ကြီးထွားသန်မာဖို့ အတွက်
Home > Training and Contest, နိုင်ဦး စာမျက်နှာ > ကြီးထွားသန်မာဖို့ အတွက်Post written by Naing Oo (119) (intensemuscle@gmail.com)
ကာယဗလစတင်လေ့ကျင့်သူ လူငယ်များကိုနည်းပြများက ကြီးထွားသန်မာလိုလျင် အလေးများများက
စားပါဟုလည်းကောင်း၊ အချို့ သောစီနီယာများကအလေးကို သိပ်ဂရုမပြုပါနှင့် ကြွက်သားညှစ်အားနှင့်
ကစားပါဟုတိုက်တွန်းပြန်၏။ အားလုံးတော့မှန်နေကြသည်ချည်းဖြစ်သည်။ဘယ်နည်းစနစ်ကပိုမှန်
သည်ဟုသိပံ္ပနည်းကျသိလိုသူများအတွက်ဤဆောင်းပါးလေးကိုတင်ဆက်လိုက်ရခြင်းဖြစ်သည်။
အင်္ဂလန်နိုင်ငံမှသုတေသီများကဒမ်ဘယ်တစ်ဖက်ချင်းလက်မောင်းရှေ့ ကွေးလေ့ကျင့်ခန်းကိုအုပ်စု
သုံးစုခွဲပြီးဆယ်ကြိမ်စီပုံစံအမျိုးမျိုးဖြင့်လေ့ကျင့်ခိုင်း၏။ပထမအုပ်စုကိုမိမိတို့ ပုံမှန်ကစားသလိုသာ
ကစားစေပြီး၊ဒုတိယအုပ်စုကိုကြွက်သားညှစ်အားကိုအသုံးပြုပြီးလေ့ကျင့်စေပြီး၊တတိယအုပ်စုကို
တော့အလေးများကိုသာအာရုံစိုက်ပြီးလေ့ကျင့်စေ၏။
နောက်ဆုံးတွင်တော့သိပ္ပံပညာရှင်သုတေသီများတွေ့ ရှိခဲ့ကြသည်မှာ၊ကြွက်သားကိုညှစ်ပြီးလေ့ကျင့်
သူများ၏လက်မောင်းအရှေ့ သားများသည်သာမန်လေ့ကျင့်သူများထက် 20%ရာခိုင်နှုန်းပို၍လှုံဆော်
နိုင်ပြီး၊အလေးကိုအာရုံပြုပြီးလေ့ကျင့်သူများကတော့ 10%ခန့် တိုးတက်လာကြောင်းကိုတွေ့ ရသည်ဟု
တင်ပြခဲ့သည်။
ထို့ ကြောင့်မိမိ၏ရည်မှန်းချက်အပေါ်မူတည်ပြီးညှစ်ကစားတတ်ရမည်ဖြစ်သည်။ဥပမာ-သင်သည်
ပိုပြီးသန်မာလိုပါကအလေးကိုအာရုံပြုညှစ်တွန်းပြီး၊ကြွက်သားကြီးထွားလိုပါကသင့်တင့်သောအလေး
ကိုသုံးပြီးကြွက်သားညှစ်အားကိုအစွမ်းကုန်အသုံးပြုပါ။
ကျွန်တော့်အမြင်—
ကျွန်တော်ကတော့လူသစ်လူငယ်ကစားသမားများ၏ပင်မအာရုံကြောစနစ်သည်မိမိလေ့ကျင့်သော
ကြွက်သားအုပ်စုကိုအပြည့်အ၀အာရုံစိုက်မကစားနိုင်သေးပါ။လုံးဝမကစားနိုင်သေးပါ။ဤသည်က
ကျွန်တော့်၏ဆယ်စုနှစ်တစ်နှစ်နီးပါးစေတနာ့ဝန်ထမ်းနည်းပြဘ၀အတွေ့ အကြုံပင်ဖြစ်သည်။ထိုကဲ့
သို့ ကြွက်သားညှစ်အားကိုအပြည့်အ၀အသုံးမပြုနိုင်သေးသူ၊mind-muscle connection ခေါ်ကြွက်
သားနှင့်ပင်မအာရုံကြောစနစ်အတိုင်အဖောက်ညီညီမလှုပ်ရှားနိုင်သေးသူများကိုပထမဦးစွာလေ့ကျင့်
ခန်းတစ်ခုကိုမည်ကဲ့သို့ မှန်မှန်ကန်ကန်လေ့ကျင့်ရမည်ကိုအသေအချာသင်ပေးသင့်ပါသည်။ပြီးလျင်
အလေးကိုတဖြည်းဖြည်းတိုးနိုင်သလောက်တိုးတိုးသွားပြီးအင်အားအစွမ်းကုန်တိုးတက်လာသည့်
အဆင့်ဥပမာကစားသက်သုံးနှစ်မှငါးနှစ်လောက်ရှိသောအခါအလေးများထပ်တိုးပြီးလေ့ကျင့်ရန်
