Arnold
ရှုံးနိမ့်ခြင်းသည် အောင်မြင်ခြင်းဖြစ်သည်
Posted by Naing Wai | 4 Comments »
“Many a false step was made by standing still.” – FORTUNE COOKIES
သင် ရှုံးနိမ့်ဖူးသလား? ဒါတော့ မေးစရာပင်မလို။ ဘာမှ မလုပ်သောသူသာလျှင် ဘယ်တော့မှ မရှုံးနိမ့်ဆိုတာကို ကျွန်တော်တို့ သိကြသည်။ ကျွန်တော်တို့ ကာယဗလကစားသူများအတွက်ရော။ တခြား ရေးရာများမှာလည်း ကျွန်တော်တို့ ရှုံးနိမ့်ကြသလို ကာယဗလအရာမှာလည်း ရှုံးနိမ့်ခြင်းနှင့် အမြဲလိုလိုရင်ဆိုင်နေရသည်။ ကျွန်တော်တို့ ကစားသမားများသည် သာမာန်လူများထက်ပင် ရှုံးနိမ့်ခြင်း(failure) ကို ပိုရင်းနှီးကြသည်။ ဘာကြောင့်လဲ? ဘာကြောင့်ဆို ကျွန်တော်တို့ ကစားတိုင်း အကြိမ်တိုင်း အကျော့တိုင်းမှာ ရှုံးနိမ့်အောင် ကစားရသောကြောင့်ဖြစ်သည်။
ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်
Posted by Phyo Wai Win | 11 Comments »
တင်ဆက်သူ – အောင်အောင်
ယနေ. ကာယဗလလောကမှ လူတွေကို တစ်ခြားသော သူများက အမျိုးမျိုးသော ဝေဖန်မှုတွေရှိတယ် ဆိုတာ သင်တို.လည်း ကြားကြမှာပါ။ ယုတ်စွအဆုံး ကိုယ်နဲ. အနီးကပ် ပေါင်းသင်းနေတဲ. သူငယ်ချင်းကတောင် ကျွန်တော်တို.ကို မင်းတို.တွေ ၀ိတ်မ ပြီး ဘာလုပ်မှာလဲ ကူလီထမ်းမှာလား ၊ နိုက်ကလပ်မှာ လုံခြုံရေးလုပ်မှာ လား အစရှိသဖြင်. အမျိုးမျိုး ထင်ကြေးပေးနေ ကြသလို တစ်ချို.သော သူများကလည်း ၀ိတ်ပေါ ကြီးတွေ အလကားကောင် တွေပါကွာ သတ္တိမရှိပါဘူး ၊ ဦးနှောက်မရှိလို. ဒုက္ခခံပြီး အလေးအပင် ကို မနေကြတာပေါ. ဦးနှောက်ရှိတဲ.လူ ဆို ဒီလို လုပ်ပါ.မလား
ရင်ဘတ်တွန်းခြင်းဟူသည်
Posted by Naing Wai | 3 Comments »
ရင်ဘတ်တွန်းခြင်းသာ သင့်လေ့ကျင့်ချိန်တွင် မပါရှိလျှင် သင်၏ ရင်အုပ်မို့မောက်ကြီးထွားလာဖို့ မျှော်လင့်ချက် ကင်းဝေးမည်သာဖြစ်သည်။ ကြီးမားခိုင်ခံ့သော အလေးများနှင့် ပြည့်နေသည့် ရင်အုပ်တွန်းစင်နှင့် ခုံသည် ကြီးမားကျယ်ပြန့်သော ရင်အုပ်ပိုင်ရှင်များ၏ သင်္ကေတဖြစ်သည်။ ပြီးတော့ မည်သူသည် အထင်ကြီးအားကျစရာ ရင်အုပ်ကို မပိုင်ဆိုင်လိုသနည်း?
Continue reading“မြင်ပါ၊ ရယူပါ” – အာနိုးရွှာဇီနက်ဂါး
Posted by Naing Wai | 2 Comments »
“ကျွန်တော်သည် ကွဲပြားခြားနားချင်သည်။ ကျွန်တော်သည် အောင်မြင်ချင်သည်။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် ကျော်ကြားချင်သည်။ လောကကြီးအပေါ် ကောင်းကျိုးတစ်ခုခုတော့ သက်ရောက်သွားချင်သည်။ ဟူ၍ ကျွန်တော့်အတွင်းစိတ်ထဲမှာ အမြဲတမ်းစွဲမြဲနေသည်။ အဲသည့်ဆန္ဒတွေ ဘယ်က ရောက်လာသလဲ? ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်မှာ သြစတီးယား ရွာတစ်ရွာမှာ ယိုင်တိယိုင်တိုင် ကြီးပြင်းလာခဲ့လို့လား?
