေး
နိုင်သောအဓိကကြားခံမီဒီယာလေးဖြစ်လာခဲ့ပါပြီ။ထိုဆိုက်လေး၏ကျေးဇူးကြောင့်နိုင်ငံတကာ
မှမြန်မာစာတတ်ကာယဗလပရိတ်သက်များအကြားတွင်ကျွန်တော့်ကိုနိုင်ဦး—119
ဟုလူသိများစေခဲ့ပါသည်။ကိုနိုင်ေ၀၀င်းရေကျေးဇူးပါ။အခုလည်းကျွန်တော်တို့ ဆိုက်လေး
အကြောင်းခံဖြင့်အားလုံးသိအောင်ကျွန်တော့်၏ဗဟုသုတများကိုဖြန့် ဝေပေးလိုက်ပါသည်။
ခင်ဗျားတို့ သတိထားမိမှာပါ။ကမ္ဘာကျော်ကာယဗလဆိုက်များတွင်တောင်မှဘာသာရေး
နှင့်နွယ်သောကာယဗလဗဟုသုတကိုပေးနိုင်စွမ်းမရှိကြပါ။သင်္ကြန်မတိုင်မှီကကိုနိုင်ဝေ
ဝင်းသည်သင်္ကြန်အတွင်းမည်သို့ သင့်ဘော်ဒီကိုထိန်းရမည့်အကြောင်းဆောင်းပါးရေးခဲ့ပြီးဖြစ်ပါ
သည်။ထို့ ကြောင့်သင်သိလိုသမျှကိုကျွန်တော်တို့ ဆိုက်ထဲတွင်တစ်ထိုင်တည်း
သိနိုင်သည်ကိုသတိရပါ။
ကဲ-အခုတော့အမေးများကိုတစ်ခုစီစတင်ဖြေကြားသွားပါမည်။
—
ပထမဦးဆုံးအနေနှင့်နောက်ဆုံးမေးခွန်းကိုစတင်ဖြေကြားပါမည်။အစ္စလာမ်သာသနာသည်
လူသားများ၏ကိုယ်နှင့်စိတ်ကိုကျန်းမာစေသောမည်သည့်လေ့ကျင်ခန်း၊ကစားနည်းကိုမဆိုခွင့်ပြု
ပါသည်။လုံးဝခွင့်ပြုပါသည်။ဥပမာ-ရေကူး၊မြင်းစီး၊မြှားပစ်၊လက်ဝှေ့ ဘောလုံးနှင့်ကာယဗလ
တို့ ဖြစ်သည်။အထူးသဖြင့်ကာယဗလသမားများမှတ်သားထားရမည်မှာကျွန်တော်တို့ ၏သာသ
နာသည်လူသားအကျိုးပြုသာသနာဖြစ်သောကြောင့်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်
သောစတီးရွိုက်(တားမြစ်ဆေး)သုံးခြင်းကိုတော့လုံးဝခွင့်မပြုပါ။ထို့ အပြင်ကာယဗလလေ့ကျင့်
ပြီးနောက်ရရှိလာသောဘော်ဒီအားကိုးဖြင့်လူအများကိုစော်ကားမော်ကားပြုမူခြင်း၊အနိုင်အ
ထက်ပြုခြင်းများကိုလည်းလုံးဝခွင့်မပြုပါ။ထို့ ထက်ပို၍ရှင်းမပြတော့ပါ။အကျယ်တ၀င့်ရှင်းပြပါ
ကအားကစားဆောင်းပါးမှဘာသာရေးဆောင်းပါးဖြစ်သွားပါလိမ့်မည်။ထို့ ကြောင့်နောက်
အမေးတစ်ခုကိုထပ်မံရှင်းပြပါမည်။
—ကျွန်တော့်အမြင်ကိုပြောရလျင်အစ္စလာမ်ဘာသာဝင်များအနေဖြင့်ဥပုဒ်လအတွင်းကာယဗ
လလုံးဝမလေ့ကျင့်သင့်ပါ။အဘယ်ကြောင့်ဆိုသော်ကျွန်တော်အမြဲပြောခဲ့ဖူးသည်မှာကာယဗ
လ၏အသက်မှာအာဟာရဖြစ်သည်။အာဟာရသည်ရှစ်ဆယ်ရာခိုင်နှုန်းအရေးပါပြီးလေ့ကျင့်
ခန်းသည်နှစ်ဆယ်ရာခိုင်နှုန်းသာအရေးပါသည်ကိုတင်ပြခဲ့ပြီးဖြစ်ပါသည်။ဥပုဒ်လသည်နေ
ထွက်မှနေ၀င်အစာအငတ်ခံရသောကြောင့်သင့်ကိုယ်တွင်းဇီဝဖြစ်ပျက်မှု များနှေးကွေးနေပြီး၊
