Aug
29

ရွှေမန်းမောင် ကိုပြား (သို.မဟုတ်) သက်ကြီးမောင် ဦးပြား

Home > ကမ္ဘာ့သမိုင်းသို့ > ရွှေမန်းမောင် ကိုပြား (သို.မဟုတ်) သက်ကြီးမောင် ဦးပြား

တင်ဆက်သူ — အောင်အောင်

ကျွန်တော် အခု တင်ဆက်ပေးတဲ. သက်ကြီးမောင် ဦးပြားဆိုတာ သူငယ်ချင်းတို.လည်း သိပြီးသားဖြစ်မှာပါ။ သူ ဘယ်သူဆိုတာကို ပြီးခဲ.တဲ. ခရက်ရှာ ပြိုင်ပွဲသက်ကြီးတန်း မှာ ဒုတိယ ဆုကိုရရှိခဲ.တဲ. သက်ကြီးမောင်တစ်ဦးပါ။ အဲဒီ အရင် သက်ကြီးတန်း မောင်ပြိုင်ပွဲတိုင်းမှာ ပထမဆု ချည်းရရှိခဲ.သူ တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်အခု ရေးသားမှာက သူရဲ. ငယ်ဘ၀ တစ်စိတ်တစ်ဒေသ ကို ကျွန်တော် လေ.လာဖူးတဲ. စာအုပ်တစ်အုပ် ထဲက နေ ပြန်ကိုးကားပြီး ကျွန်တော်လို. ၀ါသနာရှင်တွေ သိထားသင်.တယ် ထင်လို.ပါ။ သိလည်း သိထားသင်.ပါတယ်။ ဒါမှလည်း မြန်မာ ကာယဗလလောက ကမောင်တွေရဲ. ကြိုးပမ်းမှုတွေကို သိရှိထားပြီး ကိုယ်တိုင်လည်း ကြိုးစားချင်စိတ် ပေါ်လာအောင်၊ မသိသေးတဲ. ၀ါသနာရှင်တွေကိုလည်း ပြန်လည် ပြောပြနိုင်ဖို.ဆိုတဲ. ရည်ရွယ်ချက်လေးနဲ. တင်ဆက်ပေးလိုက်ပါတယ်။

ဦးပြား ကို အဘ ဦးတင် ၊ အမိ ဒေါ်လှဆိုင် တို.မှ ၁၉၄၅ ခုနှစ်။ ဇန်န၀ါရီလ (၁၁) ရက်နေ.တွင် မန္တလေးတိုင်း မိထ္ထီလာ ခရိုင်၊ ၀မ်းတွင်းမြို.၊ သဲစုကျေးရွာတွင် မွေးဖွားခဲ.ပြီး အသက် (၁၅) နှစ်အရွယ်မှ စတင်ကာ ကာယဗလ အားကစား ကို လိုက်စားခဲ.ပါတယ်။ အသက်(၁၆) နှစ် အရွယ်မှာ မန္တလေး မြို. အထက်တန်း ကျောင်းမှ (၁၀) တန်း အောင်မြင်ခဲ.ပြီး တက္ကသိုလ် ဆက်တက်ခဲ.ရာ မန္တလေး တက္ကသိုလ် မောင်ဘွဲ. ကိုရရှိခဲ.ပါတယ်။ အဲဒီမှာ တစ်ခု ပြောချင်တာက ဦးပြား ဟာ မောင်ဘွဲ.ရတာနဲ. တက္ကသိုလ် က ထွက်ခဲ.ပါတယ်။ ဘာ ဖြစ်လို.လဲ ဆိုတော. သူ လိုချင်တဲ. တက္ကသိုလ်မောင်ဘွဲ. ရရှိပြီးပြီမို.လို.ပါပဲ။ အဲဒီဘွဲ. ၇ချင်လို.ပဲ တက္ကသိုလ် တက်ခဲ.တယ် လို.လည်း ပြောကြားခဲ.ပါတယ်။ တော်တော် လေးကာယဗလ ကို ၀ါသနာ ပါခဲ.တယ် ပေါ.ဗျာ။ နောက်ပိုင်းတွင် ဘ၀၀မ်းရေးအတွက် ဌာနဆိုင်ရာ တစ်ခုတွင် ၀န်ထမ်းဖြစ်လာပြီး ရာထူးဆက်လက် တက်ဖို.အတွက် ဘွဲ.ရမှ ဖြစ်သောကြောင်. ၁၉၈၂ ခုနှစ် အသက် (၃၇) နှစ် အရွယ်ကျမှ တက္ကသိုလ် စာပေးစာယူ (အဝေးသင်) ကို တက်ရောက်ခဲ.ပြီး ဘီအေ(မြန်မာ ) ဘွဲ. ကိုရရှိခဲ.သည်။

