Aug
19

ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း

Home > General Health, နိုင်ဦး စာမျက်နှာ > ကျွန်တော် ရွေးချယ်ခဲ့တဲ့ လမ်းကြောင်း

တင်ဆက်သူ — နိုင်ဦး(119)(intensemuscle@gmail.com)

ကိုနိုင်ဦးရေ ကျွန်တော့်နာမည် ခင်မောင်ကြီးပါ။ အစ်ကိုတို့ ဆိုက်ရဲ့ မင်ဘာ တစ်ယောက်ပါ။ အခု

လက်ရှိ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ် နေပါတယ်။ အစ်ကို့ ရဲ့ထုတင်နည်း ပရိုဂရမ်ကို ကစားကြည့်

တာတိုးတက်မှု ရှိပါတယ်။ ကျွန်တော်က အစ်ကို့ရဲ့ fan ပါ။ အစ်ကို့ ဆောင်းပါးတွေက အင်မတန်

ကောင်းပါတယ်။ 2008-ခုနှစ်၊ဖေဖော်ဝါရီလလောက်ကကျွန်တော် Gold’s Gym ကိုရောက်ဖူးပါ

တယ်။အစ်ကို့ သူငယ်ချင်းတစ်ယောက်နဲ့ ကစားနေတဲ့အချိန်ပါ။အဲ့ဒီတုန်းအစ်ကို့ ဘော်ဒီကိုသ

ဘောကျမိပါတယ်။မိတ်ဆက်ကြည့်မလို့ ကအစ်ကိုက(စိတ်မဆိုးနဲ့ နော်)နည်းနည်းမာနကြီးတဲ့

ပုံစံဖြစ်နေလို့ ပါ။မျက်နှာကခပ်တည်တည်နဲ့ ဆိုတော့ဗျာ။ကျွန်တော်ကအဲ့ဒီအချိန်ကအစ်ကို

ဘယ်သူဆိုတာမသိပါဘူး။ကိုယ့်ညီနောင်တစ်ယောက်အင်မတန်ကောင်းနေလို့ အားကျမိတာ

ပါ။နောက်မှဒီဆိုက်ကိုဝင်ကြည့်ဖြစ်တော့နိုင်ဦး—119ဆိုတာအစ်ကိုမှန်းသိရတာပါ။ကျွန်တော်

မေးချင်တာကအစ်ကိုဒီလောက်ကောင်းနေအောင်ကစားပြီးပါလျက်နဲ့ ဝင်မပြိုင်ဘဲဘာဖြစ်လို့ 

ဒီလိုဆောင်းပါးတွေပဲရေး၊နည်းပြလုပ်နေရတာလဲပေါ့။

md.ismaile (commented here)

ဖြေ။                             ။ကိုခင်မောင်ကြီးရေပထမအနေနဲ့ ခင်ဗျားချီးကျူးတာကိုအထူးကျေးဇူး

တင်ကြောင်းပြောပါရစေ။ကျွန်တော့်ရဲ့ fan အနေနဲ့ ရောကျွန်တော်တို့ 

ဆိုက်ရဲ့ မင်ဘာအနေနဲ့ ရောခင်ဗျားကိုဝဲလ်ကမ်းပါဗျာ။ကျွန်တော့်ရဲ့ နှစ်လထုတင်နည်းပရိုဂရမ်

ကအကျိုးပြုတယ်ဆိုတော့ဝမ်းသာမိပါတယ်။တစ်ကယ်ကောင်းတဲ့ပရိုဂရမ်ပါ။မာဆယ်ထောင့်စုံ

အောင်၊လှပအောင်လေ့ကျင့်ခန်းတွေပေးထားတာပါ။အဓိကကတော့တစ်ပါတ်ကိုသုံးရက်နား

ဖြစ်အောင်နားပါ။တစ်နေ့ ကိုအနည်းဆုံးရှစ်နာရီလောက်အိပ်နိုင်ရင်ပိုထူးခြားပါလိမ့်မယ်။အာ

