ရင်ဘတ်တွန်းခြင်းဟူသည်
Home > Gym Bag > ရင်ဘတ်တွန်းခြင်းဟူသည်ရင်ဘတ်တွန်းခြင်းသာ သင့်လေ့ကျင့်ချိန်တွင် မပါရှိလျှင် သင်၏ ရင်အုပ်မို့မောက်ကြီးထွားလာဖို့ မျှော်လင့်ချက် ကင်းဝေးမည်သာဖြစ်သည်။ ကြီးမားခိုင်ခံ့သော အလေးများနှင့် ပြည့်နေသည့် ရင်အုပ်တွန်းစင်နှင့် ခုံသည် ကြီးမားကျယ်ပြန့်သော ရင်အုပ်ပိုင်ရှင်များ၏ သင်္ကေတဖြစ်သည်။ ပြီးတော့ မည်သူသည် အထင်ကြီးအားကျစရာ ရင်အုပ်ကို မပိုင်ဆိုင်လိုသနည်း? ထို့ကြောင့် လေ့ကျင့်ခန်းတစ်ခုရှိသည် – ထိုလေ့ကျင့်ခန်းသည် ရှေးရှေးတုန်းကတည်းကလည်း အစွမ်းထက်ခဲ့ပြီး မနေ့တနေ့က ရှိခဲ့သည့် ယနေ့ကျ ဒိတ်အောက်သွားသော ဆော့ဖ်ဝဲလ်တစ်ခုလို သုံးမရတော့တာမျိုး ဘယ်တော့မှ မဖြစ်သည့် လေ့ကျင့်ခန်း။ ၎င်းသည် ပက်လက်အိပ် ရင်အုပ်တွန်း။
ထိုလေ့ကျင့်ခန်းကြောင့် ရင်အုပ်ကြွက်သားစုတ်ပြဲသွားမှာ၊ ဆုံအဆစ်ထိခိုက်သွားမှာကို စိုးရိမ်ရသည်ဟု သင့်ကို လူအများစုက ပြောကောင်းပြောနိုင်သည်။ သို့သော် သူတို့အတွက် စိတ်မကောင်းစရာသည် မှန်မှန်ကန်ကန်သာ ကစားပါက ပက်လက်အိပ်ရင်ဘတ်တွန်းသည် အပေါ်ပိုင်းကြွက်သားကစားနည်းများ၏ ဘုရင်ကြီး ဖြစ်နေဆဲ ဆိုတာပင်ဖြစ်သည်။ ဒီနေရာကစ ကျွန်တော်တို့ ၀င်ရတော့မည်။ အောက်တွင် ဖော်ပြမည်မှာ ကျယ်ပြန့် မို့မောက်သော ရင်အုပ်တည်ဆောက်ပေးနိုင်သည့် ဤလေ့ကျင့်ခန်းကို ဘယ်လို ကောင်းကောင်းအသုံးချနိုင်မလဲဆိုသော အဆင့်ဆင့် လမ်းညွှန်ချက်ဖြစ်ပြီး စိတ်ညစ်စရာ ကောင်းခဲ့သော၊ ရှောင်လွှဲလို့ မရနိုင်ခဲ့သော မေးခွန်းတစ်ခု၏ အဖြေတို့ဖြစ်သည်။ “ခင်ဗျား ရင်အုပ် ဘယ်လောက်တွန်းနိုင်သလဲ?”
