mistakes

Dec
18

အမှားများသော ပက်လက်အိပ် အနှေးမ

Posted by Phyo Wai Win | 1 Comment »

Post written by Aung Aung (aungaung.aung24@gmail.com)

“ပက်လက်အိပ် အနှေးမ လေ့ကျင့်ခန်း” သည် ကိုယ်ခန္ဓာ၏ အကြီးစားကြွက်သားတစ်ခု ဖြစ်သည့် ရင်အုပ်ကြွက်သားများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်သည်။ ပက်လက်အိပ် အနှေးမလေ့ကျင့်ခန်းသည် အဓိကအားဖြင့် ရင်အုပ်ကြွက်သားကို ထိရောက်စေသော်လည်း ပခုံးကြွက်သားများနှင့် လက်မောင်းကြွက်သားများကို လည်း ထိရောက်စေပါသည်။

Continue reading

Dec
11

နည်းစနစ်မှန်မှန် လေ့ကျင့်နေလား

Posted by Phyo Wai Win | No Comments »

Post written by Aung Aung (aungaung.aung24@gmail.com)

ကျွန်တော်တို့ ယနေ့လေ့ကျင့် ကစားနေကြတဲ့ ကာယဗလ ဆိုင်ရာ အခြေခံ လေ့ကျင့်ခန်းတွေမှာ မှားယွင်းမှုတွေ အနည်းနဲ့ အများ ဆိုသလို ပါနေကြပါတယ်။ ကျွန်တော်တို့ လို သာမန် လေ့ကျင့်ကစားသူ မပြောနဲ့ ပြိုင်ပွဲဝင် မောင်တစ်ချို့ပင် လေ့ကျင့်မှုတွင် ပုံစံမမှန် ၊နည်းစနစ် မမှန် လေ့ကျင့်သူတွေကို ယနေ့ထိ ဂျင်မ် အချို့မှာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။

Continue reading

Sep
16

အမှားများသော အချက် ၁၀ ချက်

Posted by Phyo Wai Win | 1 Comment »

Post written by Aung Aung (aungaung.aung24@gmail.com)

ယနေ့ ကျွန်တော်တို့ရဲ့ ကာယဗလ လေ့ကျင့်မှုမှာ တိုးတက်မှုကို နှောင်ယှက်နေတာ ဘယ်သူလို့ထင်လဲ။ တစ်ခြားလူ မဟုတ်ပါဘူး ကျွန်တော်တို့ ကိုယ်တိုင်က ကျွန်တော် တို့ရဲ့ တိုးတက်မှုကို တားဆီးနေတာ၊ နှောင့်ယှက်နေတာပါ။ ကျွန်တော် တို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒ ၊ လိုချင်တဲ့လောဘ ၊လိုတာထက် ပိုနေတဲ့ စိတ်အား ထက်သန်မှု ဒါတွေဟာ ကျွှန်တော်တို့ရဲ့ တိုးတက်မှုမှာ ရှေ့မဆက်နိုင်အောင် တားဆီးနေတဲ့ ခလုတ် ကန်သင်းတွေ ဆိုတာ ကျွန်တော်တို့ သိထားသင့်ပါတယ်။

Continue reading

Mar
7

လူသစ်များ အတွက် အကြံပြုချက်များ e-book

Posted by Phyo Wai Win | 5 Comments »

တင်ဆက်သူ — နိုင်ဦး(119) (intensemuscle@gmail.com)

ဤစာအုပ်ငယ်သည် ကျွန်တော်တို့ ၏ဆိုက် www.myanmarfitness.com တွင် ထုတင်ရာ တွင်မှားတတ်သော အမှားများ ဟုသော ခေါင်းစဉ်ဖြင့် ကျွန်တော် အခန်းဆက် ဆောင်းပါးများ အနေဖြင့် ရေးသားခဲ့ပါသည်။ ယခု စာအုပ်ငယ် အနေဖြင့် တစ်စု တစ်စည်းတည်း တင်ပြပေးလိုက် ပါသည်။ ကျွန်တော်တို့ ၏ ဆိုက်မှ မင်ဘာ အသစ်များ အတွက်လည်း အကျိုးပြုမည်ဟု မျှော်လင့် မိပါသည်။

Continue reading

Jul
5

ယနေ့ ခေတ်မှာ GYM တွေကိုသွားပြီး ဘာကြောင့် လေ့ကျင့်သလဲ ?

Posted by Phyo Wai Win | 9 Comments »

တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)

ယနေ့ ခေတ်တွင် လူအများ၏ ဘ၀နေထိုင်မှု့ ပုံစံမှာ ကျန်းမာရေးအတွက် အထောက်အကူ
မပြုရုံသာမက ဆိုးကျိုးပင် သက်ရောက်စေပေသည်။ ကျန်းမာရေးဆောင်းပါး မဟုတ်သောကြောင့်
အကျယ်ရှင်းမပြတော့ပဲ ကျွန်တော်တို့ နှင့် သက်ဆိုင်သောအရာများကိုသာ တင်ပြပေးလိုက်မည်။

Continue reading

Jun
6

ဒက်တာဂျက်ဆင်၏ ရင်အုပ်ကစားနည်း

Posted by Phyo Wai Win | No Comments »

တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)

ယခုတစ်ခေါက်တော့ 2008- မောင်အိုလံပီယာချန်ပီယံဒက်တာဂျက်ဆင်၏ရင်အုပ်ကစားနည်း နှင့်လေ့ကျင့်နည်း အယူအဆများကို လက်ဆင့်ကမ်းလိုက်ပါတယ်။ ဒက်စတာသည် မောင်အိုလံပီယာဆုရှင် ဖြစ်သော်လည်း အလွန်အကောင်သေးသော မောင်တစ်ယောက်ဖြစ်သည်။ သို့သော် ထုထည်အကောင်းဆုံးသော ဂျေးကတ်လာကိုပင် အနိုင်ယူနိုင်ခဲ့သည်မှာ၊ အင်မတန်ကောင်း မာဆယ်ကွာလတီကြောင့်ဖြစ်သည်။

Continue reading

Jan
3

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅

Posted by Phyo Wai Win | 4 Comments »

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—15—၂-လသို့ မဟုတ်၃-လလောက် ကစားပြီး တစ်ပတ်လောက် အနားမယူခြင်း
ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်၊ သင့်ကြွက်သားများကို အနားပေးရန်မှာ လိုအပ်ချက်ဖြစ်သည်။ ထိုသို့  အနားပေးခြင်းဖြင့် သင့်ကိုမတော်တဆဖြစ်ခြင်းများမှ ကာကွယ်ပေးပြီး ကြွက်သားများ တိုးတက်ကြီးထွားစေရန် အထောက်အကူများစွာ ပြုသည်။ လူအတော်များများသည် ကစားကောင်းတုန်း၊ အရှိန်ရတုန်းမနားချင်ကြပေ။ နားလိုက်လျှင် တိုးတက်မှုများ ရပ်တန့်သွားမည်ကို စိုးရိမ်ကြသည်။ အမှန်မှာတော့၊ ထိုသို့ နားမှသာ သင့်အတွက် အကျိုးရှိပေမည်။

Continue reading

Jan
3

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၄

Posted by Phyo Wai Win | 2 Comments »

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—14—-လေ့ကျင့်နည်း သဘောတရားများကို ပတ်လည်အောင် မကစားခြင်း
ယခုဆိုလျင် ကျွန်တော်ရေးခဲ့ပြီးသော ဆောင်းပါးများကို သင်လေ့လာခဲ့ပြီး သင်သည် ပိုမိုထွားကျိုင်သန်မာစေရန် တစ်ပတ်လျင် သုံးလေးရက်ထက် ပိုမကစားရန်၊ ကစားချိန်တစ်ချိန်လျင် 45-မိနစ်ထက် ပိုမကြာရန်နှင့်10-ကျော့မှ16-ကျော့အတွင်းသာကစားရန် ဟူသောအရေးကြီးပြီး အခြေခံကျသော သဘောတရားများကို သင်နားလည်သဘောပေါက်လောက်ပြီဟု မျှော်လင့်မိပါသည်။ သို့ သော် ကြွက်သားထုကြီးထွားရန် အတွက်နောက်ထပ် အရေးကြီးသော သဘောတရားတစ်ခုကို တင်ပြချင်ပါသည်။

Continue reading

Jan
3

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၃

Posted by Phyo Wai Win | No Comments »

တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)

အမှား—၁၃—လုံလုံလောက်လောက် မအိပ်ခြင်း
သင်ရဲ့ကြွက်သားများ ကြီးထွားရန် အဓိကကျသော အချက်မှာ-သင် လုံလုံလောက်လောက် အိပ်ရန် အရေးကြီးဆုံးဖြစ်သည်။ အကြောင်းမှာ-လေ့ကျင့်ချိန်တွင် ပျက်စီးသွားသော ကြွက်သားအမျှင်များကို အိပ်စက်ချိန်တွင် အကောင်းဆုံးပြန်လည် တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။ သင်အလျင်မြန်ဆုံး ကြီးထွားစေရန် တစ်နေ့ လျင် အနဲဆုံး8-နာရီမှ 10-နာရီ အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရန် အရေးကြီသည်။

Continue reading

Dec
31

ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၂

Posted by Phyo Wai Win | No Comments »

တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)

အမှား—12—–လုံလောက်စွာ အနားမယူခြင်း
လူအများစုသည်  ကြွက်သားဟူသည် လေ့ကျင့်ချိန်တွင် မကြီးထွားဘဲ အနားယူချိန်တွင်သာ ကြီးထွားသည်ဟူသော သဘောတရားကို မေ့နေကြသည်။ အလေးများဖြင့် သင်တန်းတွင် လေ့ကျင့်ခြင်းသည် ကြွက်သားကိုလှုံ့ ဆော်ရုံသာ ဖြစ်ပြီး၊ အိမ်တွင် ကောင်းမွန်သော အာဟာရများကို စနစ်တကျ စားသောက်ခြင်းနှင့်များများ အနားယူမှသာ အလွယ်တကူ ကြီးထွားလာပေမည်။ ဒါပေမဲ့ လူအများသည် ထိုသဘောတရားကို အထင်သေးကာ လျော့တွက်ကြသည်။

Continue reading

Page 1 of 212