ကိုယ်ဟန်ပြတတ်ဖို့ အရေးကြီးသလား?
Home > Training and Contest > ကိုယ်ဟန်ပြတတ်ဖို့ အရေးကြီးသလား?တင်ဆက်သူ ။ ။ အောင်အောင် (aungaung.aung24@gmail.com)
မိတ်ဆွေသင်.အနေနဲ. ကျွန်တော်ပိုစ်. ခေါင်းစဉ်လေးကို ဖတ်ကြည်.ပြီးရင် ဘယ်လိုအဖြေမျိုးပေးမှာလဲ? မောင်တစ်ယောက်အတွက် ပြိုင်ပွဲမှာ အနိုင်ရရှိဖို. ဆိုတာ မာဆယ်ကောင်းရုံ နဲ. မပြီးပါဘူး။ အမှတ်ပေး ဒိုင်လူကြီးတွေရဲ. မျက်လုံးထဲမှာ စွဲကျန်စေဖို.အတွက် မျက်စိပသာဒ ဖြစ်ဖို.ကလည်း အရေးကြီးပါတယ်။ နာမည်ကျော် မောင်တစ်ယောက်အနေနဲ. ကိုယ်ဟန်ပြ အတတ်ပညာကိုလည်း ကောင်းမွန်စွာ ပြသနိုင်ဖို.အတွက် ဆရာကောင်း သမားများထံမှာ ဆည်းပူး လေ.လာထားဖို.ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။ ကျွန်တော်တို.ဆီက တစ်ချို.သော မောင်တွေဟာ ကိုယ်ဟန်ပြအတတ်ပညာမှာ အားနည်းကြပါတယ်။ မိမိမှာ ရှိတဲ. မာဆယ်ကို ဒိုင်တွေ၊ ပရိသတ်တွေကို သိသာထင်ရှားစွာ်ပြသဖို. မိမိခန္ဓာ ကိုယ်မှာ ဘယ်မာဆယ်က ဘယ်လို ကောင်းတယ် ဒိုင်တွေနဲ. ပရိသတ်တွေ မြင်သာအောင် ဘယ်လို ပြသရမယ်ဆိုတာတွေရဲ. အဓိက ပြိုင်ပွဲတစ်ခုလုံးမှာ ဒိုင်နဲ. ဆက်သွယ်မှုပေးတာဟာ ကိုယ်ဟန် ပြတတ်ဖို. ဆိုတာပါပဲ။ ကျွန်တော်တို. မြန်မာပြည်မှာ ယခင် မောင်ဗမာ(ယခင်က အခေါ်အဝေါ်) ဟောင်း ကိုသန်းထွန်းဟာဆိုရင် ကိုယ်ဟန်ပြအတတ်ပညာကို ကျွမ်းကျင်တယ်လို. လေ.လာဖူးပါတယ်။ ကမ္ဘာအဆင်.ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာမှာ အရပ်အနိမ်.အတန်းမှာ ဆဌမရရှိခဲ. တာဟာလည်း ကျွန်တော်တို. နိုင်ငံအတွက် ရှားရှားပါးပါး ဂုဏ်ယူစရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကိုယ်ဟန်ပြအတတ်ပညာကို အနောက်တိုင်းထုတ် ကာယဗလ စာစောင်တွေထဲမှာ (The Art Of Posing)လို. ရေးသားထားတာကို တွေ.ရှိရပါတယ်။ အဲဒီစာသားလေးရဲ. အတိမ်အနက်ကို အလေးထားပြီး လေ.ကျင်.ကျတဲ. ကမ္ဘာကာယဗလ လောကမှ ထိပ်တန်းအောင်မြင်မှု ရရှိနေကြတဲ. မောင်စကြ၀ဌာ၊ မောင်ကမ္ဘာအစရှိတဲ. အပျော်တမ်း ကာယဗလမောင်တွေ သာမကPRO လို.ခေါ်တဲ. ဆုကြေးစား မောင်ပြိုင်ပွဲတွေနဲ. ကမ္ဘာအမြင်.ဆုံး ဆုကြေးစားပွဲ တစ်ခုဖြစ်တဲ. မောင်အိုလံပီယာ ပြိုင်ပွဲဝင်တွေရဲ. ကိုယ်ဟန်ပြသမှုတွေဟာ ထိပ်တန်းက ရှိနေတာကို တွေ.မြင်ဖူးကြမှာပါ။ ကိုယ်ဟန်ပြ အတတ်ပညာကို လေ.လာတဲ. နေရာမှာ စာစောင်တွေမှာ ပါရှိတဲ. ကိုယ်ဟန်ပြတွေကို လေ.လာတာထက် ဗီဒီယိုအခွေမှ ပါရှိတဲ. ကိုယ်ဟန်ပြကွက်တွေကို လေ.