May
22

အားကစားနှင့် အကြောလျှော့ခြင်း

Home > General Health, Training and Contest > အားကစားနှင့် အကြောလျှော့ခြင်း

ဧည့်သည် တင်ဆက်သူ – အောင်အောင်

ကျွန်တော်တို.အနေနဲ. မည်သည်. အားကစားပဲ လုပ်ပါစေ လေ.ကျင်.ခန်း မစတင်မှီ အကြော.လျှော. သွေးပူလေ.ကျင်.ခန်းကို မပျက်မကွက် ပြုလုပ်သင်.ပါတယ်။ ဒီလိုပါပဲ လေ.ကျင်.ခန်း ပြီးဆုံးသွားရင်လည်း သွေးအေး လေ.ကျင်.ခန်း ပြုလုပ်ပေးရပါတယ်။ ဒီလိုပြုလုပ်ရတဲ. ရည်ရွယ်ချက်ကတော. လေ.ကျင်မှုမှာ ပိုကောင်းစေပါတယ်။ တစ်နည်းအားဖြင်. တစ်ကိုယ်လုံး သွေးပြန်.ပြီး အဆင်.သင်.ဖြစ်စေဖို. စက်နှိုးထားတဲ. သဘောပါပဲ။ သွေးပူသွေးအေး ပြုလုပ်ရမဲ. ကြာချိန်ကတော. လူတစ်ယောက်နဲ. တစ်ယောက်ပုံမှန် မရှိပါဘူး။ ရာသီဥတုနှင်. အနှေးအမြန်မှာလည်း မူတည်နေပါတယ်။ ယခုလို ပူပြင်းချိန်တွေဆို (၁၀)မိနစ်လောက်နဲ.တင် တော်တော် လုံလောက်ပါတယ်။ ဆောင်းတွင်းလိုမျိုး အေးနေတဲ.အချိန် မိမိကိုယ်တိုင်ကလည်း သွေးအေးနေတဲ. အချိန်မှာဆို မိနစ်(၂၀)လောက် လိုအပ်ပါတယ်။ သွေးပူလုပ်ပေးခြင်းဖြင်. နှလုံးခုန်နှုံး မြန်လာပြီး တစ်ကိုယ်လုံး သွေးပူလာတဲ.အခါမှာ သွေးလှည်.ပတ်မှု ကောင်းလာပြီး ကြွက်သားနှင်. ကြွက်သားအမျှင်များ ပျော.ပျောင်းလာကာ ထိခိုက်ဒဏ်ရာရမှုတွေ လွယ်လွယ် မဖြစ်တော့ပါဘူး။ အာရုံကြောနှင်. ကြွက်သားတွေ အတိုင်အဖောက် ညီလာပြီး ကစားတဲ.အချိန်မှာ ကြွက်သား ညှစ်အားကို ကောင်းစေပါတယ်။ ကာယဗလ အားကစား လေ.ကျင်.တော.မဲ. လူတစ်ယောက် အနေနဲ. အကြော.လျှော. လေ.ကျင်.ခန်းတွေကို မိမိကိုယ်တိုင် တစ်ပတ်မှ နှစ်ပတ်ခန်. ကြိုတင် လေ.ကျင်ထားခြင်းဖြင်. မိမိစတင်. အလေးမမည်.နေ.တွင် အကြောအခြင် တင်းတင်းရင်းရင်း မရှိတော.ပဲ လွယ်ကူစေပါတယ်။ သွေးပူလုပ်တဲ. နေရာမှာလည်း စိတ်အားလောကြီးစွာ မလုပ်ပဲ ဖြည်းဖြည်းချင်းမှ အရှိန်တိုးပြီး ပြုလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ကြွက်သားတွေ ဒဏ်ရာမရအောင် အကြော.လျှော.ကာမှ အကြော.လျှော.လို. ဒဏ်ရာရတယ်လို. ဖြစ်နေပါမယ်။ မိတ်ဆွေ အကောင်းဆုံးကတော. သက်သက်သာသာနှင်. ဖြည်းဖြည်း လုပ်တာ အကောင်းဆုံးပဲလို. ထင်ပါတယ်။ အကြော.လျှော.ခြင်းရဲ. အကျိုးကျေးဇူး ရလဒ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ လေ.လာကြည်.လိုက်ပါ။ မိတ်ဆွေပြီးရင် မှတ်သားထားလိုက်ပါ။ အကျိုးမယုတ်စေဘူးလို. အာမခံပါတယ်။
၁။အသေးစား ထိခိုက် ဒဏ်ရာတွေကို ကာကွယ်ပေးပါတယ်
၂။ကြွက်သားများ နာကျင်ကိုက်ခဲမှုကို လျှော.နည်းစေခြင်း၊ အဆစ်များ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်စေခြင်း
၃။လှုပ်ရှားမှုကို သတိရှိခြင်း
၎။ကြွက်သား ထိန်းချုပ်မှု အသိစိတ် တိုးလာခြင်း
၅။လုပ်ဆောင်မှုနှင်. ကြွက်သား အတိုင်အဖောက် ညီလာခြင်း
၆။စိတ်ပင်ပန်း ဖိစီးမှုနှင့် ကြွက်သား တင်းကြပ်မှု လျှော.နည်းစေခြင်း
၇။သွေးလှည်.ပတ်မှု တိုးတက်စေခြင်း
၈။အပန်းဖြေမှု ရရှိစေခြင်း