ကြွက်သားများအနေဖြင့်အပြည့်အ၀အားပြန်လည်မပြည့်နိုင်ပါ။လေ့ကျင့်ခန်းများပြုလုပ်ခြင်း
ကြောင့်သင့်ကိုယ်တွင်းဇီဝဖြစ်ပျက်မှု့ များသာမာန်ထက်ပိုမြန်လာသောကြောင့်ကိုယ်တွင်း
ဇီဝယန္တရားလည်ပတ်နိုင်စေရန် အတွက်လောင်စာအဖြစ်သင့်ကိုယ်တွင်းသိုလှောင်ထားသော
ဂလိုက်ကိုဂျင်ဓါတ်နှင့်အသားဓါတ်များကိုအသုံးပြုရသည်။ထိုဖြစ်စဉ်ဖြစ်ပျက်ချိန်တွင်သင်သည်
ဥပုဒ်စောင့်ထားပါကထိုဓါတ်များကိုမထောက်ပံ့ပေးနိုင်ပေ။ထိုအခါသင့်ကြွက်သားများကို
လောင်စာအဖြစ်အသုံးပြုရပေတော့မည်။ထို့ ကြောင့်သင်ခက်ခက်ခဲခဲကြိုးစားရှာဖွေထားသော
ကြွက်သားထုထည်မှာပျောက်ကွယ်သွားပြီးသင့်ဘော်ဒီမှာလည်းအာနိုးဘော်ဒီမှဘရုစ်လီဘော်ဒီသို
့အသွင်ပြောင်းသွားရပေတော့သည်။ထိုအခါသင်ကဥပုဒ်စောင့်ခြင်းကြောင့်ဘော်ဒီတော့
သွားပါပြီဟုငြီးတွားကောင်းငြီးတွားပေလိမ့်မည်။အမှန်မှာဥပုဒ်စောင့်ခြင်းကြောင့်လုံးဝမဟုတ်ပါ။
ဥပုဒ်လအတွင်းအရင်အချိန်ကအတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်သောကြောင့်ဖြစ်သည်။အမှန်
မှာဥပုဒ်လတွင်သင်သည်သာမာန်အချိန်ထက်ကယ်လိုရီလျော့ပြီးစားသုံးရသောကြောင့်ထိုအ
ချိန်တွင်လေ့ကျင့်လိုပါကယခင်ကလေ့ကျင့်ခဲ့သောအလေး၊အကြိမ်၊အကျော့၏လေးပုံတစ်ပုံသို့ 
မဟုတ်သုံးပုံတစ်ပုံဖြင့်သာလေ့ကျင့်သင့်ပါသည်။ကစားရက်ကိုလည်းတစ်ပါတ်လျင်သုံးရက်
လောက်သာကစားသင့်ပါသည်။ထို့ ကြောင့်သင်သည်ဥပုဒ်လတွင်ထုတင်ရန်မကြိုးစားသင့်ပါ။
ထို့ အတူလက်ရှိဘော်ဒီကိုထိန်းထားရန်ကတော့ဖြစ်နိုင်ပါသည်။အကယ်၍သင်သည်တစ်နှစ်
ပါတ်လုံးပြင်းပြင်းထန်ထန် လေ့ကျင့်ထားသူဖြစ်ပါကဤလမြတ်တွင်လုံးဝအနားယူခြင်းကြောင့်
သင့်ကြွက်သားများကိုလုံးဝအနားပေးရာရောက်ပါသည်။ထို့ အပြင်တစ်လလောက်နားခြင်း
ကြောင့်သင့်မှာကြွက်သားထုထည်မည်မျှမှဆုံးရှုံးသွားမည်မဟုတ်ပါ။စိတ်သာအဓိကဖြစ်ပါသည်။ထို
့အပြင်သင်သည်ပြိုင်ပွဲဝင်ကာယဗလသမားလည်းမဟုတ်ပေ။ဒါပေမဲ့လူစိတ်သည်ပြောရ
ခက်ပါသည်။ဥပုဒ်လည်းစောင့်ချင်သည်။ဘော်ဒီလည်းမကျလိုပေ။မိတ်ဆွေလူ့ လောကတွင်
အရာနှစ်ခုကိုတစ်ပြိုင်တည်းရယူရန်မှာမဖြစ်နိုင်ပေ။တစ်ခုကိုအားသာလျင်တစ်ခုကအားနည်း
သွားမြဲဖြစ်သည်။သို့ သော်မကစားရလျင်မနေနိုင်သူများနှင့်ဘော်ဒီကိုထိန်းထားလိုသူများအ
တွက်လာမည့်ပြည်နယ်တိုင်းကာယဗလပြိုင်ပွဲတွင် ၆၀ -ကီလိုတန်းမှဝင်ပြိုင်မည့်ကျွန်တော့်၏
အစ္စလာမ်သူငယ်ချင်းတစ်ဦးအတွက်ကျွန်တော်ရေးဆွဲပေးထားသောဘော်ဒီအထိန်းပရိုဂရမ်ကို
တင်ပြပေးလိုက်ပါသည်။သင်တို့ အနေနှင့်ကတော့ကစားနည်းတစ်မျိုးကိုနှစ်ကျော့သာကစား
ပါဟုအကြံပြုလိုက်ပါသည်။ကျွန်တော်ပရိုဂရမ်နှစ်ခုပေးလိုက်ပါသည်။
ပရိုဂရမ်-၁
လေ့ကျင့်ခန်း အကြိမ် အကျော့
ပေါင်ရှေ့ ကန် (leg extension) -12 ကြိမ် 2ကျော့
ဘားတိုရင်အုပ်ဖလိုင်း -12 ကြိမ် 2ကျော့
(dumbbell fly)
ဘားတိုဘေးတိုက်ငှက်ပျံ-12 ကြိမ် 2ကျော့
(dumbbell lateral raise)
ခေါင်းနောက်တန်းခို -12 ကြိမ် 2ကျော့
(chin up behind the neck)
စက်သီးကြိုးလက်မောင်းရှေ့ ကွေး -12 ကြိမ် 2ကျော့
(cable curl)
ဘားတိုလက်မောင်းနောက်တစ်ဖက်ချင်းဆန့်  -12 ကြိမ် 2ကျော့
(single arm dumbbell extension)
အလေးလွတ်မတ်တပ်ရပ်ခြေဖျားထောက်ကြွ -12 ကြိမ် 2ကျော့
(free weight bench calf raise)
အိပ်ထမတင် -25ကြိမ် 2ကျော့
(crunch)
ပရိုဂရမ်-၂
လေ့ကျင့်ခန်း အကြိမ် အကျော့
ပက်လက်အိပ်ကန် 12 2
(leg press)
ဘားတိုရင်အုပ်တွန်း 12 2
(dumbell press)
ဘားရှည်စုံနောက်တွန်း 12 2
(behind the neck press)
စက်သီးကြိုးခေါင်းနောက်ဆွဲချ 12 2
(lat pulldown )
ပက်လက်အိပ်ဘားရှည်နဖူးပေါ်ချ 12 2
(barbell tricep extension)
ဘားတိုခုံစောင်းမှီလက်မောင်းရှေ့ ကွေး 12 2
(dumbell peacher curl)
လက်ဖျံကွေး 12 2
(wrist curl)
စက်ဖြင့်ခြေသလုံးကြွ 12 2
(smith machine calf raise)
v- up 25 2
(v –up ဆိုသည်မှာပက်လက်အိပ်ပြီးခြေဖျားများ
နှင့်ကိုယ်အပေါ်ပိုင်းကိုတပြိုင်တည်း v ပုံစံဖြစ်အောင်
ကြွခြင်း။ဝမ်းဗိုက်သားတစ်ပြင်လုံးကိုထိစေသည်။)
ကဲအခုပရိုဂရမ်ပေးပြီးပြီ။ဘယ်ရက်တွေမှာကစားရမလဲဆိုတာနမူနာပုံစံလေးချပြမယ်။
ပထမ—ပရိုဂရမ် -1
ဒုတိယနေ့ — နား
တတိယနေ့ —ပရိုဂရမ်-2
စတုထ္တနေ့ —နား
ပဉ္စမနေ့ —-ပရိုဂရမ် -1
ဆငှမနေ့ —နား
သတ္တမနေ့ —-နား
အငှမနေ့ —ပရိုဂရမ် -2
ပရိတ်သက်ကြီးခင်ဗျားတို့ သိချင်တာလေးတွေမေးနိုင်ပါတယ်။ပြီးတော့ပြန်ဖြေတာနောက်ကျ
ရင်ဆောရီးပါဗျာ။ကျွန်တော်သိပ်မအားလို့ ပါ။ဒါပေမဲ့စိတ်မပူပါနဲ့ ။ခင်ဗျားတို့ ကိုကျွန်တော်အ
သေအချာပြန်ဖြေမှာပါ။
မကြာမှီလာမည့်အစ္စလာမ့်အစ်ပွဲတော်မှာအားလုံးပြုံးပျော်နိုင်ကြပါစေ။
တင်ဆက်သူ-
နိုင်ဦး—119
်
Related posts:








Very useful post. I’ve always had this question every single year in Ramadan.
