MYANMARFITNESS နှင့် ရင်းနှီးချင်သူများ ဒီနေရာတွင် စပါ
သံမဏိတွေနဲ့ ရင်းနှီးသော မိတ်ဆွေကို The Home of Myanmar Bodybuilding and Fitness မှကြိုဆိုပါသည်။ သင်သည် လူတကာ လက်လန်နေသော သံလုံး၊ သံပြား၊ သံတုံးတွေကို ထိသိခဲ့ဖူးတယ်ဆိုတာ ကျွန်တော်တို့ နားလည်သည်။ သင်သည် အဲသည့်သံမဏိတွေကနေ ကိုယ့်အသွေး၊ အသားတွေကို ဘယ်လို ပုံဖော်မယ်တည်ဆောက်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ အရာကို ဖြစ်နိုင်အောင် လုပ်မယ်ဆိုတာ ကျွန်တော်တို့ သဘောပေါက်သည်။ ထိုကဲ့သို့ တည်ဆောက်နေစဉ် သင်သည် လူတကာနှင့် ကတောက်ကဆ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ သိသည်။ ဒီမှာ ကျွန်တော်တို့ရှိနေပြီပဲ။ ကျွန်တော်တို့ bodybuilding(fitness) သည် လူကြိုက်သိပ်မများပါ။
“Everything popular is wrong.” – Oscar Wilde, The Importance of Being Earnest
လူကြိုက်မများလည်း အားမပေးလည်း ကျွန်တော်တို့ ဂရုမစိုက်ပါ။ ကျွန်တော်တို့ သည်ဝဘ်ဆိုက်မှာ ဘာတွေ လုပ်သလဲ။ နစ်မြုပ်နေသော ရတနာတစ်ခုကို ရှိသည်ဆိုတာ သေချာသိသော မြန်မာ ညီအကိုများ ပူးပေါင်းကာ တူးဖော် ထုတ်ပြနေခြင်းသာဖြစ်သည်။
သည် ၀ဘ်ဆိုက်ရဲ့ founder and editor ကျွန်တော် နိုင်ေ၀၀င်း ဘာကောင်လဲ။ သည်မှာ ကြည့်ပါ။
ဒီ သံမဏိလောကမှာ တဘ၀လုံးနီးနီး နှစ်မြုပ်ထားသည့် ကျွန်တော်တို့ရဲ့ အဓိက ရဲဘော်ကြီး ကိုနိုင်ဦး(119) ဆိုတာ ဘယ်သူလဲ။ သည်မှာကြည့်ပါ။
နောက် ကျွန်တော်တို့ရဲ့ bodybuilding history ကို ခုခံကာကွယ်မည့် ခေါင်းဆောင်ကြီး အောင်အောင် ဆိုတာ ဘယ်သူလဲ။ သည်မှာ ကြည့်ပါ။ ပြီးတော့ သူရေးထားတဲ့ ဆောင်းပါးတွေကို သည်မှာ ကြည့်ပါ။
နိုင်ဦး စာမျက်နှာဆိုသည်မှာ ကိုနိုင်ဦး(119) တင်ထားသည့် ပို့စ်မှန်သမျှပါရှိပါသည်။ သူတို့နှစ်ယောက်ရေးသည်ကို ကျွန်တော်သည် Posted by Phyo Wai Win ဆိုပြီး ထည့်တင်ထားပါသည်။ ကျွန်တော့် အကို ဖြိုးေ၀၀င်းအကြောင်း သည်မှာ ဖတ်ပါ။ ကိုနိုင်ဦးနှင့် ကိုအောင်အောင်တို့ ရေးပြီးသမျှကို ဖယ်လိုက်လျှင် Posted by Naing Wai ဆိုသည့်ပို့စ်အားလုံးသည် ကျွန်တော် နိုင်ေ၀၀င်း ရေးခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ ၀ဘ်ဆိုက်မှာ သည်လို အပိုင်းလေးတွေခွဲထားပါတယ်။
Fitness ဆိုသည်မှာ ကာယဗလ တစ်ခုတည်းအတွက် မဟုတ်ပါ။ အထွေထွေ ကျန်းမာရေးကိုလည်း လုံးဝကို အထောက်အကူပြုသည် ဆိုသည်ကို အဲသည့်စာမျက်နှာတွင် တွေ့နိုင်သည်။
ကာယဗလ၊အလှနှင့် ပတ်သက်လာလျှင် လက်တွေ့ လက်ငင်းအသုံးချနိုင်သော ချန်ပီယံများ ပြောကြားသည့် နည်းတိုလေးများ အများဆုံးပါဝင်သည်။.
