ဗစ်တာမာတီးနက်စ်ပြောသောလက်ဖျံကစားနည်း
Home > နိုင်ဦး စာမျက်နှာ > ဗစ်တာမာတီးနက်စ်ပြောသောလက်ဖျံကစားနည်းတင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)
2000 ခုနှစ် Jr.USA တွင်ပထမနှင့် Overall champion ဖြစ်ကာ Pro card ရရှိကာ 2003 ခုနှစ်တွင် Night of Champions (ချန်ပီယံများ၏မဟူရာည) တွင်ချန်ပီယံဖြစ်လာပြီး၊ ၈-ထပ်ကွမ်း မောင်အိုလံပီယာ ရွန်နီကိုးလ်မင်းက အနာဂတ်၏ မောင်အိုလံပီယာဟု တင်စားခြင်း ခံခဲ့ရသူ ဗစ်တာမာတီးနက်စ်က သူ၏အကြိုက်ဆုံး လက်ဖျံကစားနည်းများနှင့် အယူအဆများကို တင်ပြခဲ့ပါသည်။ မာတီးနက်စ်သည် 2007-အာနိုးကလပ်စစ် ပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာပြီး၊ ထိုနှစ် အိုလံပီယာတွင် ဒုတိယရခဲ့သူ ဖြစ်သည်။ သို့ သော် လူအများစုက သူ့ ကို သရဖူမဆောင်းလိုက်ရသော ချန်ပီယံ အဖြစ် တင်စားခဲ့ကြသည်။ မာတီးနက်စ်က ကျွန်တော့် လေ့ကျင့်ခန်းစတင်ချိန်မှာ အမြဲတန်းလက်ဖျံကို အရင်ကစားပါတယ်။
ကျွန်တော်လက်ဖျံကို နောက်ကျော ၀င်းသား ကစားပြီး သို့ မဟုတ်၊ လက်မောင်းကစားပြီး လေ့ကျင့်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ နှစ်ပတ်ကို တစ်ခါပဲ လေ့ကျင့်ပါတော့တယ်။ ကာယဗလဆိုတာ မိမိအားသန်ရာ အစိတ်အပိုင်းတွေဘဲ ပြိုင်ရတာ မဟုတ်ဘဲ တစ်ကိုယ်လုံးရှိ ကြွက်သား အားလုံးကို ပြိုင်ရတာပါ။ ဒါကြောင့် လက်ဖျံကစားရန် အရေးကြီးပါတယ်။
မာတီးနက်စ်၏လက်ဖျံကစားနည်း
လေ့ကျင့်ခန်း အကြိမ် အကျော့
ဘားရှည် သို့ ဘားတိုလက် 15-20 4
ဖျံကွေး( wrist curl)
လက်ဖျံအပြင်ကွေး 15-20 4
(reverse wrist curl)
ဘားရှည် သို့ ဘားတို 10-12 3
အပြင်ကွေး(hammer curl)
လက်တစ်ဖက်ချင်း ကေဘယ် 12-15 2
ကြိုးဖြင့် လက်ဖျံကွေး
(one arm cable wrist curl)
စီစဉ်သူ—
နိုင်ဦး-119
Related posts:







a ko,ku tat low a thit tway tin tar ma tway. ya bu nor!
ဆောရီးပါဗျာ—-ကျွန်တော် အခုတစ်လော လုံးဝမအားလို့ ပါဗျာ။ ကျွန်တော့်ဇနီးက 1-3-2010 မနေ့ ကမှ သမီးလေး မီးဖွားတာပါ။ ဒါကြောင့်မို့  အခုတစ်လော ကျွန်တော် သေချာ မရေး ဖြစ်တာပါ။ နောက်ပြီး ခင်ဗျားတို့  နိုင်ဦးစာမျက်နှာမှာလည်း ကျွန်တော် profile ကို ဖတ်ပြီးရော ပေါ့ဗျာ။ ဒါဆိုရင် ကျွန်တော့် ဘ၀အကြောင်းကို သိပြီးရောပေါ့။ အရမ်းကို ရုန်းကန်နေရတယ်ဗျာ။ နောက်ပိုင်းကို ကျွန်တော် အကောင်း စားတွေ ရေးသွားဦးမှာပါ။ ကျွန်တော်က ထူးခြား ထိမိတာ လေးတွေကို ပရိတ်သတ်တွေကို ပေးချင်တာပါ။
နောက်ပြီး ကျွန်တော့်ကိုမေလ်းနဲ့  ဆက်သွယ်ပြီး မေးထားတဲ့ သူတွေကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော် အလျဉ်းသင့်သလို ခင်ဗျားတို့ ရဲ့ အမေးတွေကို ဖြေပေးသွာမှပါ။ အခုတော့ ကျွန်တော့်ကို နားလည်ပေးကြပါ။ ကျွန်တော်ရေးခဲ့ပြီး၊ နောက်ရေးမဲ့ ဆောင်းပါတွေ အားလုံးကိုလည်း ယုံယုံကြည်ကြည်နဲ့ လေ့လာ မှတ်သား လေ့ကျင့်ကြပါ။ ခင်ဗျားတို့ အကျိုးမယုတ်စေရပါဘူး။ ပရိတ်သက်အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
နိုင်ဦး—–119
What a good news!… Naingoo… Congratulations!..
I’m very proud of you and your strength. Readers can find those in his profile here: http://myanmarfitness.com/naing-oo-profile
Good job, man! I’m always a fan of yours.
Naingwai
ဝမ်းသာပါတယ် ကိုနိုင်ဦးရေ..Congratulation ပါ .. အခက်အခဲ မျိုးစုံကြားထဲက မိသားစု နဲ. ၀ါသနာ အတွက်တင်သာမက အများအတွက်ပါ ကြိုးစားနေတဲ. အကို. ကို လေးစားအားကျမိပါတယ် …ဇနီး ၊သမီးလေး နဲ.အတူ ဒီထက်မက ပြည်.စုံအောင်မြင်တဲ. ဘ၀လေး ပိုင်ဆိုင်ပါစေဗျာ ။
Congrats, Ko Naing Oo!
You must be very happy to be a father for the first time, I guess.
And thanks for all your inspiring posts!
comment ရေးပေးတဲ့သူတွေရာ mail ပို့ ပေးပြီးအားပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
This site is really necessary for Myanmar teens that are interest in sexual….
Ko Naing Oo…Go ahead…God bless your site./.