ကမ္ဘာ့ နောက်ကျောဝင်း ကြွက်သား အကောင်းဆုံး ကာယဗလမောင်-20 ဦး -Part 2
Home > ကမ္ဘာ့သမိုင်းသို့, နိုင်ဦး စာမျက်နှာ > ကမ္ဘာ့ နောက်ကျောဝင်း ကြွက်သား အကောင်းဆုံး ကာယဗလမောင်-20 ဦး -Part 2
တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
ကဲပရိတ်သတ်ကြီး ခင်ဗျားတို့ အတွက် အခု ကမ္ဘာ့နောက်ကျောဝင်း ကြွက်သား အကောင်းဆုံး ကာယဗလမောင်-20 ဦး- ဒုတိယပိုင်းကို တင်ပြ ပေးလိုက် ပါတယ်။
၁၀—–ဗစ်တာမာတီးနက်စ်
ရွန်နီကိုလ်းမင်းရဲ့ အကြိုက်ဆုံးအနာဂါတ်ရဲ့ မောင်အိုလံပီယာလို့ တင်စားခဲ့တဲ့ 2007-ခုနှစ်အာ
နိုးကလပ်စစ်ချန်ပီယံဗစ်တာမာတီးနက်စ်ဟာအနဲဆုံးမောင်အိုလံပီယာတစ်ကြိမ်လောက်တော့
ပိုင်ဆိုင်သင့်တယ်လို့ သူ့ ပရိတ်သတ်များကဝေဖန်ပေးကြပါတယ်။သူ့ ပုံကိုကြည့်ပြီးတော့ခင်
ဗျားတို့ ဝေဖန်ပေးကြပါ။ကျွန်တော်လည်းသူ့ ကိုအကြိုက်ဆုံးပါပဲ။သူ့ ရဲ့ ပုံနောက်တစ်ပုံကို
လည်းထည့်ပေးလိုက်ပါတယ်။
၉—–မိုက်ဖရန်ဆွာ
သူသည် 1993 -ခုနှစ် Npc ချန်ပီယံဖြစ်ပြီးပရိုဖက်ရှင်နယ်အဆင့်သို့ ရောက်လာသောသူဖြစ်
သည်။ပရိုကစားသမားဖြစ်လျင်ဖြစ်ချင်းဝင်ရောက်ယှဉ်ပြိုင်သောပရိုပြိုင်ပွဲလေးပွဲဆက်တိုက်ကို
အနိုင်ရရှိသူဖြစ်သည်။ကျောပြင်သည်သူ၏အားသာသောကြွက်သားဖြစ်သည်။2007-ခုနှစ်တွင်
မြန်မာနိုင်ငံသို့ သူ၏ဇနီးနှင့်အတူအလည်အပတ်လာခဲ့သည်။
၈—–ဆမ်မီယာဘန်းနူး
လက်ဘနွန်နိုင်ငံသား ၊1983-မောင်အိုလံပီယာချန်ပီယံဆမ်မီယာဘန်းနူးဟာယခုစာရင်းမှာနံ
ပါတ် ၈-နေရာမှာရှိနေပါတယ်။
၇—–ဂျင်းပဲရီဖက်စ်
ဆွစ်ဇာလန်နိုင်ငံသားဂျင်းပဲရီဖက်စ်ရဲ့ ကျောပြင်ဟာဒိုရီယံရိတ်လောက်ကိုကျယ်ပြန့် ပါတယ်။ဒါ
ပေမဲ့ဒိုရီယံကိုမယှဉ်နိုင်တာကတော့ခါးအထိဆင်းနေတဲ့ဝင်းသားတွေပါ။
၆—–ဂျေးကတ်လာ
သုံးထပ်ကွမ်းမောင်အိုလံပီယာချန်ပီယံ၊သုံးထပ်ကွမ်းအာနိုးကလပ်စစ်ချန်ပီယံဂျေးကတ်လာ
ယခုခေတ်တွင်ထုထည်အကောင်းဆုံးသောဝင်းကြွက်သားပိုင်ရှင်ဖြစ်သည်။သူ့ ရဲ့ နောက်ကျော
ကိုယှဉ်နိုင်သူအလွန်ရှားသည်။
၅—-ဖရန်ကို ကိုလံဘူ
