Jan
15

လီဟေနီ၏ အကောင်းဆုံးအခြေအနေ

Home > Gym Bag > လီဟေနီ၏ အကောင်းဆုံးအခြေအနေ

မေး။ လီဟေနီ ခင်ဗျားရဲ့အကောင်းဆုံးအခြေအနေရအောင် ဘယ်လိုလေ့ကျင့်ယူခဲ့သလဲ?

ဖြေ။ ကျွန်တော်ရဲ့ နောက်ဆုံးမောင်အိုလံပီယာ ပြိုင်ပွဲ 1991မှာ ၈ကြိမ်မြောက် မောင်အိုလံပီယာ ဆုကို ဆွတ်ခူးတဲ့နှစ်မှာပဲ ကျွန်တော် အကောင်းဆုံး အခြေအနေရောက်ခဲ့သည်။ ဒါသည် ကျွန်တော် ဖြည်းဖြည်းချင်း အဆီကျကျစ်လျစ်သွားခြင်းသာဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။ ပြိုင်ပွဲဝင်ကာယဗလကစားခြင်းသည် အတွေ့အကြုံမြောက်မြားစွာ စမ်းသပ်စစ်ဆေးပြီးမှ တဖြည်းဖြည်း တိုးတက်လာသော ဗဟုသုတဖြင့် ကစားရခြင်းသာဖြစ်သည်။ နှစ်တိုင်းနှစ်တိုင်း ကျွန်တော် ဒီအားကစားထဲမှာ ရှိနေသမျှ ပတ်လုံး ကျွန်တော် အသစ်အသစ်တွေကို သင်ယူနေမြဲပါပဲ။ ‘ကာယဗလအကြောင်း သင်သိသင့်သမျှ အားလုံး’ဆိုပြီး ဘယ်သူမျှ ရေးနိုင်မည်မဟုတ်ပါ။ အခုလည်းပဲ ကျွန်တော်သည် ကျွန်တော့် အကောင်းဆုံးအခြေအနေရောက်အောင် ဘယ်လိုအကောင်းဆုံး ကြိုးစားခဲ့သည်ဆိုတာကိုပဲ ဖော်ပြပေးပါမည်။

အကောင်းဆုံး အခြေအနေ သို့မဟုတ် အကြီးမားဆုံး ထုထည်နှင့် အပြတ်သားဆုံး အပေါ်လွင်ဆုံး အခြေအနေသည် လေ့ကျင့်မှုသက်သက်ဖြင့် ဘယ်တော့မှ မရနိုင်ပါ။ သင့်ခန္ဓာကိုယ် ပြောင်းလဲလာသည်နှင့်အမျှ  သင့်လေ့ကျင့်ချိန်များလည်း ပြောင်းလဲရမည်ဖြစ်သည်။ ထိုပြောင်းလဲမှုများသည် ၁၀လ သို့မဟုတ် တစ်နှစ်လောက် ဆက်တိုက်ပြောင်းလဲနိုင်သည်။

ပထမလအနည်းငယ်အတွင်း ကျွန်တော်သည် ထုထည်အတွက် စားသည်။ လေ့ကျင့်သည်။ ဆိုလိုသည်မှာ လေးလံသော အခြေခံပါဝါလေ့ကျင့်ခန်းများကို ပြင်းပြင်းထန်ထန် ခြောက်ကျော့ကနေ ရှစ်ကျော့ တခါတရံ ငါးကျော့ အထိကို ကြွက်သားတစ်မျိုးအတွက် ၂၀-၂၅အကြိမ်အထိ ကစားခဲ့သည်။ ပြိုင်ပွဲဝေးကာလတွင် စိတ်အားထက်သန်တက်ကြွမှု၏ အရေးကြီးပုံကို လျှော့မတွက်ပါနှင့်။ သင်သည် ဖော်ဖော်သီသီစားနေပြီ၊ သင့်ခွန်အားသည် ထိပ်ဆုံးကိုရောက်နေပြီ။ ထို့ကြောင့် တနေ့နှစ်ကြိမ် သုံးရက်ကစားတစ်ရက်နား လေ့ကျင့်စဉ်အတိုင်းကစားပါ။  ပြင်းအားအများဆုံးနှင့် စွမ်းအင်အကုန်ထုတ်ကစားပါ။

