Triceps
ကမ္ဘာ့ လက်မောင်းအကြီးဆုံး ပိုင်ရှင်၏ စကားသံတစ်ချို့
Posted by Phyo Wai Win | 2 Comments »
Post written by Aung Aung (aungaung.aung24@gmail.com)
ကမ္ဘာ့ကာယဗလ လောကမှာ လက်မောင်း အကြီးဆုံး ပိုင်ရှင် ဘယ်သူလဲဆိုရင် ဂရက်ဗလင်တီနို ဆိုတဲ့ လူထူးလူဆန်း တစ်ယောက် လွဲပြီးဘယ်သူမှရှိမယ်မထင်ပါဘူး။ တကယ်လည်း သူရဲ့ လက်မောင်း ကြွက်သား ကြီးထွားမှုမှာ လက်ရှိ မောင်အိုလံပီယာ တွေလည်း လိုက်မမှီနိုင်ပါဘူး။ နောင်လည်း မှီမယ်သူရှိမယ်မထင်ပါဘူး။ ပုံမှန်ကစား ၊ပုံမှန် လေ့ကျင့်နေကြတဲ့ ကျွန်တော် တို့လို သာမန်သူတွေ အတွက်ကတော့ ဘယ်လိုမှ အိမ်မက်ထဲတောင် ထည့ှ်မက်နိုင်မယ် မထင်ပါဘူး။
Continue readingလူတွေ အမေးများတဲ့ မေးခွန်းများ — ၁
Posted by Phyo Wai Win | 9 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ကျွန်တော့်ကို လူအတော် များများက မေးတတ်ကြတဲ့ ကာယဗလ မေးခွန်း လေးများကို ဗဟုသု
တရ စေရန် စုဆောင်း တင်ပြ ပေး လိုက်ပါတယ်။
ကနေဒါချန်ပီယံရဲ့ လက်မောင်း ကြီးစေမည့် လျိုဝှက်ချက်
Posted by Phyo Wai Win | 5 Comments »
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
အခုတစ်ခါ တင်ပြပေးမှာကတော့ 2003 ခုနှစ် ကနေဒါနိုင်ငံရဲ့  ကာယဗလ ချန်ပီယံ ဖရန့် မက်ဂရန့် 
ရဲ့ လက်မောင်း ကစားနည်း လျို့ ဝှက်ချက်ပဲ ဖြစ်တယ်။ သူ့ ရဲ့  အယူအဆကို တင်ပြပေးပါမယ်။
ကမ္ဘာ့ လက်မောင်း အကြီးဆုံးပိုင်ရှင် ဘယ်သူလဲ?
Posted by Phyo Wai Win | 15 Comments »
တင်ဆက်သူ — အောင်အောင်
ဒီတစ်ခေါက် ပိုစ်မှာတော. အထူးအဆန်းတစ်ခုလိုလည်းပြောလို.ရသလို၊ အားကျဖွယ်ရာ တစ်ခုလို.လည်းပြောလို.ရလောက်မဲ. ဆောင်းပါးအတိုလေး တင်ဆက်ပေးလိုက်ပါတယ်။ အဲဒါကတော. လက်ရှိ ကမ္ဘာ လက်မောင်းအကြီးဆုံး ပိုင်ရှင်လို.အားလုံးက သတ်မှတ်ထားတဲ. လူတစ်ဦးအကြောင်းပါ။ သူအမည်ကတော. ဂရက်ဗလန်တီနို (Greg Valentino) ဖြစ်ပြီး အသက်(၁၄)နှစ်သား အရွယ်ကတည်းက ကာယဗလ အားကစားကို ၀ါသနာပါလိုက်စားခဲ.ပြီး အသက်၃၀ကျော်လက်ရှိအချိန်ထိ ကစားနေဆဲဖြစ်သည်။
Continue readingလီဟန်နီ၏ လက်မောင်း(ရှေ့/နောက်) လေ့ကျင့်ခန်း
Posted by Phyo Wai Win | 9 Comments »
တင်ဆက်သူ — အောင်အောင်
ကျွန်တော် ပြီးခဲ.တဲ. တစ်ခေါက်တုန်း က လီဟန်နီရဲ. ဗယ်လီ လေ.ကျင်ခန်း ဆိုတဲ. ဆောင်းပါးလေးကို တင်ဆက်ခဲ.ပြီး ဒီတစ်ခေါက်မှာတော. လီဟန်နီရဲ. လက်မောင်း ရှေ့/နောက် လေ.ကျင် ပုံလေး ကို တင်ဆက် ပေးလိုက်ပါတယ်။ လီဟန်နီရဲ. လေ.ကျင်. နည်းတွေ ဟာ ရိုး၇ိုးလေးနဲ. သင်ခန်းစာယူ စရာလေးတွေပါတာကို သတိထားမိရင် တွေ.နိုင်ပါတယ်။
Continue readingနှစ်လအတွင်း ထုတက်စေမည့် နိုင်ဦး—119၏ ပရိုရမ်
Posted by Phyo Wai Win | 17 Comments »
တင်ဆက်သူ — နိုင်ဦး(119)(intensemuscle@gmail.com)
ကျွန်တော်တို့ ကာယဗလသမားများ၏ ရည်ရွယ်ချက်မှာ မည်သည့် အဆင့်ပဲ ရောက်ရောက်ကြီး
