Jan
17

ပေါလ်ချူဝါနှင့် မြန်မာဖိုက်တာများ

Home > Training and Contest, နိုင်ဦး စာမျက်နှာ > ပေါလ်ချူဝါနှင့် မြန်မာဖိုက်တာများ

Post written by Naing Oo (119) (intensemuscle@gmail.com)

2012-ခုနှစ်၊ ဇန်န၀ါရီလ၊ 12ရက်နေ့ ၊ကြာသပတေးနေ့  ညနေလေးနာရီအချိန်တွင် အာရှကာယဗလ

အဖွဲ့ ချူပ်အထွေအထွေ အတွင်းရေးမှူး မစ္စတာပေါလ်ချူဝါနှင့် အာရှကာယဗလ ဒိုင်အဖွဲ့ ချူပ်မှဥက္ကဌ

မစ္စခရစ္စတင်း တို့သည်မြန်မာကာယဗလ အဖွဲ့ ချူပ်၏မေတ္တာရပ်ခံချက် အရ-လာမည့်ဖေဖော်ဝါရီလတွင်

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့ တောင်အာရှကာယဗလပြိုင်ပွဲဝင်ရန် သင့်လျော်

သောကာယဗလမောင်များ ကို ရွေးချယ် အကဲဖြတ်ပေးရန် အင်းစိန်မြို့ နယ် မင်းဓမ္မလမ်းရှိမြန်မာ

ကွန်ဗင်းရှင်းစင်တာတွင်လာရောက်ကြည့်ရှု့ အကဲဖြတ်ပေးကြခြင်းဖြစ်သည်။ထိုပွဲတွင်မည်သူမဆို

ဝင်ရောက်အရွေးခံနိုင်ကြောင်းကိုအဖွဲ့ ချူပ်မှကြေငြာထားပြီး၊လက်ရွေးစင်အဖြစ်စခန်းသွင်းလေ့ကျင့်

ပေးမှုကိုတော့ပေါလ်ချူဝါနှင့်အဖွဲ့ ချူပ်မှတာဝန်ရှိလူကြီးများကဆုံးဖြတ်ရွေးချယ်မည်ဖြစ်သည်။

ထိုပွဲလေးသည်စိတ်ဝင်စားစရာတော့ကောင်းပါသည်။မြန်မာ့ကာယဗလအဖွဲ့ ချူပ်အနေနှင့်ကတော့

ယခုပြိုင်ပွဲတွင်ရောဆီးဂိမ်းတွင်ပါကာယဗလအားကစားမှရွှေငါးခုမျှော်မှန်းထားကြောင်းအဖွဲ့ ချူပ်နှင့်နီး

စပ်သောအသိုင်းအ၀ိုင်းမှကြားသိရသည်။ကျွန်တော့်အမြင်ပွင့်ပွင့်လင်းလင်းပြောရလျင်တော့လုံးဝမဖြစ်

နိုင်သေးပါ။အဘယ်ကြောင့်ဆိုသော်ယခုပြိုင်ပွဲသည်ဖိတ်ခေါ်ပွဲဖြစ်သောကြောင့်လည်းကောင်း၊အိမ်ရှင်

ဖြစ်သည်ကတစ်ကြောင်းရွှေများများမျှော်လင့်နိုင်သော်လည်း၊ဆီးဂိမ်းကိုဤအခြေအနေနှင့်ကျော်ဖြတ်

မည်ဆိုပါကမလွယ်ကူလှပါ။ထိုနေ့ ကလာမကြည့်ဖြစ်ကြသောသူငယ်ချင်းများလည်းဝေဖန်ဆန်းစစ်နိုင်

ရန်ကျွန်တော်ဤဆောင်းပါးလေးဖြင့်တင်ဆက်ပေးလိုက်ပါသည်။တစ်ခုတော့ကြိုတင်မေတ္တာရပ်ခံလိုက်

ပါမည်။အပြိုင်ကိုယ်ဟန်ပြသောစင်ပေါ်မှဓါတ်ပုံများသည်ကျွန်တော့်ထံတွင်မရှိပါ။အဘယ်ကြောင့်ဆို

သော်ကျွန်တော့်ထံတွင်ရှိသောဖုန်းကင်မရာသည်ထိုမျှလောက်မကောင်းသောကြောင့်ဖြစ်သည်။ကျွန်