နှစ်ထပ်ကွမ်းမောင်အိုလံပီယာချန်ပီယံဖရန်ကိုသည်အရပ် 5ပေ 5လက်မသာရှိသော်လည်း
သူ၏ကျယ်ပြန့် သောဝင်းကြွက်သားများနှင့်ပြိုင်ဖက်များကိုကောင်းကောင်းကြီးအနိုင်ယူခဲ့
သူဖြစ်သည်။သူသည် dead lift ပေါင် 700 ခန့် အထိကစားနိုင်သည်။
၎—–လီဟေးနီ
ရှစ်ထပ်ကွမ်းမောင်အိုလံပီယာလီဟေးနီ၏နောက်ကျောသည်သူရရှိခဲ့သောအောင်မြင်မှု့ နှင့်
ထိုက်တန်သည်ကိုပြောစရာမလိုပဲသူ့ ပုံကိုကြည့်လျင်သိနိုင်ပါသည်။အကြီးကျယ်ဆုံးသော
ကာယဗလချန်ပီယံဖြစ်သည်။
၃——ဂျိုးစတပ်
အရပ်ခြောက်ပေသုံးလက်မရှိသောလေယာဉ်လိုင်းပိုင်းလော့တစ်ဦးဖြစ်သူဂျိုးစတပ်သည်ပရို
ကဒ်ရလျင်ရခြင်းအကောင်းဆုံးသောဝင်းကြွက်သားပိုင်ရှင်အဖြစ်တင်စားခြင်းခံရသည်။အံ့သြ
စရာကောင်းသည်မှာသူသည်လီဟေးနီ၊ဂျေးကတ်လာ၊ဆမ်မီယာဘန်းနူးနှင့်ဖရန်ကို ကိုလံဘူ
ကဲ့သို့ သောမောင်အိုလံပီယာချန်ပီယံများကိုကျော်ဖြတ်ကာဤစာရင်းတွင်အဆင့်-3ရခဲ့ခြင်းက
သူ့ ကျောပြင်ကြွက်သားများ၏အထူးကောင်းမွန်မှု့ ကြောင့်ဖြစ်သည်။ဤမျှကောင်းမွန်သော
ကျောပြင်ကိုတန်းခိုခြင်းကိုအားပြုကာတည်ဆောက်ခဲ့သည်ဆိုလျင်သင်ယုံမည်လား။
၂—–ဒိုရီယံရိတ်
အင်္ဂလန်သားခြောက်ထပ်ကွမ်းမောင်အိုလံပီယာဒိုရီယံရိတ်ကိုလူအများစုကအကောင်းဆုံး
သောဝင်းကြွက်သားပိုင်ရှင်အဖြစ်တင်စားကြသည်။သူသည်ခါးအထိဆင်းနေသောသူ၏
ဝင်းကြွက်သားများနှင့် သူ၏တစ်မျိုးတစ်ကျော့သာကစားသော High intensity ကစားနည်း
ကြောင့်နာမည်ကျော်ကြားသူဖြစ်သည်။လီဟေးနီနောက်ပိုင်းကာယဗလကိုထုထည်နှင့်စတင်
မိတ်ဆက်ပေးခဲ့သူဖြစ်သည်။သူ့ အရင်ကမောင်အိုလံပီယာများမှာပေါင်220-မကျော်ပေ။သူက
အရပ် 5ပေ 7လက်မလောက်နှင့်ပေါင် 300 ရှိသူဖြစ်သည်။ထို့ ကြောင့်သူ့ ကိုသူ့ ခေတ်ကပြိုင်
ဘက်များဖြစ်သောဖလက်ဝှီးလား၊နာဆာအလ်ဆွန်ဘက်တီ၊ရှောင်ရေးနှင့်ကီဗင်လက်ဗရုန်းတို့ 
ကမယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်။
၁——ရွန်နီကိုလ်းမင်း
ကမ္ဘာ့ကာယဗလလောကရဲ့ အကြီးကျယ်ဆုံးသော၊အမြင့်ဆုံးသောစံချိန်ရှင်ရွန်နီကိုလ်းမင်း
