ကမ္ဘာ့နောက်ကျော ၀င်းကြွက်သား အကောင်းဆုံး ကာယဗလမောင်-20 ဦး
Home > ကမ္ဘာ့သမိုင်းသို့, နိုင်ဦး စာမျက်နှာ > ကမ္ဘာ့နောက်ကျော ၀င်းကြွက်သား အကောင်းဆုံး ကာယဗလမောင်-20 ဦးတင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
ကမ္ဘာ့ပေါင်ကြွက်သား အကောင်းဆုံးမောင်-10-ယောက်၊ ရင်အုပ် အကောင်းဆုံးမောင်-10
ယောက်တို့ ကို ကျွန်တော်ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုတစ်ခါ မျက်မှောက် ကာယဗလလောက
တွင်ချန်ပီယံဖြစ်ရန် အရေးအပါဆုံးသော ကြွက်သား အစိတ်အပိုင်းတစ်ခုဖြစ်သော၊ မြန်မာ့
ကာယဗလမောင်များ အားလုံးလိုလို အားနည်းနေသော နောက်ကျော ၀င်းကြွက်သား အကြောင်းကို
ကမ္ဘာ့နောက်ကျောဝင်း ကြွက်သား အကောင်းဆုံးမောင်-20 ဦးနှင့် လည်းကောင်းတို့ ၏
အကြံပြုချက်များ ကစားနည်းများကို ဗဟုသုတရစေရန် တင်ပြပေးလိုက်ပါသည်။ ဤဆောင်းပါး
မှအကျိုးအမြတ်ရယူနိုင်ပါစေဟုဆန္ဒပြုလိုက်ပါသည်။နောက်ကျောဝင်းကြွက်သားသည်ကာ
ယဗလသမားအများစုလေ့ကျင့်ရန်ပျင်းတတ်ကြသော၊လေ့ကျင့်ပြန်လျင်လည်းထိမိသောလေ့
ကျင့်ခန်းများနှင့်လေ့ကျင့်မှု မရှိခြင်းတို့ ကြောင့်ထုတက်ရန်ခက်ခဲတတ်ကြသည်။ထိုသို့ ဖြစ်ရ
ခြင်း၏အဓိကအကြောင်းအရင်းမှာကြွက်သားတည်ဆောက်ပုံကိုနားမလည်ခြင်းနှင့်လည်း
ကောင်းကြွက်သားတို့ အတွက်မည်သည့်ကစားနည်းကအကျိုးရှိသည်ကိုမခွဲခြားတတ်ခြင်း
တို့ ကြောင့်ဖြစ်သည်။နောက်တစ်ချက်မှာနောက်ကျောဝင်းကြွက်သားအုပ်စုသည်နောက်ကျော
ဖက်တွင်ရှိသောကြောင့်အပြည့်အ၀မမြင်နိုင်သောကြောင့်ထင်သာမြင်သာရှိသော၊လူအများ
ကြားထင်ပေါ်စေနိုင်သည်ဟုထင်သောရင်အုပ်၊လက်မောင်းတို့ ကိုသာဖိလေ့ကျင့်တတ်ကြ
သည်။အမှန်တစ်ကယ်တွင်နောက်ကျောနှင့်ပေါင်ကြွက်သားသည်ကာယဗလစင်မြင့်ပေါ်တွင်
ပြိုင်ဖက်များကိုအလဲထိုးနိုင်သော၊ပရိတ်သတ်များအားလုံးကိုဖမ်းစားနိုင်သောကြွက်သားများ
ဖြစ်သည်။ဒါကြောင့်သင့်ကိုချန်ပီယံဖြစ်စေမည့်ကမ္ဘာ့နောက်ကျောအကောင်းဆုံးကာယဗလ
ချန်ပီယံများ၏ကစားနည်းများကိုတင်ဆက်ပေးလိုက်ပါသည်။
၂၀——အဲလ်ဘတ်ဘတ်ကယ်လ်