တော့်ထံတွင်ကင်မရာမရှိသောကြောင့်စင်နောက်မှပုံများဖြင့်သာကျေနပ်ကြပါဟုမေတ္တာရပ်ခံလိုက်ပါ

သည်။

55-ကီလိုတန်း

ကိုဇော်ဝမ်းနှင့်လူသစ်လေးတစ်ယောက်သည်အင်မတန်ကောင်းပါသည်။ကျွန်တော်55-ကီလိုတန်းကို

အင်မတန်အားရပါသည်။တစ်ကျော့ပြန်ကိုဇော်ဝမ်းသည်အင်မတန်အားရစရာကောင်းပါသည်။သူ့ ကို

ခြိမ်းခြောက်နိုင်သူကတော့ကျွန်တော်ယခုတင်ပြပေးမည့်ဓါတ်ပုံပိုင်ရှင်ပင်ဖြစ်ပါသည်။သူ့ ကို55-

အတွက်ရောအနာဂါတ် 60-အတွက်ပါမျှော်မှန်းနိုင်ပါသည်။မြန်မာ့ကာယဗလမောင်များတွင်ရှိခဲလှ

သောပေါင်နောက်ကြွက်သားများကိုပိုင်ဆိုင်ထားသူဖြစ်သည်။

60-ကီလိုတန်း

60-ကီလိုတန်းသည်အင်မတန်အားရစရာကောင်းလှအောင်ဖိုက်တာများဖြင့်ပြည့်နေပါသည်။ကိုထွန်း

မင်းသည်ကားချန်ပီယံမြေကြီးလက်ခတ်မလွဲပြောချင်ပါသည်။(ကျွန်တော့်အမြင်ဖြစ်ပါသည်)။ကိုသန်း

နိုင်သည်လည်းကြောက်ခမန်းလိလိပင်ဖြစ်သည်။ထို့ အတူ2011-ခုနှစ်ပြည်နယ်နှင့်တိုင်းမှ 60-ကီလိုချန်

ပီယံပုသိမ်သားလေးသည်ကားအကောင်းဆုံးသောမျိုးဆက်သစ်ဖြစ်သည်။နောင်နှစ်အနည်းငယ်တွင်

ကိုထွန်းမင်းနေရာကိုသိမ်းပိုက်မည့်သူဖြစ်သည်။

65-ကီလိုတန်း

65-ကီလိုတန်းသည်လည်းရွှေမှန်းနိုင်သောအတန်းဖြစ်သည်။ချန်ပီယံဟောင်းကိုစိုးမိုးအောင်သည်

ကားယခုကတည်းကပင်အကြောများပြိုင်းပြိုင်းထကာကြောက်ခမန်းလိလိဖြစ်သည်။မျိုးဆက်သစ်

မြန်မာ့လက်ရွေးစင်သိန်းထွန်းဦးသည်လည်းယခုထက်အရှေ့ တောင်အာရှပြိုင်ပွဲတွင်ပိုမိုပြင်ဆင်

ထားနိုင်ပါကမျှော်မှန်းရနိုင်ပေသည်။

70-ကီလိုတန်း

ကိုခင်မောင်ကျော်သည်ကားရက်ရက်စက်စက်ကောင်းလာသည်။သို့ သော်သူ့ အနေနှင့်အခြားနိုင်ငံမှ၊

ထိတ်ထိတ်ကျဲမောင်များပါလာလျင်မလွယ်လှပေ။သို့ သော်သူသည်လည်းဆုတစ်ဆုချိန်ရွယ်နိုင်ပေ

သည်။ကိုပြည့်စုံလည်းကောင်းပါသည်။သို့ သော်70-ကီလိုသည်ကားကြောက်စရာအတန်းဖြစ်နေသည်။

75-ကီလိုတန်း

ဤအတန်းတွင်မြန်မာ့လက်ရွေးစင်နိုင်ငံတကာပြိုင်ပွဲဝင်ဟောင်းဖြစ်သောကိုကျော်ဆန်းမောင်နှင့်2007-

ဆီးဂိမ်းချန်ပီယံမောင်မြန်မာကိုအောင်ခိုင်ဝင်းတို့ နှင့်မြိုင်မြိုင်ကြီးဖြစ်နေပါသည်။ထိုနှစ်ဦးကိုကားအထူး

ညွန်းစရာမလိုပါ။သို့ သော်ပြိုင်ဖက်နိုင်ငံများကိုသာကြည့်ရန်ဖြစ်ပါသည်။ကိုအောင်ခိုင်ဝင်းသည်ပထမ