၁၉၆၆ ခုနှစ်တွင် ဆရာ ဦး ဘသိန်း ၏ ဓားတန်း အလေးမ အသင်း တို. ဦးပြား ရောက်ရှိလာပြီး ကျွန်တော် ကာယဗလ ကစားချင်ကြောင်း ဦး ဘသိန်း ကို ပြောရာ ဆရာဦး ဘသိန်း ကကာယဗလ တော. ငါ လက်မခံဘူး။ မင်းအလေးမ မယ် ဆိုရင်တော. လာခဲ. ငါ.ရဲ. ဓားတန်း အလေးမ အသင်းက လက်ခံတယ်လို. ပြောလွတ်လိုက်ရာ ဦးပြား က ကျွန်တော် ကာယဗလ ပဲ ကစား ချင်တယ်။ အလေးမ မချင်ဘူးဆိုကာ ပြန်သွားကြောင်း။ နောက်မကြာခင် တစ်ခေါက် ထပ်ရောက်လာပြီး ပြောပြန်ရော ဦးဘသိန်းလည်း အရင်တိုင်းပြောလွှတ် လိုက်ရာ သူက လည်း လက်မခံ ဘဲ ပြန်သွားကြောင်း။ နောက်ဆုံး တတိယ အကြိမ် ရောက်လာတော.မှ သူက ဆရာ ကျွန်တော် အလေးပဲ မပါတော.မယ် ဆိုပြီးပြောတယ်။ ဦး ဘသိန်းလည်း အဲဒီအခါကျမှ အသင်းသား အဖြစ် လက်ခံပြီး အလေးမ နည်းစနစ် တွေကို သင်ကြားပေးခဲ.တယ်လို. ဆိုပါတယ်။

အဆိုပါ အသင်းတွင် လေ. ကျင်.ရင်း ၁၉၆၇ ခုနှစ် တွင် အလေးမ ဖလိုင်းဝိတ် တန်းတွင် မန္တလေး တိုင်း လက်ရွေးစင်အဖြစ် စတင် ရွေး ချယ်ခံရပြီး ယင်းနှစ် ရန်ကုန်မြို.တွင် ကျင်းပသောပြည်နယ်နှင်. တိုင်း အလေးမပြိုင်ပွဲတွင် ဖလိုင်းဝိတ် တန်း တွင် ဒုတိယ ဆုရရှိခဲ.ကာ (ယင်းနှစ်မှာပင် မန္တလေး တိုင်းအသင်းက အလေးမတံခွန်စိုကဒိုင်းဆု ကို ရရှိခဲ.သည်။) ဦးပြား၏ အလေးမနှင်. ကာယဗလ မောင် သက်တမ်းအတွင်း အောင်မြင်မှုများမှာ

၁၉၆၅ ခုနှစ် —–မန္တလေး တက္ကသိုလ်မောင်

၁၉၆၇ခုနှစ်—–ပြည်နယ်နှင်.တိုင်းအလေးမ(ဖလိုင်းဝိတ်)                                               ဒုတိယ