သူသည်အသက် 60-ကျော်အထိပြိုင်ပွဲဝင်ခဲ့သော IFBB ၏တစ်ဦးတည်းသောပရော်ဖက်ရှင်
နယ်ကာယဗလချန်ပီယံတစ်ဦးဖြစ်သည်။သူ့ သက်တမ်းတစ်လျောက် IFBB မှကျင်းပသော
ပရော်ဖက်ရှင်နယ်ကာယဗလပြိုင်ပွဲ ၈-ပွဲကိုအနိုင်ရဗိုလ်စွဲခဲ့သူဖြစ်သည်။အဲလ်ဘတ်၏၀င်းကြွက်
သားသည်ကျယ်ပြန့် မှု့ သိပ်မရှိသော်လည်းအင်မတန်ကောင်းသောထုထည်နှင့်အမျှင်မျှင်များ
ထနေသောသူ့ ကြွက်သားကသူ့ ကိုပုံတွင်ပြထားသည့်အတိုင်းနောက်ကျောလှည့်လက်မောင်း
နှစ်ဖက်ညှစ်ကိုယ်ဟန်ပြကွက်တွင်ပြိုင်ဖက်ကင်းဖြစ်စေခဲ့သည်။ထို့ ကြောင့်လည်းသူ့ ကိုဤစာ
ရင်းတွင်ပါဝင်စေခဲ့ခြင်းဖြစ်သည်။
၁၉—–မယ်လဗင်အန်ထော်နီ
2004 – ခုနှစ်မဟူရာညများချန်ပီယံမယ်လဗင်အန်ထော်နီသည်သူ၏ 27 လက်မသာရှိသောခါး
ကျယ်ပြန့် လှပသောနောက်ကျောကြွက်သားတို့ ကြောင့်ကျော်ကြားသူဖြစ်သည်။
၁၈—–သီယာရီပစ်စတယ်
သူကတော့ခါးအထိပြန့် ဆင်းနေသောဝင်းကြွက်သားများနှင့်မယ်လဗင်အန်ထော်နီကဲ့သို့ သေး
ကျဉ်သောခါးကြောင့်နာမည်ကျော်သူဖြစ်သည်။သူ့ ၏မတ်တပ်ရပ်လက်မောင်းနှစ်ဖက်ကွေးနှင့်
မတ်တပ်ရပ်ဝင်းကြွက်သားဖြန့် ကိုယ်ဟန်ပြကွက်များတွင်ပြိုင်ဖက်များငေးကြည့်ရအောင်လှပ
သူဖြစ်သည်။
၁၇—–တိုနီပီယာဆန်
သူကတော့ 1978-ခုနှစ် Mr.america ချန်ပီယံဖြစ်ပါတယ်။အကယ်၍လူတစ်ယောက်ဟာဝင်း
ကြွက်သားတွေကိုအတောင်ပံအဖြစ်အသုံးပြုပြီးငှက်တွေလိုပျံသန်းနိုင်မယ်ဆိုရင်တော့ကျယ်
ပြန့် လွန်းတဲ့ ဝင်းကြွက်သားပိုင်ရှင်တိုနီပီယာဆန်ပဲဖြစ်နိုင်ပါလိမ့်မယ်။ဒါပေမဲ့သူ့ ပေါင်ကြွက်
သားတွေဟာကိုယ်အပေါ်ပိုင်းနှင့်ယှဉ်လျင်သေးလွန်းနေတာကြောင့်သူ့ ထို့ ထက်ပိုတဲ့အောင်
မြင်မှု့ တွေကိုမရခဲ့တာပါ။
၁၆—–ဆာဂျီယိုအိုလီဗာ
သူကတော့သုံးထပ်ကွမ်းမောင်အိုလံပီယာ(1967-69)ချန်ပီယံပါ။သူ့ ခေတ်နဲ့ သူကတော့ဘုရင်
တစ်ပါးပါပဲ။အာနိုးတောင်သူ့ ကိုရှုံးဖူးပါတယ်။ဟုတ်မဟုတ်သူ့ ပုံကိုသာကြည့်ပါတော့ဗျာ။
၁၅—–အော်ဗေလ်းဗရုက်
သူကတော့ဂျာမေကာနိုင်ငံသား ၊2001-ခုနှစ်မဟူရာညများချန်ပီယံပဲဖြစ်ပါတယ်။သူ့ ဝင်းသား
များကတော့အပေါ်ပိုင်းတွင်ကျယ်ပြန့် လွန်းပြီးအောက်ပိုင်းတွင်တော့အားနည်းပါတယ်။ဥပမာ-
