bodybuilders
ကာယဗလနှင့် လေ့ကျင့်မှု လွန်ကဲခြင်း
Posted by Phyo Wai Win | No Comments »
ဧည့်သည် တင်ဆက်သူ – အောင်အောင်
သူငယ်ချင်းတို.ရေ ခေါင်းစဉ်လေးကို ဖတ်ကြည်.လိုက်ရင် သဘောပေါက်မယ်လို. ထင်ပါတယ်။ ဘာဖြစ်လို. ဒီအကြောင်းလေးကို ရေးဖြစ်သလဲဆိုတော. ဒီနေ. ကျွန်တော် အပါအ၀င် လူငယ်အများစုမှာ မှားနေတဲ. အချက်တစ်ခုကတော. လေ.ကျင်.ခန်းကို များများလုပ်မှ အကြိမ်ရေများများလုပ်မှ ကျွန်တော်တို. တိုးတက်မှုရှိလာမယ် ထင်ပြီး မနိုင်ဝန်ထမ်းနေကြပြီး နောက်ဆုံးမှာတော. တိုးတက်မှုမရှိလာပဲ ဆုတ်ယုတ်မှုတွေနဲ. ပဲရင်ဆိုင်လာရပါတယ်။
Continue reading2010-ခုနှစ်အတွက် IFBB မှကာယဗလမောင်များကမ္ဘာ့အဆင့်သတ်မှတ်ချက်
Posted by Phyo Wai Win | 11 Comments »
တင်ဆက်သူ – နိုင်ဦး (119)(intensemuscle@gmail.com)
2010-ခုနှစ်အတွင်း ပရော်ဖက်ရှင်နယ် ကာယဗလမောင်များ၏ အဆင့်အတန်းများကို အပြည်ပြည်ဆိုင်ရာ ကာယဗလအဖွဲ့ ချုပ်မှ သတ်မှတ်ကြေငြာ ပေးလိုက်ပြီ ဖြစ်သည်။ ထိုစာရင်းကို ကာယဗလ၀ါသနာအိုးများ ဗဟုသုတရစေရန် တင်ပြပေးလိုက်ပါသည်။ ကျွန်တော်တို့ ဆိုက်မင်ဘာများ အကျိုးအတွက်သာဖြစ်ပါသည်။
Continue reading2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?
Posted by Phyo Wai Win | 3 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
မြန်မာနိုင်ငံ ကာယဗလအဖွဲ့ ချုပ် (Myanmar bodybuilding fedration)
မှ 2010- မောင်မြန်မာပြိုင်ပွဲကျင်းပမည့်ရက်ကို သက်မှတ်လိုက်ပြီး ဖြစ်သည်။ မောင်မြန်မာပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်း နှစ်တန်းခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။ မယ်မြန်မာပြိုင်ပွဲကိုလည်း အကြီတန်း၊ အငယ်တန်း နှစ်တန်း ခွဲထားသည်။ ပုံမှန်ကာယဗလပြိုင်ပွဲများ ကျင်းပနေကျ Myanmar convention centre တွင် ကျင်းပမည် ဖြစ်သည်။ ထို့အပြင် အနုပညာရှင်များ၏ဖျော်ဖြေမူများနှင့် ကာယဗလ၀ါသနာရှင်များကို တင်ဆက်ပေးမည်ဖြစ်သည်။
ဘယ်လို ထွားကျိုင်းရမလဲ ဆိုသည့်အပေါ် အဖြေ ၂၀
Posted by Naing Wai | 2 Comments »
ထိပ်ပိုင်းက ကာယဗလမောင်များကို မေးကြသော မေးခွန်းများထဲတွင် အများဆုံး မေးကြသည် မှာ “ပုံမှန် ပျမ်းမျှ ကာယဗလ လေ့ကျင့်သူတစ်ယောက်က ကြီးထွား ကြီးမားချင်တယ်ဆိုလျှင် ခင်ဗျားတို့ ဘယ်လို အကြံပေးမလဲ?” ဆိုတာပါပဲ။ ဤမေးခွန်းသည် ချန်ပီယံများကို နှောင်ကြိုးက လွတ်ပေးလိုက်ပြီး အဓိက အရေးကြီးဆုံး သင်ခန်းစာများကို သင်ပြပေးစေပါသည်။ သူတို့၏ နှစ်ပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိခဲ့သော သင်ခန်းစာများကို ဖော်ထုတ်စေပါသည်။ ယခုတစ်ခါ ချန်ပီယံများစွာနှင့် တွေ့ဆုံမေးမြန်းပြီးမှ ရရှိခဲ့သော Knowledge များထဲမှ အကောင်းတကာ့ အကောင်းဆုံးများကို မျှဝေပေးမည်ဖြစ်သည်။
Continue readingကစားတာ တော်တော် ထိနေပြီလား?
Posted by Naing Wai | 1 Comment »
နှစ်သစ် လူသစ်ဖြစ်တော့မည်လား?။ သတိထားပါ။ သေသေချာချာ စီစဉ်ပြင်ဆင်မထားတဲ့ လေ့ကျင့်နည်းစနစ်နှင့်သာ ကစားမိလျှင် သင့်ကို မကစားခင်ကထက် ခန္ဓာကိုယ်ကို ပိုဆိုးသွားစေလိမ့်မည်။
သို့သော်လည်း ကိုယ့်ရဲ့ ကစားမည့် အစီအစဉ်တွေကို လျှော့မပစ်လိုက်ပါနှင့်ဦး။ လန်ဒန်မြို့  ရဲ့  St. John & St. Elizabeth ဆေးရုံများမှ အားကစားထိခိုက်ဒဏ်ရာ အထူးကျွမ်းသူ သမားတော်များ၏ အကူအညီကိုယူကာ ကာယလေ့ကျင့်ရာတွင် အထိခိုက်ဆုံး ဒဏ်ရာများကို ရှောင်ရှားနိုင်ရန်နှင့် ဘယ်လို ကောင်းကောင်းမွန်မွန်လေ့ကျင့်သင့်သည်ဆိုတာ ဖော်ပြပေးပါမည်။
Gym Bag – ကာယဗလ နှင့် အလေးမ
Posted by Naing Wai | No Comments »
“ကာယဗလသည် အလေးမ မဟုတ်ပါ။ သင်သည် သန်မာလာပြီး သင့်ရဲ့ကြွက်သားတွေကို ဖြိုဖျက်ဖို့အတွက် အလေးတွေ တတ်နိုင်သမျှ အလေးဆုံးထား ‘မ’ရတော့မယ်။ သို့သော်လည်းဘဲ ဒါကို မှန်ကန်တဲ့နည်းလမ်းတွေနဲ့ လုပ်ရပါမယ်။
Continue readingကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ နံပါတ်(၁)
Posted by Phyo Wai Win | No Comments »
ဧည့်သည် တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)
ကာယဗလသမားတိုင်း၏ဆန္ဒမှာ မည်သည့်အဆင့်တွင်မဆိုကြီးထွားသည်ထက် ကြီးထွားလိုသည်မှာ သဘာဝ ဖြစ်သည်။သို့သော်ထိုကဲ့သို့ ကြီးထွားစေရန်ကြိုးစားရင်း လောဘနှင့်အမှားများ ပြုလုပ်မိကာ တိုးတက်မူ့ လျော့ နည်းသွားတတ်ကြသည်။ထိုသူတို့ ကျုးလွန်တတ်သော်အမှားများကို ရှာဖွေစုစည်းတင်ပြထားပါသည်။