၁။ ဘားရှည်သည် ကိုယ့်မျက်လုံးပေါ် တည့်တည့်ဝန်းကျင်မှာ မရှိရပါ။ ရှိခဲ့လျှင် ကိုယ်တွန်းသည့်အခါ၌ အလေးတင်သည့် စင်နှင့် သွားတိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိသည်။
၂။ ခြေထောက်တွေကို ပခုံးအကျယ်ထက် ကျော်ကားထားပြီး ဒူးက ၉၀ံလောက်ကွေးကာ မြေကြီးပေါ် ကပ်ထားပါ။
၃။ ခါးပုံမှန်အနေအထားဖြစ်အောင် ခါးနောက်ကို အနည်းငယ် ကွေး(ကော့)ထားပါ။
၎။ တင်ကြွက်သားများကို တင်းတင်းညှစ်ထားပါ။ ပခုံးများနှင့် တင်ပါးများကို ခုံတန်းပေါ် သေချာ ဖိကပ်ထားပါ။
၅။ ပခုံးအကျယ်ထက် အနည်းငယ်ချဲကာ ဘားကို ဆုပ်ကိုင်ပါ။
၆။ ရင်အုပ်ကြွက်သားပေါ် ထိရောက်မှုပိုစေရန် အသက်ကို ၀အောင် ရှိုက်ရှုထားပြီး ဘားအောက်ကို ချသည့်အခါ အသက်အောင့်ထားပါ။
၇။ ဘားကို ဖြည်းဖြည်းချင်းချပါ။ အဆင်းနှစ်စက္ကန့်၊ အတက်နှစ်စက္ကန့် ကြာပါစေ။ နို့သီးခေါင်းနှင့် တပြေးတည်း သို့မဟုတ် နို့သီးခေါင်းအောက် အနည်းငယ်ဆီသို့ ချပါ။
၈။ ဘားကို အောက်နှိမ့်နေစဉ် နောက်ကျောက လက်ပြင်ရိုးများကို ညှစ်ထားပါ။ ၎င်းသည် ဆုံများ၏ ဟန်ချက်ကို ခိုင်ခံ့စေပြီး နောက်ကျောဝင်းသားများကိုလည်း အလေးပြန်တင်စေရာတွင် အင်အားကို စုစည်းသွားစေသည်။
၉။ ဘားသည် ရင်အုပ်ပေါ်ရောက်သည့်အခါ လက်များသည် L ပုံသဏ္ဌာန်ဖြစ်နေပါစေ။
၁၀။ အလေးကို ပြန်မတွန်းတင်မှီ ဆုံများကို ခုံတန်းရှည်ထဲ နစ်မြုပ်နေပါစေ၊ ခြေဖနောင့်များကို ကြမ်းပြင်ထဲ နစ်မြုပ်နေပါစေ။ (ကိုယ့်ခြေထောက်တွေနှင့် ကြမ်းပြင်ကြီးကို တွန်းထည့်လိုက်သည်ဟု စိတ်ကူးလိုက်ပါ။) အလေးပြန်တွန်းသည့်အခါ အားကို ကိုယ်အပေါ်ပိုင်းဆီရောက်အောင် ခြေထောက်တွေကနေ အားယူတွန်းပါ။ တင်ပါးများကတော့ ခုံတန်းနှင့် ခွာမသွားရပါ။
၁၁။ အမြဲတမ်း လက်မနှင့် ဘားကို ပတ်ကိုင်ပါ။ လက်ကောက်ဝတ်များကို အလွန်ကွေးခြင်းမျိုးမှလည်း ကာကွယ်ပါ။ အဲသည်လိုမဟုတ်လျှင် လက်ဖျံများမှအားထုတ်လွှင့်မှု လျော့နည်းစေသွားပြီး ကိုယ့်ရင်အုပ်တွန်းနိုင်အားကို ထိခိုက်သွားစေသည်။
၁၂။ ဘားဆီသို့ ရင်အုပ်၊ ဆုံနှင့် လက်မောင်းနောက်သားတို့၏ အားကိုသွင်းကာ ညှစ်နိုင်သမျှ ညှစ်တွန်းပါ။
၁၃။ ဘားကို တည့်နိုင်သမျှ တည့်တည့်တွန်းပါ။ လက်ဆုပ်ကိုင်မှုကို မပြောင်းလဲစေဘဲ “ဘားကို နှစ်ခြမ်း စုတ်ဖြဲပစ်သကဲ့သို့“ လက်များကို အပြင်ဖက်ဆီသို့ ကားသွားပါ။