ဒင်းနစ်ဝုဖ်လိုပေါ့။သူကတန်းခိုတာကိုအားပြုကစားသူပါ။
၁၄—–အာ့တ်အတ်ဝုဒ်
ရွန်နီကိုလ်းမင်းကိုပင်ထုထည်ယှဉ်နိုင်သောကာယဗလသမားတစ်ယောက်ပါ။အချိုးအစားသိပ်
မလှသောကြောင့်သာချန်ပီယံမဖြစ်ခြင်းဖြစ်သည်။စောစောစီးစီးအနားယူသွားသည်မှာဒိုင်များ
၏တစ်ဖက်သတ်ဆန်သောအဆင့်သတ်မှတ်ချက်များကြောင့်ဖြစ်သည်။နှမြောစရာဖြစ်သည်။
၁၃—–ဖလက်ဝှီးလား
မောင်အိုလံပီယာမှအပအခြားသောအဆင့်မြင့်ကာယဗလပြိုင်ပွဲပေါင်းများစွာကိုအနိုင်ရထား
သောချန်ပီယံဖြစ်သည်။သူသည်စင်မြင့်ပေါ်တွင်ထုထည်အကြီးဆုံးမဟုတ်သော်လည်းအင်မ
တန်လှပသောသူ၏အချိုးအစားနှင့်ကျောပြင်ကြွက်သားမျှင်များကိုသူ့ ကိုထိုမျှအောင်မြင်ခဲ့
စေခြင်းဖြစ်သည်။ရွန်နီကိုလ်းမင်းပင်လျင်သူ့ ကိုအကြိမ်ကြိမ်ရှုံးဖူးသည်။
၁၂—–ရော်ဘီရော့ဘ်ဆင်
1970-ပြည့်နှစ်များတွင်မြွေဟောက်ပါးပြင်းကဲ့သို့ ကျယ်ပြန့် သော၊၀င်းကြွက်သားပိုင်ရှင်မှာ
ရော်ဘီရော့ဘ်ဆင်သာဖြစ်သည်။ယနေ့ ခေတ်မောင်များကဲ့သို့ မာဆယ်ထောင့်စုံလှပသူလည်း
ဖြစ်သည်။
၁၁—–မိုဟာမက်ဘင်နာဇီဇာ
သူကတော့ပရော်ဖက်ရှင်နယ်ကာယဗလလောကတွင်ဒိုရီယံရိတ်အားအနိုင်ယူခဲ့သူနှစ်ဦး
ထဲမှတစ်ဦးဖြစ်သည်။နောက်တစ်ဦးမှာလီဟေးနီဖြစ်သည်။199၀-မဟူရာညများချန်ပီယံ
ဖြစ်သည်။အရပ်ငါးပေသုံးလက်မသာရှိသောအလ်ဂျီးရီးယားနိုင်ငံသားဖြစ်သည်။
အခုကမ္ဘာ့နောက်ကျောဝင်းကြွက်သားအကောင်းဆုံးမောင်-20 ဦး၏စာရင်းပထမပိုင်းပြီးပါပြီ။
နောက်တစ်ပိုင်းကိုလည်းဆက်လက်တင်ပြပါဦးမည်။ပရိတ်သတ်ကြီးအဆင့်1- 10 အထိဘယ်
သူပါမယ်လို့ ခင်ဗျားတို့ ထင်လဲ။ comment လေးတွေနဲ့ ပြောပါဦး။ခင်ဗျားတို့ ရဲ့ ဗဟုသုတကို
စမ်းတာပါ။ဥာဏ်စမ်းပေါ့ဗျာ။
စီစဉ်တင်ဆက်သူ—–
နိုင်ဦး—-119
Email—-intensemuscle@gmail.com
Related posts:













ရော်နီကိုးလ်မင်းပါမယ်လို့ ထင်ပါတယ် ကိုနိုင်ဦး
ကျွန်တော် ပြောတာ မျန်မယ်လို.တောထင်တာပဲ နော် ဖလှက်ဝှီးလားအကြိုက်ဆုံးပဲ
နိုင်ဦး- ဦးကြည်လည်း ထင်မြင်ချက်တွေ ၀င်ရေးမယ်နော်။
ဖလက်ဝှီးလား ကိုကြိုက်တယ်
အလေးမသုံးပဲ bodyအချိုးစားလှရုံ ကစားနည်းရှိလျှင်ဖော်ပြပေးပါ ခင်ဗျာ