ကွန်ပျူတာနှင့် Bodybuilding Programmes များ
Home > General Health > ကွန်ပျူတာနှင့် Bodybuilding Programmes များသင်၏ ကွန်ပျူတာသည် သင့်လက်နှင့် မျက်လုံးများကိုသာ လေ့ကျင့်ခန်းလုပ်ပေးလိမ့်မည်။ သို့သော် သင့် ကာယလေ့ကျင့်မှု အစီအစဉ်များကိုကား မှတ်တမ်းတင် စောင့်ကြည့်နိုင်သည်။ မြောက်မြားလှစွာသော အွန်လိုင်းပေါ်က ကုမ္ပဏီများသည် သင့်ကို ထောက်ကူဖို့ မရေမတွက်နိုင်သော programmes များကို ပေါက်ပွားထားပေးသည်။ အဲသည့်အထဲမှ အကောင်းဆုံးများသည် သင့်ခန္ဓာကိုယ် အတိုင်းအတာများ အပါအ၀င် သင့် ၀ိတ်လေ့ကျင့်မှု၊ အစားအသောက်၊ ကာဒီရို စသည်တိုင်းကို ကောင်းကောင်း မှတ်တမ်းတင်နိုင်အောင် အသုံးဝင်သည်။ ၎င်းတို့မှ တဆင့် သင့်ရဲ့ တိုးတက်မှုကို Chart တွေ၊ Graph တွေနှင့် ကြည့်ရှုနိုင်သည်။ ဆိုကြပါစို့ လွန်ခဲ့သည့် နှစ်ပတ်က သင့် ကာဗိုဟိုက်ဒရိက် စားသုံးမှု အခြေအနေ သို့မဟုတ် လွန်ခဲ့သည့် သုံးလက စပြီး သင့်အောက်ပိုင်းထိုင်နိုင်သည့် ခွန်အား တိုးတက်မှုရှိမရှိ (ကာဗိုဟိုက်ဒရိက် စားသုံးမှုနှင့် အောက်ပိုင်း ထိုင်ထ ခွန်အား ဘယ်လိုဆက်စပ်သွားသလဲ သိရှိနိုင်မှု) စသည်ဖြင့် သိရှိနိုင်သည်။
သည်မှာ ရွေးချယ်ထားသည့် programme အားလုံးတွင် body mass calculator, cardio calorie-burning counters, strength graphs နှင့် USDA database of statistics of over 6,500 foods (ကိုယ့်အစားအသောက်များ၏ အခြေအနေကို လျှင်မြန်စွာ ဆုံးဖြတ်နိုင်ရန်) စသည့် မှတ်တမ်း အမျိုးမျိုး ပါဝင်သည်။ တခြား Programme များလည်း မြောက်မြားစွာရှိပါသေးသည်။ သို့သော် ကျွန်တော်တို့သည် ၎င်းတို့ကို ရှာဖွေသုံးသပ်ပြီး များစွာကို ဖယ်ရှားပစ်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆို သူတို့တွင် အာဟာရနှင့် လေ့ကျင့်ကစားခြင်း အစိတ်အပိုင်းများ လုံလောက်စွာမပါဝင်ခြင်း၊ အသုံးပြုရ ခက်ခဲခြင်းနှင့် ဈေးကြီးလွန်းသောကြောင့် ဖြစ်သည်။ အောက်တွင် ဖော်ပြမည့် programme အားလုံးသည် Windows system အားလုံးနှင့် ကောင်းကောင်း အလုပ်ဖြစ်ပါသည်။
Biggly (biggly.com)
သူ့နာမည်ကတော့ တမျိုးဖြစ်နေပေမယ့် ဂရပ်ဖ်တွေ မြောက်မြားစွာနှင့် ကောင်းကောင်း အထောက်အကူပြုနိုင်သော serious programme တစ်ခုဖြစ်သည်။ နောက်ပိုင်းမှာလည်း free lifetime upgrades များရှိသည်။
Open fitness (workoutware.com)
၎င်းသည် အကောင်းဆုံး ဂရပ်ဖ်များနှင့် အဆင့်မြင့်ဆုံး programme ဖြစ်သည်။ အွန်လိုင်း version သည် သင့်အချက်အလက်များကို သူများတွေနှင့် ဖြန့်ဝေတိုင်ပင်နိုင်ပြီး ဘယ်နေရာကိုမဆို (PDA စသည်ဖြင့်ဆီကို) လွဲပြောင်းပေးနိုင်သည်။
Pro Track 2005 (dakotafit.com)
သူ့တွင် အစိတ်အပိုင်းမျိုးစုံပါဝင်သည့်အပြင် အသုံးပြုရ လွယ်ကူသော Programme များနှင့် Website တစ်ခုဖြစ်သည်။
PTrainer (silveronion.com)
၁၉၉၉ ခုနှစ်က စတင်တည်ထောင်ထားပြီး အွန်လိုင်းပေါ်တွင် ပထမဆုံး တင်ခဲ့သော fitness-tracking programme ဖြစ်သည်။ မှာယူပါက ပလက်စတစ် bodyfat caliper များကို free ပေးလိမ့်မည်ဖြစ်သည်။
တခြား အလားတူ အသုံးဝင်သော programme များ တွေ့ရှိက မနှောင့်မနှေး တင်ပြကြရန်။ ကျေးဇူးတင်ပါသည် သူငယ်ချင်းတို့။
Related posts:






