အဆာပြေစားသည့် အလွယ်အမြန်အစာများ ကောင်းမကောင်း?
Home > Healthy Recipes > အဆာပြေစားသည့် အလွယ်အမြန်အစာများ ကောင်းမကောင်း?အဆာပြေစားသည့် အစာများသည် သင့်အစားအသောက် အစီအစဉ်ပျက်သွားပါက ကောင်းသော အပြောင်းအလဲဖြစ်သည် ဆိုသည်မှာ အမှန်လား၊ ယုံတမ်းစကားလား?
လူတိုင်း ကြုံတွေ့ကြဖူးသည်။ ကျွန်တော်တို့မှာ အလုပ်တွေရှုပ်နေသည်။ စားဖို့ကလည်း နောက်ကျနေပြီ။ နေ့လယ်စာစားဖို့ လွတ်သွားပြီ။ ထမင်းဗူးကလည်း ရေခဲသေတ္တာထဲကျန်ခဲ့ပြီ။ ကျွန်တော်တို့သည် ကျွန်တော်တို့ကြွက်သားများကိုလည်း အဆုံးရှုံးမခံချင်။ ထို့ကြောင့် ကျွန်တော်တို့သည် အဆာပြေစားမည့် အလွယ်ထုတ်ပိုးထားသည့် နေရာများသို့ရောက်ရှိလာပြီး ဘာဂါတစ်ခုကောက်ယူလိုက်ပြီး ကျွန်တော်တို့ထင်သည်မှာ ပရိုတိန်းကောင်းကောင်းလေးတစ်ခု တော့ရကောင်းရပါလိမ့် ဟူ၍။ ထိုသို့ယူဆပြီး မစောင့်စည်းနိုင်တော့ပဲ ဒိန်ခဲနဲ့ အသားညှပ်ပေါင်မုန့်တွေ အားလူးကြော်တွေ စားမိတော့သည်။ ဒါသည် ပြဿနာတော့မဟုတ်ပါ။ တခါတရံကျတော့ ကိုယ်လုပ်ရတော့မှာကို လုပ်ရတော့မှာ ဟုတ်ပါသလား?
အဖြေ — မှားပါသည်။
ဖြေရှင်းချက် — သုတေသနအသစ်တစ်ခုက သင့်ကို ပြောင်းလဲစေပါလိမ့်မည်။ ဝေါဟာရသင်ခန်းစာတစ်ခုနှင့်စကြပါစို့။ အချို့အစာများကို အပူဓာတ်ပေးလိုက်သောအခါ အမိုင်နိုအက်ဆစ်နှင့် သကြား သို့မဟုတ် အဆီများ သဘာဝအလျှောက် ပေါင်းစပ်ဓာတ်ပြုကြသည်။ ၎င်းကို Maillard Reaction ဟုခေါ်သည်။ ဤဓာတ်ပြုမှုသည် အသားဆိုလျှင် နီသွားစေခြင်း၊ ပေါင်မုန့်ဆိုလျှင် ဖြူသွားစေခြင်း။ ဘီယာမှာပင် ဘီယာအရောင်ထွက်စေခြင်း။ ထို့အတူ ကော်ဖီ၊ ချော့ကလတ်စသည်ဖြင့်။ သို့သော် Granada, Spain က the Zaidan Experimental Station တွင် ပြုလုပ်သည့် မကြာခင်က တွေ့ရှိချက်တွင် ထိုကဲ့သို့ ဓာတ်ပြုမှုများပြီး အရောင်ပြောင်းလဲလွန်းသော အလွယ်အစားအစာများကို စမ်းသပ်စားသောက်သူများတွင် ထိုအစားအစာများမှ ပရိုတိန်းစုပ်ယူမှုသည် နည်းလွန်းလှကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ ကြွက်သားအတွင်းသို့ သွားရမည့်အစား ပရိုတိန်းတချို့သည် ခြေဖျက်ပြီးပါက အိမ်သားကျင်းထဲသာ ရောက်ဖို့ဖြစ်နေသည်။ ဒါသည် တွေ့ရှိချက်တစ်ချက်။
နောက်ပြီး HFCS (High Fructose Corn Syrup) (အရိအချွဲနှင့် အချိုရည်များ) ဆိုတာရှိသည်။ ၎င်းသည် အစတွင်ဖော်ပြထားသကဲသို့ အမိုင်နိုအက်ဆစ်နှင့် သကြားပေါင်းစပ်သည့် ဓာတ်ပြုမှု Maillard reaction ကို များပြားစေသည်။ ဘာဂါကနေ အချိုရည်များအထိ အလွယ်အမြန်အစားအစာများတွင် အများဆုံးပါဝင်သည်မှာ ဘာဖြစ်မည်ထင်ပါလဲ — HFCS.
အစားထိုးရမည်မှာ — ထို Maillard reaction သည် လုံးဝမကောင်းသော အရာရယ်လို့တော့မဟုတ်။ ၎င်းသည် အစားအစာများကို အရသာကောင်းစေသည်.။ တချို့တွင် antioxidant properties စသည့် ကောင်းသော ဓာတ်များလည်း ပါဝင်သည်။ (ဥပမာ ပေါင်မုန့်အကာသားသည် အကျိုးရှိဆုံး အစိတ်အပိုင်းဖြစ်သည်။) သို့သော် အမြန်အစားအသောက်များနှင့်ဆိုလျှင် သင်သည် Maillard reaction ပစ္စည်းများကို စားသောက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်ကိုယ်တွင်း၌ HFCS များထည့်သွင်းနေပြီး သင့်ကြွက်သားများကို သေးသိမ်သွားစေမည့် အကြောင်းတစ်ရပ်လည်းဖြစ်သည်။ အကယ်၍ သင်သည် ထိုအမြန်မုန့်များမှလွဲ၍ တခြား စားဖို့မရှိတော့လျှင် ဆလတ်ရွက်နှင့် ထုတ်ပိုးထားသည့် ဘာဂါသာ မှာစားပါ။ အဲဒါလည်း မရှိလျှင်တော့ ဘာမှ မစားပါနှင့်ဦး။ နောက်ပြီး ဘယ်တော့မှလည်း regular cola ကို မမှာပါနှင့်။
Related posts:






