May
9

အားကစားနှင့် ကျန်းမာရေး

Home > General Health > အားကစားနှင့် ကျန်းမာရေး

ဧည့်သည် တင်ဆက်သူ – အောင်အောင်


သင်.အနေနဲ. ဒီပိုစ်.လေးကို ဖတ်ပြီးတဲ.အခါမှာ အားကစား လုပ်ခြင်းရဲ. အကျိုးကျေးဇူးလေးတွေကို သိရှိနိုင်ြ့ပီဆိုရင် ကျွန်တော်ကြိုးစားရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ အားကစားနဲ. ဆက်နွယ်တဲ. ဆေးပညာ ဆောင်းပါးလေးတွေကို ဦးစားပေးတင်သွားမယ်လို. စိတ်ကူးထားပါတယ်။ ကျွန်တော်အနေနဲ. ဒီဆောင်းပါးလေးတွေ တင်ဆက်လို. ဆေးပညာရှင်တစ်ယောက်လို.တော. မထင်လိုက်ပါနဲ.။ ကျွန်တော်လည်း သာမန်လူတစ်ယောက်ပါပဲ။ မိမိသိရှိသလောက်မျှဝေတဲ. အပေါ်မှာ အမှားပါခဲ.ရင် ခွင်.လွတ်ကြပါလို. ပြောကြားရင်း အားကစားလုပ်လို. ရရှိလာတဲ. အကျိုးကျေးဇူးလေးတွေကို တင်ပြသွားပါမယ်။ ကိုယ်လက်လှုပ်ရှား အားကစားပြုခြင်းသည် ကျန်းမာရေးအတွက်များစွာ အကျိုးပြုတယ်လို. ကျွန်တော်တို. သိပြီးသားပါ။ ဒါပေမယ်. ဘယ်လို အကျိုးပြုတယ် ဆိုတာ မိတ်ဆွေ သင်မသိသေးရင် မှတ်ထားပါလို.။

လေ.ကျင်.ခန်းလုပ်ခြင်းကြောင်. တစ်ချို.ရောဂါတွေကို သက်သာစေတယ် တစ်ချို.သော လူနာတွေကို ရောဂါကနေ ပျောက်ကင်းစေပါတယ်။ ဒါကြောင်.လည်း ဆ၇ာဝန်တွေအနေနဲ. လူနာတွေကို လေ.ကျင်.ခန်းလေး တစ်ခုလောက် မှန်မှန်လုပ်ကြဖို. အဖက်ဖက်ကနေ တိုက်တွန်းနေတာ မိတ်ဆွေတို.လည်း သိရှိလေ.လာဖူးမှာပါ။ နောက်ဆုံးအနေနဲ. လမ်းလေးမှန်မှန် လျှောက်ဖို.အထိ တိုက်တွန်းကြပါတယ်။ ဒီလိုဘာဖြစ်လို. တိုက်တွန်းနေရသလဲ ဆိုတာ မိတ်ဆွေအနေနဲ. အောက်က အချက်(၆)ချက်ကို ဖတ်ကြည်.လိုက်ရင် နားလည်မယ်လို. ထင်ပါတယ်။

(၁)သွေးလှည်.အဖွဲ.(Cardio Vascular System)

နှလုံးခုန်နှုံးဟာဆိုရင် သာမန်လူတစ်ယောက်မှာဆိုတစ်မိနစ် (၇၅)ကြိမ်ခန်. ခုန်ပါတယ်။ အားကစားသမား တစ်ယောက်ဟာ ဆိုရင် သာမန်လူထက် နှလုံးခုန်နှုံး အနည်းငယ် လျော.ပါတယ်။ ဥပမာ တစ်မိနစ်အကြိမ် (၆၀)ခန်.သာရှိပါတဲ. အတွက် သာမန်လူထက် မောပန်းမှုဒဏ် ကိုခံနိုင်ပါတယ်။ နှလုံးသည် တစ်ကြိမ်တွန်းညှစ်ခြင်းကြောင်. သွေးပမာဏ ၇၀မှ ၈၀ မီလီမီတာ အထိ ထွက်စေပါတယ်။ အားကစားလေ.ကျင်.မှုကြောင်. ယင်းပမာဏကိုများစေတဲ.အတွက် ကိုယ်တွင်းသွေးလှည်.မှု ကောင်းပြီး ရောဂါ ကင်းရှင်းစေပါတယ်။ ကျွန်တော်တို.လို. ၀ိတ်မ အားကစားဆိုရင် ကျန်းမာရေးကို ဘယ်လောက်အကျိုးပြုတယ်ဆိုတာ မိတ်ဆွေ တွေးကြည်.လိုက်ပါ။

(၂)အသက်ရှုအဖွဲ.(RespiratorySystem)

