May
4

အားကစားသမားနှင့် ဖိုမသဘာဝ

Home > General Health > အားကစားသမားနှင့် ဖိုမသဘာဝ

ဧည့်သည် တင်ဆက်သူ – အောင်အောင်

မိတ်ဆွေ သင်.အနေနှင်. လူ.သဘာဝအရ ကာမဆက်ဆံမှုဟာ အားကုန်သည်၊ အားယုတ်သည်ဟူပြီး ယူဆခဲ.မှာပဲ။  ကျွန်တော်လည်း ဒီလိုပဲ ယူဆခဲ.ပါတယ်။ အမျိုးသားတွေရဲ့ သုတ်ရည်တစ်စက်ဟာ သွေးအစက်(၆၀)နှင်.ညီမျှလို.သုတ်ထွက်တိုင်း အားယုတ်တယ်လို.ထင်ခဲ.ကြပါတယ်။ ထိုအယူအဆမှားကြောင်.လည်း ပြိုင်ပွဲဝင်ရန် စခန်းသွင်းသောအခါ လင်နှင်.မယား ဖိုမ ဆက်ဆံဖို.ခွင်.မပြုခဲ.ပေ။

အားကစားသမားတစ်ဦး ဇနီးမယားရှိပါက ပုံမှန်လိင်ဆက်ဆံမှုပြုနိုင်ရန် အရေးကြီးပါတယ် ပြိုင်ပွဲဝင်ဖို. စခန်းသွင်းခဲ.ရရင် တစ်ပတ်နှစ်ပတ်က ဘာမှမဖြစ် တစ်လ နှစ်လဆိုပါက တစ်လလျှင် တစ်ခါ သို.မဟုတ် နှစ်ပတ်တစ်ခါ လိင်ဆက်ဆံမှု ပြုနိုင်ဖို.လိုသည်။ ၁၉၆၂- ခုနှစ်မတိုင်မီက မြန်မာ ဘောလုံးအသင်းသည် နိုင်ငံခြားတွင် ချစ်ကြည်ရေး သွားကစားရာ ရက်လရှည်ကြာသဖြင်. ဘောလုံးပွဲအချို.မှာ အရှုံးနှင်. ရင်ဆိုင်ရသည်။ အသင်းခေါင်းဆောင် အားကစားအရာရှိ ဆရာညိမ်းမှ ဘောသမားများကို ပိုက်ဆံပေးပြီး လွတ်လွတ်လပ်လပ် ပျော်ပါးစေမှ အားကစားစွမ်းရည် ပြန်တက်လာပါတယ်။ သိုတိုင်.ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေ၀င်း၊ ဦးဝေလင်း။ ဦးသိန်းတန် တို.သည် မည်.သည်.မိန်းမနှင်.မှမပျော်ပါးပဲ ကာမစိတ်ကိုထိန်းနိုင်တယ်လို. ကျွန်တော် လေ.လာခဲ.ရပါတယ်။ အသင်းအဖွဲ.နှင်. ကစားရသော အဖွဲ.များတွင် ဇနီးမယား သို.မဟုတ် ရည်းစားနှင်. ခွဲနေရသည်.အခါကြာလျှင် စိတ်ဓာတ်ကျဆင်းမှု ဖြစ်တတ်ပါတယ်။ ကြာသောအခါ မိမိကိုယ်ကို ယုံကြည်မှုနည်းလာပြီး ပန်းသေ ပန်းညှိုးဝေဒနာစွဲကပ်နေပြီဟု အထင်မှားစေပါတယ်။
