သင်ဥကြိုက်လား
Home > Healthy Recipes, နိုင်ဦး စာမျက်နှာ > သင်ဥကြိုက်လားတင်ဆက်သူ — နိုင်ဦး (119)(intensemuscle@gmail.com)
ကျွန်တော်တို့ နိုင်ငံမှာ အလွန်ပေါသော အာဟာရဓါတ် ကြွယ်ဝသော အစားအစာတစ်ခု ဖြစ်သော
ကြက်ဥနှင့်ဥ အမျိုးမျိုးတို့ ၏ ကောင်းကျိုး ဆိုးပြစ်များ၊ သိပံ္ပနည်းကျ လေ့လာတွေ့ ရှိချက် များကိုစု
စည်း တင်ပြပေးလိုက်ပါသည်။ ကြက်ဥများတွင် ကြွက်သားများ ကြီးထွားစေရန် မရှိမဖြစ်လို
အပ်သော ပရိုတိန်းဓါတ် တစ်မျိုးဖြစ်သော အမိုင်နိုဓါတ် ပေါကြွယ်ဝစွာပါဝင်ပါသည်။ ထိုအမိုင်နို
ဓါတ်သည်သင်လေ့ကျင့်ခန်းပြုလုပ်နေစဉ်ကြွက်သားများပြိုကျပျက်စီးခြင်းကိုများစွာအကာအ
ကွယ်ပေးနိုင်ပါသည်။ကြွက်သားကြီးထွားစေရန်အထောက်အကူပြုသောလူစင်းဓါတ်များလည်း
ပါဝင်သည်။ကြက်ဥတွင်ဗိုက်တာမင်ဘီ-၆၊ဘီ-၁၂၊သိုင်ယာမင်၊ရိုင်ဗိုဖလေဗင်နှင့်ဖိုလိတ်ဓါတ်များ
ပါဝင်ပါသည်။အားကစားသမားများအားလုံးအတွက်ကြက်ဥသည်လုံးဝအသုံးဝင်အကျိုးရှိသော
အာဟာရတစ်မျိုးဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော်ကြက်ဥသည်သွေးတွင်းအချိုဓါတ်များကို
သွေးတွင်းရှိအင်ဆူလင်ပမာဏကိုလုံးဝမတက်စေဘဲထိန်းပေးနိုင်သည်။ထိုဖြစ်စဉ်သည်ဆာ
လောင်မှုကိုထိန်းပေးထားသောကြောင့်ကိုယ်အလေးချိန်လျော့ချလိုသူများနှင့်ကိုယ်အလေးချိန်
ထိန်းထားလိုသူများအတွက်များစွာအသုံးဝင်ပါသည်။ကြက်ဥတွင်ကိုလက်စထရောပါဝင်မှု့ များ
သောကြောင့်အသက်လေးဆယ်အရွယ်ဝန်းကျင်နှင့်အထက်ကစားသမားများအတွက်သိပ်
များများမသုံးသင့်ပါဘူး။1980-အရင်ကကာယဗလသမားများဟာကြက်ဥအစိမ်းကိုသူတို့ ရဲ့ 
ပရိုတိန်းဖျော်ရည်များနှင့်တွဲဖက်သောက်သုံးခဲ့ကြပါသည်။အဲဒီအယူအဆတွေဟာအခုခေတ်
မှာလုံးဝမှားယွင်းနေပါတယ်။ဟားဗတ်တက္ကသိုလ်မှအရွယ်ရောက်ပြီးသားအမေရိကန်နိုင်ငံသား
57000-အပေါ်လက်တွေ့ လေ့လာတွေ့ ရှိချက်များအရတစ်နေ့ ကိုကြက်ဥတစ်လုံစားသူများ၏
77-ရာခိုင်နှုန်းဟာအမှတ်-2-အမျိုးအစားဆီးချိုဖြစ်နိုင်ချေများလာပြီး၊ဖြစ်နေသူများသည်ရောဂါ
ပိုတိုးလာသည်ကိုတွေ့ ရပါသည်။ထို့ ကြောင့်လေ့လာတွေ့ ရှိချက်များအရကိုလက်စထရောများ
သောအစားများစားသုံးသူများ၏ကိုယ်တွင်းဇီဝဖြစ်စဉ်တွင်အင်ဆူလင်ပမာဏလွန်ကဲနေပြီး
ရောဂါများစွာကိုအလွယ်တစ်ကူဖြစ်စေသည်ကိုတွေ့ ရပါသည်။ထို့ ကြောင့်ကျန်းမာကြံခိုင်လိုသူများ
သည်အသီးအမျိုးမျိုး၊အနှံများ၊အရွက်မျိုးစုံတို့ ကိုသာရွေးချယ်စားသောက်သင့်ပါကြောင်း—–
ကျမ်းကိုး—–nutrition today နှင့် diabetes care
ရှာဖွေတင်ပြသူ—
နိုင်ဦး—119
Email—–intensemuscle@gmail.com
Related posts:







အကို,
ဒါဆိုကျွန်တော်တို့အနေနဲ့ကြက်ဥကို စားသုံးလို့သင့်ပါလားခင်ဗျာ၊စားသင့်ရင်လည်းတစ်နေ့ကိုဘယ်နှစ်လုံးလောက်စားသင့်ပါလည်း ပြီးတော့ နေ့တိုင်းကောစားသင့်ပါလား ခင်ဗျာ !
