training
မျိုးဆက်သစ် မြန်မာ့ကာယဗလ ကြယ်ပွင့်သစ်နှင့် တွေ့ဆုံခြင်း
Posted by Phyo Wai Win | 2 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
အကယ်၍ သင်သည် အလျင်မြန်ဆုံး တိုးတက်လာသော ကာယဗလသမားတစ်ဦးကို ရွေးချယ်ဆုပေးမည် ဆိုပါက ရထိုက်သူ တစ်ဦးသာရှိမည်ဟု ထင်ပါသည်။ 2008 ခုနှစ် မောင်မြန်မာပြိုင်ပွဲ(အငယ်တန်း)တွင် ကျွန်တော်သတိထားမိသူ တစ်ဦး ရှိခဲ့ပါသည်။ သူသည်ထိုနှစ်တွင် ပထမဆယ်ဦးတွင် မပါဝင်ခဲ့ပေ။ ဒါပေမဲ့ ကျွန်တော်သူ့ ကိုသဘောကျခဲ့သည်။ ထို့ ကြောင့် သူငယ်ချင်းများနှင့် သူ့ အကြောင်းစပ်မိတိုင်း ကျွန်တော်အငြင်းပွားခဲ့ရပါသည်။ အားလုံးကသူ့ ကို အကောင်ခပ်သေးသေး၊ အရပ်ပုပုနှင့်ဘာမှဖြစ်မလာပါဘူးဟု ၀ိုင်းပြောကြသည်။
Continue readingအာနိုးရွှာဇီနက်ဂါးနှင့် တစ်ရက်လောက်တွဲကစားကြည့်ခြင်း
Posted by Naing Wai | No Comments »
ကျွန်တော်တို့ ၁၉၇၃ခုနှစ် ဂျူလိုင်လ ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ် ဂျင်မ် (Gold’s Gym) သို့ သွားကြပါစို့။ အာနိုးရွှာဇီနက်ဂါး၏ ဘ၀နှင့် လေ့ကျင့်မှုထဲသို့ စေ့စေ့စပ်စပ်ဝင်ကြည့်ကြပါစို့။ ကမ္ဘာ့အကျော်ဇေယျကြီးတစ်ဦးကို ပုံသွင်းထုလုပ်ပေးခဲ့သော သွေး၊ ချွေးနှင့် ကြမ်းတမ်းလှသော လေ့ကျင့်ကစားမှုများကို အသက်ပြန်သွင်းကြည့်ကြရအောင်။
ကယ်လီဖိုးနီးယာ။က ဗီးနစ်မြို့မှာရှိသည့် ဂိုးလ်ဒ်ဂျင်မ်မှာ သြစတီးယား ၀က်သစ်ချပင်ကြီးဟု အမည်ရသည့် အာနိုး၏လေ့ကျင့်ချိန်သက်သက်ကို ဖော်ပြရုံသာမဟုတ်ဘဲ ထိုနေရာမှာ အာနိုးနှင့်အတူ ဖြစ်ပျက်သွားတာလေးကိုပါ လိုက်ပါကြည့်ရှုရန်ဖြစ်သည်။ အာနိုးသည် သူ၏ မောင်အိုလံပီယာ လေးထပ်ကွမ်းအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။
Gym Bag – ဒိုရီယံရိတ်စ်၏ Willpower
Posted by Naing Wai | No Comments »
“ကိုယ့်ကြွက်သားများကို ထိန်းချုပ်ပါ။ သူတို့ကို သင်ထင်ထားသည့်အတိုင်းအတာထက် ကျော်လွန်သွားအောင် အလုပ်လုပ်ခိုင်းပါ။ သူတို့အတွက် အလေးဆုံးအလေးများကို သုံးပြီး အနည်းဆုံးအကြိမ်ရေများနှင့် အကျော့ရေများကို အသုံးပြုကာ အတတ်နိုင်ဆုံးညှစ်ကစားပါ။ ထိုနည်းလမ်းများကို သိပ်သိပ်သည်းသည်းဖြစ်အောင် စုစည်းထားလိုက်လျှင် သင်သည် ပြင်းအားအမြင့်ဆုံးနှင့် ကစားနိုင်သည့် အဆင့်သို့ ရောက်သွားလိမ့်မည်။