လာတာဟာ ပိုပြီးအသက်ဝင်သလို ပိုပြီးလည်း ကောင်းပါတယ်။ ပြိုင်ပွဲဝင်တွေရဲ. စိတ်ကြိုက် ကိုယ်ဟန်ပြကွက်တွေဟာ နောက်ခံတေးဂီတ အသံနဲ. လိုက်လျောညီထွေ ပြသသွားကြတာကို ကြည်.ရင် သူတို.တွေအနေနဲ. ပြိုင်ပွဲမတိုင်မီ ဘယ်လောက်ထိ လေ.ကျင်.ထားကြတယ် ဆိုတာ ပေါ်လွင်စေပါတယ်။ ကမ္ဘာကျော် ကာယဗလမောင်တွေဟာ ပြိုင်ပွဲတစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို.အတွက် တစ်နှစ်ပတ်လုံး လေ.ကျင်.ဇယား(Training Routine) တွေကို စနစ်တကျ ဇယားချပြီး လေ.ကျင်.မှုတွေ ပြုလုပ်ကြသလို တစ်ဖက်ကလည်း ကိုယ်ဟန်ပြ ခြင်း အတတ်ပညာကို လေ.လာသင်ယူကြပါတယ်။ ပြိုင်ပွဲစင်မြင့် ထက်မှာ တရားသော ယှဉ်ပြိုင်မှုနဲ. ပြိုင်ဘက်တွေကို အနိုင်ယူဖို. ဒိုင်တွေရဲ. မျက်စိထဲမှာ စွဲကျန်စေဖို. အတွက် ကိုယ်ဟန်ပြ လေ.ကျင်.မှုတွေကို ဂီတသံစဉ်တွေနဲ. တွဲဖက်ပြီး လေ.ကျင်.ကြရပါတယ်။
တစ်ချို.သော ပညာရှင်တွေက ပြောပါတယ်။ ကိုယ်ဟန်ပြ လေ.ကျင်.မှုတွေကို တစ်နေ.တစ်နာရီ လေ.ကျင်.တာ များတယ်လို. ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ. ကာယဗလ အစဉ်အလာကို ထိန်းသိမ်းဖို. အတွက် ဂျင်ပတ်ခ် ကလည်း မငြီးမငြူ လေ.ကျင်.ခဲ.တဲ. အတွက် ပြိုင်ပွဲမှာ မောင်စကြ၀ဌာ ဘွဲ. ထူးကို ဆွတ်ခူးနိုင်ခဲ.ခြင်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဂျင်ပတ်ခ် ကဆုကြေး စား ပြိုင်ပွဲ ၀င်ခဲ.သလို အမေရိကန်နိုင်ငံမှ ပြိုင်ပွဲဝင် နောက်တစ်ဦးဖြစ်တဲ. အင်ရစ်ကိုတိုမတ်(Enrico Tomas)ဆိုသူက အပျော်တမ်း မောင်စကြ၀ဌာ ပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ.ပါတယ်။ အဲဒီအတွက် အမေရိကန် ကာယဗလ သမိုင်းဟာလည်း ဆက်လက် ထွန်းပြောင်ခဲ.ပါတယ်။ ဒီနေရာမှာ အင်ရစ်ကိုတိုမတ် အကြောင်း အနည်းငယ်တင်ပြချင်ပါတယ်။ သူဟာ တောင်အမေရိကတိုက် ဗင်နီဇွဲလား နိုင်ငံကနေ အမေရိကန် နိုင်ငံကို အခြေချလာသူ တစ်ယောက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူပါ။ မြို.နယ်အဆင်. ပြိုင်ပွဲတွေလောက်သာ မောင်ဘွဲ.ရရှိခဲ.သူ တစ်ယောက်က အပျော်တမ်း မောင်စကြ၀ဌာပြိုင်ပွဲ မှာ ဗိုလ်စွဲခဲ.တဲ.အတွက် အမေရိကန် ကယယဗလ လောက မှာ ပုံပြင် တစ်ခုလို.တောင် အားလုံး ကထင်မှတ်ခဲ.ရသူပါ။ ကိုယ်ခန္ဒာ အချိုးအစား ပြေပြစ်တာထက် ကိုယ်ဟန်ပြ အတတ်ပညာမှာ အလွန်အမင်း ထူးချွန်မှုကြောင်. နိုင်ငံအသီသီးက မောင်တွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ.သူ တစ်ယောက် ဖြစ်ပါတယ်။ သူတို.နှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ.တဲ. မောင်စကြ၀ဌာ ပြိုင်ပွဲ ဟာ ထိုအချိန်က ရေပန်းအစားဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကို ကမ္ဘာတစ်ဝှမ်းက (N.A.B.B.A MR UNIVERSE) အဖြစ် လူသိများခဲ.ပြီး ၁၉၄၉ ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင်. မကျင်းပနိုင်တာက လွဲလို. ယနေ.တိုင်အောင် အင်္ဂံလန်နိုင်ငံ လန်ဒန်မြို.မှာ အောင်မြင်စွာ ကျင်းပနေဆဲ ဖြစ်ပါတယ်။
ကိုယ်ဟန်ပြ အတတ်ပညာမှာ နောက်ထပ် ထူးချွန်သူ တစ်ဦးကတော. ယနေ.မျက်မှောက်ခေတ် အထိတိုင် လူသိများနေတဲ. ဟောလိဝုဒ် ရုပ်ရှင် အကျော်အမော် မောင်အိုလံပီယာ ခုနှစ်ထပ်ကွမ်း အာ နိုး ပဲ ဖြစ်ပါတယ်။ သူရရှိခဲ.တဲ. မောင်ဘွဲ.တွေကတော. အများကြီးပါပဲ။ အမြင်.ဆုံးဘွဲ.ကတော. အင်္ဂံလန်နိုင်ငံမှာ ပြုလုပ်တဲ. မောင်စကြ၀ဌာ အပျော်တမ်း ပြိုင်ပွဲမှာ ဘွဲ.တစ်ခုနှင်. ဆုကြေးစား မောင်စကြ၀ဌာ ဘွဲ.သုံးဘွဲ. ၊ မောင်အိုလံပီယာ ခုနှစ်ဘွဲ. ရရှိခဲ.ခြင်းတို.ပါ ဖြစ်ပါတယ်။ သူကိုယ်တိုင် ရေးသားထုတ်ဝေခဲ.တဲ. စာအုပ်ထဲမှာ ဘာပြောထားသလဲဆိုရင် ကျွန်တော်ဟာ ကိုယ်ဟန်ပြကွက်တွေနဲ. ပတ်သက်ရင် အမေရိကန်နိုင်ငံက မောင်ဘွဲ.ရရှိသူတွေဖြစ်တဲ. ဖရင်(ခ်).ဇိန်းနှင်. ဆာဂျီယို အော်လီဗာတို. အပြင် အခြား မောင်တွေရဲ. ကိုယ်ဟန်ပြကွက်တွေကို လေ.လာခဲ.ပါတယ်။ အာနိုးလ်ဟာ သူရဲ. ကိုယ်ဟန်ပြကွက်တွေကို ညှက်ညှက် ညောညော ပြသနိုင်ဖို.အတွက် ဘဲလေးအက သင်တန်းတစ်ခုမှ နာမည်ကျော် အက နည်းပြ ဆရာမ တစ်ဦးထံမှလည်း အက ကွက်တွေနဲ. တွဲဖက်ပြီး လေ.ကျင်.ခဲ.တဲ. အတွက်လည်း ပြိုင်ဘက်တွေနဲ. မတူတဲ. ထူးခြားတဲ. ပြကွက်တွေကို စွမ်းဆောင်နိုင်ခဲ.သူ ဖြစ်ပါတယ်။ လေ.ကျင်.မှုပြီး တိုင်းလည်း မှန်ရှေ.မှာ ကိုယ်ဟန်ပြကွက်တွေ လေ.ကျင်ခဲ.သလို လေ.ကျင်.ဖော် သူငယ်ချင်းတွေကိုလည်း ကြည်.ခိုင်းပြီး မှားနေတဲ. အကွက်တွေကို ပြောပြကာ လေ.ကျင်.ခဲ.ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်လုံးပေါ် မှန်ရှေ.မှာ လျှပ်စစ်မီးရောင်အား ကောင်းကောင်းနဲ. လေ.ကျင်.တာ အကောင်းဆုံး ဖြစ်ပါတယ်။
