gym

May
20

အာမက်ဟိုင်ဒါ (Ahmed Haider) ရဲ့ လက်မောင်းရှေ့ ကစားနည်း ပရိုဂရမ်

Posted by Phyo Wai Win | 11 Comments »

တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)

လက်ဘနွန်နိုင်ငံဖွား ၊ ဖလော်ရီဒါတွင် အခြေချနေထိုင်သူ အာမက်ဟိုင်ဒါသည် 2009-ခုနှစ်
သံမဏိမောင်ပြိုင်ပွဲတွင် အဆင့်-5-ရရှိခဲ့သူ ဖြစ်သည်။ သူသည် ကမ္ဘာ့အကောင်းဆုံး ၀မ်းဗိုက်
ကြွက်သားပိုင်ရှင် တစ်ဦးဖြစ်သည်။ သူ၏ကာယဗလ nick name မှာ abszilla-ဂေါ်ဇီလာကဲ့သို့ 
ကြီးထွားသော ၀မ်းဗိုက် ကြွက်သားပိုင်ရှင် ဖြစ်သည်။

Continue reading

May
3

စိတ်၏ ပေါက်ကွဲရာ နေရာ

Posted by Naing Wai | 12 Comments »

“Higher levels of body satisfaction are associated with higher levels of self esteem.” – O.P.Ghai in Ghai Essential Pediatrics Textbook
ကျွန်တော်တို့ ဆိုက်ကို တည်ထောင်ခဲ့သည်မှာ အနည်းငယ် ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ ရည်မှန်းချက်များသည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်။ သို့သော် ကျွန်တော်တို့၏ ရည်မှန်းချက်များတွင် အလေးတွေနှင့်သာနေ၊ အလေးတွေနှင့်သာပျော်ပြီး ဗလတွေကိုသာ ချစ်မြတ်နိုးနေပါဟူသော ရည်မှန်းချက်မျိုး လုံးဝမရှိ။

Continue reading

Apr
14

အခြေခံကစားနည်းတွေကို အထင်မသေးပါနဲ့ လို့ ပြောတဲ့ချန်ပီယံ

Posted by Phyo Wai Win | 1 Comment »

တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)

ကာယဗလစတင် လေ့ကျင့်သူ လူငယ်အများစုကတော့ သင်တန်းတစ်ခုကို စတင်အပ်နှံတော့မည်ဆိုလျင်ထိုသင်တန်းတွင် စက်ပစ္စည်းအဆန်းများ ဘယ်လောက်ရှိသလဲ ဆိုတာကိုသာ စိတ်ဝင်စားကြသည်။ ထိုသူများအတွက် ifbb -မှကျင်းပသော ပရော်ဖက်ရှင်နယ် ကာယဗလပြိုင်ပွဲခုနှစ်ပွဲတွင် အနိုင်ရထားသော၊ စတီးရွိက်ဆေးလုံးဝ မသုံးစွဲသော သဘာဝ ကာယဗလ ချန်ပီယံစစ်စစ် ဒယ်ရင်ချာလ်း (darrem charles ) ၏အကြံပြုချက်အချို့ ကိုဗဟုသုတ မျှဝေလိုက်ပါသည်။

Continue reading

Apr
4

ထုတင်ချင်သလား———အိပ်ပါ

Posted by Phyo Wai Win | 3 Comments »

တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)

ကျွန်တော်ထုတင်ကစားတဲ့ကာလမှာနေ့ ခင်းပိုင်းမှာတစ်နာရီလောက်မရ ရအောင်ကြိုးစားပြီး
အိပ်လေ့ရှိပါတယ်။အဲဒီလိုအိပ်ခြင်းဟာ GYM မှာပင်ပင်ပန်းပန်းလေ့ကျင့်ပြီးနောက်သင့်ကြွက်
များကိုပြန်လည်အားပြည့်စေဖို့ များစွာအထောက်အကူပြုပါတယ်။

Continue reading

Mar
2

သင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါ

Posted by Phyo Wai Win | 8 Comments »

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

“ကျွန်တော် ကာယဗလ စတင်လေ့ကျင့်စဉ်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ပုံကျအောင် ဘယ်လိုကစားရမလဲ ဆိုတာပါဘဲ။ ဒါ့ကြောင့် ကျွန်တော် အာနိုးရဲ့ ကစားနည် ဗီဒီယို pumping iron ကိုနေ့ တိုင်း ကြည့်ပါတယ်။ ပြီးတော့ ကျွန်တော် ကစားတဲ့ gym မှာ တခြားသူတွေ ကစားတဲ့ပုံကို လေ့လာကြည့်ပါတယ်။ သေသေချာချာ လေ့လာကြည့်တော့မှ ဒီလူတွေ ဘာကြောင့် တိုးတက်မူ့မရှိလဲဆိုတာ သိလာပါတော့တယ်။