Continue readingသင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါ
Posted by Phyo Wai Win | 8 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
“ကျွန်တော် ကာယဗလ စတင်လေ့ကျင့်စဉ်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပုံကျအောင် ဘယ်လိုကစားရမလဲ ဆိုတာပါဘဲ။ ဒါ့ကြောင့် ကျွန်တော် အာနိုးရဲ့ ကစားနည် ဗီဒီယို pumping iron ကိုနေ့ တိုင်း ကြည့်ပါတယ်။ ပြီးတော့ ကျွန်တော် ကစားတဲ့ gym မှာ တခြားသူတွေ ကစားတဲ့ပုံကို လေ့လာကြည့်ပါတယ်။ သေသေချာချာ လေ့လာကြည့်တော့မှ ဒီလူတွေ ဘာကြောင့် တိုးတက်မူ့မရှိလဲဆိုတာ သိလာပါတော့တယ်။
Continue readingအာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်း
Posted by Naing Wai | No Comments »
ကျွန်တော်တို့ ၁၉၇၃ခုနှစ် ဂျူလိုင်လ ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ် ဂျင်မ် (Gold’s Gym) သို့ သွားကြပါစို့။ အာနိုးရွှာဇီနက်ဂါး၏ ဘ၀နှင့် လေ့ကျင့်မှုထဲသို့ စေ့စေ့စပ်စပ်ဝင်ကြည့်ကြပါစို့။ ကမ္ဘာ့အကျော်ဇေယျကြီးတစ်ဦးကို ပုံသွင်းထုလုပ်ပေးခဲ့သော သွေး၊ ချွေးနှင့် ကြမ်းတမ်းလှသော လေ့ကျင့်ကစားမှုများကို အသက်ပြန်သွင်းကြည့်ကြရအောင်။
ကယ်လီဖိုးနီးယာ။က ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ်ဂျင်မ်မှာ သြစတီးယား ၀က်သစ်ချပင်ကြီးဟု အမည်ရသည့် အာနိုး၏လေ့ကျင့်ချိန်သက်သက်ကို ဖော်ပြရုံသာမဟုတ်ဘဲ ထိုနေရာမှာ အာနိုးနှင့်အတူ ဖြစ်ပျက်သွားတာလေးကိုပါ လိုက်ပါကြည့်ရှုရန်ဖြစ်သည်။ အာနိုးသည် သူ၏ မောင်အိုလံပီယာ လေးထပ်ကွမ်းအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
Posted by Phyo Wai Win | 4 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—15—၂-လသို့ မဟုတ်၃-လလောက် ကစားပြီး တစ်ပတ်လောက် အနားမယူခြင်း
ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်၊ သင့်ကြွက်သားများကို အနားပေးရန်မှာ လိုအပ်ချက်ဖြစ်သည်။ ထိုသို့  အနားပေးခြင်းဖြင့် သင့်ကိုမတော်တဆဖြစ်ခြင်းများမှ ကာကွယ်ပေးပြီး ကြွက်သားများ တိုးတက်ကြီးထွားစေရန် အထောက်အကူများစွာ ပြုသည်။ လူအတော်များများသည် ကစားကောင်းတုန်း၊ အရှိန်ရတုန်းမနားချင်ကြပေ။ နားလိုက်လျှင် တိုးတက်မှုများ ရပ်တန့်သွားမည်ကို စိုးရိမ်ကြသည်။ အမှန်မှာတော့၊ ထိုသို့ နားမှသာ သင့်အတွက် အကျိုးရှိပေမည်။
ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄
Posted by Phyo Wai Win | 2 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—14—-လေ့ကျင့်နည်း သဘောတရားများကို ပတ်လည်အောင် မကစားခြင်း
ယခုဆိုလျင် ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးများကို သင်လေ့လာခဲ့ပြီး သင်သည် ပိုမိုထွားကျိုင်သန်မာစေရန် တစ်ပတ်လျင် သုံးလေးရက်ထက် ပိုမကစားရန်၊ ကစားချိန်တစ်ချိန်လျင် 45-မိနစ်ထက် ပိုမကြာရန်နှင့်10-ကျော့မှ16-ကျော့အတွင်းသာကစားရန် ဟူသောအရေးကြီးပြီး အခြေခံကျသော သဘောတရားများကို သင်နားလည်သဘောပေါက်လောက်ပြီဟု မျှော်လင့်မိပါသည်။ သို့ သော် ကြွက်သားထုကြီးထွားရန် အတွက်နောက်ထပ် အရေးကြီးသော သဘောတရားတစ်ခုကို တင်ပြချင်ပါသည်။
Gym Bag – အာနိုး၏ လက်မောင်းကစားနည်း လမ်းညွှန်ချက်
Posted by Naing Wai | 1 Comment »
စူပါဆက် Supersets ဆိုသည်မှာ ဆန့်ကျင်ဘက်ကြွက်သားနှစ်မျိုး(ဥပမာ လက်မောင်းရှေ့သားနှင့် နောက်သား သို့မဟုတ် ရင်အုပ်နှင့် နောက်ကျော) အတွက် လေ့ကျင့်ခန်းနှစ်မျိုးကို ကြားထဲမှာ လုံးဝမနားဘဲ ဆက်ကစားခြင်းကို ဆိုလိုသည်။
“စူပါဆက်များသည် ထူးထူးဆန်းဆန်းကို ကြွက်သားပူလောင်မှုကို ရပါစေလိမ့်မည်။ သို့သော် အဲသည့်ကောင်းသည့် အရာတစ်ခုကို အလွဲသုံးစားမလုပ်မိပါစေနှင့်။
ရဂ် ပက်ခ် ၂ နှစ်ပြည့် အမှတ်တရ (၁၉၂၈-၂၀၀၇)
Posted by Naing Wai | No Comments »
လွန်ခဲ့သည့် နိုဝင်္ဘာ ၂၂ ရက်တွင် ရဂ် ပက်ခ် ဆုံးခဲ့တာ နှစ်နှစ်ပြည့်ခဲ့လေပြီ။
၂၀၀၇ နိုဝင်္ဘာ ၂၂ရက်နေ့ ကြာသပတေးနေ့တွင် ကာယဗလ လောကြီးသည် တကယ့်အထင်ကရ ပုဂ္ဂိုလ်ကြီး ရဂ်ပက်ခ်ဆုံးပြီဆိုသော သတင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ သူသည် အသက် ၇၀ ရှိပြီဖြစ်သည်။
သူ့မိသားစုသည် ရဂ် မှာ အရေပြားကင်ဆာတစ်မျိုးဖြစ်သည့် (metastatic melanoma) ခံစားနေရသည်ကို လအနည်းငယ်လောက်မှ သိထားရသည်ဖြစ်သည်။



