အပြည့်စုံဆုံး အကောင်းဆုံး စားသောက်နည်းစနစ်
Home > Healthy Recipes > အပြည့်စုံဆုံး အကောင်းဆုံး စားသောက်နည်းစနစ်
ပိန်ချင်တာလား?။ ကိုယ်လုံးလှချင်တာလား ?။ အထူးသဖြင့် အမျိုးသမီးများကြားတွင် အများဆုံးကြားရမည်မှာ “ပိန်ချင်လိုက်တာ” ။ တကယ်ပိန်ချင်လျှင်တော့ လွယ်လွယ်လေးပါ။ တစ်နည်းပေးလိုက်မယ်။ အဲဒါသည် ၀မ်းနှုတ်ဆေး တစ်ဗူး။ ကြိုက်သလောက်သောက်။ သောက်သလောက် ပိန်လာလိမ်မယ့်။ အဲဒီ့ ထက်ပိုထိရောက်ချင်လား။ ရောဂါတစ်ခုခု အဖြစ်ခံလိုက်ပါ။ ပြီးရော ပြန်ဝလာဆိုတောင် ၀လာဖို့မလွယ်တော့ပါ။ သည်ဟာတွေဆိုနေရခြင်းသည် လိုချင်သောအချက်တစ်ချက်ရောက်အောင်လို့ပါ။
အဲသည့်လို ကျွန်တော်တို့ ဘာကြောင့်မလုပ်ကြသနည်း။ အမှန်မှာ ကျွန်တော်တို့ ကိုယ်လုံးလှချင်၍ဖြစ်သည်။ ပိန်ချင်သည်မဟုတ်။ ကျွန်တော်တို့ ဂျင်မ်မှာကစားသည်ဖြစ်စေ၊ အိမ်မှာဘဲ ဗယ်လီတွေရိုက်၊ လေ့ကျင့်ခန်းတွေလုပ်သည်ဖြစ်စေ။ အမှန်တကယ်ဖြစ်ချင်နေသည်မှာ ကျန်းမာရေးနှင့် ညီညွတ်သော ပိန်ခြင်းမျိုး၊ ကိုယ်လုံးလှခြင်းမျိုးဖြစ်သည်။ သို့သော် တစ်ပတ်ပြီးတစ်ပတ် တစ်လပြီးတစ်လ၊ ကစားခဲ့သည်။ အစားအသောက်ကြိုးစားရှောင်ခဲ့သည်။ ခန္ဓာကိုယ်က သည်အတိုင်းပင်။ ခါးမှာရှိနေသည့် အဆီတွေကို ကိုင်ကာ စိတ်ညစ်လာသည်။ မှန်ထဲကြည့်လိုက်တော့လည်း ခန္ဓာကိုယ်က ပြေပြစ်မှုမရှိ။
ထိုအခါ မတတ်သာသည့်အဆုံး ပိန်အောင်ဆိုပြီး အစားအသောက်ကို ပိုလျှော့ပစ်လိုက်သည်။ အဲသည်မှာပင် မကျန်းမာသော ပိန်ခြင်းစလာပြီ။ အစားတွေလျှော့လွန်းတာကြာတော့ ဗိုက်ဆာလာသည်။ ဗိုက်ဆာတာရယ်၊ စိတ်ညစ်တာရယ် ပေါင်းပြီး မဟားတရား စားပစ်လိုက်သည်။ ထိုအခါ ၀လာပြန်ရော။ ထို့နောက်ပြန်လျှော့ပြန်ရော။ သည်လိုနှင့် သံသရာလည်နေတော့သည်။ သို့သော် အဲသည်နည်းစနစ်သည် နည်းနည်းလေးလွဲနေတာက လွဲလို့ တောက်လျှောက်ချည်း အစားလျှော့နေသည်ထက် မှန်ကန်သောနည်း စနစ်ဟုဆိုရပါမည်။ လွဲနေပုံမှာ ကျွန်တော်တို့သည် ကျွန်တော်တို့ခန္ဓာကိုယ်က လှည့်စားတာကို ခံနေရသည်။ ကိုယ်လုံးကြီးမှာ ပိန်သွားလိုက်၊ ဖောင်းသွားလိုက်နှင့် ကျွန်တော်တို့ မျက်စိလည်နေသည်။ အဲသည့်လိုဖြစ်ရခြင်း၏ တရားခံသည် ကျွန်တော်တို့ စားသောက်ပုံပင်ဖြစ်သည်။
သုတေသနတစ်ခုမှ ဖော်ပြသည်မှာ “Most diets don’t work becaue they panic your body into thinking you’re starving so your metabolism slows and you actually gain weight in the long term. It’s all about making an internal change. It’s about comntrolling our behaviour.” – “စားသောက်နည်း အများစုသည် အလုပ်ဖြစ်မည်မဟုတ်။ ငှင်းတို့သည် သင်ငတ်ပြတ်နေပြီဟု သင့်ခန္ဓာကိုယ်ကို တွေးထင်စေကာ ချောက်ချားသွားစေသည်။ ထိုအခါ ဇီဝဖြစ်ပျက်မှုလုပ်ငန်းများအားလုံးနှေးကုန်ပြီး ရေရှည်တွင် ကိုယ်အလေးချိန်တောင် ထပ်တိုးလာပါလိမ့်မည်။ အားလုံးသည် အခြေခံအတွင်းသဏ္ဌာန်လေးပြောင်းလဲဖို့သာဖြစ်သည်။ ငှင်းမှာ ကျွန်တော်တို့၏ အကျင့်ပြုမူပုံကို ထိန်းချုပ်ရန်ဖြစ်သည်။” တဲ့။ ဆို ထိုစားသောက်နည်းသည် ဘယ်လိုစားသောက်နည်းလဲ။ တောက်လျှောက်ကြီး အငတ်ခံနေတာတော့ မဖြစ်နိုင်ပြီ။
ကမ္ဘာ့အကောင်းဆုံး ကိုယ်ကာယပိုင်ရှင် ဂျေးကတ်တလာ၏ စားသောက်နည်းကို လေ့လာကြည့်ကြပါစို့။ ပေါင်ချိန် ၂၇၀ ကျော်ကြီးမှာ အဆီ ၄% ၅% လောက်ဘဲ ရှိနေသည်မှာ တန်ဖိုးရှိသော စားသောက်နည်း တစ်ခုတော့ရှိရမည်။ သူတို့သည် စိတ်ကူးပေါက်သလိုစားနေသည်မဟုတ်။ ကမ္ဘာ့အကျော်ကြားဆုံး အာဟာရဗေဒပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ စားသောက်ကြခြင်းဖြစ်သည်။ ထိုသူ၏ စားသောက်ပုံကို လေ့လာအတုယူလျှင် မမှားနိုင်။ ငှင်းနည်းစနစ်သည် ‘Cycled Carbs’ (ကာဗိုဟိုက်ဒရိတ် လှည့်ပြောင်းစားသောက်ခြင်း) ဖြစ်သည်။ ကျွန်တော်လည်း ထိုနည်းစနစ်ကို လိုက်နာကျင့်သုံးနေသည်မှာ ၂ နှစ်တောင်ကျော်ခဲ့ပြီ။ အလွန်ထိရောက်လွယ်ကူပါသည်။ ကြွက်သားကို ချန်ပြီး အဆီကိုပဲချရန် အကောင်းဆုံးနည်းစနစ်ဖြစ်သည်။
ထိုစားသောက်နည်းတစ်ပတ်လှည့်ဖို့ရန် ငါးရက်ရှည်လျားပါသည်။ သို့သော် သင်ကစားတော့ကစားနေရမည်။ နောက်ပြီး ကိုယ့်ကိုယ်ကို သတိပေးနေဖို့လည်း တာဝန်ယူရမည်။ သို့မှသာ ဤစားသောက်နည်းသည် ထိရောက်မည်ဖြစ်သည်။
၁. နည်းနည်းစားသည့် ရက် နှစ် ရက်
သင်သည် တနေ့ကို အနည်းဆုံးငါးကြိမ်တော့ ခွဲစားဖို့ လိုပါသည်။ သုံးနာရီလောက်ဆီခြား စားပါ။ နည်းနည်းစားသည့် ရက် နှစ်ရက်မှာ ကာဗိုဟိုက်ဒရိက် (ကဆီဓာတ်)ကို တကြိမ်စား တစ်လုပ်လောက်သာထည့်စားပါ။ ထိုနှစ်ရက်တွင် အသားများများ၊ အရွက်များများစားဖို့တော့ လိုသည်။ သို့မဟုတ်လျှင် သင်ဗိုက်ဆာပြီး စည်းကမ်းဖောက်သွားနိုင်သည်။ ထိုရက်များတွင် ကျွန်တော်ကတော့ ဟင်းသိပ်မကောင်းပြီး များများရနိုင်သော ဟင်းချက်နည်းမျိုး – ဥပမာ အပြုတ်တွေ၊ အရည်ကျဲတွေချက်ခိုင်းထားသည်။ ဟင်းသိပ်ကောင်းလျှင် ထမင်းတွေထပ်ထည့်နိုင်သည်။ ပြိုင်ပွဲနီးလျှင်တော့ တစ်ခါစား အာလူးသေးသေးတစ်လုံးလောက်သာ ထမင်းအစား ကဆီဓာတ်အနေဖြင့်စားပါသည်။
၂. အလယ်အလတ်စားသည့် ရက် နှစ် ရက်