progressive overload လုပ်ရန်မဖြစ်နိုင်တော့သောအခါမှသာကြွက်သားများ၏ညှစ်အားကိုစတင်
အသုံးပြုနိုင်ပြီး time under tension TUT ခေါ်ကြွက်သားအုပ်စုတစ်ခုကိုဖိအားပေးချိန်ပိုကြာသည့်
နည်းစနစ်ကိုအသုံးပြုသင့်ပါသည်။နောက်တစ်ချက်ကယနေ့ ခေတ်ဂျင်မ်များတွင်တီဗီများဖွင့်ထားခြင်း
သီချင်းများကျယ်လောင်စွာဖွင့်ထားခြင်းတို့ ကြောင့်လေ့ကျင့်သူလူငယ်အများစုသည်မိမိတို့ လေ့ကျင့်
မှုကိုအာရုံမစိုက်နိုင်တော့ဘဲဖွင့်ထားသောမိမိတို့ ကြိုက်နှစ်သက်သည့်သီချင်းဗီဒီယိုများသို့ အာရုံ
ရောက်ကာကြွက်သားကိုအပြည့်အ၀ညှစ်ပြီးမလေ့ကျင့်နိုင်တော့ပေ။ထိုသို့ဖြစ်ရသည်မှာစူးစိုက်မှုအာ
ရုံ concentration နည်းပါးခြင်းကြောင့်ဖြစ်သည်။ထိုအဖြစ်မှကာကွယ်ရန်လေ့ကျင့်ခန်းမပြုလုပ်မှီ၊သို့ 
မဟုတ်အားလပ်ချိန်များတွင်ကာယဗလသမားများသည်တရားထိုင်သင့်ကြောင်းကိုထောက်ပြခဲ့သော
မောင်အိုလံပီယာသုံးထပ်ကွမ်းဖရင့်ဇိန်းကိုခေတ်ရှေ့ ပြေးလွန်းသူများကဝေဖန်ခဲ့ကြသည်။ထိုအချက်
သည်အလွန်အရေးပါသည်ဖြစ်သည်။သို့ သော်ယနေ့ ခေတ်လူနေမှုဘ၀ပုံစံသည်ဂျင်မ်ကိုပင်အပြေး
အလွှားသွားလာလေ့ကျင့်နေရသောကြောင့်ထိုကဲ့ သို့ သောတရားထိုင်းခြင်း၊ယောဂသင်တန်းများ
တက်ခြင်းစသည်တို့ သည်ကားအိပ်မက်ပမာပင်ဖြစ်သည်။
ကာယဗလသမားလူငယ်များကိုကျွန်တော်
လေးနက်စွာအကြံပြုလိုသည်မှာ၊လေ့ကျင့်ခန်းတစ်ခုကိုပုံကျပန်းကျကစားတတ်ပြီဆိုလျင်အလေးကို
မကြောက်သင့်ပါ။တိုးနိုင်သလောက်တိုးပြီးကစားပါ။အလေးများလွန်းလျင်ပုံသိပ်ကျမည်မဟုတ်
သော်လည်းပုံကျအောင်လေ့ကျင့်တတ်ခြင်းကဒဏ်ရာမရအောင်ကာကွယ်ပေးနိုင်သည်ကိုယုံပါ။
နောက်ပြီးကျွန်တော့်ယုံကြည်ချက်ကတော့ the stronger you become, the bigger you will be.
ဆိုတာပါပဲ။သင်မသန်မာဘဲနှင့်တော့လုံးဝမကြီးထွားနိုင်ပါလူသစ်တို့ ။မသန်မာဘဲကြီးထွားနိုင်သူများက
တော့ကစားသက်ရင့်သူများသာဖြစ်နိုင်ပါသည်။သို့မဟုတ်စတီးရွိုက်သုံးသူများကစွမ်းဆောင်နိုင်ပါလိမ့်
မည်။ဒါကြောင့်ကြွက်သားမျှင်များများကိုအပြည့်အ၀လှုံဆော်ပေးနိုင်အောင်အလေးများများသုံးကြပါ
စို့ ။ထိုသို့ပြောလျင်ကိုစောဒကများကဝေဖန်ကြဦးမည်။ယနေ့ ကမ္ဘာ့ပေါင်ကြွက်သားအကောင်း
ဆုံးစာရင်းဝင်-4-ထပ်ကွမ်းမောင်အိုလံပီယာဂျေးကတ်လာသည်အောက်ပိုင်းကိုပေါင်ငါးရာပြည့်
အောင်မထိုင်ပါဟုဆိုလာလျင်ကျွန်တော်ကလည်းပြန်မေးပါမည်။ကတ်လာငယ်စဉ်ကပေါင်ခြောက်
ရာကျော်အောက်ပိုင်းထိုင်ခဲ့ပြီးယခုမှသာထိုမျှအလေးသုံးခြင်းဖြစ်သည်ကိုသိပါသလား။ထို့ အတူ