ဟာရအနေနဲ့ ကတော့ပုံမှန်စားနေကျအစားတွေအပြင်နို့ ကိုများများသောက်ပေးပါ။ဖြစ်နိုင်ရင်

ပေါ့လေ။ခင်ဗျားထူးခြားမှု ရှိစေရမယ်ဗျာ။နောက်ထပ်လည်းအဆင့်အမျိုးမျိုးသောကစားသမား

များအတွက်ကစားနည်းပရိုဂရမ်အမျိုးမျိုးကိုလည်းတင်ပြပေးဦးမှာပါ။ဒါကတော့အစမ်းပေါ့ဗျာ။

ဒါပေမဲ့အတော်လေးလူစိတ်ဝင်စားမှု့ ရှိတယ်ဗျ။ကျွန်တော်ကြိုးစားရကျိုးနပ်ပါတယ်။ခင်ဗျားတို့ 

ကျွန်တော့်ဆောင်းပါးတွေမှာသတိထားမိရင်သိမှာပါ။ကျွန်တော်ကဒိုရီယံရိတ်နဲ့ သူ့ ဆရာမိုက်ခ်

မင်ဇာရဲ့ - high intensity training့ ကစားနည်းကိုကြိုက်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်က

စားရင်ဘယ်တော့မှလေးဆယ့်ငါးမိနစ်ထက်မပိုပါဘူး။အဲ့ဒါကြောင့်ကစားချိန်မှာဘယ်သူနဲ့ မှစ

ကားမပြောဘဲဖိကစားတာပါ။ခင်ဗျားပြောသလိုမာနကြီးတယ်ဆိုတာလုံးဝမဟုတ်ပါဘူးဗျာ။

နောက်တစ်ကြိမ်အခွင့်အရေးရရင်ခင်ဗျားကျွန်တော်နဲ့ စကားပြောကြည့်ပါ။ခင်ဗျားထင်တာ

မှားတယ်ဆိုတာသက်သေပြပါ့မယ်။2008-တုန်းကကျွန်တော့်ဘော်ဒီကအကောင်းဆုံးအချိန်

ပါ။အဲ့ဒီနှစ် mr.crusher အငယ်တန်းအတွက်ပြင်ဆင်နေတာပါ။ဒါပေမဲ့မထင်မှတ်ပဲနာဂစ်မုန်

တိုင်းကြောင့်မိသားစုစီးပွားရေးအခြေအနေအရမပြိုင်ဖြစ်တော့တာပါ။ဘာလို့ မပြိုင်ဘဲနည်းပြ၊