ဟာယခုရော၊နောင်ပါကာယဗလလောကမှာမည်သူမှသူ့ စံချိန်ကိုချိုးနိုင်မှာမဟုတ်ဟုထင်ပါ
သည်။မည်သည့်ကြွက်သားအစိတ်အပိုင်းရဲ့ အကောင်းဆုံးကိုရွေးသည်ဖြစ်စေရွန်နီပါမည်သာ
ဖြစ်သည်။သူသည်ကာယဗလအားကစားရဲ့ ကိုယ်စားပြုဖြစ်သည်။မကြာမှီသူ့ အင်တာဗျူးများ
နှင့်ကစားနည်းများကိုလည်းတင်ပြပေးပါဦးမည်။
—-ကဲပရိတ်သတ်ကြီးရေကမ္ဘာ့ဝင်းအကောင်းဆုံးမောင်နှစ်ဆယ်တော့ပြီးပါပြီ။သူတို့ သတ်မှတ်
ထားတဲ့အဆင့်သတ်မှတ်ချက်တွေကိုခင်ဗျားတို့ ကျေနပ်ရဲ့ လား။ဘယ်သူကဘယ်အဆင့်
ရောက်သင့်တယ်လို့ ထင်လဲ။စတဲ့ comment တွေပေးပါဦး။
စီစဉ်တင်ဆက်သူ—
နိုင်ဦး—119
Email—-intensemuscle@gmail.com
Related posts:



















ကျွန်တော်ကတော. ဖလှက်စ်ဝှီးလား ကိုအကြိုက်ဆုံးပဲဗျ ရှယ်ပဲ နော်
အားလုံးကကောင်းနေတော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး
ကျွန်တော်ကတော့ ရွန်နီကိုလ်းမင်း ကိုသာ ၁။ ပေးချင်ပါတယ် ကျွန်တော့်အမြင်နဲ့ အခြားသူတွေရဲ့အမြင်ကိုလဲ လေ့လာကြည့်ကြပါအုံး http://forums.musculardevelopment.com/showthread.php?p=2059704
@kawhmu Thanks for the Link. အဲသည့်မှာ ရွန်နီနဲ့ ဒိုရီယံ ကောင်းကောင်းနှိုင်းယှဉ်ထားပါတယ်။ တကယ်တော့လည်း ရွန်နီကိုးလ်မင်းဟာ ကြွက်သား ကွဲပြားပေါ်လွင်မှုမှာ ဒိုရီယံထက် သာပါတယ်။ ကိုနိုင်ဦး ပြောသလို ရွန်နီကိုးလ်မင်းကို ဘယ်သူမှ ယှဉ်နိုင်သေးမှာ မဟုတ်ပါဘူး။
ကိုနိုင်ဦးခင်ဗျာ အင်တာနက်ကနေ ဗီဒီယိုတို. ကစားတဲ.ပုံတို.ဒေါင်းလော.ဆွဲချင်တယ်ဘယ်လိုဆွဲရလဲခင်ဗျာ ဥပမာ ဖလက်မဂ္ဂဇင်း လိုမျိုးဟာပေါ. ဒေါင်းလော.ဆွဲလိုရလားခင်ဗျာ။ ဒေါင်းလော.ဆွဲလို.ရတဲ. ဆိုဒ်လေးတွေရှိရင်လည်းဝေမျှပေးပါလား လေ.လာချင်.လို.ပါအကို
နောက်တစ်ခု မေ.နေလို.အကိုရေ ကိုအောင်အောင်ပိုစ်ထဲက မောင်ကြီးက တကယ်ကော အဲဒီလောက်ရှိရဲ.လားဗျ နည်းတာကြီးမဟုတ်ဘူးနော် အခုကော ရှိသေးလားမသိဘူး
နိုင်ဦးပြထားတဲ့ Serial Numbers များအတိုင်း သဘောတူပါတယ်။
အသစ်အသစ်တွေ ထပ်တင်ပေးဦးလို့ အားလုံးကိုယ်စားတောင်းဆိုပါတယ်နော်။