contest
ဒတ်စတာ ဂျက်ဆင်၏ လေ့ကျင့်စဉ်
Posted by Naing Wai | 1 Comment »
ဒတ်စတာ ဂျက်ဆင်
အသက် – ၃၉ နှစ်
အရပ် – ၅ ပေ ၆ လက်မခွဲ
ပြိုင်ပွဲဝင် ကိုယ်အလေးချိန် – ၂၂၀ ပေါင်
မှတ်တမ်း – မောင်အိုလံပီယာ ၉ ပွဲ ဆယ်ယောက်ထဲဝင်၊ တတိယ သုံးကြိမ်၊ ပထမ – ၂၀၀၈
ဗစ်တာမာတီးနက်စ်ပြောသောလက်ဖျံကစားနည်း
Posted by Phyo Wai Win | 7 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
2000 ခုနှစ် Jr.USA တွင်ပထမနှင့် Overall champion ဖြစ်ကာ Pro card ရရှိကာ 2003 ခုနှစ်တွင် Night of Champions (ချန်ပီယံများ၏မဟူရာည) တွင်ချန်ပီယံဖြစ်လာပြီး၊ ၈-ထပ်ကွမ်း မောင်အိုလံပီယာ ရွန်နီကိုးလ်မင်းက အနာဂတ်၏ မောင်အိုလံပီယာဟု တင်စားခြင်း ခံခဲ့ရသူ ဗစ်တာမာတီးနက်စ်က သူ၏အကြိုက်ဆုံး လက်ဖျံကစားနည်းများနှင့် အယူအဆများကို တင်ပြခဲ့ပါသည်။
Continue reading၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
Posted by Naing Wai | 18 Comments »
ကျွန်တော်ရှုံးခဲ့သည်။ ပက်ပက်စက်စက်ရှုံးခဲ့သည်။ အရင်နှစ်ကမှ အဆင့်၎ရသေး။ အခုကျတော့ အဆင့် ၆ဖြစ်သွားသည်။ ကျွန်တော့် အရည်အသွေးကိုကြည့်၍ တချို့ကတော့ မနှစ်ကထက်တော့ ပိုကောင်းလာသည်ဟု ဆိုကြသည်။ သို့သော်လည်း ကျွန်တော့်တိုးတက်မှု နှေးကွေးခြင်းကြောင့်ဖြစ်နိုင်သလို ယခုနှစ် အငယ်တန်းမောင်များ အလွန်အမင်း ကောင်းနေ၊ ကွဲပြားပေါ်လွင်နေခြင်းကြောင့်လည်း ဖြစ်သည်။ ဤသည်တွင် ကျွန်တော့်ဆရာများဖြစ်သလို အမြဲအားပေးသည့်ပုဂ္ဂိုလ်များဖြစ်သည့် ကိုနေလင်း၊ ကိုမင်းဇော်ဦး၊ ဆရာဦးရဲမြင့်တို့နှင့် တခြား ပညာရှင် ကစားသမားများကပေးသော သင်္ခန်းစာများနှင့် ကျွန်တော် နဖူးတွေ့ဒူးတွေ့ ခံလိုက်ရသော သင်္ခန်းစာများ ရရှိလိုက်ခြင်းသည်ကိုပင် အမြတ်ဟုယူဆစရာရှိပါတော့သည်။ ၎င်းတို့ကို ပေါက်ကွဲဖော်ပြရန် ကျွန်တော်မစောင့်နိုင်တော့ပါ။
Continue readingဘာတွေဖြစ်ကုန်တာလဲ 2010 – မောင်မြန်မာပြိုင်ပွဲ ?
