Jul
16

ဗယ်လီ မြန်မြန်ရိုက်ရမလား? နှေးနှေး ရိုက်ရမလား?

Home > Training and Contest, Weight Loss > ဗယ်လီ မြန်မြန်ရိုက်ရမလား? နှေးနှေး ရိုက်ရမလား?

နှေးနှေးရိုက်ခြင်း။ ။ ကာယဗလမောင် အများစုသည် ဗယ်လီကစားလျှင် ဖြည်းဖြည်းနှင့် ထိန်းပြီးသာ ကစားကြသည်။ အဘယ်ကြောင့်ဆိုသော် အဲသည်လို ကစားခြင်းသည် အရှိန်နှင့် ညာမကစားမိအောင် ထိန်းချုပ်ပေးပြီး ကြွက်သားကို ပိုထိရောက်သောကြောင့်ဟု ဆိုသည်။ ထို့ကြောင့် ဗယ်လီရိုက်လျှင် အတက် နှစ်စက္ကန့်၊ အဆင်း နှစ်စက္ကန့်ထက် ပိုမမြန်စေအောင် ကစားကြသည်။

မြန်မြန်ရိုက်ခြင်း။ ။ အတက်ပိုင်းတွင် တစ်စက္ကန့် သို့မဟုတ် တစ်စက္ကန့်ထက် ပိုနည်းသောနှုန်းဖြင့် ကစားခြင်းသည် ကြွက်သားအမျှင်များကို ပိုထိရောက်စေပြီး ၀မ်းဗိုက်ကြွက်သား အပါအ၀င် တခြား ကြွက်သားများ ကစားရာ၌ ဖွံ့ဖြိုးကောင်းမွန်အောင် ဆောင်ရွက်နိုင်သည်။

သက်သေများ

စပိန်မှ သုတေသီများသည် အစမ်းသပ်ခံများကို ဗယ်လီရိုက်စေရာတွင် ၄စက္ကန့်နှုန်း၊ ၂စက္ကန့်နှုန်း၊ ၁.၅စက္ကန့်နှုန်း၊ ၁စက္ကန့်နှုန်း သို့မဟုတ် မြန်နိုင်သမျှ မြန်အောင် အသီးသီး ကစားစေပြီး ၀မ်းဗိုက်ကြွက်သားများဖြစ်သည့် rectus abdominis, external obliques, internal obliques and spinal erectors စသည့် ကြွက်သားများ၏ စွမ်းရည်ကို လေ့လာခဲ့ကြသည်။

သူတို့တွေ့ရှိသည်မှာ အကြိမ်ရေများကို မြန်မြန်ကစားလာလေ၊ ထိုကြွက်သားလေးမျိုးစလုံး၏ စွမ်းရည်တက်လာလေဖြစ်သည် ဟူ၍။ ကြွက်သားစွမ်းရည် အများဆုံးတက်လာသည်ကို ခါးဘေးသာဖြစ်သည့် external obliques ကြွက်သားများတွင် အဓိက တွေ့ရသည်။ ထိုကြွက်သားစွမ်းရည်တက်ခြင်းကို ဖြည်းဖြည်းချင်းကစားပါက မတွေ့ရနိုင်ပါ။ အမြန်ဆုံးသာကစားပါက နှေးနှေးကစားသည်ထက် ခြောက်ဆ ကျော် ထိရောက်မှု တက်လာသည်ကို တွေ့ရသည်။

ဖြေရှင်းချက် — အမြန်နှုန်းနှင့် ကစားပါ

မြန်မြန်ကစားခြင်းသည် ၀မ်းဗိုက်တ၀ိုက်လုံးက ကြွက်သားတွေကို အားလုံးပါဝင်လုပ်ဆောင်စေသည်။ ပုံမှန်ဗယ်လီရိုက်လေ့ကျင့်ခန်းကို ခါးဘေးသားကစားသည့် လေ့ကျင့်ခန်းအသွင်လည်း ဖြစ်သွားစေသည်။

ပြောင်းလဲခြင်း

ဗိုက်ကစားလျှင် အမြန်နှုန်းတွေကို ရောယှက်ကစားပါ။ ဥပမာ အိပ်ထမတင် ဆိုပါက တချို့လေ့ကျင့်ချိန်များတွင် နှေးနှေးနှင့် ထိန်းကစားပြီး အများစုအတွက်တော့ မြန်နိုင်သမျှ မြန်အောင် ကစားပါ။ ထိုကဲ့သို့ ကစားခြင်းဖြင့် သန်မာပြီး စွမ်းအားပြည့်ကာ ပေါ်လွင်သော ဗယ်လီကြွက်သားများ တည်ဆောက်နိုင်ပါသည်။

Related posts:

  1. အဆင့်မကျော်ပါနဲ့
  2. ကာယဗလပြိုင်ပွဲ ၀င်တော့မည် ဆိုလျင်
  3. ဗယ်လီအကြောင်း တစေ့တစောင်း
  4. နိုင်ဦး-119 ၏ 2011- ပရိုဂရမ် အသစ်
  5. ကမ်းခြေ မာဆယ်လ်များ