ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်
Home > ကမ္ဘာ့သမိုင်းသို့ > ကာယဗလ၏ ယုံတမ်းစကားနှင့် ဖြစ်ရပ်မှန်
ယနေ. ကာယဗလလောကမှ လူတွေကို တစ်ခြားသော သူများက အမျိုးမျိုးသော ဝေဖန်မှုတွေရှိတယ် ဆိုတာ သင်တို.လည်း ကြားကြမှာပါ။ ယုတ်စွအဆုံး ကိုယ်နဲ. အနီးကပ် ပေါင်းသင်းနေတဲ. သူငယ်ချင်းကတောင် ကျွန်တော်တို.ကို မင်းတို.တွေ ၀ိတ်မ ပြီး ဘာလုပ်မှာလဲ ကူလီထမ်းမှာလား ၊ နိုက်ကလပ်မှာ လုံခြုံရေးလုပ်မှာ လား အစရှိသဖြင်. အမျိုးမျိုး ထင်ကြေးပေးနေ ကြသလို တစ်ချို.သော သူများကလည်း ၀ိတ်ပေါ ကြီးတွေ အလကားကောင် တွေပါကွာ သတ္တိမရှိပါဘူး ၊ ဦးနှောက်မရှိလို. ဒုက္ခခံပြီး အလေးအပင် ကို မနေကြတာပေါ. ဦးနှောက်ရှိတဲ.လူ ဆို ဒီလို လုပ်ပါ.မလား ကြည်.ပါလား အရပ်က ပုပု ကွကွ နဲ. အောက်ပိုင်းက သေးသေးလေး ဆီကတော.ကြီး ထောင်ထားတာ ကျနေတာပဲ ကာတွန်းရုပ်ကျ နေတာပဲလို. ဝေဖန်နေသူတွေ ရှိသလို၊ တစ်ချို.သော မိန်းကလေး များကျ ပြန်တော.လည်း ရွံ.စရာကြီးဟယ် ဆီတွေ တ၀င်ဝင်း နဲ. စင်ပေါ်မှာ မဲ.ရွဲ.ပြီး ညှစ်နေကြတာ အရှက်ကို မရှိဘူး ဘယ်လိုဟာတွေလည်း အစရှိသလိုပေါ.ဗျာ အမျိုးမျိုး ထင်ကြေးပေး ဝေဖန်နေကြတာ တစ်ခြားသော ဝေဖန်မှုတွေ ရှိပေ.မယ် ရေးမကောင်းလို. မေ၇းတော.ပါဘူး သူတို.တွေ ဝေဖန်မှုတွေကို နားယောင်သွားရင် ကျွန်တော်တို. လျှောက်ရမဲ.လမ်းမှာ အနှောင်.အယှက် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင်. ကိုယ်လမ်းကို ကိုယ်ကိုယ် တိုင် ဖြောင်.ဖြောင်. လျှောက်နိုင်ဖို. ဘယ်သူတွေရဲ. ဝေဖန်မှုကိုမှ ဂရုမစိုက်ပါနဲ. လုပ်စရာရှိသာ ဆက်လုပ်ကြပါလို. ပြောကြားရင်း ဖတ်ကြည်.ကြပါစို.။
၁။ ကာယဗလသမားများသည် ကြွက်သားများ ကြီးထွားလေးလံသူများ ဖြစ်ကြသည်။
(All muscle builders are muscle bound)
လေ.လာမှုများအရ ကာယဗလလေ.ကျင်.မှုကြောင်.–
(၁) ကြွက်သားဧ။် ခွန်အားကို ပိုမိုသန်စွမ်းစေသည်။
(၂)အဆစ်များမတောင်.တင်း စေဘဲ ပျော.ပျောင်းမှုကို ရရှိစေသည်။
(၃)လျင်မြန် ဖျတ်လတ်မှုကို တိုးတက်စေသည်။