နောက်ဆုံး တင်ပြလိုတာကတော. မှတ်သားစရာ တစ်ခုပေါ. ဘာလဲဆိုတော. သင်.ရဲ. ခန္ဒာကိုယ် အချိုးအစားဟာ ဖရင်.ဇိန်း နဲ. ဖရန်ကို ကိုလံဘူ လို ရှိနေမယ်ဆို ကျွန်တော်လို အရပ်အမောင်းကောင်းပြီး ထုထည်ကြီးမားတဲ. ကိုယ်ဟန်ပြကွက်မျိုး မပြမိစေဖို.တဲ. သူဆိုလိုတာကတော. ကိုယ်ခန္ဒာ ကိုယ် အချိုးအစား နဲ. လိုက် ဖက်တဲ. ပြကွက် ကို ပြတတ်ဖို.ကို ဆိုလိုတာပါ။ ဒါကြောင်. ကျွန်တော်တိုအနေနဲ. ယာယဗလ စာစောင်တွေမှာ ပါရှိတဲ. Pose That Made The Champions Famous ဆိုတဲ. စာသားလေးအတိုင်း ချန်ပီယံ ဖြစ်နိုင်ဖို. ဆိုတာ ကိုယ်ဟန်ပြတတ်ဖိုလည်း လိုပါတယ်လို. ပြိုင်ပွဲ ၀င်မဲ. ကာယဗလမောင် ကာယအလှမယ် တွေရဲ. ဦးနှောက်ထဲမှာ သံမှိုစွဲအောင် မှတ်ထားရပါမယ်။ နောက်တစ်ခုကတော. Posing Is a Means Of Communication Using The Entire Body To Tell A Story The Judges Will Not Forget တဲ. ဆိုလိုတဲ. အဓိပ္ပာယ်ကတော. ပြိုင်ပွဲဝင်နေစဉ် ကိုယ်ဟန်ပြကွက်တွေဟာ ဒိုင်လူကြီးတွေနဲ. ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်တယ်။ ကိုယ်ခန္ဓာ တစ်ခုလုံးရဲ. အချိုးအစား ပြေပြစ်မှုတွေကို လှုပ်ရှားမှုတွေနဲ. ပုံပြင်သဖွယ် ပြောပြနေသလို ဒိုင်တွေရဲ. မျက်လုံးထဲမှာ စွဲကျန်စေမဲ. ပြကွက်တွေ ပြတတ်ရမယ် ဆိုတဲ. သဘောပါပဲ။
နောက်ဆုံး တစ်ချက်ကတော. Beauty and Elegance Of A Human Form Deserved To Be Portray With Class And Integrity တဲ. ကိုယ်ခန္ဒာလှပပြေပြစ်ခြင်းနဲ. တင်.တယ်ခြင်း အဆင်.အတန်းရှိခြင်းတွေကို ထိုက်ထိုက်တန်တန် ပြသနိုင်စွမ်းရှိရမယ်ဆိုတဲ. အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ နောက်ဆုံးအနေနဲ. တင်ပြလိုတာကတော. အကောင်းဆုံး ကိုယ်ဟန်ပြသူ တစ်ယောက်ဖြစ်လာဖို. လေ.ကျင်.မှုတွေရဲ. ကြားထဲမှာ ကိုယ်ဟန်ပြကွက်တွေကို ကြားညှပ်ပြီး လေ.ကျင်.စေလိုပါတယ်။ ဒီလိုလေ.ကျင်.ပေးတဲ. အတွက် ကြွက်သားတွေကို ညှစ်ပြီး ပြုလုပ်ရတဲ.အတွက် ကြွက်သားတွေရဲ. ကျစ်လစ်ခိုင်မာ သန်စွမ်းမှုတွေကို အထိုက်အလျှောက် ရရှိစေပါတယ်လို. တင်ပြရင်း ပြိုင်ပွဲဝင်ဖို. ရည်မှန်းထားတဲ. သူတွေအတွက် ရည်ရွယ်ပြီး တင်ပြပေးလိုက်ပါတယ်။
အားလုံး ရည်မှန်းချက်တွေ ပြည်.စုံကြပါစေ။
Related posts:









မှတ်သားစရာ ကောင်းလှပါတယ်. ကစားပြီး ညှစ်ဖို့လည်း မမေ့ဘို့ ဆရာတယောက်ပြောဖူးပါတယ်
ကျေးဇူးပါ ကိုအောင်အောင်
တကယ်ကောင်းတဲ. ပိုစ် တစ်ခု ဆိုရင်လည်းမမှားပါဘူး မှတ်သားစရာလည်းကောင်းသလို အသိပညာလည်းရပါတယ် အကိုတို. ဆိုဒ်ကို ၀င်လေ.လာရတာ အကို ပိုစ်တေါ မတွေ.တာကြာလို.တောင်မေးထားသေးတယ် ဘာဖြစ်လို.နောက်ကျတာလဲ ပိုစ်တင်တာအကိုဒီတစ်ခေါက်နောက်ကျတယ်နော်