May
17
လေ့ကျင့်မှု မလွန်ကဲစေဖို့ ရှောင်ရှားရန် နည်းလမ်းများ
Home > Training and Contest > လေ့ကျင့်မှု မလွန်ကဲစေဖို့ ရှောင်ရှားရန် နည်းလမ်းများဧည့်သည် တင်ဆက်သူ – အောင်အောင်

ကျွန်တော်တို.အနေနဲ. မိမိတို.တိုးတက်လာတဲ. ကြွက်သားတွေကိုမထိခိုက်စေဖို.လေ. ကျင်မှုမလွန်ကဲစေဖို.ဟာ အမြဲတမ်းသတိထားရမယ်လို. အတွေ.အကြုံရှိတဲ. မောင်တွေဆီကနေ တစ်ဆင်.ကြားဖူးခဲ.ပါတယ်။ ဒီလိုလေ.ကျင်.မှု မလွန်ကဲစေဖို.ဆိုတာ မိမိကိုယ်တိုင် သတိနှင်.ယှဉ်ပြီး လိုက်နာလေ.ကျင်.နိုင်တာ အကောင်းဆုံးပါပဲ။ မိမိပြုသမျှ မိမိအပေါ်မှာပဲ အကျိုးသက်ေ၇ာက်မှာပါ။ အောက်ဖေါ်ပြပါအချက်လေးတွေကို မှတ်သားထားမယ်ဆိုရင် လေ.ကျင်မှုလွန်ကဲခြင်း မဖြစ်စေဖို.အကျိုးပြုမယ်လို. ထင်ပါတယ်။
၁။လေ.ကျင်.မှုမများပါနှင်.
ကာယဗလ အားကစားသမား အများစုဟာ ကြွက်သားတွေကိုမြန်မြန်ကြီးထွားလိုစိတ် တစ်ခုတည်းနဲ. လေ.ကျင်.ခန်းနှင်. လေ.ကျင်.ချိန်တွေကို မျာများနှင်. ကြာကြာ ကစားတတ်ပါတယ်။ ဒီအလေ.အကျင်.ဟာ တကယ်တော. မှားပါတယ်။ ကာယဗလကို စတင်လေ.ကျင်မယ်. လူသစ်တစ်ယောက်အနေနဲ. ဆိုရင် လေ.ကျင်.ခန်း(၁၀-၁၂)ကြားနှင်. မတင်းတိမ်နိုင်ဘဲ ကြွက်သားတစ်ခုကို နည်းစနစ် (၄-၅)မျိုးနဲ. ကစားတတ်ပါတယ်။ နည်းနည်းကစားသက်ကြာလာတဲ. လူတွေက ပိုလိုတောင် ဆိုးပါတယ်။ လေ.ကျင်.ချိန်ကြာမှ အနည်းဆုံး(၂)နာရီလောက် ရှိမှတိုးတက်မှုရှိမယ်လို. ထင်တတ်ကြတယ်။ တကယ်တော. မိမိမှာရှိတဲ. ကစားအားနှင်.အညီ မိမိလေ.ကျင်.နေတဲ. ကြွက်သားအစိတ်အပိုင်းကို အာရုံစိုက်ညှစ် ကစားနီုင်ဖို.က အကောင်းဆုံးပါပဲ။ တိုးတက်မှုအတွက် အဓိကကျဆုံးကတော. မိမိအားနှင်. အလေးကို ညှစ်ကစားခြင်း ဖြစ်ပါတယ် ဒီနေ. ပြိုင်ပွဲဝင် အများစုဟာ ပြိုင်ပွဲဝေးကာလတွေမှာ (၁)နာရီခွဲထက်ပို မကစားပါဘူး။ တစ်ချို.ဆို ဒီထက်တောင် နည်းပါတယ်။ အချိန်တိုတိုနှင်. ကစားတဲ.အချိန်မှာ မာဆယ်အပေါ်မှာ အာရုံစိုက်ညှစ် ကစားခြင်းဟာ အကောင်းဆုံးပါ။
(၂)။ရက်သတ်မှတ်ကစားခြင်း