ဂျွန်ကရင်းမက်(John Grimek)? အာနိုး၊ ဖရန်ကိုကိုလံဘူ (Franco Columbu)၊ ဆာဂျီယိုအော်လီဗာ (ှSergio Oliver) တို.သည် ခွန်အား သန်စွမ်းသူများ ဖြစ်ကြသည်။ ဂျွန်ကရင်းမက် (John Grimek) နှင်. ဖလှက်ဝှီးလား (Flex Wheeler) မောင်ဗမာသန်းထွန်း (၁၉၅၂မောင်စကြ၀ဌာပြိုင်ပွဲဝင်) တို.သည် အလွန်ဖျတ်လတ် ပျော.ပျောင်းသော မောင်များ ဖြစ်ကြသည်။ မောင်စကြ၀ဠာနှင်. ၁၉၉၄ သက်ကြီးတန်း မောင်အိုလံပီယာ ရော်ဘီရော်ဘင်ဆင်သည် (R0bby R0binson)သည် ကိုက်(၁၀၀)ကို ၉.၄ စက္ကန်.နှုန်းဖြင်. ပြေးနိုင်သည်။
၂။ ကာယဗလသမားတိုင်းသည် အခြား အားကစားစွမ်းရည် မရှိကြသူများ ဖြစ်သည်။ အလေးကစားခြင်းသည် လူတစ်ဦးကို လေးလံစေသည်။
(Body builders are not athletes . Weight training slows a person down.)
ကာယဗလသမားတစ်ဦးသည် အခြားအားကစားသမားများထက် ပိုမိုဂရုစိုက် ကြရပါသည်။
မောင်စကြ၀ဠာ ရှိုဂျာ ကောလက်သည် တာတို အပြေးသမား တစ်ဦးဖြစ်သည်။
မောင်စကြ၀ဠာ လူဖာရစ်နိုသည် နာမည်ကျော် ဘောလုံးသမား တစ်ဦးဖြစ်သည်။
မောင်စကြ၀ဠာ လေးထပ်ကွမ်း ဘီပါးလ် သည် နပန်းသတ် ချန်ပီယံ တစ်ဦးဇြစ်သည်။
မောင်အိုလံပီယာ ဖရင်.ဇိန်းသည် မြှားပစ် အားကစားသမား တစ်ဦးဖြစ်သည်။
မောင်အိုလံပီယာ ခုနှစ်ထပ်ကွမ်း အာနိုးသည် ဘောလုံးနှင်. နှင်းလျှောစီးတွင် ထူးချွန်သူ တစ်ဦးဖြစ်သည်။
မောင်အိုလံပီယာ နှစ်ထပ်ကွမ်း ဖရန်ကိုကိုလံဘူ သည် အီတလီ နီုင်ငံ လက်ဝှေ. ချန်ပီယံ တစ်ဦး ဖြစ်သည်။
၃။ကာယဗလ လေ.ကျင်.မှု ရပ်ဆိုင်း လျှင် ကိုယ်ခန္ဒာတွင် အဆီများ တက်လာမည်။
(It will turn when you stop bodybuilding)
ဇီဝဖြစ်ပျက်မှု သဘောတရားအရ ကြွက်သားက အဆီမဖြစ်နိုင်ပါ။ အားကစား လေ.ကျင်.ချိန်တွင် အစားအသောက် ကောင်းကောင်း စားရသည်။ စားသလောက်လည်း တစ်ဖက်တွင် အားကစား ပြန်လုပ် နေသောကြောင်. အဆီမတက်ပါ။ လေ.ကျင်.မှု ရပ်ဆိုင်းလိုက်သောအခါ အရင်အတိုင်း လှုပ်ရှားမှုမရှိ တော.သော်လည်း အစားအသောက်ကို မလျှော.ဘဲ လေ.ကျင်.စဉ်က အတိုင်း စားသောက်မှုကြောင်. ကိုယ်တွင်း အဆီများကာ လူ ၀ တက်လာခြင်း ဖြစ်သည်။ လှုပ်ရှားမှု နည်းသည့်အခါ ကယ်လိုရီ လောင်ကျွမ်းမှုနည်းပြီး စားသောက်မှုမှ ရရှိသည့် ကယ်လိုရီ ကများ နေသောကြောင်.ဖြစ်သည်။ ထို.ကြောင်. အစားအသောက်ကို ဂရုစိုက် စားသောက်ရမည် ဖြစ်သည်။
၎။ကာယဗလသမားများသည် ဖို မကိစ္စများတွင် စိတ်ဝင်စားမှု အားနည်းပြီး မိန်းမလျှာများ ဖြစ်ကြသည်
(Bodybuilders just are not interested in women . They all are gays.)