စာရေးဆရာလုပ်နေလဲဆိုတာကိုရှင်းပြပါ့မယ်။အခုလက်ရှိကျွန်တော်မကစားတာတစ်နှစ်နဲ့ ငါး

လလောက်ရှိပါပြီ။ခင်ဗျားတို့ ကိုကျွန်တော်ထုတင်ရာမှာမှားတတ်သောအမှားများဆိုတဲ့ကျွန်

တော့်ရဲ့ ဆောင်းပါးထဲမှာ no sleep ,no muscle ဆိုတာကိုပြောခဲ့ဖူးတယ်လေဗျာ။ကျွန်တော်

အခုတစ်နေ့ ကိုအိပ်ချိန်ငါးနာရီလောက်ပဲရှိတယ်။supplement လည်းမသုံးနိုင်ဘူးဗျာ။အိမ်

ထောင်နဲ့ အစားအသောက်ကတော့မဆိုးပါဘူး။လမ်းဘေးဈေးရောင်းရတယ်ဗျာ။

နားချိန်ကသိပ်မရှိဘူး။ကျွန်တော်ကစားတာက high intensity ဘယ်လိုလုပ်အကျိုးရှိမှာလဲ၊

ထူးခြားမှာလည်းဗျာ။ဒါပေမဲ gym ကိုတော့အားတဲ့အချိန်တိုင်းသွားတယ်။သူငယ်ချင်းတွေနဲ့ 

စကားလေးဘာလေးပြော။တစ်နေ့ တာဘ၀အမောပြေပေါ့ဗျာ။တစ်နေ့ အန်ကယ်ကြီးတစ်

ယောက်ကသူ့ သားလေးကစားနေတာတိုးတက်မှု့ မရှိလို့ နည်းနည်းလောက်အကြံပေးပါလား

ဆိုပြီးအကူအညီတောင်းလို့ ကျွန်တော်ကသူ့ ကိုစေတနာပါပါနဲ့ စနစ်တကျအကူအညီပေး

လိုက်ပါတယ်။အဲဒီမှာဒီကောင်လေးကသိသိသာသာတိုးတက်မှု့ ရှိလာတယ်ဆိုပါတော့ဗျာ။

အဆီချနေတဲ့ဖက်တီးလေးတစ်ယောက်ကိုလည်းနည်းပြတွေကအဆီကျချင်ရင်ရေသိပ်မ

သောက်နဲ့ လို့ ပြောတာနဲ့ ကျွန်တော်ကအဲဒီ့အယူအဆမှားကြောင်းအထောက်အထားလေး

တွေနဲ့ သူ့ ကိုရှင်းပြတော့သူကပညာတတ်လေးပဲဗျ။သဘောပေါက်လွယ်တာပေါ့။အဲဒါနဲ့ သူက

ကျွန်တော့်ကိုပါဆင်နယ်ထရိန်နာကြေးပေးပါ့မယ်။သူ့ ကိုမောင်းပေးပါဆိုပြီးကမ်းလှမ်းလာ

တယ်ဗျာ။အဲဒီကစတာပဲဗျို့ ။နောက်ပိုင်းမှာအကြံဥာဏ်လာတောင်းသူများကိုပါအခမဲ့ကူညီပေး

လိုက်ပါတယ်။အဲဒီမှာပြသနာကစတာဗျ။မြန်မာပြည်မှာပါဆင်နယ်ထရိန်နာဆိုတာကိုနားမ

လည်ကြဘူးဗျ။ကျွန်တော်အဲ့ဒီလိုလုပ်တာသူတို့ အတွက်သိက္ခာပိုင်းဆိုင်ရာထိခိုက်တယ်ဆို

ပြီးနည်းပြတွေကပြောလာကြတယ်ဗျ။ဘာဆိုင်လဲဗျာ။ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့ဗျာ။ကိုယ်

ပိုင်ယုံကြည်ချက်မရှိသူတွေပေါ့ဗျာ။အဲဒီလိုနဲ့ ကျွန်တော့်ရဲ့ ပါဆင်နယ်ထရိန်နာဆိုတဲ့လုပ်

ငန်းလေးလည်းတစ်ခန်းရပ်သွားတာပေါ့ဗျာ။ဆောင်းပါးတွေရေးဖြစ်တဲ့အကြောင်းကိုတော့

ဒီဆိုက်ထဲက naing oo’s profile မှာကြည့်လိုက်ပါ။ ခင်ဗျားရဲ့ comment အတွက်ကျေးဇူးတင်

ပါတယ်။သိချင်တာရှိရင်မေလ်းပို့ ပြီးမေးနိုင်ပါတယ်။

တင်ဆက်သူ—

နိုင်ဦး—-119

Email—intensemuscle@gmail.com

Related posts:

  1. အာဟာရ ဗဟုသုတ အပိုင်း (၁)
  2. ပရိုတိန်း မစ်ရှိတ်ကောင်းကောင်း တစ်ခွက် သောက်ကြစို
  3. အကောင်းဆုံးသော အာဟာရ လမ်းညွှန်ချက်များ
  4. ကိုယ့်ဘ၀နှင့် ကိုယ်
  5. စိတ်၏ ပေါက်ကွဲရာ နေရာ