လူသစ်ကာယဗလသမား အများစုဟာ တစ်လနှစ်လ ကစားပြီးတာနှင်. အပေါ်ပိုင်း ကြွက်သားတစ်ရက် အောက်ပိုင်း ကြွက်သားတစ်ရက် ရက်စွဲကစားခြင်း(Split Training)ကို ပြုလုပ်ပါတယ်။ နည်းပြအချို.ကလည်း အားပေးပါတယ်။ ရက်စွဲကစားခြင်းကို လူသစ်တွေအနေနဲ. မကစားသင်.တာက နှစ်ရက်ခွဲကစားခြင်းကြောင်. များများကစားလေ ကောင်းလေဆိုတဲ. အယူအမှားကြီး ခေါင်းထဲမှာဝင်သွားနိုင်ပါတယ်။ နောက်တစ်ချက်က များများကစားလိုက်တဲ.အတွက် အနားယူချိန်နှင်. အစားအသောက်ကလည်း များများ လိုအပ်ပါတယ်။ အနားယူချိန်နှင်. အစားအသောက် မလိုက်နိုင်ရင်တော. လေ.ကျင်.မှုနှင်. တိုးတက်မှု ထိခိုက်နိုင်ပါတယ် ဆိုတာ သတိပြုသင်.ပါတယ်။
(၃)။တစ်ပတ်လျှင်သုံးကြိမ်ပဲကစားပါ
လူသစ်တစ်ယောက်အနေနဲ. တစ်ပတ်လျှင်သုံးကြိမ် ကစားခြင်းဟာ အကောင်းဆုံးပါပဲ တစ်နည်းပြောရရင် တစ်ရက်ခြား ကစားခြင်းပေါ.ဗျာ။ ပထမတစ်ရက်ကစားပြီး ဒုတိယရက်မှာ အနားယူလိုက်မယ်ဆိုရင် အနားယူချိန် ၂၄နာရီရပါတယ်။ တတိယရက်မှာ ကစားပြီး ၄ရက်မြောက်နေ.မှာ အနားယူလိုက်မယ်ဆိုရင် အနားယူချိန် နောက်ထပ်၂၄နာရီ ရပါတယ်။ ၅ရက်မြောက်နေ.မှာ ကစားပြီးနောက် ၂ရက်ဆက်တိုက် အနားယူလိုက်မယ်ဆို နောက်ထပ်၄၈နာရီ အနားယူချိန်၇ပြီး တစ်ပတ်လုံးမှာ အနားယူချိန် ၇၂နာရီရပြီး လုံလောက်စွာ အနားပေးခြင်းကြောင်. လေ.ကျင်.မှု မလွန်ကဲစေဘဲ ကြွက်သားတိုးတက်မှု ရရှိစေပါတယ်။ ကြွက်သားဆိုတာ လေ.ကျင်.ချိန်မှာ မကြီးထွားပါဘူး။ အနားယူချိန်မှာသာ ကြီးထွားတယ် ဆိုတာ သတိရှိသင်.ပါတယ်။
(၄)ကာဗိုဟိုက်ဒရိတ်စားပါ
ကာယဗလ လေ.ကျင်.မှု ပြုချိန်မှာ ကိုယ်တွင်းရှိကြွက်သားနှင်. အသည်းတွင် သိုလှောင်ထားသော ဂလိုက်ကိုဂျင် သကြားဓာတ် ဆုံးရှုံးခြင်းကို ဖြစ်စေပါတယ်။ ဆုံးရှုံးသွားတဲ. ဂလိုက်ကိုဂျင်ဓာတ်ကို ပြန်လည် မဖြည်.တင်းပေးနိုင်လျှင် ခွန်အားမပြည်.၀ဘဲ လေ.ကျင်.မှု အားနည်းကာ လေ.ကျင်မှုဒဏ်ကို မခံနိုင် ဖြစ်ကာ လေ.ကျင်.မှုတွင် စိတ်ဝင်စားမှု လျှော.နည်း စေပါတယ်။ ထို.ကြောင်. ဂလိုက်ကိုဂျင်ဓာတ်ကို ဖြည်.တင်းဖို.ဆိုတာ ကာဗိုဟိုက်ဒရိတ် များများ စားပေးရပါမယ်။ လေ.ကျင်.ချိန် ပြီးသွားလျှင် ကာဗိုဟိုက်ဒရိတ်ပါသော ဖျော်ရည်သောက်ခြင်း အစားအသောက်စားခြင်းတို. ပြုလုပ်ပေးရပါတယ်။
(၅)တစ်ခါတစ်ရံရက်ရှည်အနားယူပါ
တစ်ခါတစ်ရံ ရက်ရှည် အနားယူခြင်း(layoff) ပြုလုပ်ခြင်းသည် လေ.ကျင်.မှု လွန်ကဲခြင်းကို ကာကွယ်မှုပေးနိုင်သည်။ အကောင်းဆုံးကတော. သုံးလကစားပြီးတိုင်း (၇)ရက်ခန်. အနားယူသင်.ပါတယ်။ (၆)လကစားပြီးတိုင်း (၇-၁၀)ရက်ခန်. အနားယူသင်.ပါတယ်။ တကယ်တော. အရှိန်ရနေချိန်မှာ အနားမယူချင်ပါဘူး။ ဒါပေ.မယ် အနားယူကြည်.လိုက်ပါ။ ပြန်လည်.လေ.ကျင်.မှု ပြုချိန်မှာ ချာဂျင်အပြည်.နှင်. ဘက်ထရီအိုးတစ်လုံးလို အားသစ်တွေအပြည်.နှင်. ကစားလို. ကောင်းလာတာကို တွေ.ရပါမယ်။
(၆)။မိမိအသိဥာဏ်ဖြင်.လေ.ကျင်.ပါ
လေ.ကျင်မှုမလွန်ကဲစေဖို. မိမိအသိဥာဏ်လေးနှင်. ခံစားလေ.ကျင်.ခြင်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မိမိအင်အားပေါ် မူတည်ကာ အလေးနှင်. လေ.ကျင်.မှု ၀န်ပမာဏကို အတိုးအလျှော.လုပ် ကစားသွားပါ။ ကြွက်သားများ ဒဏ်ရာမရစေရန်နှင်. လေ.ကျင်.မှု မလွန်ကဲစေရန် လိုအပ်တဲ.အချိန် တွေမှာ လိုအပ်သလို အလေးလျှော. ကစားပါ။ တစ်ခါတစ်ရံ အလေးလျှော.လိုက်လို. မိမိအတွက် အကျိုးမယုတ်ပါဘူး။ လေ.ကျင်.မှု မလွန်ကဲစေဖို. ထိန်းသိမ်းခြင်းပါဘဲ။ ဒါကြောင်. ကျွန်တော်တို. အနေနဲ. လေ.ကျင်.မှု မလွန်ကဲစေဖို. ဆိုတာ မိမိအပေါ်မှာပဲ မူတည်နေတယ် ဆိုတာ နားလည်မှာပါ။ နည်းပြမြှောက်ပေးတိုင်း၊ အများသူငါရှေ.မှာ မိမိအလေး ဘယ်လောက်နိုင်တယ် ဆိုတာ ကြွားချင်တိုင်း အလေးများများထည်.ကာ ကစားခြင်းတို.ဟာ မိမိကိုယ်ဘဲ ထိခိုက်စေပါတယ်။ တစ်ချို.ရှိပါသေးတယ် အလေးတွေမနိုင်မနင်း ထည်.ပြီး အောက်ကနေ ကော.ပြန်ကော.ပြန်နှင်. အကြိမ်ရေ အပြည်.လည်း မတွန်းနိုင် နောက်ကနေ ထိန်းပေးရတဲ. နည်းပြလည်း မသက်သာစတဲ. အချက်တွေဟာ gymတိုင်းမှာ တွေ.နေရပါတယ်။ နည်းပြအချို.ကလည်း မပြောကြပါဘူး။ ဒါတွေဟာ မကောင်းတဲ. အလေ.အကျင်.တွေပါ။ ကျွန်တော်ကတော. မိမိရှေ.မှာ တွေ.ရင်တော. ပြောလိုက်ပါတယ်။ မင်းကစားတာ မှားနေတယ် ဆိုပြီးတော. အမုန်းခံပြီး ပြောပါတယ်။ ဒီလိုပြောမှလည်း ပြင်သွားရင် နောက်ဆက်တွဲ ဖြစ်လာမဲ. ပြဿနာတွေကနေ လွတ်မြောက်နိုင်မှာ ဆိုတာ သူတို. နားလည်မှာပါလေ။
ပြန်လည်ဆုံတွေ.ကြပါစို. aungaung.aung24@gmail.com
Related posts:








ကိုနိုင်ေ၀၀င်း ခင်ဗျာ ကိုအောင်အောင်ဆိုတာ ဘယ်မှာနေတာလဲခင်ဗျာ လှိုင်မှာနေတဲ့ ကိုအောင်အောင်ဆို၇င်တော့ ကျွန်တော်နဲ့ ရင်းနှိးတဲ့ ကိုအောင်အောင်များဖြစ်နေမလားလို့ မေးကြည်.တာပါ။ သူက မွတ်စလင်မ် ကပြားပါ အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့။ hard bodygym မှာ ခင်တာပါ။ အခုကျွန်တော်လည်း အဲဒီကိုမရောက်တော့ မဆုံဖြစ်ပါဘူး ဒီစာကို တွေ.ရင်တော့ ကိုအောင်အောင်မှတ်မိမှာပါ။ ကိုအောင်အောင်ပြောတာမှန်ပါတယ်။ အလေးအများကြီးနိုင်ဖို.ထက် စနစ်တကျကစားဖို့က အရေးကြီးတယ်ဆိုတာ သိပ်မှန်ပါတယ်။ ဆက်ပြီးတော့လဲ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးပါ။ လေ့လာဖို့ အသင့်ပါပဲ။
ဟုတ်ပါတယ် သီဟမိုး။
ဟုတ်ပါတယ် သီဟ မင်းပြောတဲ. အောင်အောင်ဆိုတာ ငါပါပဲ မင်းဘယ်တွေပျောက်နေလဲ မင်းgmail အကောင်.ငါဆီကို ပို.ပေးငါမသိဘူး လာခဲ.အုံးလေကွာ gym မှာ ညနေဆို ငါရှိတယ် မင်းမကစားတော.ဘူးလား ဒီလောက်ပဲကွာ ကိုယ်ရေးကိုယ်တာတွေ ဒီထဲမှာ ပြောရတာ အားနာဖို.ကောင်းပါတယ် မင်းဘော်ဒါတွေကိုလည်း ဒီဆိုက်လေးကို ၀င်ကြည်.ဖို.တိုက်တွန်းပေးပါကွာ ဘိုင်ဘိုင်
ကိုနိုင်ေ၀၀င်း ဒီရက်ပိုင်း ဘယ်တွေပျောက်နေတာလဲ ကျွန်တော် ပြောတဲ. ကြော်ငြာစာရွက်လေး ပို.ပေးပါအုံး မျှော်နေမယ်နော် ခင်မောင်ကျော် ကလည်းကျွန်တော်သွားတော. အပြင်သွားနေတာနဲ.လွဲနေတယ် ဒီအပတ်တော.ချိန်းထားတယ်အကို အကိုပြောတာတေါ မေးလိုက်ပါမယ် ဘိုင်ဘိုင်