ကာယဗလသမားများသည် ခွန်အားနှင်. ပြည်.စုံသူများ ဖြစ်ကြသည်။ ယောက်ျား ဟိုမုန်းဓာတ် ပိုမိုအားကောင်းသူများ ဖြစ်ကြသည်။ သို.သော်လည်း ကာယဗလသမား အများစုသည် မိမိတို.ဧ။် အားကစားစွမ်းရည် တိုးတက်မှုရှိဖို. အပေါ်တွင် အာရုံစိုက်လေ.ကျင်ပြီး မိန်းမကိစ္စတွင် တတ်နိုင်သလောက် မိမိစိတ်ကို ထိန်းချုပ်နိုင်ကြသည်။
၅။ကာယဗလသမားများသည် ဦးနှောက်ရှိကြသူများ မဟုတ်။ ငတုံးများ ဖြစ်ကြသည်။
(Bodybuilders are all stupid .They are all bums.)
ကာယဗလ သမားများကို ကြွက်သားများတာ ရှိပြီး ဦးနှောက်မရှိကြသူများ (၀ိတ်ပေါ)ကြီးများဟု စွပ်စွဲမှုများရှိပါသည်။
ဘားနားမက်ဖင်ဒင် — စာရေးဆရာ၊ အားကစားမဂ္ဂဇင်း ထုတ်ဝေသူ
ဂျိုးဝီဒါ — စီးပွားရေးလုပ်ငန်းရှင် အားကစားမဂ္ဂဇင်းထုတ်ဝေသူ
ဘင်ဝီဒါ — ဥက္ကဌ အပြည်ပြည်ဆိုင်ရာ ကာယဗလ အဖွဲ.ချုပ်
ဖရန်ကိုကိုလံဘူ — အရိုးကုဆရာဝန်
အာနိုး — စီးပွားရေးလုပ်ငန်းရှင်နှင်.ကမ္ဘာကျော်ရုပ်ရှင်မင်းသား
ဦးရှိန် — မြန်မာ.မျိုးချစ်အားကစားဖခင်ကြီး
ဝေါတာလ်ချစ်ထွန်း — ဆရာဝန်ကြီး
ဦးဇော်ဝိတ် — ယူနက်စကို အားကစားဂုဏ်ထူးဆောင်ဆုရရှိသူ
ဦးသော်ဇင် — စာရေးဆရာ နည်းပြဆရာ၊ နိုင်ငံဂုဏ်ရည်ဆုရှင်
ဦးကျော်အေး — ဒုတိယ၀န်ကြီး (မြောင်းမြမောင်) အလုပ်သမားဝန်ကြီးဌာန
ဦးမောင်မောင် — ဗိုလ်မှုးကြီး (ရေ) စစ်သံမှုး(ငြိမ်း) (၁၉၃၇ ပထမဦးဆုံး မောင်မြန်မာ)
ဦးလှအောင် — ဗိုလ်မှုးကြီး(ငြိမ်း)၊ စာပေဗိမာန်ဆု(၃)ကြိမ်ရ (ဗြိတိသျှစံချိန်ချိုးသူ)
ဦးထွန်းငြိမ်း — ညွန်ကြားရေးမှုးချုပ်ဟောင်း အားကစားနှင်.ကာယပညာဦးစီးဌာန
ဗှိုလ်မှုးချုပ်စိန်လွင် — ဥက္ကဌ ဟောင်း မြန်မာနိုင်ငံကာယဗလနှင်.ကာယအလှအဖွဲ.ချုပ်
ဦးအောင်ဒင် — ညွန်ကြားရေးမှုးချုပ်ဟောင်း အားကစားနှင်.ကာယပညာဦးစီးဌာန
မောင်ဗမာမောင်မောင်သန်း — ရဲမှုးကြီး (မောင်ဘွဲ. ၁၃ ခုရ) ရဲမှုခင်းထောက်လှမ်းရေးအဖွဲ.