Continue readingGym Bag – Hidetada Yamagishi ၏ ခြေသလုံးတက်နည်း လျှို့ဝှက်ချက် ရှာဖွေတွေ့ရှိခြင်း
Posted by Naing Wai | 1 Comment »
ကျွန်တော့်ရဲ့ ၁၅နှစ်ကြာ လေ့ကျင့်မှုတွင် ကျွန်တော့်ကိုယ်ကာယ အများကြီး ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော် များစွားသော ကာယဗလမောင်များကဲ့သို့ ကျွန်တော့် ခြေသလုံးတွေဟာ တခြား အစိတ်အပိုင်းတွေလို လွယ်လွယ်ကူကူနှင့် လျှင်လျှင်မြန်မြန် တုံ့ပြန်ခြင်းမရှိပါ။ ကျွန်တော် အဲသည့်နေရာမှာ မျိုးရိုးဗီဇအရ ကောင်းမွန်ခြင်းရှိမရှိ ဆိုသည်ကို ဖော်ထုတ်ဖို့ သိပ္ပံပညာရှင်ကြီး ဖြစ်စရာမလိုပါ။ ထို့ကြောင့် ကျွန်တော့်ဘ၀မှာ အကြီးဆုံးနှင့် အလှပဆုံး ခြေသလုံးတစ်စုံ ဖြစ်နိုင်အောင် ကြိုးစားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
Continue readingအစားအသောက်ဆိုင်ရာ ပဟေဠိ ၃ ခုအတွက် အဖြေများ
Posted by Naing Wai | 5 Comments »
၁) ကျွန်တော် ဖြည်းဖြည်းစားဖို့ ကြီုးစားကြည့်သေးတယ်။ ဒါပေမဲ့ စားပြီဆိုလျှင် ၀ံပုလွေတစ်ကောင်လိုပဲ အမြဲတမ်းဖြစ်ဖြစ်သွားတယ်။ တချို့က ကျွန်တော့်ကိုပြောတယ်။ ဒါသည် ၀ိတ်တတ်ဖို့အတွက် လုံးဝသေချာတဲ့ နည်းစနစ်ဖြစ်နေတယ် ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ လျှင်မြန်နေတဲ့ အရသာခံခြင်းက ကျွန်တော့်ကို ၀ စေပါသလား?
တိုတိုဖြေရလျှင် ဟုတ်တယ်။ ၀ ပါတယ်။ လက်နဲ့ ပါးစပ်နဲ့ လျှင်မြန်နေအောင် ဆက်သွယ်ခြင်းသည် မလိုအပ်တဲ့ ၀ိတ်တက်ခြင်းဖြစ်စေပါလိမ့်မည်။ တိုကျို National Institute of Health and Nutrition က တွေ့ရှိသည်မှာ အမြန်စားသည့် ပုဂ္ဂိုလ်များသည် ဗီဝဖြစ်ပျက်မှု ပြဿနာများ ကပိုကြုံတွေ့ရလေ့ရှိပြီး ဖြေးဖြေးအချိန်ယူဝါးစားသူများထက် ပိုအလေးချိန်စီးတတ်သည်ဟူ၍။
ွGym Bag – မာတီနက်ဇ် ပြောသော ဗိုက်အကြံအဥာဏ်
Posted by Naing Wai | No Comments »
1) အကြိမ်ရေတွေကို ဘယ်တော့မှ မမြန်စေပါနှင့်။ အနှေး အကြိမ်ရေများသည်သာ သင့် ဗိုက်ကြွက်သားများ၏ ရွေ့လျားမှုအား ထိန်းချုပ်စေပြိး အလုပ်လုပ်စေသော တစ်ခုတည်းသော နည်းလမ်းသာလျှင်ဖြစ်သည်။
2) အကြိမ်တိုင်းမှာ ဗိုက်ကြွက်သားများ တောက်လျှောက်တင်းနေပါစေ။
ကိုယ်ကာယ လေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၉
Posted by Phyo Wai Win | No Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
အမှား—9—-ကြွက်သားထုထည် တည်ဆောက်ရန် မှန်ကန်သော အဟာရကို လုံလောက်စွာ မစားသောက်ခြင်း
ကြွက်သားထုတက်စေရန်အတွက် သင်သည် ကယ်လိုရီပေါင်းများစွာ စားသုံးရန် လိုအပ်ပါသည်။ လေ့လာတွေ့ ရှိချက်များအရ-ဆူမိုနပမ်းသမားများသည် ကယ်လိုရီတန်ဖိုးမြင့်သော အစားအစာများကို ပြိုင်ပွဲဝင် ကာယဗလမောင်များထက် များစွာ ပိုမို စားသုံးသောကြောင့် ၎င်းတို့ သည် ပိုမိုကြီးထွားသော ဘော်ဒီကို ပိုင်ဆိုင်နိုင်ကြသည်။
အမျိုးသမီးများအတွက် လေ့ကျင့်မှု သဘောတရား
Posted by Naing Wai | 3 Comments »
အကျော့ — ခန္ဓာကိုယ် အစိတ်အပိုင်း တစ်မျိုးကို ၈-၁၂ ကျော့
အကြိမ် — တစ်ကျော့ကို ၁၂-၁၅ ကြိမ်
ကာဒီရို အကြိမ်အရေအတွက် — တစ်ပတ်ကို ၆ ချိန်
ကာဒီရို အချိန် — တစ်ကြိမ်ကို ၄၅ မိနစ်
Gym Bag – ပေါင်နောက်သား အကြိမ်များများ
Posted by Naing Wai | No Comments »
“ကျွန်တော့် ပေါင်နောက်သားများသည် ကွဲပြားပေါ်လွင်မှုများရှိခဲ့သည်။ သို့သော် သူတို့မှာ မကြာသေးခင်ကလောက် ထုထည်မရှိခဲ့ပါ။ ကျွန်တော်၏ ပေါင်နောက်သားလေ့ကျင့်ချိန် အဆုံး၌ အရေအတွက်များများ ကစားမည်။ ပြင်းအားမြင့်ပြီး ကစားမည်။ အကြိမ်တိုးကစားလိုက်မည်။ စသည်ဖြင့် ပြောင်းလဲအာရုံစိုက်လိုက်သည်။
Continue readingကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၈
Posted by Phyo Wai Win | 5 Comments »
တင်ဆက်သူ နိုင်ဦး(119) (intensemuscle@gmail.com)
အမှား—–8——အဆီကျအောင်ကြိုးစားရင်း ထုတက်အောင် စိတ်ကူးယဉ်ခြင်း
ထိုအမှားသည်လူတိုင်း အချိန်တိုင်း ရူးသွပ်စွာ စိတ်ကူးယဉ်နေသော အမှားတစ်ခု ဖြစ်သည်။ ဒါဟာ လုံးဝမဖြစ်နိုင်တဲ့အရာ ဖြစ်သည်။ စဉ်းစားကြည့်ပါ၊ သင်ထုတက်စေရန်အတွက် သင်အသုံးပြုသော ပမာဏထက် ပိုတဲ့ကယ်လိုရီကို စားသုံးရမှာဖြစ်သည်။ ထို့အပြင်အချို့ သော ကောင်းမွန်သောအဆီများကိုလည်း စားသုံးရမှာဖြစ်သည်။