ကာယဗလဆိုတော့ ကာယနှင့်ပဲ သက်ဆိုင်လိမ့်မည်ဟု ထင်မှတ်ခြင်းသည် လုံးဝမှားယွင်းသည်။ စိတ်ဓာတ်နှင့် ကိုယ်ခန္ဓာ အကောင်းဆုံးဆက်သွယ်ထားမှသာ အောင်မြင်နိုင်သော အားကစားများထဲတွင် bodybuilding သည် ထိပ်ဆုံးက ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်အောင်လည်း ကျွန်တော်တို့ အဲသည့်စာမျက်နှာမှာ ကြိုးစားထားသည်။
စားသောက်နည်း ဒိုင်းယက်အမျိုးမျိုးအတွက် နည်းကောင်းတွေ စုံလင်စွာ ပါရှိသည်။
နိုင်ဦး(119)၏ အထူးသီးသန့် စာမျက်နှာဖြစ်ပြီး သူ့လက်ရာများ အားလုံးကို ခံစားနိုင်သည်။
ပြိုင်ပွဲတွေ၊ ဆုရလဒ်တွေအကြောင်းနှင့် ကစားနည်းတွေအကြောင်း ရှင်းလင်းဖော်ပြထားသည်။
ကမ္ဘာမှာ မှတ်ကျောက်တင်ခဲ့သည့် ဖြစ်ရပ်များကို စုစည်းထားခြင်းဖြစ်သည်။
အထူးသဖြင့် အဆီချချင်သူများအတွက် စာမျက်နှာဖြစ်သည်။
ကျွန်တော်တို့မှာ နောက်ထပ် ကဏ္ဍလေးတွေလည်း ရှိသည်။
ကျွန်တော်၏ ကာယဗလချန်ပီယံများ စာအုပ်။ 2012 ဖေဖော်ဝါရီလတွင် ထုတ်ဝေပြီးဖြစ်သည်။ အဲသည့်စာအုပ်မှ နောက်ဆုံး အခန်းအကြောင်း သည်မှာ ကြည့်နိုင်သည်။
ကိုနိုင်ဦး၏ တန်ဖိုးရှိလှသော ebookများကို သည်မှာ downloadယူကာ ဖတ်ရှုနိုင်သည်။
ကာယဗလနှင့် ပတ်သက်လာလျှင် supplement အကြောင်းကိုလည်း ကောင်းကောင်းသိထားမှ ဖြစ်မည်။ သည်မှာ download ဆွဲကာ မှတ်သားနိုင်သည်။
နောက်ပြီး ကျွန်တော်တို့၏ ပျောက်ဆုံးသွားသော ဖိုရမ်ကြီးကို သည်နေရာမှာ လျှို့ဝှက်စွာ သိမ်းဆည်းထားသည်။
Myanmar Fitness သည် ယောက်ျား၊ မိန်းမ အကုန်လုံး အတွက်ဖြစ်၏။ သို့သော်လည်း ကာယအလှမယ်များကို စည်းလုံးလို့မရသေးသည်မှာ ကျွန်တော်တို့၏ ညံ့ဖျင်းမှုကြောင့်ပင်။ နောက်နောင်မှာတော့ သူတို့ထဲမှ တစ်ယောက်ယောက်ဖြစ်ဖြစ် ပူးပေါင်းလိမ့်မည်လို့ မျှော်လင့်ပါသည်။ အကယ်၍ စာဖတ်သူများထဲမှလည်း အမျိုးသမီး ကာယအလှအတွက် အကြံပေးချင်တယ်ဆိုလျှင် ကျွန်တော်တို့ ၀မ်းမြောက်စွာဖြင့် ကြိုဆိုပါသည်။ အမျိုးသမီး ကိုယ်ကာယအလှကို အမျိုးသမီး ကိုယ်ကာယကောင်းကောင်း ကစားထားသူသာလျှင် အကောင်းသိနိုင်သည်မှာ အမှန်ဖြစ်သည်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် အမျိုးသမီး ကာယအလှအတွက် ကြိုးစားရေးထားပါသည်။ ကြည့်ကြည့်ပါ။
ကယ်လိုရီအကြောင်း ပြည့်ပြည့်စုံစုံ
Felicia Romero ၏ လေ့ကျင့်မှု သဘောတရား
ဘယ်ပုံ ဘယ်နည်း စားရမလဲ အတွက် အဖြေ
အေရိုးဗစ် ကာဒီရို က အရေးကြီးသလား?
အမျိုးသမီးများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု
ခန္ဓာကိုယ်အနောက်ပိုင်း တည်ဆောက်ခြင်း သို့မဟုတ် ပေါင်တရာ ကျော်ကျစေသည့် လေ့ကျင့်ခန်း
ကျွန်တော် နိုင်ေ၀၀င်း၏ အကြိုက်ဆုံး ဆောင်းပါးများ
၂၀၁၀ မောင်မြန်မာ ပြိုင်ပွဲမှ ကျွန်တော့် သင်ခန်းစာများ
ကိုယ်ကာယ ကစားခြင်း၏ အကျိုးကျေးဇူး
လေ့ကျင့်ကစားခြင်းကို အမြဲ သစ်လွင်တက်ကြွ ကစားဖို့ဆိုလျှင်
ဥပဒေနှစ်ခုကို တရားဝင် ပေါင်းစပ်သောအခါ
နိုင်ဦး(119) ၏ အကြိုက်ဆုံး ဆောင်းပါးများ
အကောင်းဆုံး အာဟာရလမ်းညွှန်ချက်များ
အနာဂါတ်ရဲ့ မောင်အိုလံပီယာ ချန်ပီယံသည် အာရှသားဖြစ်လေမလား
ဘာတွေဖြစ်ကုန်တာလဲ ၂၀၁၀ မောင်မြန်မာပြိုင်ပွဲ
ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ series
ဖီးလ်ဟိသ်၏ ၀မ်းဗိုက်ကြွက်သား ကစားနည်း
အောင်အောင်၏ အကြိုက်ဆုံး ဆောင်းပါးများ
မြန်မာ့ ကာယဗလလောက ပိုမိုတိုးတက်စေချင်
သတိပြုသင့်သော စတီးရွိုက်နှင့် တားမြစ်ဆေးများ
ချန်ပီယံများအတွက် (s) ခုနှစ်လုံး
THE LIST
ရှိသမျှ ဆောင်းပါးများ စာရင်းရှင်းတမ်း
စာဖတ်သူ မိတ်ဆွေကို ကျေးဇူးတင်လျှက်
နိုင်ေ၀၀င်း
The Administration of the Myanmarfitness
Website Designer and Creator – Phyo Wai Win (phyowaiwin ‘at’ yahoo dot com)
Founder and Editor – Naing Wai Win (nww ‘at’ myanmarfitness dot com)
Associate and Writer – Naing Oo (intensemuscle ‘at’ gmail dot com)
Contributor and Writer – Aung Aung (aungaung.aung24 ‘at’ gmail dot com)
စာဖတ်သူ မိတ်ဆွေကို ကျေးဇူးတင်လျှက်က သံမဏိကမ္ဘာမှ လှိုက်လှဲစွာ ကြိုဆိုပါ၏။ အကယ်၍ မိတ်ဆွေသည် ကျွန်တော်တို့ ဆိုဒ်မှ ပို့စ်များကို ကိုယ့် email inbox တွင် အသစ်တင်တိုင်း ပို့ဆောင်ပေးလိုပါက သည်မှာ လွယ်ကူစွာ မှာယူနိုင်သည်။ ပြီးလျှင် ကျွန်တော်တို့ ဆိုဒ်ရဲ့ ညာဖက်ဘေးမှာ ရောက်တတ်ရာရာ ဆောင်းပါးဆိုတာဖန်တီးထားသည်။ ကိုယ်ကြိုက်တဲ့စကားလုံးလေးကို ရွေးချယ်ဖတ်ရှုဖို့ Cloud Tag လေးတွေလည်း ပြုစုထားသည်။ အချိန်ယူကာ ကျွန်တော်တို့ သံမဏိလောကထဲကို ကြိုက်သလို မွှေနှောက်သွားလိုက်ပါဦး။ အကယ်၍ မေးစရာရှိ။ တစ်ခုခု ပြောစရာရှိလျှင် အထက်က email များဆီသို့ မနှောင့်မနှေး ဆက်သွယ်ဖို့ကို တိုက်တွန်းပါရစေခင်ဗျာ။ စာဖတ်သူကို ကျွန်တော်တို့ ၀ိုင်းတော်သားများ အားလုံးက လေးစားချစ်ခင်လျှက် ရှိပါကြောင်း။