Continue reading

Feb
6

၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ

Posted by Naing Wai | 18 Comments »

ကျွန်တော်ရှုံးခဲ့သည်။ ပက်ပက်စက်စက်ရှုံးခဲ့သည်။ အရင်နှစ်ကမှ အဆင့်၎ရသေး။ အခုကျတော့ အဆင့် ၆ဖြစ်သွားသည်။ ကျွန်တော့် အရည်အသွေးကိုကြည့်၍ တချို့ကတော့ မနှစ်ကထက်တော့ ပိုကောင်းလာသည်ဟု ဆိုကြသည်။ သို့သော်လည်း ကျွန်တော့်တိုးတက်မှု နှေးကွေးခြင်းကြောင့်ဖြစ်နိုင်သလို ယခုနှစ် အငယ်တန်းမောင်များ အလွန်အမင်း ကောင်းနေ၊ ကွဲပြားပေါ်လွင်နေခြင်းကြောင့်လည်း ဖြစ်သည်။ ဤသည်တွင် ကျွန်တော့်ဆရာများဖြစ်သလို အမြဲအားပေးသည့်ပုဂ္ဂိုလ်များဖြစ်သည့် ကိုနေလင်း၊ ကိုမင်းဇော်ဦး၊ ဆရာဦးရဲမြင့်တို့နှင့် တခြား ပညာရှင် ကစားသမားများကပေးသော သင်္ခန်းစာများနှင့် ကျွန်တော် နဖူးတွေ့ဒူးတွေ့ ခံလိုက်ရသော သင်္ခန်းစာများ ရရှိလိုက်ခြင်းသည်ကိုပင် အမြတ်ဟုယူဆစရာရှိပါတော့သည်။ ၎င်းတို့ကို ပေါက်ကွဲဖော်ပြရန် ကျွန်တော်မစောင့်နိုင်တော့ပါ။

Continue reading

Dec
25

Gym Bag – ပေါင်နောက်သား အကြိမ်များများ

Posted by Naing Wai | No Comments »

“ကျွန်တော့် ပေါင်နောက်သားများသည် ကွဲပြားပေါ်လွင်မှုများရှိခဲ့သည်။ သို့သော် သူတို့မှာ မကြာသေးခင်ကလောက် ထုထည်မရှိခဲ့ပါ။ ကျွန်တော်၏ ပေါင်နောက်သားလေ့ကျင့်ချိန် အဆုံး၌ အရေအတွက်များများ ကစားမည်။ ပြင်းအားမြင့်ပြီး ကစားမည်။ အကြိမ်တိုးကစားလိုက်မည်။ စသည်ဖြင့် ပြောင်းလဲအာရုံစိုက်လိုက်သည်။

Continue reading

Nov
26

gym ကစားချိန် လျှော့နည်းစေမည့် နည်းကောင်း ၄ နည်း

Posted by Naing Wai | 6 Comments »
Gym မှာ ကစားပါ

ခန္ဓာကိုယ်အချိုးအစား fitness အောင်မြင်ဖို့အတွက် လေ့ကျင့်ချိန်များနှင့် ပတ်သက်ပြီး သီအိုရီအတော်များများရှိပါသည်။ “gym ထဲမှာ ကြာကြာနေလေ၊ သင့်ခန္ဓာကိုယ်ပိုဆိုးလေ။” အာနိုးကြီး ပြောခဲ့သည်။ ဒီစကားသည် ကစားဖို့ အချိန်မရဟု ဆင်ခြေတက်တတ်ကြသော ကျွန်တော်အပါအ၀င် လူများအတွက် အားတက်စရာ စကားပင်။ ကျွန်တော်သည် ဘယ်တော့မှ gymထဲမှာ တစ်နာရီထက်ပိုနေဖို့ မကြိုးစား။ ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်သည် gymထဲမှာ ပိုနေပြီး ကစားနေကြတဲ့ သူတွေထက် ပိုကောင်းနေ၏။ မည်သူ့အတွက် မဆို မြည်းစမ်းကြည့်စေချင်သည်

Continue reading

Page 2 of 212