ထွားလိုသည်ထက် ကြီးထွားလိုသည်မှာ သဘာဝဖြစ်သည်။ အခြေခံအဆင့်များ မဆိုထားနှင့်
အဆင့်မြင့် ကာယဗလသမားများပင် ထိုလောဘ ရှိတတ်ကြသည်မှာ သဘာဝဖြစ်သည်။ သို့ 
သော် သင်တစ်ကယ်လိုချင်သော ထုတင်သည့် ပရိုဂရမ်ကို မည်သူပေးနိုင်ပါသနည်း။
အာမက်ဟိုင်ဒါ (Ahmed Haider) ရဲ့ လက်မောင်းရှေ့ ကစားနည်း ပရိုဂရမ်
Posted by Phyo Wai Win | 11 Comments »
တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
လက်ဘနွန်နိုင်ငံဖွား ၊ ဖလော်ရီဒါတွင် အခြေချနေထိုင်သူ အာမက်ဟိုင်ဒါသည် 2009-ခုနှစ်
သံမဏိမောင်ပြိုင်ပွဲတွင် အဆင့်-5-ရရှိခဲ့သူ ဖြစ်သည်။ သူသည် ကမ္ဘာ့အကောင်းဆုံး ၀မ်းဗိုက်
ကြွက်သားပိုင်ရှင် တစ်ဦးဖြစ်သည်။ သူ၏ကာယဗလ nick name မှာ abszilla-ဂေါ်ဇီလာကဲ့သို့ 
ကြီးထွားသော ၀မ်းဗိုက် ကြွက်သားပိုင်ရှင် ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံး လေ့ကျင့်စဉ် ၇ မျိုး
Posted by Naing Wai | No Comments »
ဤသည်မှာ FLEX မဂ္ဂဇင်းတွင် ဖော်ပြရေးသားခဲ့ဖူးသော အကောင်းဆုံး Workout များထဲမှ အကောင်းဆုံးတွေကို စုစည်းထားပေးခြင်းဖြစ်သည်။ Flex သည် ကမ္ဘာ့နံပါတ်တစ် ကာယဗလမဂ္ဂဇင်းဖြစ်၍ ၎င်းတို့ စုစည်းထားသည်တို့သည် ဆိုးဆိုးရွားရွား မမှားနိုင်။
ကျွန်တော်တို့သည် ကာယဗလ၏ အကြီးကျယ်ဆုံးနှင့် အထွန်းတောက်ဆုံး ကြယ်ပွင့်များ၏ လေ့ကျင့်ချိန်များကို ဖော်ပြဖို့ရန် ဆွေးနွေးတိုင်ပင်ကာ ကြိုးစားခဲ့သည်။
သင့်လက်မောင်းနောက်သားအားဖြည့်ပါ
Posted by Phyo Wai Win | 2 Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
ယခုဖော်ပြပေးမဲ့ကစားနည်းကတော့ 2007 -အမေရိကန် နိုင်ငံ ချန်ပီယံ၊ အနေနှင့် ပရော်ဖက်ရှင်နယ် အဆင့် ကို ရောက်ရှိလာပြီး၊ စတင်ယှဉ်ပြိုင်သော ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွင် နာမည်ကျော် ၀ါရင့်ကာယဗလသမား များဖြစ်သော ဒင်းနစ်ဂျိမ်း၊မားကပ်စ်ရူး တို့ ကို ကျော်ဖြတ် အနိုင်ရခဲ့သူ အလားအလာ အကောင်းဆုံးသော လူငယ်ကာယဗလ ချန်ပီယံ အီဗန်ဆင်တိုပီနီ (evan centopani) ၏ လက်မောင်းနောက်သား ကစားနည်း ကို မြန်မာ့ ကာယဗလသမားများ အတွက် ဖော်ပြပေးလိုက်ပါတယ်။
Continue reading6-ထပ်ကွမ်း မောင်အိုလံပီယာ ဒိုရီယံရိတ်၏ လက်မောင်းနောက်သား ကစားနည်း
Posted by Phyo Wai Win | No Comments »
တင်ဆက်သူ နိုင်ဦး (119) (intensemuscle@gmail.com)
မေး။ ။သင့်ရဲ့အကောင်းဆုံးလက်မောင်းနောက်သားကစားနည်းကဘာလဲ?
ဖြေ။ ။သင့်ရဲ့အမေး အတွက်အကောင်းဆုံးအဖြေ ကျွန်တော့်မှာရှိတယ်။ လက်မောင်းနောက်ကစားချိန်မှာ ကျွန်တော် အမြဲတမ်းကေဘယ်လ်ကြိုး လက်မောင်းနောက်သားဖိနှင့် စတယ်။ အလေးပေါ့ပေါ့နဲ့ 12-ကြိမ်၊ 15-ကြိမ်လောက် သွေးပူ ကစားတယ်။ ပြီးတော့မှ အလေးနိုင်သမျှများများနဲ့ တစ်ကျော့ကို နိုင်သလောက်ညှစ်ပြီး အိတ်သွန်ဖာမှောက် ကစားပါတယ်။ ဒုတိယလေ့ကျင့်ခန်းကတော့ E-Z barနဲ့ ပက်လက်အိပ် လက်မောင်းနောက်သားဆန့်ကို ကစားးတယ်။