ထိုနှစ်ရက်တွင် ထမင်းကို ကိုယ့်အနေဖြင့် ပုံမှန် ပေါင်ချိန်ထိန်းထားနိုင်သည်ဟု ကိုယ်ထင်နေသည့် ပမာဏဖြင့်စားပါ။ ပုံမှန်အားဖြင့် တစ်ခါစား ထမင်း တစ်ပန်ကန် မပြည့်တပြည့်လောက်သာစားပါ။ တစ်နေ့ ငါးကြိမ်လောက် စားပါ။ နည်းနည်းစားသည့် ရက်နှစ်ရက်နှင့် အလယ်အလတ်စားသည့် ရက်နှစ်ရက်တွင် ကာဗိုဟိုက်ဒရိက်ကို လျှော့ခြင်းဖြစ်သည်။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ် မျက်စိလည်အောင်လုပ်နေခြင်းဖြစ်သည်။ ခန္ဓာကိုယ် ကဆီဓာတ်နည်းလာပြီဖြစ်သည့်အတွက် ကိုယ်တွင်း ၌ ကဆီဓာတ်စုဆောင်းသည့်ဓာတ်များ ပိုထွက်လာကြသည်။ ထို့ကြောင့် ထိုအစီအစဉ်ကို မပြတ်စေရန် ဆိုခဲ့သည့်အတိုင်း အသား(ပရိုတိန်း)များများစားနိုင်သည်။ အဆီဓာတ်၊ အချိုဓာတ်တွေကို ရှောင်ပါ။ ကိုယ့်စည်းကမ်းကိုယ့်ဘာသာ လိုက်နာပါ။
၃. များများစားသည့် ရက် တစ်ရက်
စောစောက လေးရက်ကို ခံနိုင်အောင် ကိုယ့်ဘာသာကိုယ် သည်တစ်ရက်ရှိသေးသည်ဟု သတိပေးပါ။ သည်ရက်မှာ လွတ်လပ်ပြီ။ စားနိုင်သလောက် စားနိုင်ပြီ။ ဟင်းကောင်းကောင်းသာ အသင့်ပြင်ထားပေတော့။ အဓိက ကာဗိုဟိုက်ဒရိက်ကို ပိုစားပါ။ အချိုတွေလည်း အရသာခံစားသုံးနိုင်၏။ ထိုသို့မဟုတ်လျှင် ကျွန်တော်တို့ ထိုအရသာလေးများကို ဘယ်တော့မှခံစားရတော့မည်မဟုတ်။ ထိုအပိုစာများကိုတော့ တတ်နိုင်သမျှ မနက်ပိုင်းမှာသာ စားပါ။ နေ့ခင်းနှင့် ညနေ၊ညကျတော့ ကာဗိုဟိုက်ဒရိက် (ထမင်း၊အာလူး၊ကန်စွန်းဥ၊….) တွေပိုစားပါ။ သင်သည် ဤနည်းစနစ်ကို စည်းကမ်းတကျလိုက်နာမည်ဆိုလျှင် မတွန့်မရွံ့စားပါ။ အဆီလုံးဝမတတ်စေရပါ။
ဘာကြောင့်လဲ.. ဤကဲ့သို့ များများစားလျှင် စောစောကလေးရက်မှာ ထွက်လာသော ကဆီဓာတ်စုဆောင်းသည့်ဓာတ်များ အလုပ်ရှုပ်ကုန်ပြီ။ သူတို့အတွက် အခွင့်အရေးကြီးဟု ယူဆကာ သူတို့သိုလှောင်ကြပြီ။ အများစု စတင် သိုလှောင်မည့်နေရာသည် အဓိကအလိုအပ်ဆုံးဟု သူတို့ယူဆကြသည့် ကြွက်သားများဆီတွင်ဖြစ်သည်။ ထိုအတွက် သင့်မှာ ကြွက်သားလေးများ ပြည့်ဖောင်းတင်းသွားမည်။ စောစောက လေးရက်ကြောင့် အဆီတွေလည်းချပြီးသား။ ထို့ကြောင့်အရာအားလုံးသည် သူ့နေရာနှင့်သူပေါ်လွင်နေပြီ။ သင်လိုချင်သည်မှာ ဒါပဲမဟုတ်လား။ ထို့နောက် ထိုတစ်ရက်ပြီးလျှင် မူလအစသို့ပြန်ပတ်ရမည်။ များများစားသည့်ရက် တစ်ရက်ထပ်မပိုပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် များလွန်းလာလျှင် သူတို့သည် ပိုလျှံနေပြီဟု ယူဆက အဆီများထဲမှာ သိုလှောင်တော့မည်ဖြစ်သည်။ ထိုအခါအဆီပြန်တက်လာမည်။ ထို့ကြောင့် ထိုတစ်ရက်ပြီးပြီးချင်း နည်းနည်းစားသည့်ရက်သို့ ပြန်သွားပါ။
