Apr
15

ထမင်းစားပွဲ၏ စည်းမျဉ်းများ

Home > Healthy Recipes > ထမင်းစားပွဲ၏ စည်းမျဉ်းများ

အောက်ပါ စားသောက်နည်း အကြံပေးချက် ခြောက်မျိုးကို လိုက်နာပြီး ဓါးနှင့် ခရင်းကို ပညာပါပါ ကိုင်စွဲထားပါ။ ထို့နောက် သင့် ခန္ဓာကိုယ် အဆီကိုလျှော့ချနေပြီး  ၀ိတ်တက်ခြင်းမှ ကိုယ့်ကိုယ်ကို ကာကွယ်ပါလေ။

၁) တစ်ခါစား ပမာဏကို လျှော့ပါ။

ဤ အခြေခံနည်းလမ်းသည် တကယ် အလုပ်ဖြစ်သည်။ သင်မနက်ကို ပုံမှန်အားဖြင် ပေါင်မုန့် လေးချပ်စားတတ်လျှင် သုံးချက်ပဲစားပါ။ လက်ဖက်ရည်၊ ကော်ဖီထဲမှာ သကြားထည့်သလား? လျှော့ချလိုက်ပါ။ ပြည့်ဝ အဆီတွေအကုန် လျှော့ပါ။ ဆိုလိုသည်မှာ ထောပတ်လျှော့၊ ချီးစ်တွေလျှော့၊ ဆီကြော်တွေ၊ ၀က်ခေါက်တွေလျှော့၊ အသားတွေလျှော့ပြီး ငါးကို ပိုစား။  သို့သော် သတိထားရမှာ တစ်ခုသည် အဆီနည်းသော အစားအစာအထုတ်အပိုးများသည် သကြားများတတ်သည်။

၂) အားကစား အားဖြည့် ဖျော်ရည်များကို ပညာပါပါ အသုံးချပါ။

ကစားတဲ့အချိန်တိုင်း၊ လေ့ကျင့်ခန်းတိုင်းမှာ အဆီချစေပြီး ကြွက်သား တက်ချင်သည်ကို အထိရောက်ဆုံး အသုံးချချင်လျှင် ထို ဖျော်ရည်များကို ကစားပြီးမှသာလျှင် သောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထိုအားကစား ဖျော်ရည်များကို သောက်ခြင်းသည် သင်၏ တနေ့တာ ကာဗိုဟိုက်ဒရိုက် စားသောက်မှုကို တိုးမြင့်ထားစေပြိး သင့် အဆီတွေကျဖို့ခဲယဉ်းနေစေသည်။ ထိုေ့ကြာင့် မကစားခင်နှင့် ကစားနေစဉ်တွင် ရေသာသောက်ပါ။

၃) အသီးအနှံစားသောက်မှုကိုလည်း စောင့်ကြည့်ပါ။

သစ်သီးဝလံများနှင့် အသီးအရွက်များသည် သင့်အတွက် ကောင်းပါသည်။ သို့သော် အသီးများတွင် သဘာဝ သကြားတွေ အများကြီး ပါသည်။ လူအတော်များများသည် သစ်သီးငါးမျိုးကို တနေ့ ငါးကြိမ်လောက် စားတတ်သည်။ သစ်သီးနှင့် အရွက်များကို တနေ့ ကိုးခါလောက်သာ ပြင်စားပါ။  သို့သော် အသီး သုံးချိုး၊ အရွက် ခြောက်ချိုးဖြစ်ပါစေ။ အသီးတွေကို မကစားခင် အများဆုံးစားပါ။  တနေ့တာ စားသည့် အနပ်တိုင်းတွင် အရွက်ပါပါစေ။

၎) ကောက်ပဲ သီးနှံတွေကို သတိထားပါ။

သင်လေ့ကျင့်ပြီးပြီးချင်း ကဆီဓာတ်များသော အာလူး၊ ထမင်း စသည့် ကောက်ပဲသီးနှံတွေကို စားပါ။ ထိုဂျုံစပါးများကို ကျန်သည့်အချိန်များမှာတော့ အနည်းဆုံးသာထားပါ။ ကဆီဓာတ် နည်းသည့် ပဲနီကလေး၊ ဆန်လုံးညို၊ ပဲတောင့်ရှည် စသည်တို့သာ ကျန်သည့် အချိန်များများစားပါ။ ကောက်ပဲသီးနှံတွေထဲတွင် ဂျုံသည် ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို နှေးကွေးလေးလံသွားစေပြီး အူလမ်းကြောင်းတွေကို ဖောင်းပွစေကာ၊ ကိုယ်တွင်းရေတွေကို ထိန်းထားခြင်းဖြစ်စေ၍ သင့်ဗိုက်ကျဖို့ရာ အခက်အခဲဖြစ်အောင်လုပ်ပေလိမ့်မည်။

၅) ပရိုတိန်းစားသုံးမှုကို တသတ်မတ်တည်းထားပါ၊ သို့သော်လည်း လုံးဝချည်း တသတ်မတ်တည်း မဖြစ်ပါစေနှင့်။

ပရိုတိန်း အသားဓာတ်သည် သင် အစားလျှော့နေချိန်တွင် သင့် ကြွက်သားပေါ်လွင်မှုကို ထိန်းထားနိုင်ပြီး သင့်ကိုယ်ကို ပြည့်ပြည့်လေး ဖြစ်စေသောကြောင့် အလွန်ကောင်းသည်။သင့်ကြွက်သားများ လိုအပ်နေချိန်တွင် အများကြီးစားပါ။ ထို့နောက် တခြားစားချိန်များမှာတော့ နည်းနည်းချင်းသာ ထည့်စားပါ။ ထို့ကြောင့် သင် ကစားကောင်းသည့် နေ့များတွင် များများစားပြီး သိပ်မကစားသည့်နေ့များတွင် နည်းနည်းလျှော့စားပါ။

၆) သင့်လေ့ကျင့်မှုအရ စားပါ။

လေ့ကျင့်ကစားသည့်အတိုင်း အစားအသောက်ချိန်စားခြင်းသည် သင့်ကိုယ်အလေချိန်ကို ထိန်းပြီး Fit ဖြစ်နေရန်အတွက် အလွန်အရေးကြီးသည်။ သင်နောက်သုံးနာရီလောက်မှာ လုပ်မည့် အလုပ်အတိုင်း စားပါ။ သို့မဟုတ် သင်အခုပဲ လုပ်လိုက်သော အလုပ်အတွက် စားပါ။ မိမိတို့ လိုအပ်ချက်တွေက ပြောင်းလဲနေသောလည်း စားသောက်မှုကတော့ မပြောင်းလဲခြင်းမျိုး မဖြစ်ပါစေနှင့်။ ပြင်းပြင်းထန်ထန် ကစားပြီးလျှင် ပိုစားပါ။

Related posts:

  1. ထိပ်ဆုံးက အစားအသောက် ၄၀
  2. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း
  3. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
  4. Jerome Ferguson ၏ ငါး ဒိုင်းယက်
  5. ပန်းသီးနှင့် လိမ္မော်သီးကို ကာယကစားသည့်အခါ ဘယ်အရာက ပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်သည့်အခါ–