၁၉၆၈ခုနှစ်—–ပြည်နယ်နှင်.တိုင်းအလေးမ(ဖလိုင်းဝိတ်)                                              ပထမ

၁၉၆၈ခုနှစ်—-(၅)ကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲ (ဖလိုင်းဝိတ် တန်း)                           –                                                                                                   ပဏမရွှေး ခယ်ခံရခြင်း

၁၉၇၄ခုနှစ်—–ပြည်နယ်တိုင်းအလေးမ (ဘင်တန်ဝိတ်တန်း)                                          ပထမ

၁၉၇၇ ခုနှစ်—–ပြည်နယ်တိုင်းအလေးမ (ဘင်တန်ဝိတ်တန်း)                                         ပထမ

၁၉၇၇ ခုနှစ်—–အမျိုးသားတံခွန်စိုက်အလေးမ( ဘင်တန်ဝိတ် တန်း)                              ပထမ

၁၉၈၁ခုနှစ်—- -ပြည်နယ်တိုင်းအလေးမ (ဘင်တန်ဝိတ်တန်း)                                        ပထမ

၁၉၈၁ခုနှစ်——အမျိုးသားတံခွန်စိုက်အလေးမ( ဘင်တန်ဝိတ် တန်း)                             ပထမ

၁၉၉၀ခုနှစ်—-ပြည်နယ်တိုင်းအလေးမ (ဘင်တန်ဝိတ်တန်း)                                         ပထမ

၁၉၉၀ခုနှစ် —-မန္တလေးတိုင်းမောင်

၁၉၉၂ခုနှစ်—- ပထမအကြိမ်အမျိုးသား အားကစားပြိုင်ပွဲတွင်                                 တတိယ             ပြည်နယ်နှင်. တိုင်း အဆင်. ကာယဗလမောင်ကီလို (၆၀)တန်း

၁၉၉၅ခုနှစ်—–ရန်ကုန်မြို.အမျိုးသား ဇာတ်ရုံတွင်ကျင်းပသော                                ပထမ                အိုလံပစ်နေ.အထိမ်းအမှတ် သက်ကြီးတန်း ကာယဗလ မောင် အသက်(၅၀)နှင်.(၅၅)ကြား

၁၉၉၆ ခုနှစ်—ရန်ကုန်မြို..အမျိုးသား ဇာတ်ရုံတွင်ကျင်းပသော                                                                                  ဒုတိယ       အိုလံပစ်နေ.အထိမ်းအမှတ်နှင်.ပက်စီကိုလာ                                                                                    ကာယဗလ မောင် သက်ကြီးတန်း(၅၀)နှင်.(၅၅)ကြား