ကရှစ်ဆယ်ကီလိုပြိုင်ရန်ရည်ရွယ်ထားသော်လည်းတပည့်ရင်းဖြစ်သူ2011-ရှစ်ဆယ်ကီလိုတန်းချန်ပီ

ယံတင်မျိုးအောင်ကရှစ်ဆယ်ပြိုင်မည်ဟုဆိုလာသောကြောင့်တပည့်ကျော်ကိုနေရာပေးသောအားဖြင့်

ခုနှစ်ဆယ့်ငါးဆင်းပေးလိုက်ခြင်းဖြစ်သည်။သို့ သော်ဝမ်းနည်းစရာကောင်းလွန်းသည်ကဆရာ့စေတနာ

အလကားဖြစ်သွားသည်။တင်မျိုးအောင်ခမျာ၊၀င်ရောက်အရွေးခံရန်သေသေချာချာပြင်ဆင်ပြီးလာခဲ့

သော်လည်း၊အမည်စာရင်းပေးသွင်းပြီးဖြစ်သော်လည်းတစ်ကယ်တမ်းစင်ပေါ်တက်ခါနီးဆေးလိမ်းပြီး

ကာမှမင်းအမည်မပါဘူးဟုဆိုကာချန်လှပ်ထားခြင်းခံရပါသည်။သူ့ ခမျာမျက်ရည်ကျသည်အထိခံစား

ရပြီးဖြေမဆည်နိုင်အောင်ခံစားရပါသည်။ပြည်နယ်တိုင်းပြိုင်ပွဲတွင်သူ့ ကိုမှမယှဉ်နိုင်သောမင်းသိင်္ခ

အောင်သည်အကြိမ်ကြိမ်စင်ပေါ်တွင်ညှစ်နေရသော်လည်းသူ့ ခမျာဘေးထိုင်နေရသည်။ထို့ အတူ70-

ကီလိုတန်းမှတတိယသာရသူမောင်မျိုးကစင်ပေါ်တက်နေရသော်လည်းသူကားနောက်မှကြည့်နေရင်း

မချိတင်ကဲဖြစ်နေရသူပါ။တစ်ကယ်ကြိုးစားထားသူတစ်ယောက်အတွက်ဝမ်းနည်းစရာအဖြစ်ပင်ဖြစ်

သည်။သူကကျွန်တော့်ကို***ကိုနိုင်ဦးရေ-ကျွန်တော်ကသူတို့ ဆီကဆေးမ၀ယ်လို့ ဒီလိုဖြစ်တာလား

မသိပါဘူးဗျာ။အားလုံးကိုလည်းကျွန်တော်လေးလေးစားစားဆက်ဆံပါလျက်နှင့်မတရားခံရတာဗျာ***

ဟုရင်ဖွင့်သွားခဲ့ပါသည်။ထိုကိစ္စကိုအသေးစိတ်သိလိုသူများသည်မောင်မြန်မာအောင်ခိုင်ဝင်း၏ဖုန်း-

09430-32825 သို့ ဆက်သွယ်ကာအသေးစိတ်မေးမြန်းနိုင်ပါသည်။သူသည်ကိုအောင်ခိုင်ဝင်းသင်

တန်းတွင်နည်းပြလုပ်နေသူဖြစ်ပါသည်။နောင်ကိုဤအဖြစ်မျိုးမှကစားသမားများမကြုံရပါစေနှင့်ဟု

ဆုတောင်းမိပါသည်။

80-ကီလိုတန်း

80-ကီလိုတန်းတွင်မောင်မြန်မာကိုအောင်အောင်(မန္တလေး)သည်သာပြိုင်ဖက်ကင်းဖြစ်သည်။သူနှင့်

ယှဉ်ပြိုင်ကိုယ်ဟန်ပြသူမှာအဆီများသောကြောင့်ယခုနိုင်ငံတစ်ကာပြိုင်ပွဲတွင် 80-ကီလိုတန်းအတွက်

ပြိုင်ပွဲဝင်မှာသူတစ်ဦးတည်းသာဖြစ်နိုင်သည်။အကယ်၍သာဤနေရာတွင်အပယ်ခံတင်

မျိုးအောင်သာဝင်ရောက်ပြသရမည်ဆိုလျင်တော့နိုင်ငံတော်အတွက်တစ်အားပင်ဖြစ်သည်။

85-ကီလိုတန်း

ဤအတန်းတွင်လည်းဆလိုင်းကျော်မင်းသည်သာပြိုင်ရနိုင်သည်။80-85-90 ကီလိုကီလိုတန်းများတွင်