Posted by Phyo Wai Win | 22 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ဒီဆောင်းပါး ခေါင်းစဉ်ကိုဖတ်ပြီး တစ်မျိုးဖြစ်သွားပြီလား။ ကျွန်တော် ယနေ့ 30-1-2010 နေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ကာယဗလလောကမှာ အထင်ရှားဆုံး၊ အကောင်းဆုံးဆိုတဲ့ မောင်မြန်မာပြိုင်ပွဲကို သွားကြည့်မိရာမှ မထိန်းနိုင် မချုပ်နိုင်ဖြစ်လာတဲ့ ခံစားချက်လေးတွေကို အိမ်ပြန်ရောက်ပြီးမှ ဒီလိုလေး ပြန်ပြောပြချင်စိတ်လေးပေါ်လာတာကြောင့် ဒီဆောင်းပါးလေးကို ရေးဖြစ်သွားတာပါ။ ဒီဆောင်းပါးဟာ မည်သူ့ ကိုမှ ပုတ်ခတ်ပြောဆို ခြင်းမဟုတ်ပါ။
အာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်း
Posted by Naing Wai | No Comments »
ကျွန်တော်တို့ ၁၉၇၃ခုနှစ် ဂျူလိုင်လ ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ် ဂျင်မ် (Gold’s Gym) သို့ သွားကြပါစို့။ အာနိုးရွှာဇီနက်ဂါး၏ ဘ၀နှင့် လေ့ကျင့်မှုထဲသို့ စေ့စေ့စပ်စပ်ဝင်ကြည့်ကြပါစို့။ ကမ္ဘာ့အကျော်ဇေယျကြီးတစ်ဦးကို ပုံသွင်းထုလုပ်ပေးခဲ့သော သွေး၊ ချွေးနှင့် ကြမ်းတမ်းလှသော လေ့ကျင့်ကစားမှုများကို အသက်ပြန်သွင်းကြည့်ကြရအောင်။
ကယ်လီဖိုးနီးယာ။က ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ်ဂျင်မ်မှာ သြစတီးယား ၀က်သစ်ချပင်ကြီးဟု အမည်ရသည့် အာနိုး၏လေ့ကျင့်ချိန်သက်သက်ကို ဖော်ပြရုံသာမဟုတ်ဘဲ ထိုနေရာမှာ အာနိုးနှင့်အတူ ဖြစ်ပျက်သွားတာလေးကိုပါ လိုက်ပါကြည့်ရှုရန်ဖြစ်သည်။ အာနိုးသည် သူ၏ မောင်အိုလံပီယာ လေးထပ်ကွမ်းအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
2010-မောင်မြန်မာပြိုင်ပွဲ ချန်ပီယံဘယ်သူလဲ?
Posted by Phyo Wai Win | 3 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
မြန်မာနိုင်ငံ ကာယဗလအဖွဲ့ ချုပ် (Myanmar bodybuilding fedration)
မှ 2010- မောင်မြန်မာပြိုင်ပွဲကျင်းပမည့်ရက်ကို သက်မှတ်လိုက်ပြီး ဖြစ်သည်။ မောင်မြန်မာပြိုင်ပွဲတွင် အကြီးတန်း၊ အငယ်တန်း နှစ်တန်းခွဲကာ ယှဉ်ပြိုင်စေမည်ဖြစ်သည်။ မယ်မြန်မာပြိုင်ပွဲကိုလည်း အကြီတန်း၊ အငယ်တန်း နှစ်တန်း ခွဲထားသည်။ ပုံမှန်ကာယဗလပြိုင်ပွဲများ ကျင်းပနေကျ Myanmar convention centre တွင် ကျင်းပမည် ဖြစ်သည်။ ထို့အပြင် အနုပညာရှင်များ၏ဖျော်ဖြေမူများနှင့် ကာယဗလ၀ါသနာရှင်များကို တင်ဆက်ပေးမည်ဖြစ်သည်။
နပန်း လောက အောင်မြင်မှုနှင့် အတူ
Posted by Naing Wai | No Comments »
WWE စူပါစတား ဂျွန်စီနာ၊ The Marine ဇာတ်ကားက မင်းသားသည် ကာယဗလလောကမှာ စစ်သားတစ်ဦးအဖြစ်ထမ်းဆောင်ပြီး သူ့ကိုယ်ကာယကို သွေးခဲ့သည်။ ဗီးနစ်မြို့မှ ဂျင်မ်ထဲမှာ ကျိတ်ကစားနေသူကောင်လေးက ကမ္ဘာကျော် နပန်းသမားတစ်ဦးဖြစ်သွားပုံဇာတ်လမ်းလေးကို ရှုစားကြည့်ကြပါစို့။
Continue reading