သာမန်လူတစ်ယောက်ရဲ့ နားနေစဉ် အသက်ရှုနှုံးဟာ တစ်မိနစ်ကို လေ ပမာဏ ၆လီတာဖြစ်ပြီး အားကစားပြုလုပ်ချိန်မှာ ဆို ၁၂၀မှ၁၅၀လီတာထိ အောင်မြှင်.တက်လာပြီး အောက်ဆီဂျင် အသုံးပြုနှုံးလည်း ၁၀ဆမှ၁၅ဆ အထိမြှင်.တက်လာကာ အသက်ရှုနှုံးဟာ ဆိုရင်လည်း ပုံမှန်၁၀နှင်.၁၈ကြိမ်ကြားကနေ ပိုမြန်လာပါတယ်။ တစ်ကြီမ်ရှုသွင်းတဲ. လေပမာဏ ၀.၅လီတာလည်း ထိုထက်များလာပါတယ်။ ဒါကိုကြည်.ခြင်းအားဖြင်. ကိုယ်တွင်းအောက်ဆီဂျင်ကို ပိုမိုရရှိစေပါတယ် ဆိုတာ အားကစားရဲ.အကျိုးကျေးဇူးပါပဲ။

(၃)ကိုယ်အပူချိန်(Body Temperature)

သာမန်အပူချိန်အနေနဲ. ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အားကစားလုပ်ရှားမှု ပြုနေစဉ်မှာ ကိုယ်အပူချိန် အနည်းငယ်တက်လာပြီး လုပ်ငန်းအားလုံး ကောင်းမွန်စွာ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

(၄)ဟော်မုန်းပြောင်းလဲမှု(HormonalChanges)

အားကစားလုပ်ခြင်းကြောင်. ကြီးထွားဟော်မုန်းဂလူကာဂွန်။ ကက်တီကောအေမင်း နှင်.ကော်တီကိုစတီးရွိုက် ဟော်မုန်းများ သွေးတွင်းများစေပါတယ်။

(၅)သွေးတွင်းပြောင်းလဲခြင်း(Blood Change)

သွေးနီဥများ ၊သကြားဓာတ်ပါဝင်မှုများ၊ဖက်တီးအက်ဆစ်များဟာ ဆိုရင် အားကစားလုပ်ခြင်းကြောင်. သွေးတွင်းမှာ များလာစေပြီး အောက်ဆီဂျင် သယ်ယူပို.ဆောင်မှု ပိုကောင်းလာကာ စွမ်းအင်တွေကို ရရှိစေပါတယ်လို. မိတ်ဆွေမှတ်လိုက်ပါ။

(၆)ဇီဝဓာတုဖြစ်စဉ်(Biochemical Change)

အားကစားပြုလုပ်စဉ် ဂလူးကို.စ်ပိုလာပြီး အသည်းနှင်.ကြွက်သားများတွင် သိမ်းထားသော ဂလိုင်ကိုဂျင် ဖြိုခွဲမှုများလာပါတယ်။ အားကစားသမားတွေဟာ သာမန်လူတွေထက် အသည်းနှင်.ကြွက်သားမှာ ဂလိုက်ကိုဂျင် ပိုထိန်းသိမ်းနိုင်ပါသည်။ ဒါတွေကိုကြည်.ခြင်းအားဖြင်. အားကစားလုပ်တယ် ဆိုတာ ဘယ်လောက်ကောင်းတယ်ဆိုတာ သဘောပေါက်မယ်လို. ထင်ပါတယ်။

နောက်ထပ်မတူတဲ. အချက်တွေကတော. သာမန်လူတွေနှင်. နှိုင်းယှဉ်လိုက်ရင် အားကစားသမားတွေဟာ (၁)နှလုံးခုန်နှုံးလျော.ပါတယ် (၂)နှလုံးညှစ်အားကောင်းပါတယ် (၃)သွေးလည်ပတ်စီးဆင်းမှု ကောင်းခြင်း (၄)ရှုသွင်းသော လေပမာဏ များပါတယ် (၅)ကြွက်သားတွေ သန်မာတယ် (၆)သွေးနီဥ အေ၇အတွက်များပြီး သွေးအားကောင်းစေခြင်း (၇)စွမ်းအင်သိမ်းဆည်းမှု ပမာဏပိုကောင်းခြင်း(၈)အချိန်ကြာမြှင်.စွာ အားကစား ပြုလုပ်နိုင်ခြင်း (၉)သွေးတွင်းအဆီဓာတ် လျော.နည်းစေခြင်း (၁၀)စိတ်ဓာတ် ခိုင်မာခြင်းဇွဲရှိခြင်း၊ စီတ်ရှည်ခြင်း၊ သည်းခံခွင်.လွတ်ခြင်းစသည်. စိတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်စေတာကြောင်. သင်.ကောသင်.မိသားစုကိုပါ အကျိုးရှိစေဖို. သင်.အနေနဲ. သင်.မိသားစုကိုလည်း အားကစားတစ်ခုခု လောက်လုပ်ပါလို. တိုက်တွန်းကြည်.ပါလားဗျာ။

ပြန်လည်ဆုံတွေ.ကြပါစို.။ အောင်အောင်(aungaung.aung24@gmail.com)

Related posts:

  1. မြန်မာ့ အားကစား ဖခင်ကြီး ဦးရှိန်
  2. အားကစားနှင့် အကြောလျှော့ခြင်း
  3. သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ
  4. လေ့ကျင့်မှု မလွန်ကဲစေဖို့ ရှောင်ရှားရန် နည်းလမ်းများ
  5. အားကစားသမားနှင့် ဖိုမသဘာဝ