Feb
16

ဘ၀မှာ ဆုတ်ဆိုင်းမှုတွေ၊ အနှောင့်အယှက်တွေနှင့် ကြုံရသည့်အခါ by Tina Durkin

Home > General Health > ဘ၀မှာ ဆုတ်ဆိုင်းမှုတွေ၊ အနှောင့်အယှက်တွေနှင့် ကြုံရသည့်အခါ by Tina Durkin

“လောကဓံတစ်ခု နှင့် ကြုံတဲ့အခါ ပထမဆုံးလုပ်ရမှာက  ကိုယ့်ကိုယ်ကို သနားဝမ်းနည်းခြင်း မဖြစ်ရန်ဖြစ်တယ်။ ကံတရား၊ ကိုယ့်ခင်ပွန်းဇနီး၊ ကိုယ့်ကလေးတွေ၊ ကိုယ့်ပတ်ဝန်းကျင်နှင့် ယုတ်စွအဆုံး မစ်ကီမောက်စ်ကိုပင် ဘာပဲဖြစ်ဖြစ် အပြစ်ပုံချဖို့ လွယ်လွယ်လေးပါ။ ဒါပေမယ့် မလုပ်ပါနှင့်။ တကယ်တော့ ဖြစ်သွားပြီပဲ။ နောက်ဆုံးအကြိမ်လောက် ပြန်စစ်ကြည့်လိုက်ပါဦး။ ကျွန်မတို့ အချိန်နောက်ပြန်သွားနိုင်လားလို့ပါ။

အဲသည့်အချိန်တွေ၊ ဖြစ်ရပ်တွေကနေ လွတ်ပြီဆိုတာနဲ့ ကိုယ့်အခြေအနေတွေကို ပြန်စစ်ပါ။ အကယ်၍ ထိခိုက်ဒဏ်ရာရခဲ့တာဆိုလျှင် အဲသည့် ဒဏ်ရာအကြောင်း ကိုယ်တတ်နိုင်သလောက် လေ့လာသင်ယူပါ။ ဘာကြောင့် ဖြစ်ခဲ့သလဲ။ ဘာတွေနဲ့ ကာကွယ်နိုင်ခဲ့သလဲ။ ဘာတွေနဲ့ ကုသကယ်ဆယ်နိုင်သလဲ။ ပြီးတော့ ပြန်လည်နာလန်ထူဖို့၊ ပြန်ထူထောင်ဖို့ အခွင့်အရေး ဘာတွေရှိသလဲ။ စသည်ဖြင့် လေ့လာပါ။ ပြီးနောက် ကိုယ့်ရည်မှန်းချက်ဟောင်းတွေကို ပြန်ပုံဖော်ပါ။ လိုအပ်သလို ပြန်ညှိပါ။ သို့မဟုတ် ကိုယ့်ရပ်တည်နေတဲ့ အနေအထားအရ ရည်မှန်းချက်အသစ်တွေကိုတောင် ဖန်တီးပါ။ ၎င်းရည်မှန်းချက်များဆီသို့ အရှိကို အရှိအတိုင်းခံယူထားသည့် စစ်မှန်နည်းလမ်းကျသော စနစ်များ ဖန်တီးပြီး ရိုးရိုးသားသား လိုက်နာပါ။”

by Tina Durkin

2007 NPC National Fitness Overall Winner

သူမ ဘာတွေ စားနေတာလဲ?

ဤသည်မှာ အမျိုးသမီးများအတွက် ကိုယ်လုံးလှစေမည့် ပြီးပြည့်စုံသော စားသောက်နည်း ဥပမာ တစ်မျိုးဖြစ်သည်။

Related posts:

  1. ထိပ်ဆုံးက အစားအသောက် ၄၀
  2. ဒိုရီယံရိတ်စ်၏ တနေ့တာ စားသောက်ပုံ