Jan
9

လေ့ကျင့်ခန်းများ သရုပ်ပြ ရှင်းလင်း တင်ပြချက်များ

Home > Training and Contest, နိုင်ဦး စာမျက်နှာ > လေ့ကျင့်ခန်းများ သရုပ်ပြ ရှင်းလင်း တင်ပြချက်များ

Post written by Naing Oo (119) (intensemuscle@gmail.com)

ကျွန်တော့်၏ အကောင်းဆုံးသော ကာယဗလသီအိုရီများ စာအုပ်ထွက်ရှိလာပြီးနောက်တွင်ရော၊ ထိုစာ အုပ်မထွက်ရှိမှီကပင် ကျွန်တော်ရော၊ ကိုအောင်အောင်ပါလေ့ ကျင့်နည်းများ တင်ပြခဲ့ရာတွင် မင်ဘာအ များစုကကော မင့်ရေးပြီး တစ်မျိုး ၊မေလ်းဖြင့်တစ်ဖုံလေ့ ကျင့်ခန်းများကို သရုပ်ပြပုံများနှင့် တင်ဆက်ပေးရန် တောင်းဆိုလာကြသည်။ ကျွန်တော့်အနေဖြင့် ထိုလိုအပ်ချက်ကိုဖြည့် စည်းပေးလိုသည့် ဆန္ဒမှာ တဖွားဖွား ပေါ်ပေါက် နေသော်လည်း အခြေအနေမပေးသောကြောင့် အချိန် အတော်ကြာသည် အထိ မလုပ်ဖြစ်ခဲ့ပေ။ မေးမြန်းသူများ သည်ထက်များ လာသောကြောင့် ကျွန်တော်သည် ဤစာအုပ်ငယ်များကို တင်ဆက်လိုက် ခြင်းဖြစ်ပါသည်။ ဤစာအုပ်၏ ထူးခြားချက်မှာ ကျွန်တော်တို့ ဆိုက်တွင် တင်သမျှသော စာအုပ်များသည် မြန်မာဘာသာဖြင့်သာ တင်ဆက်ခြင်း ဖြစ်သော်လည်း ယခုအခါတွင် အင်္ဂလိပ် ဘာသာဖြင့် မူရင်း အတိုင်း တင်ဆက် ပေးလိုက်ပါသည်။ အရိုးသားဆုံး ၀န်ခံရပါလျင် ကျွန်တော့်တွင် မြန်မာဘာသာပြန်ရန် အချိန်အင် မတန် နည်းပါးသောကြောင့် ဖြစ်သည်။ နောက်တစ်ခုက အချို့ သော  လေ့ကျင့်ခန်းများ၏ အမည်များကို မြန်မာဘာသာသို့  ပြန်ဆိုလျင် အဓိပါယ်တစ်မျိုး သက်ရောက်နေပြီး မူရင်း အတိုင်းဆိုလျင် အင်မတန် ခေါ်ရလွယ်ကူသည့် အပြင်နောင်ကို ကျွန်တော်တို့ အနေနှင့် လေ့ကျင့်နည်း ဆောင်းပါးများရေးသား လျင်လည်း မူရင်း အင်္ဂလိပ်လိုသာ သုံးနှုံးပါက ပိုမိုမြန်ဆန်ထိရောက်မည်ဟု ထင်သည်ကြောင့်လည်း ကောင်း၊ ဖတ်ရှုလေ့လာသူ မင်ဘာများအနေနှင့်လည်း ကာယဗလ၏ ဝေါဟာရများကို တိတိကျကျအ လွယ်တကူ သိနိုင်မည်ဖြစ်ကာ နိုင်ငံခြားရောက် မြန်မာကစားသမားများ အနေနှင့်လည်း မည်သည့်နိုင်ငံ တွင်လေ့ကျင့်သည် ဖြစ်စေပြောဆို သုံးနှုံးနိုင်စေရန် ဗဟုသုတ အဖြစ်မူရင်း အတိုင်း တင်ဆက်ပေးလိုက် ရခြင်း ဖြစ်ပါသည်။

#Download ရန် အပိုင်းသုံးပိုင်း ခွဲထားပါသည်။#

DOWNLOAD PART 1

DOWNLOAD PART 2

DOWNLOAD PART 3

တင်ဆက်သူ—

နိုင်ဦး—119

Email—intensemuscle@gmail.com

Related posts:

  1. သင် အောက်ပိုင်း မှန်မှန် ကန်ကန် ထိုင်တတ်ပြီလား?
  2. ဖလက်စ် ၀ှီးလား၏ ကာယဗလဒဿန အပိုင်း(၂)
  3. ကာယဗလ စတင်လေ့ကျင့်တော့မည်ဆိုလျှင် e-book
  4. ကာယဗလ ဝေါဟာရများ
  5. 3 D Bodybuilding Exercises – the Book