စသည်တို.ကိုရရှိခဲ.ပြီး ယနေ.အချိန်ထိ သက်ကြီးတန်း မောင်ပြိုင်ပွဲတိုင်းမှာ ဆုတံဆိပ်များ ဆွတ်ခူးခဲ.တာ ဒီနှစ်(၂၀၁၀) ခရက်၇ှာ ပြိုင်ပွဲအထိတိုင်ဖြစ်ပြီး ၁၉၆၆ ခုနှစ်မှ ယနေ.အချိန်ထိ အလေးမနှင်. ကာယဗလ ပြိုင်ပွဲများအတွက် ဂုဏ်ဆောင်ခဲ. သလို မန္တလေးတိုင်း အလေးမအသင်း၏ နည်းပြ အဖြစ်ဆောင်ရွက်ခဲ.သလို ၁၉၈၂ ခုနှစ်က မြန်မာ နိုင်ငံ အားကာဦးစီး ဌာန မှ ဖွင်.လှစ်ခဲ.သောရုရှား နည်းပြ ဆရာ (အိုပီဆာရက်စကီး) ၏နည်းပြ သင်တန်းအမှတ် စဉ် (၁) သို.လည်း တက်ေ၇ာက်ခဲ.ပါတယ်။ မန္တလေး တိုင်း အလေးမအသင်းနှင်. ကာယဗလ ဆပ်ကော်မတီအဖွဲ.၀င် အဖြစ်လည်းကောင်း အတွင်းရေးမှုးအဖြစ်လည်းကောင်း စာရင်းစစ်အဖြစ်လည်းကောင်း ကျရာနေရာမှ တာဝန်ယူခဲ.သူတစ်ဦးဖြစ်ပါသည်။ ဦးပြားသည် အသက်(၂၀)အရွယ်တွင် မောင်တက္ကသိုလ်ရရှိခဲ.ပြီး နှစ်ပေါင်း (၂၅)နှစ်တာ ကာလအတွင်း ပြည်နယ်နှင်. တိုင်း အလေးချန်ပီယံ (၅)ကြိမ် ၊အမျိုးသားတံခွန်စိုက် ချန်ပီယံ (၃) ကြိမ်၇ရှိခဲ.ပြီး အသက် (၄၅) နှစ်အရွယ်ကျမှ ကာယဗလ မောင်ပြိုင်ပွဲကို တစ်ကျော.ပြန် ယှဉ်ပြိုင်ခဲ.ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ.သူဖြစ်ပါသည်။ ယနေ.ထိတိုင်လည်း ကျန်းမာ သန်စွမ်းစွာဖြင်. လူငယ်တစ်ဦးပမာ သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် ဖြင်. ပြိုင်ပွဲဝင်နေတာကို ကျွန်တော် မျက်မြင် ကိုယ်တွေ. တွေ.ရှိခဲ.ရပြီး ကျွန်တော် ဓာတ်ပုံရိုက်ခွင်. တောင်းတော.လည်း ပြုံး ရွင်စွာဖြင်. အရိုက်ခံခဲ.ပါတယ်။ ကျွန်တော် တို. လူငယ်တွေအနေနဲ. အခု လို သက်ကြီးတန်းမောင် တစ်ယောက်ရဲ. ငယ်ဘ၀ အကျဉ်းချူပ် ကို ဖတ်ရှုပြီး ဦးပြားလို အသက်ကြီးပေမဲ. မပျက်စီးနိုင်သေးတဲ. နိုင်ငံ ရဲ.အကျိုးပြု လူသား တစ်ဦး ဖြစ်လာနိုင်ပါစေလို. ဆုတောင်းရင်း ကျွန်တော်ရဲ. ဒီဆောင်းပါးလေး နဲ. အဘ ဦးပြား ကို ဂုဏ်ပြု ပူဇော် ရေး သား လိုက်ပါတယ်။ အဘ (ဦးပြား) ကျန်းမာစွာနဲ. ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ။ ကျွန်တော် ရေးသား ချက်မှာ အမှားအယွင်း ပါခဲ.ရင်လည်း ခွင်.လွတ်ပေးပါလို. အဘ ကို ကျွန်တော် ဒီစာမျက်နှာ ပေါ်ကနေ ရိုသေကျိုးနွံစွာဖြင်. ပြောကြားပါတယ်အဘ။ အားလုံးကိုယ်ကျန်းမာ စိတ်ကျန်းမာ ရှိကြပါစေ။

တင်ဆက်သူ။    ။ အောင်အောင် (aungaung.aung24@gmail. com)

Related posts:

  1. ကမ္ဘာ့အသန်ဆုံး လူသားတစ်ဦး
  2. မြန်မာ့ အားကစား ဖခင်ကြီး ဦးရှိန်
  3. မြန်မာ့ ကာယဗလ လောက ပိုမိုတိုးတက်စေချင်
  4. မောင်အိုလံပီယာ ဆုတံဆိပ် ဖြစ်ပေါ်လာပုံ
  5. အမှတ်တရ ရှိလျှက်ပါ ဘင်ဝီဒါ