မှတ်သားလောက်တဲ့ article လေးပါပဲ..ထာဝရ အားပေးလျှက်..
တစ်ခုခုတော. လွဲနေပြီနဲ.တူတယ်ကိုနိုင်ဦး ကျွန်တော် ဆရာ လုပ်တာမဟုတ်ပါဘူး ဟိုတစ်လောက ဆရာ ဒေါက်တာခင်မောင်လွင်နဲ. အင်တာဗျုး မှာ ကြက်ဥ ဟာ ဘယ်လောက်ကောင်းတယ်ဆိုတာ တင်ပြသွားပါတယ် ဘာအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကောပေါ. ပြီးတော. တစ်ပတ်မှာ ဘယ်နှစ်လုံး စားရမယ်လို.လည်းပြောထားပါတယ် နည်းနည်းတော.လွဲနေမလားလို. အယူအဆလေးတွေပေါ.
သက်ကိုကိုရေ-ကျွန်တော်က ကြက်ဥစားဖို့ မသင့်တော်ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ အသက်လေးဆယ်ကျော်တွေအတွက် ချင့်ချိန်စားဖို့ ပြောတာပါ။ ကျွန်တော့်ဆောင်းပါးကို သေချာဖတ်ကြည့်ပါဦး။ ကြက်ဥမစားနဲ့ လို့ မပြောထားပါဘူး။ ကျွန်တော် စိတ်ကူးယဉ်ပြီး ရေထားတာမဟုတ်ဘူး။ အောက်မှာ ကျမ်းကိုးတွေပါတယ်။ သေချာ ဖတ်ကြည့်ပါဦး။ နောက်ပြီးမှ လိုက်နာတာ မနာတာ ခင်ဗျားအလုပ်ပါ။ ကျွန်တော်က နောက်ဆုံးပေါ် လေ့လာတွေ့ ရှိချက်တွေကို တင်ပြပေးထားတာပါ။
ကိုအောင်အနေနဲ့ ကတော့ တစ်နေ့ ကို အနှစ်ရော အကာပါ ငါးလုံးလောက် စားနိုင်ပါတယ်။ နေ့စဉ်စားလို့ ရပါတယ်
အကာချည်းပဲ စားရင်တော့ အကောင်းဆုံး ပရိုတိန်းပေါ့ဗျာ။
ချစ်ကြည်ရေ သိုင်းကျုးပါ
နိုင်ဦး–119
ကိုနိုင်ဦးရဲ. ပိုစ်မှာရေးထားတာဖြစ်တဲ.
ကိုဟားဗတ်တက္ကသိုလ်မှအရွယ်ရောက်ပြီးသားအမေရိကန်နိုင်ငံသား
57000-အပေါ်လက်တွေ့ လေ့လာတွေ့ ရှိချက်များအရတစ်နေ့ ကိုကြက်ဥတစ်လုံစားသူများ၏
77-ရာခိုင်နှုန်းဟာအမှတ်-2-အမျိုးအစားဆီးချိုဖြစ်နိုင်ချေများလာပြီး၊ဖြစ်နေသူများသည်ရောဂါ
ပိုတိုးလာသည်ကိုတွေ့ ရပါသည်။ထို့ ကြောင့်လေ့လာတွေ့ ရှိချက်များအရကိုလက်စထရောများ
သောအစားများစားသုံးသူများ၏ကိုယ်တွင်းဇီဝဖြစ်စဉ်တွင်အင်ဆူလင်ပမာဏလွန်ကဲနေပြီး
ရောဂါများစွာကိုအလွယ်တစ်ကူဖြစ်စေသည်ကိုတွေ့ ရပါသည်။ထို့ ကြောင့်ကျန်းမာကြံခိုင်လိုသူများ
သည်အသီးအမျိုးမျိုး၊အနှံများ၊အရွက်မျိုးစုံတို့ ကိုသာရွေးချယ်စားသောက်သင့်ပါကြောင်း—–ဆိုတော. အဲဒီအတွက်မေးကြည်.တာပါအကို ဆောရီးနော် ကျွန်တော်စာမဖတ်တတ်လို.နေမှပါ
i dunno much about eating eggs whether it ’s right or wrong . but i think is vital to eat for sportsmen .
am i right ?
i used 2 eat egg 20 in daily.
wow! That’s Great! bro.. Zay Min. Keep it up.. See you on the Mr. Myanmar Contest Stage!
Naing Wai