အမှန်တကယ်တော. အားကစားလေ.ကျင်.ပြီးလျှင် ညမှာ ကုလားသေကုလားမော အိပ်ပစ် တတ်ကြသည်။ ထိုအခါ ကာမစိတ် မလာခြင်း၊ လိင်တံမတောင်.တင်းခြင်း တို. ဖြစ်တတ် သောကြောင့် ပန်းသေပြီထင်ပြီး အားကစားပြိုင်ပွဲမှာ ထိခိုက်နိုင်သည် အမှန်တကယ်တော. နေ.တွင် အားကစားလုပ်ပြီး ညဘက်တွင် ပင်ပန်းသောကြောင်. တစ်ကိုယ်လုံး အနား မရသေးသဖြင်. လိင်စိတ်မလာခြင်း ၊ လိင်တံမတောင်.တင်း နိုင်ခြင်းတို.ဖြစ်တတ်ပါတယ် ပန်းသေခြင်းမဟုတ်ပါ။ မည်သူပင်ဖြစ်စေ အားကစားလေ.ကျင်.မှုများအပြီး လူပင်ပန်းနေပါက လိင်ဆက်ဆံမှုမပြုသင်.ပါ အနားရပြီး စိတ်ရွင်လန်းချိန်မှသာ လိင်ဆက်ဆံမှု ပြုသင်.တယ်လို. ထင်ပါတယ်။
အချို.သော အားကစားသမားတို.သည် အောက်ခံဘောင်းဘီအကျပ်များကို နှစ်ရှည်လများ ၀တ်ဆင်လာသောအခါ ဝှေးစေ.များပူလောင်ပြီး သုတ်ကောင် ထုတ်လုပ်မှုကျဆင်းလာကာ ဆက်ဆံမှုပြုလျှင် ကလေးမရဖြစ်တတ်ပါတယ်။ ထိုအခါမိမိကိုယ်ကို မြုံသည်ဟု ထင်ကာစိတ်ဓာတ်ကျ တတ်ပါတယ် မိတ်ဆွေအနေနှင်. ဘောင်းဘီကျပ်များကိုချွတ်ပြီး (၆)လမှတစ်နှစ်ခန်.အနားယူလိုက်ပါက သုတ်ဖြစ်ထွန်းမှုပြန်ကောင်းကာ ကလေးပြန်ရနိုင်ပါတယ်။
အချို.အားကစား သမားတွေဟာ အိမ်ထောင်မရှိလို.ဖြစ်စေ မိမိဇနီးနှင်.ခွဲခွာနေလို.ဖြစ်စေ လိင်စိတ်ကို လက်ဖြင်. ဖြေဖျေက်တက်ကြပါတယ် ထိုအခါ မိမိမှာ အားကုန်ပြီး အားနည်းသွားပြီး ပန်းသေနိုင်တယ်လို. ထင်တတ်ကြပါတယ်။ ဒါတွေဟာ တကယ်တော. အယူအဆမှားတွေပါ။ အလွန်အကျွံ မပြုလုပ်ပါက မိမိကို မထိခိုက်နိုင်ပါလို. အလွန်အကျွံဆိုသည်မှာလူပေါ်မူတည်ပါတယ် သန်စွမ်းသူတွေကတော. တစ်ပတ်မှာ (၂) ခါထက်မပိုတာ အကောင်းဆုံးပါလို.တင်ပြရင်း မိတ်ဆွေတိုလည်း အားကစားနှင်. လိင်ဆက်ဆံမှု ဘယ်အပိုင်းက ကိုယ့်အတွက် အကျိုးပိုရှိတယ် ဆိုတာ စဉ်းစားတွေးခေါ်တတ်ပါစေ။
လူတိုင်းအတွက် ဘယ်အရာမဆို တန်ဆေးလွန်ဘေး လို. နားလည်ကြပါစေ

ရေးသားသူ – အောင်အောင်

Related posts:

  1. နှလုံးခုန်နှုန်းနှင့် အားကစား၏ အကျိုးကျေးဇူး
  2. သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ
  3. ဖလှက်ဝှီးလား ၏ ကာယဗလ ဒဿန အပိုင်း(၁)
  4. ကာယဗလနှင့် ကြည့်မှန် တစ်ချပ်
  5. ကိုယ့်ဘ၀နှင့် ကိုယ်