nutrition
အကောင်းဆုံးသော အာဟာရ လမ်းညွှန်ချက်များ
Posted by Naing Wai | 5 Comments »
ကျွန်တော်တို့ အားထားရသော ကိုနိုင်ဦး(119) ၏ နောက်ထပ် လှပသော လက်ရာတစ်ခုဖြစ်ပေသည်။ ဤebook လေးသည် ကိုယ်ကာယ လေ့ကျင့် လိုက်စားသူတိုင်း အတွက် မရှိမဖြစ်လိုအပ်သော အာဟာရလမ်းညွှန်ချက်များနှင့် ပြီးပြည့်စုံနေသည်။ တကယ်တော့ အကောင်းဆုံးသော အကြံဥာဏ်များသည် အလကားရနိုင်သည်။ သို့သော် သိသူ ဖော်စား၊ မသိသူကျော်သွားမည်သာဖြစ်သည်။
Continue readingကယ်လိုရီ၊ ကယ်လိုရီ!
Posted by Naing Wai | 3 Comments »
ကယ်လိုရီကို အစားအသောက်တွေထဲ ပါသည့် တစ်စုံတစ်ခု အနေနှင့် လူတိုင်းက ပြောဆိုတတ်ကြသည်။ တကယ်တော့ ကယ်လိုရီသည် အပူချိန်တိုင်းတာသည့် သိပ္ပံ ယူနစ်တစ်ခုသာဖြစ်သည်။ တစ်ကယ်လိုရီဆိုသည်မှာ ရေ တစ်ဂရမ်ကို အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်အောင်လုပ်ရာတွင် လိုအပ်သော စွမ်းအင်ပမာဏကို ဆိုလိုခြင်းဖြစ်သည်။
Continue readingထိပ်ဆုံးက အစားအသောက် ၄၀
Posted by Naing Wai | 7 Comments »
အစားအသောက်တွေ များလာသော အချိန်အခါတွင် ကျွန်တော်တို့သည် အကောင်းဆုံးတွေကို သိထားမှ တော်ရုံကြမည်။ ဖြစ်နိုင်လျှင် ထိုအကောင်းဆုံးတွေထဲကပင် လှည့်ပတ်စားသင့်သည်။ အကောင်းဆုံး အစားအသောက်တွေ ဘာတွေလဲ။ ကြည့်ကြရအောင် -
Continue readingစိတ်၏ ပေါက်ကွဲရာ နေရာ
Posted by Naing Wai | 12 Comments »
“Higher levels of body satisfaction are associated with higher levels of self esteem.” – O.P.Ghai in Ghai Essential Pediatrics Textbook
ကျွန်တော်တို့ ဆိုက်ကို တည်ထောင်ခဲ့သည်မှာ အနည်းငယ် ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ ရည်မှန်းချက်များသည် ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်။ သို့သော် ကျွန်တော်တို့၏ ရည်မှန်းချက်များတွင် အလေးတွေနှင့်သာနေ၊ အလေးတွေနှင့်သာပျော်ပြီး ဗလတွေကိုသာ ချစ်မြတ်နိုးနေပါဟူသော ရည်မှန်းချက်မျိုး လုံးဝမရှိ။
ကာယဗလနှင့် အာဟာရဓာတ်များ
Posted by Phyo Wai Win | 5 Comments »
ဧည့်သည် တင်ဆက်သူ – အောင်အောင်
မိတ်ဆွေ သင်.အနေနဲ. ကာယဗလအားကစားကိုဝါသနာပါလို.ပဲဖြစ်ဖြစ် ကျန်းမာရေးအရကစားသည်ပဲဖြစ်စေ မသိမဖြစ် သိထားသင်.တာတွေထဲမှာ လိုအပ်တာတစ်ခုက အာဟာရဓတ်တွေပဲဖြစ်ပါတယ် အခြေခံအားဖြင်.တော. အာဟာရဓာတ် (၆)မျိုးပါပဲ
Continue readingခရီးဆောင် စားသောက်နည်း
Posted by Naing Wai | 4 Comments »
သင့်အိမ်နှင့် အဝေးရောက်နေစဉ် အာဟာရတွေ ကဗြောင်းကဗြန် မဖြစ်ရလေအောင် အောက်ပါ စားသောက်နည်းစနစ်လေးမျိုးကို လေ့လာသွားပါ။
၁။ အာဟာဓာတ် အချိုးအစားများ ညီမျှနေမှုကို ထိန်းသိမ်းပါ
“ကြွက်သားပေါ်လွင်မှုကို ထိန်းသိမ်းရန် ပရိုတိန်း-ကာဗိုဟိုက်ဒရိက်-အဆီဓာတ် အချိုးအစား ၃၀-၃၅-၃၀ လိုအပ်သည်။” အားကစားအာဟာရပညာရှင် Matt Lovell က ဆိုသည်။
အဆစ်နာနေတာ သက်သာအောင်
Posted by Naing Wai | 2 Comments »
ကျွန်တော့် ဆုံပခုံးတွေနှင့် လက်ကောက်ဝတ်တွေ ဒီရက်ပိုင်းနာနေတယ်။ ဒါပေမယ့် ကျွန်တော် ကစားနေတာကိုလည်း မရပ်ချင်ဘူး။ ကျွန်တော်အဆစ်တွေကို ကာကွယ်ပြီး ကျွန်တော် ဆက်ကစားနိုင်မည့် နည်းလမ်းများရှိမလား?
ပြင်းပြင်းထန်ထန် လေးလေးလံလံကစားဖူးသော သူတိုင်း အချိန်အတော်ကြာကစားလာပါက အဆစ်နာခြင်းသည် အလွန်ရင်းနှီးနေသော ခံစားချက်ဖြစ်တတ်သည်။ သုတေသနတွင် အလေးကြီးမခြင်းသည် အဆစ်အရိုးနုများကိုတောင် ပျက်ဆီးစေသည်ဟု တွေ့ရှိထားကြသည်။
ထုတင်ချင်သလား၊ချန်ပီယံရဲ့ စကားနာခံထား
Posted by Phyo Wai Win | 2 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscles@gmail.com)
2009-ခုနှစ်ဥရောပ ပရိုဖက်ရှင်နယ်ကာယဗလပြိုင်ပွဲ ချန်ပီယံ troy alves ရဲ့ ထုတင်ရန် အကြံပြုချက်များကို ပရိတ်သတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။
——-ထုတင်ချင်လျှင် စနစ်တကျစားပါ။ ဒါပေမဲ့ ထောပတ်သီး၊ သံလွင်ဆီစတဲ့ ကောင်းမွန်တဲ့အဆီတွေ ပါဝင်အောင် စားပါ။
ရည်မှန်းချက်ရောက်အောင် အိပ်သွားပါ
Posted by Naing Wai | 5 Comments »
ကမ္ဘာရှိ လူဦးရေ၏ အနည်းဆုံး သုံးပုံတစ်ပုံသည် အိပ်ရေးမ၀ခြင်းကို ခံစားနေရသည်။ ကျွန်တော်တို့၏ ခါးပတ်များ ဖွာသွားစေသလို အာရုံကြောများကိုလည်း ဖွာသွားအောင် လုပ်နေကြသည်။ အခုဖော်ပြမည်မှာ နေ့အလင်းချိန်မှာ ကိုယ့်အစွမ်းကုန် လုပ်ဆောင်နိုင်အောင် ဘယ်လို မျက်လုံးကောင်းကောင်း မှိတ်ထားခဲ့ရမလဲ ဆိုတာပင်ဖြစ်သည်။
Continue readingအစားအသောက်ဆိုင်ရာ ပဟေဠိ ၃ ခုအတွက် အဖြေများ
Posted by Naing Wai | 5 Comments »
၁) ကျွန်တော် ဖြည်းဖြည်းစားဖို့ ကြီုးစားကြည့်သေးတယ်။ ဒါပေမဲ့ စားပြီဆိုလျှင် ၀ံပုလွေတစ်ကောင်လိုပဲ အမြဲတမ်းဖြစ်ဖြစ်သွားတယ်။ တချို့က ကျွန်တော့်ကိုပြောတယ်။ ဒါသည် ၀ိတ်တတ်ဖို့အတွက် လုံးဝသေချာတဲ့ နည်းစနစ်ဖြစ်နေတယ် ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ လျှင်မြန်နေတဲ့ အရသာခံခြင်းက ကျွန်တော့်ကို ၀ စေပါသလား?
တိုတိုဖြေရလျှင် ဟုတ်တယ်။ ၀ ပါတယ်။ လက်နဲ့ ပါးစပ်နဲ့ လျှင်မြန်နေအောင် ဆက်သွယ်ခြင်းသည် မလိုအပ်တဲ့ ၀ိတ်တက်ခြင်းဖြစ်စေပါလိမ့်မည်။ တိုကျို National Institute of Health and Nutrition က တွေ့ရှိသည်မှာ အမြန်စားသည့် ပုဂ္ဂိုလ်များသည် ဗီဝဖြစ်ပျက်မှု ပြဿနာများ ကပိုကြုံတွေ့ရလေ့ရှိပြီး ဖြေးဖြေးအချိန်ယူဝါးစားသူများထက် ပိုအလေးချိန်စီးတတ်သည်ဟူ၍။



