Gym Bag – Hidetada Yamagishi ၏ ခြေသလုံးတက်နည်း လျှို့ဝှက်ချက် ရှာဖွေတွေ့ရှိခြင်း
Home > Gym Bag > Gym Bag – Hidetada Yamagishi ၏ ခြေသလုံးတက်နည်း လျှို့ဝှက်ချက် ရှာဖွေတွေ့ရှိခြင်းကျွန်တော့်ရဲ့ ၁၅နှစ်ကြာ လေ့ကျင့်မှုတွင် ကျွန်တော့်ကိုယ်ကာယ အများကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော် များစွားသော ကာယဗလမောင်များကဲ့သို့ ကျွန်တော့် ခြေသလုံးတွေဟာ တခြား အစိတ်အပိုင်းတွေလို လွယ်လွယ်ကူကူနှင့် လျှင်လျှင်မြန်မြန် တုံ့ပြန်ခြင်းမရှိပါ။ ကျွန်တော် အဲသည့်နေရာမှာ မျိုးရိုးဗီဇအရ ကောင်းမွန်ခြင်းရှိမရှိ ဆိုသည်ကို ဖော်ထုတ်ဖို့ သိပ္ပံပညာရှင်ကြီး ဖြစ်စရာမလိုပါ။ ထို့ကြောင့် ကျွန်တော့်ဘ၀မှာ အကြီးဆုံးနှင့် အလှပဆုံး ခြေသလုံးတစ်စုံ ဖြစ်နိုင်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ခြေသလုံးထုတက်ခြင်းသည် မာကျောခက်ခဲပါသည်။ သို့သော် ကျွန်တော် လက်မလျှော့ပါ။ လေ့ကျင့်နည်းမျိုးစုံကို စမ်းသုံးကြည့်လိုက်၊ မှားလိုက်နှင့် ဆယ်နှစ်လောက် လေ့ကျင့်ပြီးသည့်အခါ အကောင်းဆုံးနည်းလမ်းတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့သည်။ သင့်ရဲ့ ဗီဗ အခြေခံက ဘယ်လောက်ပဲ တားတားမြစ်မြစ် သင်ရဲ့ အတက်နှေးနေတဲ့ ကြွက်သားကို ဖွံ့ဖြိုးမှုအသစ်တွေရအောင် ရှော့ရိုက်ယူနိုင်သည်။
လွန်ခဲ့သော ငါးနှစ် လောက်က ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်နေသ်ာလည်းပဲ သေသေချာချာ စနစ်တကျ မဟုတ်ခဲ့ပါ။ ကျွန်တော် အလေးတွေ ထည့်နိုင်သမျှ အများဆုံးထည့်တယ်။ သို့သော် ကျွန်တော့် ကစားတဲ့ပုံစံကတော့ ရွဲ့ယိုင်နေပြီး အပြည့်အ၀လည်း ရွေ့လျားခြင်းမရှိပါ။ ပြန်ကြည့်လိုက်လျှင် ကျွန်တော့်ခြေသလုံေးတွ ဘာကြောင့် မဖွံ့ဖြိုးလဲဆိုတာတော့ မအံ့သြတော့ပါ။ ကျွန်တော်သူတို့ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနှင့် အသုံးချလေ့ကျင့်ကြည့်သည်။ တစ်ပတ် တစ်ချိန်တည်း ကစားကြည့်သည်။ နေ့တိုင်းကစားကြည့်သည်။ တစ်ရက် နှစ်ကြိမ်ကစားကြည့်သည်။ ကျွန်တော့် ခြေသလုံးတွေ ဘယ်တော့မှ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုနှင့် မပြတ်ခဲ့ပါ။ ရလဒ်ကောင်း ရမလာရုံတမယ်ပါပဲ။
ဘယ်ကိုမှ မရောက်ပဲ ဆယ်စုနှစ်တစ်စုလောက်ကြာသည့်အခါ ဘယ်ဟာသည် အကောင်းဆုံးနှင့် အထိရောက်ဆုံးဆိုတာ ရှာတွေ့လာခဲ့သည်။ ခြေသလုံးများကို တစ်ရက်ခြားစီလေ့ကျင့်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ။ အဓိက သော့ချက်သည် ရွေ့လျားမှု အပြည့်အ၀နှင့် ဖြည်းဖြည်းချင်း သေသေချာချာ ကစားခြင်းဖြစ်သည်။ အလေးအသုံးပြုမှုသည် ဘာမှ မဆိုင်ပါ။ ကျွန်တော် အလေးတွေ အများကြီး နောက်ထပ်ဘယ်တော့မှ မကစားတော့ပါ။ အခုတော့ ကျွန်တော့် ခြေဖနောင့်တွေ အောက်ထိ နှိမ့်နိုင်သမျှ ဖြည်းဖြည်းချင်း နှိမ့်ချမယ်။ အောက်ဆုံးမှာ နှစ်စက္ကန့်လောက်ဆန့်ထားမယ်။ ပြီးတော့ ခြေချောင်းတွေနှင့် အားစိုက်ပြီး ပြန်တွန်းတင်လိုက်မယ်။ ထိပ်ဆုံးမှာ နှစ်စက္ကန့်လောက် တင်းထားမယ်။ စသဖြင့် ရွေ့လျားမှုတွေပေါ်မှာပဲ အာရုံထားပါတော့သည်။ မြောက်ကြွမြောက်ကြွနှင့် ဖြစ်သလိုကစားသည့် အကြိမ်ရေများ မရှိတော့ပါ။ ကျွန်တော် ၁၀ကြိမ်ကနေ ၁၅ကြိမ်ထိ ကစားသည်။ သို့သော် သေချာအာရုံစိုက်ကစားသည့် ထို ၁၀ကြိမ်တကျော့သည် တစ်မိနစ်လောက်အထိ ကြာတတ်သည်။
ခြေသလုံးအတွက်ဆိုလျှင် လေ့ကျင့်ချိန်တစ်ချိန်မှာ လေ့ကျင့်ခန်းတစ်မျိုးသာ ကစားသည်။ ၁၀ကြိမ်-၁၅ကြိမ် ၇ကျော့ကစားသည်။ တစ်ကျာ့စီကြားမှာ တစ်မိနစ်လောက်နားသည်။ တစ်ကျော့စီတွင် အလေးအသုံးပြုထားသည်မှာ အတူတူပင်ဖြစ်သည်။ သို့သော် အကြိမ်ရေများ နည်းလာလျှင်တော့ အလေးကို လျှော့ပစ်တတ်သည်။ တစ်ပတ်မှာဆိုလျှင် ကျွန်တော်သည် မတ်တတ်ရပ်၊ ထိုင်လျှက်၊ ကျောကုန်းစီးလျှက် ခြေဖျားထောက်ကြွ နည်းမျိုးစုံကို တစ်ရက်ခြား တစ်မျိုးစီ ကစားသည်။ အရေးအကြီးဆုံးသည် ခြေသလုံးများကို ကြီးထွားအောင် ရှော့ရိုက်ခြင်းဖြစ်သည်။ ကိုယ့်ခြေချောင်းများကို အသုံးပြုတွန်းဖို့ အာရုံစိုက်ပါ။ ခြေဖ၀ါးများ အပြင်လိမ့်မသွားပါစေနှင့်။ ဒါသည် အရေးကြီးသည့်ကိစ္စဟု မထင်ရတတ်ပါ။ သို့သော် ဒါကို ဖြည်းဖြည်းချင်း အာရုံစိုက် ဆန့်ခြင်း၊ ညှစ်ခြင်း တို့ကို တစ်ကြိမ်စီမှာ သေသေချာချာ လုပ်သွားခြင်းသည် သင့်ခြေသလုံးများကို အကြီးအကျယ်ကို ပြောင်းလဲသွားစေလိမ့်မည်။
ကစားသမားများသည် ခြေသလုံးများကို စွဲမက်ဖွယ်ရာ အစိတ်အပိုင်းတစ်ပိုင်းဟု များသောအားဖြင့် မယူဆကြပါ။ အကယ်၍ သင့်ခြေသလုံးများကို ဖွံ့ဖြိုးမှုကို တကယ်စိတ်ပါလက်ပါရှိလျှင်တော့ သင့်လေ့ကျင့်ချိန်တွေမှာ ခြေသလုံးကို အရင်ဆုံးကစားပါ။ ကာယဗလမောင်အများစုသည် ခြေသလုံးကို နောက်ဆုံးမှ ကစားတတ်ကြသည်။ နောက်ဆုံးရောက်လို့ သူတို့၏ အားတွေ ကုန်တော့မှ ကစားတတ်ကြသည်။ ထို့နောက် သူတို့ ခြေသလုံးကြွက်သားတွေ မကြီးထွားလာတာကို အံ့သြကြပြန်သည်။ နားမလည်ကြပြန်ပြီ။ ခြေသလုံးတွေကို အရင်ဆုံးလေ့ကျင့်ပါ။ ဖော်ပြခဲ့သော နည်းများအတိုင်းသာ လေ့ကျင့်လျှင် ကျွန်တော် ၁၀နှစ်လောက် လေ့ကျင့်ပြီးမှ ကြီးထွားလာခဲ့သလို သင့်ခြေသလုံးတွေသည် လပိုင်းအတွင်း ကြီးထွားလာပါလိမ့်မည်။
Related posts:










အောက်ပိုင်းကို အလေးမထားကြတဲ့ သူတွေကတော့ အလေးမထားတဲ့အတိုင်း ကတော့ကြီး ထောင်ထားသလိုဖြစ်သွားမယ်။ ခြေသလုံးကြွက်သားဟာ ညောင်းညာ ကိုက်ခဲနေအောင်လေ့ကျင့်မှ ကြီးထွားတဲ့ ကြွက်သားထဲ ပါတယ်လို့ ဖတ်ဖူးပါတယ်။