Jan
3

Optimum Bodybuilding Theories – The Book

Home > Training and Contest, motivation, နိုင်ဦး စာမျက်နှာ > Optimum Bodybuilding Theories – The Book

##little intro from Naing Wai

This is a must-read book for Myanmar bodybuilders.

ကိုနိုင်ဦး ကို ကျွန်တော် စတင်ခင်မင်မိသည်မှာ ကျွန်တော့်လက်ဦး ကာယဗလဆရာ ကိုသားသားနှင့် ပုံစံတူသောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးထဲကနေ ကာယဗလ ပညာတွေ အချိန်မရွေး နှိုက်ထုတ်လို့ရသောကြောင့်ဖြစ်သည်။ သူတို့တွေသည် ပြိုင်ပွဲဝင်မောင်များတော့မဟုတ်။ သို့ပေမယ့် ကျွန်တော်တို့ထက် ကစားရုံထဲမှာ ပိုရှိနေကြသူများဖြစ်သည်။ ကျွန်တော် ရန်ကုန်စည်ပင်ဝင်းထဲကို ညနေခင်းသွားကစားတိုင်း ကိုနိုင်ဦးကို မတွေ့မိသည့်ရက်မရှိပါ။ ကျွန်တော်မရောက်ခင် သူက ရှိနှင့်နေသည်။ ကျွန်တော် ပြန်တော့ သူမပြန်သေးပါ။ သူ့ဆရာ ကိုအောင်ခိုင်ဝင်း gym ရှေ့မှာ ဘာဘယ်လ်ထမ်းပြီး လမ်းလျှောက်နေစဉ်မှာ ဘေးကနေ လိုက်နေသူဖြစ်သည်။ မောင်ကျော် အသားကုန်ဖြဲညှစ်နေသည်ကို သုံးသပ်ဝေဖန်ရသူဖြစ်သည်။ ကျွန်တော်တို့သည် pro စာရေးဆရာများမဟုတ်ကြပါ။ ကျွန်တော်တို့သည် ကာယဗလနဲ့ ပိုက်ဆံရှာနေကြသူများလည်း မဟုတ်ကြပါ။ ကိုနိုင်ဦး၊ ကိုသားသားတို့သည် ဘွဲ့ရပညာတတ်များဖြစ်ကြပြီး ကိုယ့်ထမင်းကိုယ်စားကာ ကစားရုံထဲမှာ ပျော်မွေ့နေကြသူများဖြစ်သည်။ စာရေးခြင်းအတတ်ကို သေချာမတတ်ထားကြသော်လည်း၊ ပြောဟောခြင်းသင်တန်းတွေ ဘာတွေ တက်မထားသော်လည်း အကြမ်းထည် အားကစားသမားများဖြစ်သည့်နည်းတူ သူတို့၏ စကားလုံးများသည် တခါတရံခါးသီး ထစ်ငေါ့တတ်ပါသည်။ အားကစားလောကတွင် ကောင်းသော၊ ဆိုးသော စကားဟူ၍မရှိပါ။ သန်မာသော၊ အားနည်းသော စကားများသာရှိပါသည်။ သူတို့စကားများသည် သန်မာသောစကားများဖြစ်သည်ကို သိသော ကျွန်တော် သူတို့ကို အင်မတန် ချစ်မြတ်နိုးလေးစားမိပါသည်။ သူတို့ထဲကလည်း ကျွန်တော်အများကြီးသင်ယူ တတ်မြောက်ခဲ့ပါသည်။ ယခုစာအုပ်တွင်လည်း ကိုနိုင်ဦးပြောပါသည် မှန်ကန်သော ဗဟုသုတ အင်ဖော်မေးရှင်းမရကြခြင်းသည် ၀မ်းနည်းစရာအဖြစ်ပင်ဖြစ်သည် ဟူ၍။ မှန်ပါသည်။ ဤစာအုပ်သည် သာယာသော စကားများနောက်သို့၊ ကြီးကျယ်သော ဆေးဝါးကြီးများနောက်သို့၊ သူတို့ လှည့်ဖြားတိုင်း ပါမသွားဖို့ရာ သတိပေးနှိုးဆော်ထားသည်။ ရှုပ်ထွေးပွေလီနေသော နည်းစနစ်များကြားက ခေါင်းစဉ်အတိုင်း အကောင်းဆုံး သီအိုရီများကိုထုတ်နှုတ်ပေးထားသည်။ အကောင်းဆုံးဆိုသည်မှာ မြန်မာ ကာယဗလသမားများ၊ မြန်မာ ကိုယ်ကာယလေ့ကျင့်သူများအတွက် အသင့်တော်ဆုံးကို ဆိုလိုသည်ဖြစ်၍ မြန်မာအလေးကစားသူတိုင်း ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်သည်ဟု ဆိုချင်ပါသည်။##

DOWNLOAD HERE

Related posts:

  1. 3 D Bodybuilding Exercises – the Book
  2. ကာယဗလ စတင်လေ့ကျင့်တော့မည်ဆိုလျှင် e-book
  3. လူသစ်များ အတွက် အကြံပြုချက်များ e-book
  4. Book of Champions and a Teaser for my Next Book
  5. Bodybuilding သည် လူတိုင်းအတွက်ဖြစ်သည်။