မောင်ဗမာပြည်.စုံ — ဗိုလ်မှုး (တိ -မွေး ကု ဆရာဝန်)
မောင်ဗမာသာအောင် — သင်တန်းနည်းပြဆရာ
အထက်ပါအကြောင်းအရာတွေကို လေ.လာကြည်.လိုက်မယ်ဆိုရင် ကာယဗလအားကစားမှထူးချွန်ပြီး ကမ္ဘာကျော်နေသူတွေ ရှိသလို မြန်မာပြည်မှာလည်း ပညာတတ် ကာယဗလ မောင်တွေရှိတယ် ဆိုတာ တင်ပြလိုက်ပါတယ်။ ကာယဗလ အားကစားနဲ. ပတ်သက်ပြီး ဂုဏ်ထူးဆောင်ဆုတွေ ရှိသူတွေရှိပါသေးတယ်။ စာရှည်နေမှာစိုးလို. မတင်ပြတော.ပါဘူး တစ်ချို.တစ်လေကို ချန်ထားခဲ.ပါတယ်
Related posts:










Yes.They said because they have no muscle like us.The most of the girls or boys in Myanmar have not good knowledge of bodybuilding.We have few brother of bodybuilding in Myanmar.We need to help each other to raise our world.
အကို အောင်အောင် လေးစားပါတယ်ဗျာ ဒီလိုမျိုး ဗဟုသုတ ရမဲ. ပို.စ်လေးတွေ တင်ဆက်ပေးတဲ.အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ အချိန်ရတိုင်းလည်း ၀င်ရောက် လေ.လာဖြစ်ပါတယ် တစ်ခုပဲ ပြောစရာရှိပါတယ် အကိုတို.ဆိုဒ်မှာ ကိုဖြိုးေ၀၀င်း ဆိုတာကော ပို.စ်မေ၇းဘူးလား ကျွန်တော် ဖတ်ကြည်.ရင် အပေါ်ဘက်မှာ ဖြိုးေ၀၀င်း ဆိုတာလေးတွေ တွေ.လို.ပါ လက်ရှိ ပို.စ်တင်နေတာ ဘယ်နှစ်ယောက်လဲ ခင်ဗျာ ကိုအောင်အောင်ကတော. ကျွန်တော်နဲ. သိပါတယ် အကိုတို.နှစ်ယောက်လည်း မွတ်စလင်မ်တွေပဲဆို ဟုတ်လား အောင်မြင်မှုတွေရပါစေဗျာ ပွင်.ပွင်.လင်းလင်း ပြောရရင် အကိုအောင်အောင်နဲ. ကိုနိုင်ေ၀၀င်း တို.ရဲ. ပို.စ်လေးတွေက ကာယဗလ တင်မကဘူး ဒီပြင် ဗဟုသုတ ဆိုင်ရာ လေးတွေလည်း တင်ဆက်ပေးနေတာ တွေ.ရပါတယ် ကျန်းမာရေးနဲ. နွယ်တာလေးတွေ အောင်မြင်ရေး နဲ. ပတ်သက်တာလေးတွေ ပါ တင်ဆက်ပေးလို. မရဘူးလားခင်ဗျာ။
ဒီလို မှားယွင်းစွာ တွေးတောနေတဲ့သူတွေ၊ မကောင်းဘက်ကပဲ မြင်တဲ့သူတွေ၊ လူငယ်တွေကို အတွေးအခေါ်တွေ မှန်ကန်လာအောင်၊ ပြောင်းလဲလာအောင် တတ်နိုင်သလောက်ထက် ပိုပြီးတော့ ကြိုးစားကြတာပေါ့ဗျာ….
ဆရာဦးတင်မောင်ဆွေရဲ့ စာအုပ်ထဲ ကဟာတွေပါလားဗျာ။
အသစ်လေးတွေရေးပါဦး။
@ သီဟမိုး ခင်ဗျား..
ကိုဖြိုးေ၀၀င်းဆိုတာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မွေးချင်းအကိုဖြစ်ပါတယ်။ သူက ကာယဗလကို ကျွန်တော်တို့လောက် မရင်းနှီးသည့်အတွက် စာတော့ မရေးပါဘူး။ သို့သော် ကျွန်တော် သည်ဘလော့ဂ် တည်ဆောက်နိုင်အောင် တိုက်တွန်းခဲ့သူဖြစ်ပြီး IT နည်းပညာပိုင်းမှာ အားကိုးနေရသူ ဖြစ်သောကြောင့်လည်း ပါသည်။ ကျွန်တော်ကိုယ်၌ကိုက သူ့နာမည်ကို သိစေချင်သောကြောင့်လည်းပါသည်။ ဒါကြောင့် ကျွန်တော်နိုင်ေ၀၀င်း မရေးသော ပို့စ်များမှာ သူ့နာမည်နဲ့ တင်ထားပါသည်။ သို့သော်လည်း ပထမစာမျက်နှာ သူ့နာမည်ဘေးမှာ ပို့စ်ရဲ့ မူရင်းစာရေးသူ နာမည်ကိုလည်း တင်ဆက်သူ – ကိုနိုင်ဦး၊ အောင်အောင် စသည်ဖြင့် ဖော်ပြပေးပါတယ်။ သူကတော့ ဘာမျှမပြောသော်လည်း သူ့နာမည်ကို ကျွန်တော်ကသာ ထည့်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် အခုဒီစာမျက်နှာမှာတော့ သူ့နာမည်ကို မမြင်တွေ့နိုင်တော့ဘဲ မူရင်း စာရေးသူရဲ့ နာမည်ကိုသာ ထိပ်ဆုံးမှာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ကို အမြဲအားပေးတဲ့အတွက် ကျေးဇူးပါ။ နောက်ကိုလည်း ကျွန်တော်တို့ ဒီသံချောင်းတွေ သံပြားတွေကနေ အထွေထွေ ကျန်းမာရေး ကောင်းမွန်လာမှု၊ ကိုယ့်ဘ၀ခရီး အောင်မြင်မှု စသည်တို့ဆီ ဘယ်လို တက်လှမ်းနိုင်ကြမလဲ ဆိုတာတွေ ဆက်ဆွေးနွေးဖြစ်အောင် ကြိုးစားကြပါမယ်ခင်ဗျာ။
@ ismaile
ဒါကတော့ ကိုအောင်အောင် ရှင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကိုအောင်အောင်ခင်ဗျား
ကာယဗလလိုက်စားသူများကို ၀ိတ်ပေါကြီးများ ပေါတာကြီးများ စသည်ဖြင့်ရှုံ့ချပြောဆိုတာတွေကို ကျွန်တော်မကြာမကြာကြားမိပါတယ်။ စိုးရိမ်စရာကောင်းတာက တက္ကသိုလ်လောကမှာတောင် သရော်တာလိုလို လှောင်တာလိုလိုနဲ့ပြောနေဆိုနေကြတာပါ။ စိတ်မချမ်းသာစရာကောင်းလှပါတယ်။
ပညာတတ်ပေမယ့်လည်း ဗဟုသုတ သုည ၊ အတွေးအခေါ်မြောင်းထဲကတက်မလာသူ ၊ အသိတရားခေါင်းပါးသူ ဒီလိုလူတွေ ကျွန်တော်တို့ဆီမှာ ပေါများသေးတာတာ သူတို့အတွက်လည်းမကောင်း တိုင်းပြည်အတွက်လည်းမကောင်းပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို သူများလုပ်တာကို ရှုံ့ချပြောဆိုနေသူတွေဟာ အရာရာကိုသေချာလေ့လာဆန်းစစ်တဲ့စိတ်မရှိပဲနဲ့ အပုပ်ပဲချတတ်တဲ့ ကျဉ်းမြောင်းသေား သိမ်ငယ်သောစိတ်ဓါတ်တွေရှိနေလို့ပါပဲ။သူတို့ကိုယ်ကိုယ်တိုးတက်အောင်လဲမလုပ်နိုင်နိုင်ပါဘူး။ တိုင်းပြည်အတွက်ဆို ဝေလာသေးပါ။
ဒါပေမယ့် သူတို့ရဲ့ဦးတည်ရာလမ်းကို ကျွန်တော်တို့ခန့်မှန်းလို့ရနေပြီပဲ။သူတို့လမ်းသူတို့ဆက်လျောက်ကြပါလိမ့်မယ်။ နုနယ်သေးတဲ့လူငယ်တွေနားမယောင်ဘို့ ပညာပေးလုပ်ရပ်တွေကတော့ အများကြီးလိုသေးတယ်လို့ထင်တယ်ဗျ။
ismaile ခင်ဗျာ အကိုရဲ.ပြောကြားချက်အရသာ ဒီဆောင်းပါးလေးဟာ ဦးတင်မောင်ဆွေ ရဲ.စာအုပ်ထဲကဆိုတာသိရတာပါ ဒီဆောင်းပါးကိုဘယ်သူရေးတယ်ဆိုတာလည်းမသိပါဘူး ကျွန်တော်ဆီမှာ ရှိတာကလည်း စာရွက်လေးပါပဲ ကွယ်လွန်သွားတဲ. ကျွန်တော်တို.ရဲ. လက်ဦးဆရာဦးသာအောင် ဆီက ကော်ပီပြန်ဆွဲထားတာပါ တကယ်လို.ဦးတင်မောင်ဆွေရေးတာမှန်ရင် ဘယ်နှစ်ခုနှစ်ထုတ်မှာလဲဗျ ကျွန်တော်တို. ဆီမှာရှိတဲ. ဦးတင်မောင်ဆွေ စာအုပ်မှာတော.မတွေ.ပါဘူး အကိုအနေနဲ. အကိုပြောသလိုဖတ်ပြီးသားဆိုလည်း နှစ်ထပ်ရှိမှတ်မိတာပေါ.အကိုရာ မဖတ်ရသေးတဲ.သူတွေအတွက်ကတော. အကျိုးရှိမှာပါ။ကျေးဇူးတင်ပါတယ် အကို ဒီလိုပြောကြားပေးတဲ.အတွက် စိတ်ချပါ အကိုပြောသလိုအသစ်တွေကိုတတ်နိုင်သရွေ.ကြိုးစားပြီးတင်ပေးပါမယ်.
ကိုအောင်အောင်ရေ ဒီစာကိုဘယ်သူစရေးရေးဗျာ ကိုအောင်အောင်ရဲ့ မျှဝေပေးတဲ့စေတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ကျေးဇူးပါပဲ..
ဒီဆိုဒ်ကို တွေ့တာ သုံးနှစ်လောက် နောက်ကျတယ်ဗျာ..
ခုဆို ဝိတ်မလာတာ လေးနှစ်ထဲ ဝင်လာပြီလေ
သူများတွေ စီနီယားကျောင်းသားကြီးတွေ ပြောတာတွေနဲ့ပဲ လေ့ကျင့်ခဲ့တာ
အင်း………ဘာပဲပြောပြော ဒီလို ကာယဗလ ဆိုဒ် တစ်ခုပေါ်ထွက်လာတာကိုပဲ
ဝမ်းသာပါတယ် နိုင်ေ၀၀င်းရေ…………..။
ဗျို.အကို ရေ နောက်တစ်ခုရှိသေးတယ်လေဗျာ အဲ.ဒါက အလေးမရင် အရပ်မထွက်တော.ဘူးတဲ. အဲ.ဒါကကောတစ်ကယ်လားဗျာ