rest
6-ထပ်ကွမ်း မောင်အိုလံပီယာ ဒိုရီယံရိတ်၏ လက်မောင်းနောက်သား ကစားနည်း
Posted by Phyo Wai Win | No Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
မေး။ ။သင့်ရဲ့အကောင်းဆုံးလက်မောင်းနောက်သားကစားနည်းကဘာလဲ?
ဖြေ။ ။သင့်ရဲ့အမေး အတွက်အကောင်းဆုံးအဖြေ ကျွန်တော့်မှာရှိတယ်။ လက်မောင်းနောက်ကစားချိန်မှာ ကျွန်တော် အမြဲတမ်းကေဘယ်လ်ကြိုး လက်မောင်းနောက်သားဖိနှင့် စတယ်။ အလေးပေါ့ပေါ့နဲ့ 12-ကြိမ်၊ 15-ကြိမ်လောက် သွေးပူ ကစားတယ်။ ပြီးတော့မှ အလေးနိုင်သမျှများများနဲ့ တစ်ကျော့ကို နိုင်သလောက်ညှစ်ပြီး အိတ်သွန်ဖာမှောက် ကစားပါတယ်။ ဒုတိယလေ့ကျင့်ခန်းကတော့ E-Z barနဲ့ ပက်လက်အိပ် လက်မောင်းနောက်သားဆန့်ကို ကစားးတယ်။
ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၁၅
Posted by Phyo Wai Win | 4 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—15—၂-လသို့ မဟုတ်၃-လလောက် ကစားပြီး တစ်ပတ်လောက် အနားမယူခြင်း
ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်၊ သင့်ကြွက်သားများကို အနားပေးရန်မှာ လိုအပ်ချက်ဖြစ်သည်။ ထိုသို့  အနားပေးခြင်းဖြင့် သင့်ကိုမတော်တဆဖြစ်ခြင်းများမှ ကာကွယ်ပေးပြီး ကြွက်သားများ တိုးတက်ကြီးထွားစေရန် အထောက်အကူများစွာ ပြုသည်။ လူအတော်များများသည် ကစားကောင်းတုန်း၊ အရှိန်ရတုန်းမနားချင်ကြပေ။ နားလိုက်လျှင် တိုးတက်မှုများ ရပ်တန့်သွားမည်ကို စိုးရိမ်ကြသည်။ အမှန်မှာတော့၊ ထိုသို့ နားမှသာ သင့်အတွက် အကျိုးရှိပေမည်။
ဘယ်လို ထွားကျိုင်းရမလဲ ဆိုသည့်အပေါ် အဖြေ ၂၀
Posted by Naing Wai | 2 Comments »
ထိပ်ပိုင်းက ကာယဗလမောင်များကို မေးကြသော မေးခွန်းများထဲတွင် အများဆုံး မေးကြသည် မှာ “ပုံမှန် ပျမ်းမျှ ကာယဗလ လေ့ကျင့်သူတစ်ယောက်က ကြီးထွား ကြီးမားချင်တယ်ဆိုလျှင် ခင်ဗျားတို့ ဘယ်လို အကြံပေးမလဲ?” ဆိုတာပါပဲ။ ဤမေးခွန်းသည် ချန်ပီယံများကို နှောင်ကြိုးက လွတ်ပေးလိုက်ပြီး အဓိက အရေးကြီးဆုံး သင်ခန်းစာများကို သင်ပြပေးစေပါသည်။ သူတို့၏ နှစ်ပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိခဲ့သော သင်ခန်းစာများကို ဖော်ထုတ်စေပါသည်။ ယခုတစ်ခါ ချန်ပီယံများစွာနှင့် တွေ့ဆုံမေးမြန်းပြီးမှ ရရှိခဲ့သော Knowledge များထဲမှ အကောင်းတကာ့ အကောင်းဆုံးများကို မျှဝေပေးမည်ဖြစ်သည်။
Continue readingGym Bag – ကျာပွတ်ကို ချိတ်ထားရမည့် အချိန်
Posted by Naing Wai | No Comments »“အလေးများများနှင့် အလွန်အကျွံလေ့ကျင့်မှုတွင် ကြွက်သားကို ရိုက်လွန်းသောကြောင့် ကျာပွတ်အက်ကွဲလာသည့်အချိန် တစ်ချိန်ကြုံရတတ်သည်။ ဆိုလိုသည်မှာ သင်အနားယူသင့်ပြီး ကြွက်သားတွေကို အသက်ရှုခွင့်ပေးသင့်နေပြီဟူ၍။
Continue reading