ခြောက်လလောက် လေ့ကျင့်ပြီးလျှင်တော့ ကွဲပြားပေါ်လွင်မှုအတွက်လည်း လေ့ကျင့်ပါလေ၊ ပါဝါလေ့ကျင့်ခန်းများကို ပိုပြီး သေသပ်သော  သီးသန့်ထိသည့် လေ့ကျင့်ခန်းများနှင့် ပေါင်းစပ်လေ့ကျင့်ပါ။ သင်၏ အကြိမ်ရေ၊ အကျော့ရေများကို တသတ်မတ်တည်းထားပါ။ နောက်ထပ် ငါးကြိမ်အကျော့များ၊မကစားပါနှင့်တော့။ ရွေ့လျားမှုများကို ပိုပြီး ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် ကစားပါ။ သင်၏ ခန္ဓကိုယ်အဆီများနှင့် တစ်ရှုးအရည်များကို လျှော့ချနေသောကြောင့် သင်သည် သင်၏လေ့ကျင့်စဉ်ကို သုံးရက်ကစားတစ်ရက်နား၊ နောက်သုံးရက်ကစား နှစ်ရက်နားပုံစံနှင့်ကစားပါ။ သို့မှာသာ လေ့ကျင့်မှုလွန်ကဲခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

အစားအသောက်ပြင်ဆင်ခြင်းသည် ဤအဆင့်တွင် အကြီးမားဆုံးအပြောင်းအလဲဖြစ်သည်။ သင့်ခန္ဓာကိုယ်ကို ခံနိုင်အောင် ခွန်အားရအောင်တော့ စားပါ။ ကြွက်သားထုထည်တက်ဖို့တောင် စားပါ။  သို့သော် လည်း ခန္ဓာကိုယ်အဆီများနှင့် အရည်များဖြည်းဖြည်းချင်းတော့ ကျသွားအောင် စားသောက်ပါ။ တစ်နေ့ကို ခြောက်ကြိမ်စားခြင်းနည်းစနစ်သည် ကျွန်တော်အတွက်တော့ အလုပ်ဖြစ်သည်။ အသားနီများ(အမဲသား စသည်)ကို ကြက်သားနှင့် ငါး ပြောင်းစားလိုက်သည်။ ထမင်းနှင့် အခြောက်အခြမ်းများကို ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊နှင့် နာနတ်သီးများ စသည့် အသီးအနှံများနှင့် ပြောင်းလဲအစားထိုး စားခဲ့သည်။ တဖန် ဤပြောင်းလဲမှုများကို ပြိုင်ပွဲနီး ခြောက်လလောက် အလိုတွင် တစ်နေ့လုံးမှ တစ်နပ်လောက်သာ ပြောင်းစားပြီး တဖြည်းဖြည်း တိုးတိုးပြောင်းစားလာသည့်အခါ နှစ်လခွဲလောက်အရောက်တွင် တစ်နေ့လုံး စားသမျှကို အဲသည့်အတိုင်းသာ ပြောင်းစားပါတော့သည်။

ထိုမှစ၍ လေ့ကျင့်မှုနှင့် အစာအသောက်တွင် ညှိခြင်းဆိုသည့် စကားလုံးကို သုံးရတော့မည်။ သင်ဘယ်လိုခံစားရသလဲဆိုသည့်အပေါ် ခံစားပြုလုပ်ပါ။ ဘယ်အရာကိုမှ ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်ပြောင်းမပစ်ပါနှင့်။ သင်၏ ဟဲဗီး အခြေခံပါဝါလေ့ကျင့်ခန်းများကို သင့်လေ့ကျင့်စဉ်များတွင် တတ်နိုင်သမျှ ပါဝင်နေပါစေ၊ အကယ်၍ စိတ်နှင့် ကြွက်သား ဆက်စပ်မှု ပျောက်ကွယ်လျှင်၊ မသက်မသာဖြစ်လှသော နာကျင်မှုတွေများလာလျှင်၊ ကြာရှည်နှုံးခွေ ပင်ပန်းလာလျှင် ထိုအခါမျိုးမှသာ တခြား သီးသန့်လေ့ကျင့်ခန်းလေးများကို အစားထိုပါ။ ပရိုတိန်းစာသုံးမှုကို မြင့်မြင့်ထားပါ။ သင့်မှာ ခွန်အားတွေအများကြီးရှိနေပြီဆိုသော်မှာသာ ကာဗိုဟိုက်ဒရိုတ်ကို လျှော့ပါ။

