Apr
7

ခရီးဆောင် စားသောက်နည်း

Home > Healthy Recipes > ခရီးဆောင် စားသောက်နည်း

သင့်အိမ်နှင့် အဝေးရောက်နေစဉ် အာဟာရတွေ ကဗြောင်းကဗြန် မဖြစ်ရလေအောင် အောက်ပါ စားသောက်နည်းစနစ်လေးမျိုးကို လေ့လာသွားပါ။

၁။ အာဟာဓာတ် အချိုးအစားများ ညီမျှနေမှုကို ထိန်းသိမ်းပါ

“ကြွက်သားပေါ်လွင်မှုကို ထိန်းသိမ်းရန် ပရိုတိန်း-ကာဗိုဟိုက်ဒရိက်-အဆီဓာတ် အချိုးအစား ၃၀-၃၅-၃၀ လိုအပ်သည်။” အားကစားအာဟာရပညာရှင် Matt Lovell က ဆိုသည်။ (sportsnutritionvlog.com) “သို့သော် အကယ်၍ ကိုယ့်ရဲ့ ဒိုင်းယက်ကို အားလပ်ရက်မှာ မဖြစ်မနေ ချိုးဖောက်ရတော့မည်ဆိုလျှင် လုံးဝမပေးဆပ်၊ မပြောင်းလဲသင့်သော အာဟာရဓာတ်သည် ပရိုတိန်းဖြစ်သည်။” ထို့ကြောင့်ပင် ကံကောင်းသည်ဟု ဆိုရတော့မည်။ စားစရာ ခြေလေးချောင်း သတ္တ၀ါတို့၏ အသားဓာတ်မှန်သမျှကို အားလပ်ရက်တွင် မညှာမတာ စားနိုင်လေပြီ။

၂။ အပြင်ထွက်စားပါ

လွန်ခဲ့သည့် တချိန်ကထက် အပြင်ဘက်က ဆိုင်တွေဆီ ထွက်စားပါ။ ထို့ကြောင့် ဟိုတယ်က ၀ိတ်တာကို အပြင်မှာ ဒီမှာလို အစားအစာတွေ ဘယ်မှာရလဲမေး – ၎င်းတို့သည် ပိုပြီး လတ်ဆတ်ပေလိမ့်မည်။ “မကြာခဏဆိုသလိုပင် အပြင်မှာ လတ်လတ်ဆတ်ဆတ် ထွက်စားခြင်းကြောင့် ကိုယ့်ဒိုင်းယက်အစီအစဉ် အားလပ်ရက်ရောက်မှ ပိုကောင်းလာကြောင်း တွေ့ရမည်ဖြစ်သည်။” Lovell က ဆိုသည်။ ခရီးသွား တိုးရစ်တွေနှင့် ပြည့်နေသော စားသောက်ဆိုင်မျိုးကို ရှောင်ပါ။ ဘာကြောင့်ဆို အစာအဆိပ်တွေ သင့်ခဲ့လည်း သူတို့အတွက် နောက်ခရီးသွား အသစ်တွေလာဦးမည်ဖြစ်ပြီး ဘာမှ ပူစရာမရှိ။ အဲသည့်မှာ နေထိုင်တဲ့သူတွေ ဘယ်မှာစားလဲ.. အဲသလို နေရာတွေမှာ သွားစားပါ။

၃။ အဆာပြေအနေဖြင့် အသီးအနှံတွေနှင့် အခွံမာအသီး၊ အစေ့တွေ စားပါ

အနီးဆုံးဈေးတွင် ထိုအရာတွေ အထုပ်လိုက်တွေ ၀ယ်ထားပါ။ “ နေရောင်ထဲမှာ ကိုယ် အေးအေးဆေးဆေး အနားယူနေစဉ်တွင် ကြွက်သားထုထည်နှင့် သန်မာမှုတွေ ထိန်းသိမ်းထားဖို့ လိုအပ်သော ပရိုတိန်းနှင့် အာဟာရဓာတ်တွေကို သူတို့တွေသည် ပေးစွမ်းနိုင်သည်။”  Lovell က ပြောသည်။ “နေရောင်ထဲမှာဆိုလျှင် လတ်လတ်ဆတ်ဆတ် ဖရဲသီးတွေ သို့မဟုတ် အေးသော အသီးတွေကို စားပါက ကိုယ့်အတွက် အလွန်ကောင်းသည်။ ၎င်းတို့သည် မိမိရဲ့ ရေဓာတ်ပမာဏ၊ ပိုတက်စီယမ်ဓာတ်နှင့် သွေးတွင်း အချိုဓာတ်များကို ညှိပေးထားနိုင်သောကြောင့် အဆာပြေ အချိုမှုန့်များကို သိပ်မစားဖြစ်တော့ပါ။”

၎။ ကိုယ်ပုံမှန်စားနေကျကိုသာ မှာစားပါ

ဟိုတယ်ဝန်ဆောင်မှုသည် မီးကင်ထားသော အစားအသောက်များသာ ရသည်ဆိုပါက ကိုယ်စားနေကျ ဟင်းလျာများကို လုပ်ခိုင်း လိုက်ပါ။ မီးကင်ထားသော အစားအစာများအစား ပြုတ်ထားသော အသီးအရွက်ဟင်းများနှင့် လဲမပေးနိုင်သော မီးဖိုချောင်မျိုး ဘယ်နေရာတွင်မှ မရှိနိုင်ပါ။ တောင်းဆို လိုက်ပါ။ ရပါလိမ့်မည်။

Related posts:

  1. ဗိုက်ကြွက်သား ၆လုံးပေါ်လာအောင် အလွယ်ကူဆုံး စားသောက်နည်း
  2. ဒိုရီယံရိတ်စ်၏ တနေ့တာ စားသောက်ပုံ
  3. ရွန်နီကိုလ်းမင်းရဲ့ ထုတင်ဖို့ အာဟာရ အကြံပြုချက်များ
  4. သင် တနေ့ တာ စားသောက်ရမည့် ပုံစံ
  5. ပန်းသီးနှင့် လိမ္မော်သီးကို ကာယကစားသည့်အခါ ဘယ်အရာက ပိုကောင်းသလဲ နှိုင်းယှဉ်ကြည့်သည့်အခါ–