၁၄။ တွန်းရသည့် အခက်အခဲဆုံး အစိတ်အပိုင်းကို ကျော်လွန်ပြီးသည်နှင့် အသက်ပြန်ထုတ်လိုက်ပါ။ သို့မဟုတ် အပေါ်ဆုံး အနေအထားကို ရောက်သည်နှင့် လေပြန်ထုတ်လိုက်ပါ။
၁၅။ ရွေ့လျားမှု၏ ထိပ်ဆုံးမှာ ရင်အုပ်ကို ပြင်းပြင်းထန်ထန် ညှစ်ပါ။ ၎င်းသည် ရင်အုပ်ကြွက်သားများပေါ် အာရုံရောက် ထိစေပြီး ကြွက်သားဖွံ့ဖြိုးစေသည်။
၁၆။ ထိပ်ဆုံးမှာ တံတောင်ဆစ်များကို ဖြောင့်မပစ်ပါနှင့်။ ထိုသို့ ဖြောင့်တန်း ပစ်လိုက်ခြင်းသည် ကြွက်သားများ၏ တင်းအားကို လျော့သွားစေသည်။
ပိုကြီးမားသော ရင်အုပ်တွန်းခြင်း နည်းပညာ
ကမ္ဘာ့ ရင်အုပ်တွန်း ချန်ပီယံများဖြစ်သည့် Paul “Tiny” Meeker နှင့် Shawn “Freakshow” Frankl တို့၏ နည်းပညာများကို မလေ့လာမိလျှင် အများကြီး ဆုံးရှုံးစရာရှိသည်။ သူတို့နှစ်ယောက်လုံးသည် 2009 Olympia Powerlifting Super Show တွင် နှစ်ကြိမ်စီ သရဖူဆောင်းထားသူများဖြစ်သည်။ Meeker သည် super-heavyweight တန်းတွင် ပေါင် ၇၀၀ ကို ၇ကြိမ်တွန်းနိုင်ခဲ့သည်။ Frankl သည် ပေါင် ၂၂၀ တန်းတွင် ပေါင် ၆၀၀ ကို ၆ ကြိမ်တွန်းနိုင်ပြီး ပေါင် ၅၀၀ ကို ၁၁ ကြိမ်တွန်းနိုင်ကာ စံချိန်ချိုးခဲ့သည်။ ပက်လက်အိပ်ခုံတန်းရှည်ပေါ်မှာ အကောင်းဆုံး ရလဒ်တွေရအောင် သူတို့ ဘာတွေ ပြောစရာရှိလဲ ကြည့်ကြရအောင်။
စတင်ပေးမည့်လူ ရှိပါစေ
Meeker – “ကိုယ့်ဘာသာ အလေးကို စမ မပါနှင့်။ ထိုကဲ့သို့ မခြင်းသည် ကိုယ့်ဆုံအဆစ်ကို ယိုယွင်းသော နည်းလမ်းနှင့် မခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်။”
နားပါ
Frankl – “တစ်ကျော့စီကြားတွင် ၅ မိနစ်လောက်နားပါ။ ၁၀ မိနစ်တောင် ဖြစ်နိုင်တယ်။ ကျွန်တော့်ခန္ဓာကိုယ်ကပဲ ကျွန်တော် ဘယ်လောက်နားသင့်လဲ ပြောတယ်။ ကျွန်တော့်အလေးကြီးတွေ မပြီးလို့ စက်တွေနဲ့ ကစားတဲ့အခါ နှစ်မိနစ်စီလောက် နားပါတယ်။”
အနာမခံ အသာမစံရဆိုတာ မှားသည်
Meeker – “ကျွန်တော် တစ်ပတ်ကို တစ်ချိန်ပဲ ရင်အုပ်တွန်းတယ်။ ကျွန်တော့် ခန္ဓာကိုယ်ပေါ် မူတည်ပြီး တခါတလေ နှစ်ပတ်၊ သုံးပတ်ထိ မကစားတတ်ပါ။ ကျွန်တော် စိတ်မထက်သန်ရင် ကျွန်တော် မကစားဘူး။”
ဆုံတွေကို ကာကွယ်ပါ
Frankl – “တံတောင်ဆစ်များကို တအားမကားပါနှင့်။ ကားလိုက်လျှင် ဆုံအဆစ်များပေါ် ဖိအားများစေပြီး ထိခိုက်သွားနိုင်သည်။”
ကူမည့်ကစားဖော်ကို ယုံပါ
Meeker – “ဆိုးရွားသော အရာများသည် အမြဲလိုလို ဖြစ်နိုင်သည်။ ထို့ကြောင့် ကိုယ့်ကို တွန်းပေးနိုင်မည့် အန္တရာယ်ကင်းစေမည့် ယုံကြည်ရသော ကစားဖော်များနှင့် မိမိကိုယ်ကို ၀န်းရံထားပါ။”
