အလွန်လှပသော လက်မောင်းရှေ့ သားများ၏ လျှို့ဝှက်ချက်
Home > နိုင်ဦး စာမျက်နှာ > အလွန်လှပသော လက်မောင်းရှေ့ သားများ၏ လျှို့ဝှက်ချက်တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)
အရှေ့ တောင်အာရှ ဖိလစ်ပိုင်နိုင်ငံဖွား ကာယဗလသမားတစ်ယောက်တော့ ကမ္ဘာ့ကာယဗလ စင်မြင့်ထက်မှာ အောင်မြင်မူတွေရလာပြန်ပါပြီ။ ကျွန်တော်တို့ အာရှသားတွေအတွက်တော့ ဂုဏ်ယူစရာပါ။ သူကတော့ ချားလ်ရေးအာဒီ ဘဲဖြစ်ပါတယ်။ သူအရွယ်မရောက်ခင်မှာ သူ့မိဘတွေကသူ့ ကိုခေါ် ပြီး အမေရိကန်နိုင်ငံ မြောက်ကယ်လီဖိုးနီယားမှာ အခြေချခဲ့တယ်။ သူပထမလုပ်ခဲ့တဲ့ အားကစားကတော့ ကိုယ်ခံပညာပါ။ ဒါပေမဲ့ သူနောက်ပိုင်းမှာ ကာယဗလကို ပြောင်းလဲ လေ့ကျင့်ခဲ့ပါတယ်။ အဲ့ဒါကဘဲ သူ့ ဘ၀ကို အောင်မြင်စေခဲ့တာပါ။ သူဟာ 2005-NPC Nationals မှာ Light heavy weight အတန်းမှာ ပထမရခဲ့သူပါ။ လူသစ်ပရိုတစ်ယောက်အနေနဲ့ အာဒီဟာ 2008- Houston pro 202-ပေါင်အောက်မှာ ပထမထပ်မံရရှိခဲ့ပါတယ်။ သူပြိုင်ပွဲတိုင်းမှာသူ့ ရဲ့ အလွန်ကောင်းမွန်တဲ့ လက်မောင်းရှေ့  ကြွက်သားများဟာ သူ့ူအားသာချက်၊ ပြိုင်ဘက်များကို အလဲထိုးနိုင်တဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာကာယဗလသမားများ ဗဟုသုတရစေရန် သူ၏အကြံပြုချက်များနှင့် လက်မောင်းရှေ့ ကစားနည်းကိုဖော်ပြပေးလိုက်ပါတယ်။
—–ကောင်းမွန်တဲ့ လက်မောင်းတစ်စုံရဖို့ အတွက်ဆိုလျှင်ဖရီးဝိတ်တွေသာအကောင်းဆုံးပါ။
—–အခြေခံကျတဲ့ လေ့ကျင့်ခန်းတွေ၊ ဥပမာ ဒမ်ဘယ်တွေ၊ ဘာဘယ်တွေဟာ လက်မောင်းရှေ့သားများ ကြီးထွားဖို့  အတွက်ကောင်းဆုံးပါဘဲ။
—-ကျွန်တော့် အကြိုက်ဆုံး လက်မောင်းရှေ့သားကစားနည်းကတော့ မတ်တပ်ရပ် ဒမ်ဘယ်တစ်ဖက်ချင်းကွေးပဲ ဖြစ်ပါတယ်။ အကယ်လို့ သင်ဟာ လက်မောင်းရှေ့ သားတစ်မျိုးဘဲ ကစားမယ်လို့ ဆုံးဖြတ်ထားလျှင် အဲဒီတစ်မျိုးဟာ မတ်တပ်ရပ် ဒမ်ဘယ်တစ်ဖက်ချင်းကွေး ဘဲဖြစ်တယ်။
——ကျွန်တော်ကတော့ ဒမ်ဘယ်ကို ဘာဘယ်ထက်ရော၊ ez-bar ထက်ရော ပိုပြီးကြိုက်ပါတယ်။ ဘာဖြစ်လို့ လဲဆို တော့ လွတ်လပ်မူ ပိုရှိပြီး လက်မောင်းအရှေ့သား များကိုသာ ထိရောက်မူပိုစေလို့ ဘဲဖြစ်ပါတယ်။