ကျွန်တော်၏ အရိုးရှင်းဆုံး အကြံပေးချက်သည် ‘အာရုံစိုက်ပါ၊ အမြဲတမ်းပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပါ’။ အချိန်တိုင်းတွင် ထုထည်နှင့် ကွဲပြားပေါ်လွင်မှု ညီမျှမှုကို ထိန်းသိမ်းပါ။ အဘယ့်ကြောင့်ဆိုသော် သင်ကြီးလာလေလေ၊ ပေါ်လွင်မှုပိုနက်နဲကွဲပြားလေ ဖြစ်နေစေပြီး သင်ပိုပြီး ကွဲပြားပေါ်လွင်လေလေ၊ သင်ပိုပြီးကြီးလာလေလေ ဖြစ်နေစေမည် ဖြစ်သောကြောင့်ပင်။

ဟေနီ၏ ပြတ်သားသော ထုထည်ကြီးအတွက် အချက်အလက်များ

**အစားအသောက် လျှော့သည့်အခါ သင့်ခန္ဓာကိုယ်ကို မတိုက်ခိုက်ပါနှင့်။ သင့်ကို ဘယ်အချိန်မှာ ပါဝါလေ့ကျင့်ခန်းတွေကို လျှော့သင့်ပြီ။ ဘယ်အချိန်မှာ ကယ်လိုရီကို ပြန်တင်သင့်သလဲဆိုတာတွေ သင့်ခန္ဓာကိုယ်က ပြောပါစေ။ ထို့အတူ ကိုယ့်ကိုယ်ကိုလည်း တအားမညှာပါနှင့်။ သင့်မှာ ခွန်အားတွေပြန်တက်လာလျှင် ပါဝါလေ့ကျင့်ခန်းများကို ပြန်လုပ်ပါ။ အကယ်၍ သင်ပြည့်နေလျှင် ကဆီဓာတ်တွေကို ပြန်လျှော့ပါ။

**ပြိုင်ပွဲနီး ၁၀ ပတ်လောက်အလိုတွင် ကျွန်တော် စကွဝ်တ်(အလေးထမ်းထိုင်ထ) မလုပ်တော့ပါ။ ပက်လက်အိပ် ခြေကန်ကို ပြောင်းကစားသည်။ ထို့နောက်မှာတော့ ကျွန်တော်ပေါင်များ သိသိသာကို ပြတ်သားပေါ်လွင်လာပါတော့သည်။

**သင့်အပေါ်ပိုင်းများကိုလည်း ပြိုင်ပွဲဝေးကာမှ ပြိုင်ပွဲနီးကာလသို့ရောက်လျှင် ပြောင်းလဲမှုများ အနည်းငယ်လုပ်ပါ။ ဘားရှည်နှင့် ဒမ်ဘယ်များသည် သင့်ရင်အုပ်၊ လက်မောင်းများ၊ နောက်ကျောနှင့် ဆုံများကို စကွဝ်တ်က ပေါင်များကို ထိရောက်သည်ထက် ပိုအလုပ်ဖြစ်စေသည်။  အပေါ်ပိုင်းအတွက် ထုတင်သော လေ့ကျင့်ခန်းများသည် ပြတ်သေားစေသော လေ့ကျင့်ခန်းများလဲဖြစ်သည်။ သင့်ရဲ့ အစားအသောက်ကို အမျိုးမျိုးစမ်းသပ်စားသောက်ပါ။ တဖြည်းဖြည်းချင်းတော့ တိုးသွားပါစေ။

**သင်၏ ကစားသော ပြင်းအားကို ဘယ်တော့မှ မလျော့သွားပါစေနှင့်။

Visit Lee’s Web site at leehaney.com.

Related posts:

  1. ၂၀၁၀ မောင်မြန်မာပြိုင်ပွဲမှ ကျွန်တော်ရရှိခဲ့သော သင်္ခန်းစာများ
  2. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ ၈
  3. အောက်ပိုင်း မှန်မှန်ကန်ကန် ထိုင်တတ်ပြီလား?
  4. ကိုယ်ကာယထဲ ရေဖြည့်သင့်သည့် အကြောင်း
  5. Gym Bag – ဒိုရီယံရိတ်စ်၏ Willpower