ကမ္ဘာကျော်ပရော်ဖက်ရှင်နယ်အားလုံးသည်ငယ်စဉ်ကတည်းကအလေးများများသုံးပြီးအားစိုက်လေ့
ကျင့်ခဲ့သောကြောင့်ယခုကဲ့သို့ ထုထည်တင်နိုင်ခြင်းဖြစ်သည်။ယခုလည်ကောင်းတို့ ၏အဆင့်မှာတင်
ပြီးသားထုထည်ကိုပေါ်လစ်ရှ်တိုက်ရန်သာဖြစ်ပြီးပိုမိုကောင်းမွန်လှပခြင်းကိုသာဦးတည်သည်။ပိုမိုကြီး
ထွားမှုသည်သိပ်အဓိကမကျတော့ပါ။
ဤမျှနှင့်ရပ်ပါရစေခင်ဗျာ။သိလိုသည်များကိုမေးမြန်းနိုင်ပါသည်။
တင်ဆက်သူ—
နိုင်ဦး—119
http://naingoo-119.blogspot.com/
Related posts:












အလွန်အကျိုးရှိတဲ့အကြံပြုချက်တွေပါ။နောက်နေ့ အလေးထပ်သွားဝယ်ပါတော့မည်။ သက်သာသောဆိုင်ရှိပါကလမ်းညွှန်စေချင်ပါတယ်။ ကျေးဇူးပါ ကာယဗလ ညီအစ်ကိုတို့ ။
ကောင်းပါ၏
ကျေးဇူးပါ အကို … အလွန်အဖိုးတန်တဲ့ အကြံပေးဆောင်းပါးတွေပါ …
ko naing oo kyanaw Van Damme body weigh ko kilogram natt teet chin pa tel pyaw pya pay pa ako
အရပ် ၅ပေ၈လက်မ ရှိသူတယောက်အနေနဲ့ body weight ဘယ်လောက်ထိရှိသင့်ပါသလဲ
အဲလောက်အရပ်နဲ့ ကာယဗလ မောင် တစ်ယောက်ဖြစ်နိုင်ပါသလား
ကောင်းတယ်ဗျာ
ko lay 5′8” so yin ae nal sone 160 tot she. thint tal
ဖြေကြားပေးတဲ့အတွက်ကျေးဇူးပါ ကိုဇေမင်း
ကိုနိုင်ဦး
ကျွန်တော်ကမန္တလေးကပါ။အသက်၂၃. အရပ်၅.၇လက်မအခုကစားနေတာ (၆) လလောက်ရှိပါပြီ။ဒါပေမယ့် အမြန် ကြီးထွားချင်တာ။
အခုကျွန်တော်ဆော့တဲ့ပုံစံက ၄ ရက်ကစားပြီး၃ ရက်နားတာပါ။ ပထမရက်မှာ ရင်ဘတ်ရယ် ၀င်းသားရယ် ပခုံးရယ်။ ဒုတိယရက်မှာ ပေါင်.ရယ် ခြေသလုံးရယ်။တတိယရက်မှာလက်မောင်း(ရှေ့.နောက်.ထရိုင်ဆက်).
လက်ဖျံ အတွင်းအပြင် ။နောက်ဆုံးရက်မှာ ပထမနေ့ကပြန်စတယ်။တစ်မျိုးကို၃ကျော့ဆော့တယ်။ပထမကျော့မှာ ၁၀ကြိမ်.ဒုတိယကျော့မှာ အလေး၅ပေါင်(သို့)၁၀ပေါင်တိုး ၈ကြိမ်. တတိယကျော့မှာ ၅ပေါင်ထပ်တိုး၆ ကြိမ် အဲလိုကစားတာပါ
မှားလားမှန်လားမသိပါဘူး။ ပြီးတော့တစ်ခါကစားရင် ၁ နာရီထက်မပိုရဘူးလို့ ဖတ်ဖူးပါတယ်။ဒါပေမယ့်အချိန်မလောက်ဘူးဖြစ်နေတယ်။တစ်ခါကစားရင်၉မျိုးလောက်ကစားပါတယ်။
တစ်နာရီကျော်ရင်ရောရမလား။ကစားတဲ့အချိန်မှာ စကားပြောတာတို့ .ဖုန်းပြောတာတို့မရှိပါဘူး။ကစားတဲ့အပေါ်မှာပဲအာရုံစိုက်တာပါ။ပြီးတော့မန္တလေးမှာနည်းပြကောင်းကောင်းနဲ့သေသေချာချာလေ့ ကျင့်ပေးတဲ့သင်တန်းရှိမလား။ တစ်ချို့သင်တန်းတွေက လူများတော့ဂရုမစိုက်နိုင်ဘူးဖြစ်နေတယ်။ စားသောက်မှုပုံစံဘယ်လိုစားရမလဲဆိုတာ ပြောပြပေးပါလား ။ ကျွန်တော်အတွက်ကစားနည်းprogram. စားနည်းprogram လေးရေးဆွဲပေးပါလား
လေးစားစွာဖြင့်