သွေးပူများ
Frankl – “ကျွန်တော်အလေးတွေကို နည်းနည်းချင်းစီသာ တိုးသွားပြီး သွေးပူအချိန်ပေးလုပ်တယ်။ ဥပမာ ကျွန်တော် ၁၃၅ပေါင်နှင့် နှစ်ကျော့ကစားတယ်။ ထို့နောက် ၂၂၅၊ ၃၁၅၊ ၃၆၅၊ ၄၀၅၊ ၄၅၅ပေါင်၊ နောက်ဆုံးတော့ ကျွန်တော့်အများဆုံး ပေါင် ၉၀၀ ထိ တိုးတွန်းသွားပါတယ်။”
လေကို အမိအရ အသုံးချပါ
Meeker – “ရင်အုပ်တွန်းစဉ်တွင် အသက်ရှုသွင်း၊ ရှုထုတ်ခြင်းသည် အလွန် အရေးကြီးသည်။ ကျွန်တော့် ကြွက်သားများထဲမှ အောက်စီဂျင်သည် ကျွန်တော့်ကို ပါဝါပိုပေးသည်။ အကယ်၍ ကျွန်တော် အဲသည့်လေကို သေချာမမိခဲ့လျှင် ကျွန်တော် ခွန်အား ဆုံးရှုံးသွားပြီဖြစ်သည်။”
ခြေထောက်အလုပ်
Frankl – “ရင်အုပ်တွန်းခြင်းသည် အပေါ်ပိုင်းအတွက်ပဲ မဟုတ်ပါ။ အမြင့်ဆုံးသော ခွန်အားအတွက် ကျွန်တော့်ခြေထောက်တွေက စပြီး တကိုယ်လုံးက ခွန်အားတွေကို သုံးပါတယ်။ ကျွန်တော့်ခါးနောက်ကို ကော့ထားဖို့နှင့် အလေးကို အားနဲ့တွန်းနိုင်ဖို့ ကျွန်တော့်ခြေတွေကို ကြမ်းပြင်ကန်ထားလိုက်တယ်။”
ပက်လက်အိပ်ရင်ဘတ်တွန်းမှာ အလေးဆုံးနဲ့ တစ်ကြိမ်ဘယ်လို တွန်းနိုင်မလဲ စမ်းကြည့်ခြင်း
တစ်ကြိမ်တည်း တစ်ကျော့ ကစားတော့မည်ဆိုလျှင် သန်မာသော ကစားဖော်တစ်ယောက် (သို့မဟုတ် နှစ်ယောက်) တော့ ဘေးမှာ ရှိနေပါစေ။ ကိုယ့်အမျိုးသမီးကို ထားခြင်းကတော့ ကောင်းသော ရွေးချယ်ချက်မဟုတ်။ ထိုအမျိုးသမီးသည် Becca Swanson (ကမ္ဘာ့အသန်ဆုံး အမျိုးသမီး) မဟုတ်လျှင်ပေါ့။ ပေါ့ပေါ့နှင့် သွေးပူအကျော့ပေါင်းများစွာ ပြီးအောင် လုပ်ပါ။ ပြီးလျှင် ပထမနှစ်ကျော့ကို ခြောက်ကြိမ်အောက်လောက်စီသာ ကစားပါ။ ထို့နောက် တစ်ကြိမ်၊ နှစ်ကြိမ်ပဲ နိုင်နိုင်တော့သည့် ကိုယ်မျှော်မှန်းထားသော အများဆုံး အလေးနားထိ ရောက်အောင် တိုးသွားပါ။ ဘယ်သွေးပူအကျော့မှာမှ ကြွက်သားအားကုန်သည်အထိ မကစားပါနှင့်။
အခုမှာတော့ အများဆုံး တစ်ကြိမ် စမ်းသပ်ခြင်း စပြီဖြစ်သည်။ ကိုယ်အားကုန်သွားအောင် ၆ ကြိမ်ကနေ ၁၀ ကြိမ် ကစားနိုင်သော အလေးကို အရင်စဉ်းစားပါ။ ထို့နောက် ထိုအလေး၏ ၃၀-၄၀% တိုးပါ။ တစ်ကြိမ်တည်းသာ ကစားပါ။ အောင်မြင်လျှင် ၃-၄ မိနစ်နားပါ။ ၅-၁၀ ပေါင်တိုးပါ။ မအောင်မြင်လျှင် ၅-၁၀ ပေါင် ဖြုတ်ပါ။ ၃-၄မိနစ်နားပြီး နောက်တစ်ကြိမ်ဆက်ကစားပါ။ ကိုယ်အောင်အောင်မြင်မြင် တစ်ကြိမ်တည်းကစားနိုင်သော နောက်ဆုံးအလေးသည် မိမိ၏ စစ်မှန်သော တစ်ကြိမ်အလေးပင်ဖြစ်သည်။ ကြိုးစားမှုအားလုံး၏ ကြားတွင် ၃-၄မိနစ်နားဖို့ သေချာပါစေ။