လာရောက်အရွေးခံသူနှစ်ဦးစီသာရှိခြင်းကအားမရပေ။သို့ သော်ကံကောင်းသည်ကထိုအတန်းများ

တွင်တစ်ကယ်ကောင်းသူတစ်ဦးစီရှိနေသောကြောင့်ဖြေသာခြင်းဖြစ်သည်။

90-ကီလိုတန်း

ဤအတန်းတွင်လည်းပြိုင်ပွဲဝင်နှစ်ဦးသာရှိသည်။နာမည်ကျော်များဖြစ်ကြသောကိုခိုင်လင်းနှင့်လက်ရှိ

ချန်ပီယံကိုအောင်ဆွေနိုင်တို့ ပင်ဖြစ်သည်။ကိုခိုင်လင်းသည်ကားအသက်အရွယ်အရအနည်းငယ်လျော့

သွားသည်။ကိုအောင်ဆွေနိုင်သည်ကားမလေ့ကျင့်ဖြစ်သည်မှာကြာပြီဖြစ်ကြောင်းကျွန်တော့်ကိုပြောပြ

သည်။တစ်ကယ်လည်းဟုတ်လောက်ပါသည်။သို့ သော်လည်းချန်ပီယံဆိုသည့်အတိုင်းဆင်ပိန်လျင်ကျွဲ

လောက်ရှိပါသည်။သူ့ အတွက်တစ်လလောက်အချိန်ရသောကြောင့်သူသည်အကောင်းဆုံးလုပ်နိုင်

မည်ဟုကျွန်တော်ယုံကြည်ပါသည်။လက်ရှိမြန်မာ့ချန်ပီယံကြီးသည်လာမည့်ပွဲတွင်လည်းနိုင်ငံတော်

အတွက်ဆုတစ်ခုကိုယူပေးနိုင်မည်ဟုယုံကြည်ပါသည်။ဖြစ်နိုင်လျင်ရွှေတံဆိပ်ရပါစေဟုဆန္ဒပြုလိုက်

ပါသည်။ယခုအချိန်သည်မြန်မာတို့ သွေးစည်းရမည့်အချိန်ဖြစ်သည်။အရေးကြီးနေပြီဖြစ်သည်။ထို့ 

ကြောင့်မည်သည့်ကစားသမားကိုမျှအဖွဲ့ ချူပ်မှထုတ်ပယ်ခြင်းမျိုးမပြုလုပ်သင့်ပါဟုအပြုသဘော

ဆောင်ကာအကြံပြုလိုက်ပါသည်။

မစ္စတာပေါလ်ချူဝါကမြန်မာကာယဗလသမားများသည်ကိုယ်ဟန်ပြအနည်းငယ်လိုကြောင်း၊ဆွဲဆောင်

မှုမရှိကြောင်း၊စသည်ဖြင့်ဝေဖန်အကြံပြုကာကိုယ်ဟန်ပြနည်းများကိုလည်းပြင်ဆင်သင်ပြပေးသွား

ပါသည်။မစ္စခရစ္စတီးနားကလည်းပြိုင်ပွဲတွင်ပရီဂျက်ဒင်းကိုမပေါ့သင့်ကြောင်း၊အထူးဂရုစိုက်သင့်ကြောင်း

အကြံပြုပြောကြားသွားသည်။

နောက်မကြာမှီဝေဖန်ရေးဆောင်းပါးလေးတင်ဆက်ပေးပါဦးမည်။လောလောဆယ်တော့ဤ

မျှနှင့်ကျေနပ်ပါဦးဟုဆိုရင်း—

တင်ဆက်သူ—

နိုင်ဦး—119

Email—intensemuscle@gmail.com

Related posts:

  1. မြန်မာတွေ ချန်ပီယံဖြစ်ပြီဗျို့
  2. မောင်မြန်မာအောင်ဆွေနိုင်နှင့် ရောက်တတ်ရာရာ မေးခွန်းများ
  3. 2012 SEA Bodybuilding Championship
  4. အယုဒ္ဓယသွားမည့် မြန်မာ့ ဆဲဗင်းစတား
  5. 2011- မောင်မြန်မာ ချန်ပီယံကို စိတ်ကူးဖြင့် ပုံဖော် ကြည့်ခြင်း