တို.ဖြစ်ပါတယ်။ ဒါကြောင်. ကျွန်တော်တို.အနေနဲ. gymေ၇ာက်တဲ.အခါမှာ သွေးပူလေးတော. မဖြစ်မနေ ပြုလုပ်ကြဖို. သတိရှိသင်.ပါတယ်။ gymေ၇ာက်တာနှင်. အလေးတန်းမတဲ. အကျင်.ကို ဖျောက်ကြပါ။ တစ်ချို. လူငယ်ပိုင်းလေးတွေ ရှိပါတယ်။ gymေ၇ာက်ရင် အလေးမတာ နည်းနည်း ဘော်ဒါတွေ ခေါင်းချင်းဆိုင်ပြီး ချန်ပီယံလိဂ်၊ ပရီးမီယားလိဂ် အစရှိတဲ. ဘောလုံးပွဲ အကြောင်းတွေကို ရေပက်မ၀င် ပြောနေကြတာ။ ဒါတွေက မဖြစ်သင်.ပါဘူး။ gymလာရတဲ. ရည်ရွယ်ချက်က ဘာလုပ်ဖို.လဲဆိုတာ ပြန်စဉ်းစားကြပါ။ နည်းနည်းလေး မလိုက် စကားကြာကြာ ပြောလိုက်နဲ. ဆိုတော. သွေးအေးပြီး ကစားနေတဲ. လေ.ကျင်.ခန်း အပေါ်မှာ စိတ်ဝင်စားမှု လျှော.နည်းပြီး အကြိမ်ရေတွေ၊ အကျော.တွေကို ပြီးဆုံးအောင် မလုပ်နီုင်ကြတော.ပဲ အချိန်တန် အိမ်ပြန်ကြတော. နောက်ဆုံး ဒီအကျိုးဆက်က ဘာရလာလဲ ဆိုတော. အချိန်တန် သင်တန်းကြေးပေး နေတာပဲ။ အဖတ်တင်ပြီး တိုးတက်မှု မရှိလာပဲ ဒီgymက နည်းပြတွေက မကောင်းပါဘူးကွာ ဆိုတဲ. အသံတွေ ထွက်လာပြီး နည်းပြခေါင်းပေါ် ပုံချကြပါတယ်။ ဒါကြောင်. မိမိရဲ. တိုးတက်မှု ဆုတ်ယုတ်မှုဟာ မိမိအပေါ်မှာပဲ မူတည်နေပါတယ် ဆိုတာ တင်ပြရင်း ဒီပို.စ်လေးကို အဆုံးသတ်လိုက်ပါတယ်။ ဘော်ဒါတို့ ကောင်းကျိုး လိုရာ ဆုတွေပြည်.ကြပါစေ။

Related posts:

  1. မြန်မာ့ အားကစား ဖခင်ကြီး ဦးရှိန်
  2. သွေးပူလုပ်ခြင်း
  3. သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ
  4. အားကစားနှင့် ကျန်းမာရေး
  5. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း