ဤစားသောက်နည်းသည် သင့်ကို အငတ်ထားသော စနစ်လုံးဝမဟုတ်။ အေးအေးဆေးဆေး မပင်မပန်း ကျင့်သုံးသွားနိုင်သည်။ အဓိက က နည်းနည်းစားသည့်ရက်ဆိုလျှင် ကာဗိုဟိုက်ဒရိုက်ကို နည်းနည်းသာစားရန်ဖြစ်သည်။ ဗိုက်မဆာအောင် အရွက်တွေ၊ ပဲတွေ၊ အသားတွေ၊ ငါးတွေနှင့် ရောစားပါ။ သည်ပုံစံအတိုင်းသာ ကျင့်သုံးသွားလျှင် သင်သည် သင့်ခန္ဓာကိုယ်က လှည့်စားတာ မခံရသည့်အပြင် သင်ကတောင် ပြန်လှည့်စားသွားပါသေးသည်။ တစ်ပက်ပြီး တစ်ပက် လှည့်သာ စားသွားပါ။ သိသာလာပါလိမ့်မည်။
Related posts:






Nice post, Bro! Keep it coming!
hahaha! i can’t stop enjoying this precious eating tips .. this is the most easiest way yet very effective ! i burned 20 pounds by working at extreme endurance.. however , this new eating habit will definitely fulfill my indulgence
cool, cool!
စမ်းကြည့်မယ်ဗျာ။ ကြာလို့ ..ဒီနေ့စမယ်။
ကာယဗလသမားကောင်းတစ်ယောက်ဖြစ်ဖို့ အစာအဟာရက ၈၀% လိုအပ်တယ်ဆိုတာ အမှန်ပါပဲ။
Hello bro! I think this eating plan will work well! But I’m the one who’s trying for GAINING THE MUSCLE MASS! So, can u please tell me that I must apply this eating plan or not? Actually, I’ve decided to apply it! But, I’m afraid that it will make the gaining size slow down. Please, bro! Thanks!
Yes, Bro CJ,
We can apply Carb Loading Cycle programme for gaining muscle mass also. Day 1 – Low Carb (Carbohydrate), Day 2 – Low Carb, Day 3 – Medium Carb, Day 4 – Medium Carb and Day 5 – High Carb and repeat the cycle again. Protein content should be constant everyday. That eating plan works really well even for top bodybuilders. Low, Medium and High are subjective and they are different meaning to each and every individual. We must adjust it with our workload and mainly intuition.
Stay Hungry,
Naing
Oh! Thank you so much for your time and patience! I really appreciate it, bro Naing Wai! I will start this plan at the 1st of May! I’m 21 years old and 6 feet tall. Currently my weight is 156 pounds! I will consume around 140 grams of protein and 3200 calories per day. I hope this amount is enough to gain size for me. Let me ask you again when I’ve no improvement after a month. I hope you will succeed more than you expect! Have a nice day, bro!
You are welcome, CJ!
ကျေးဇူးတင်တယ် e book တွေ down ရလို့ အကြံတွေလည်းပေးပါခင်ဗျာ။