Thanks, bro!
Oh I have a question actually. What time of a day is best for working out when fasting in Ramadan? I mean should I do the exercise after breaking the fast at Magrib or before that? Or may be in the early morning at Fajr? I think working out during the day while fasting is a bit pointless as we wouldn’t have energy to do that and also we wouldn’t be able to eat soon after the workout too.
Please enlighten me.
Thanks.
အကို ဘယ်အချိန်မှာ ကစားတာ အကောင်းဆုံးလဲဆိုလျှင် ဥပုသ်ဖြေပြီးတာ အကောင်းဆုံးလို့ ယူဆပါတယ်။ အကိုပြောသလို ဘာမှ စားမထားဘူးဆိုလျှင် ကစားဖို့က တော်တော်လည်း ပင်ပန်းမယ်။ ထိလည်းထိရောက်မှာ မဟုတ်ဘူး။ ၀ါဖြေပြီးမှ ကိုနိုင်ဦး ပြတဲ့ စနစ်အတိုင်းကစားကြည့်ပေါ့။ ဥပုသ်ဖြေတဲ့အခါမှာလည်း အသားဓာတ်နဲ့ ကစီဓာတ်ကို များများစားပြီး အချိုတွေကို မစားပါနဲ့ဦး။ အချိုရည်တွေကိုလည်း လျှော့ထားလိုက်ပါ။ တစ်နာရီလောက်နေတော့ ကစားပေါ့။ ကစားပြီးမှ တခါပြန်စား။ အဲဒါ ထိရောက်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ဝေလည်း အဲသည်လို ကစားတာပါပဲ။
Yours,
Naing Wai
စ်ြနိုင်ရင်ကစားနည်းတွေရဲ့ဘေးမှာပုံလေးတွေပါကြည့်ချင်တယ်ဗျာအကြမ်းဖျင်းပဲဖြစ်ဖြစ်ပေါ့
ကူညီလို့ရရင်ကူညီကြပါဗျာ
ဒေါက်တာကြီးလည်းသိပါတယ်။ ကျွန်တော့်တို့ မန်းလေးက ဗထူးမှာတောင် အရင်တုန်းက ချိတ်ထားသေးတယ်လေ ရုပ်ပြပုံလေးတွေလေဗျာ
သြ ဗထူးကွင်းက ကိုဇော်ဟိန်းကိုး.. ကျေးဇူးပါပဲဗျာ ၀င်ရောက်အားပေးတာ။ ပုံတွေထည့်မယ်ဆိုလျှင်တော့ အများကြီ၊းကိုထည့်ရလိမ့်မယ်။ ထူးထူးဆန်းဆန်း လေ့ကျင့်ခန်းတွေ မဟုတ်လျှင် မလိုဘူးလို့လည်း ယူဆပါတယ်။ ရေးထားတာလည်း ရှင်းပါတယ်ဗျ။ မရှင်းတဲ့စာလုံးတွေရှိလျှင် မှတ်ပြီး ကစားရုံက လူတွေ မေးလည်းရတယ်။ ဒီမှာမေးလည်း ရပါတယ်။ တချက် ပို့စ်တင်တဲ့ ကိုနိုင်ဦးကို မေးကြည့်လိုက်ဦးမယ်။ သူတင်မယ်ဆိုလည်း တင်တာပေါ့။
Good Luck,
Naing Wai
ကိုဖြိုးေ၀၀င်းရေ၊ ခင်ဗျားညီ ကိုနိုင်ေ၀၀င်းပြောတာ မှန်ပါတယ်။ အစ်ကိုတို့နိုင်ငံမှာတော့ supplement တွေကိုပဲ အားကိုးပေါ့ဗျာ။ ကိုဇော်ဟိန်းနှင့် ပရိတ်သက်များ ခင်ဗျာ-နောက်ဆောင်းပါးတွေမှာ ပုံတွေနဲ့ တင်ပေးပါ့မယ်။ ဒီတစ်ခါတော့မအားလို့ ပါဗျာ။
အားလုံးကိုကျေးဇူးပါ။
နိုင်ဦး—119
ကျေးဇူးတင်ပါတယ်ဗျာ အခုလေ ဒီကစားနည်းက လူကြိုက်နည်းတယ် ဆိုပေမဲ့ မန်းလေးက အပြင်ကလပ်တွေ တိုးလာသလို ကစားတဲ့ဦးရေလည်း တိုးလာတယ်ဗျ။ သိလား အများစုကတော့ ကျွန်တော်တို့လို ကျန်းမာရေးအတွက်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အခုလိုဖြစ်လာတာတော့ ၀မ်းသာစရာပေါ့ဗျာ။