——ကျွန်တော် တစ်ကျော့ပြီးတစ်ကျော့ အလေးရော၊ အကြိမ်ပါ တိုးပြီး ကစားသွားပါတယ်။
——-Hammer curl (လက်မောင်းအပြင်ကြွက်သားကွေး) ကတော့ လက်မောင်းရှေ့ ရော လက်ဖျံပါထိစေသော အလွန်ကောင်းသော လေ့ကျင့်ခန်းဖြစ်ပါတယ်။
-ချာလ်းရေးအာဒီ
အာဒီ၏လက်မောင်းရှေ့ သားကစားနည်း
လေ့ကျင့်ခန်း အကြိမ် အကျော့
မတ်တပ်ရပ်ဒမ်ဘယ် 8-15 6
တစ်ဖက်ချင်းကွေး
ဘားရှည်လက်မောင်း 8-15 3
ရှေ့ ကွေး
ဒမ်ဘယ်လက်မောင်း 8-15 3
အပြင်ကွေး
ဘာသာပြန်တင်ပြသူ-
နိုင်ဦး—119
Email—–intensemuscle@gmail.com
Related posts:







ကိုနိုင်ဦးခင်ဗျား…
Intensemuscle@gmail.com မေးလ်ကို ဆက်သွယ်ရင် ကိုနိုင်ဦးနဲ့ တွေ့နိုင်ပါသလားခင်ဗျား… ဘယ်လိုအချိန်တွေမှာ အွန်လိုင်းဝင်သလဲ သိပါရစေခင်ဗျား…. ဒီလိုဆိုဒ်မျိုးနဲ့ ဝါသနာတူ၊ မသိတာတွေကို မေးမြန်းပြီး ဆရာတင်လို့ ရမယ့်သူကို ရှာနေတာ ကြာပါပြီခင်ဗျား… ကျနော် ကိုနိုင်ဦး gmail ကို add ထားပါတယ်…
ဟုတ်ကဲ့၊ကျွန်တော့်မေလ်းကိုဆက်သွယ်ပြီးကြိုက်တာမေးနိုင်ပါတယ်။အွန်လိုင်းကိုတော့ကျွန်တော်အားတဲ့အချိန်
မှာသုံးလို့ အတိအကျပြောရတာမလွယ်ပါဘူး၊gmail.—ကို add ထားရင်ရပါပြီ။comment ရေးပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်။
ဘာပဲသိချင်သိချင်ကျွန်တော်တို့ ကိုဆက်သွယ်မေးပါ။
ကျေးဇူးတင်ပါတယ်။
အခုလို ကိုနိုင်ဦးက မေးနိုင်ပါတယ်ဆိုလို့ အရမ်းဝမ်းသာရပါတယ်… ကျနော် သိချင်တာလေးတွေကို မေးလ်ကနေတဆင့် ရေးသားပြီး မေးပါမယ်… အကို အားတဲ့အချိန်၊ အဆင်ပြေမယ်ဆိုရင် ပြန်လည်ဖြေကြားပေးဖို့ တောင်းဆိုပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်အကို….း)
လက်မောင်းရှေ့သားအတွက်လေ့ကျင့်ပုံလေး မှတ်သားစရာပါ။ ခြေသလုံးနဲ့ Tri set အကြောင်းလေးလည်း အလျှင်းသင့်တဲ့အခါ ဖော်ပြပေးပါအုံး။
လေးစားစွားဖြင့်…
ကျေးဇူးတင်ပါတယ်ခင်ဗျာ
နိုင်ဦးရေ
ပြောတဲ့အတိုင်း ကစားကြည့်မယ်နော်……Many Thanks.