ပက်လက်အိပ်ရင်ဘတ်တွန်း နံပါတ်များ
၁,၀၇၅
Kennewick, Washington မှာ ကျင်းပခဲ့သော 2008 Pride Performance Strength Wars တွင် ရင်ဘတ်တွန်း ကိုယ်ကျပ်အင်္ကျီ ၀တ်ပြီး Ryan Kennelly ဆိုသူက ပက်လက်အိပ်ရင်ဘတ်တွန်းခဲ့သော ပေါင်အလေးချိန်ဖြစ်သည်။
၇၁၅
2005 New England Bench Press Classic တွင် Scot Mendelson က အင်္ကျီ မ၀တ်ဘဲ တွန်းခဲ့သော ပေါင်အလေးချိန်ဖြစ်သည်။
၂၅
ခြေထောက်ကို ခုံတန်းပေါ် သို့မဟုတ် လေထဲ မြှောက်ထားတာထက် ခြေထောက်ကို ကြမ်းပြင်ပေါ် ခိုင်ခိုင်မြဲမြဲထောက်ထားသည့်အခါ တိုးတက်လာသော ခန့်မှန်းခြေ ခွန်အား ရာခိုင်နှုန်းဖြစ်သည်။
၂၀
လက်ကျဉ်းကျဉ်းကိုင်လျှင်ဖြစ်စေ၊ လက်လှန်ကိုင်လျှင်ဖြစ်စေ ဆုံးရှုံးသွားသော ခန့်မှန်းခြေ ခွန်အား ပမာဏဖြစ်သည်။
ကျွန်တော်တို့ အာနိုးလို ရင်အုပ်ကြီးမား မို့မောက်အောင် ကြိုးစားကြပါစို့။
ကျေးဇူးတင်ပါသည် မိတ်ဆွေတို့။
Related posts:







တင်ဆက်သွားတာ ကောင်းတယ်ဗျာ ကျွန်တော်တို.တွေ လေ.လာရ ကျိုးနပ်အောင် ပို.စ်အသစ်တွေ တင်ပေးနေတာ အများကြီး ကျေးဇူးတင်ပါတယ်
google မှာ စာတွေရိုက်ရင်းနဲ့ ဒီဝက်ဆိုက်လေးကို ဖတ်မိတာပါ ဖတ်ရကျိုးနပ်ပါတယ် ကျွန်တော်လည်းအခု သင်တန်းစတတ်နေပါတယ် ခတ်တာက ကျွန်တော့်အရပ်ပုနေတယ် ဒီဝက်ဆိုက်မှာ ရှိတဲ့အကိုဆရာသမားတွေကို အကြံပြုစေချင်ပါတယ် ကျွန်တော် အရပ်က အခုဆို 5ပေ နည်းနည်းစွန်းစွန်းလောက်ပဲရှိတယ် အရပ်လည်းရှည်ချင်ပါတယ် ခနာကိုယ်လည်းလှချင်ပါတယ်တောင့်တောင့်တင်းတင်းပေါ့ ကျွန်တော့်အသက်က 21ကျော်ပါပီ အရပ်ရှည်နည်းလေးလည်းပြောပြပေးကျပါခင်ဗျာ စိတ်ဓာတ်တွေကျနေလို့ပါ ။ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ် aungyelay ခင်ဗျာ..
အရပ်ရှည်ချင်သည့် အကြောင်းနှင့် ပတ်သက်ပြီး မေးထားသည်မှာ ၃၊ ၄ ကြိမ်ရှိသည့်တစ်ကြောင်း၊ ဆင်တူဖြစ်ရပ်များဖြစ်သည်က တစ်ကြောင်း။ ထို့ကြောင့် http://myanmarfitness.com/common-mistakes-in-bodybuilding-no-15#comments အဲသည့်က အောက်ဆုံး comment မှာပဲ ပြန်ဖတ်ကြည့်လျှင် အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါသည်။ ကျန်သည့် ဘော်ဒီလှဖို့ကိုတော့ ကျွန်တော်တို့ဝဘ်ဆိုက်မှာ ရှာဖွေဖတ်ရှုနိုင်ပါသည်။
Stay Motivated,
Naing Wai