2010-အိုလံပီယာပြိုင်ပွဲ ဘယ်သူတွေ ပြိုင်ကြမှာလဲ?
Home > ကမ္ဘာ့သမိုင်းသို့, နိုင်ဦး စာမျက်နှာ > 2010-အိုလံပီယာပြိုင်ပွဲ ဘယ်သူတွေ ပြိုင်ကြမှာလဲ?တင်ဆက်သူ — နိုင်ဦး (119)(intensemuscle@gmail.com)
ကဲပရိတ်သတ်ကြီးရေ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကာယဗလပြိုင်ပွဲတစ်ခု ဖြစ်တဲ့ ဆရာကြီး ဂျိုးဝီဒါရဲ့
2010-မောင်အိုလံပီယာပြိုင်ပွဲကို စက်တင်ဘာလ 23-24 ရက်များမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါ
တယ်။ ဒီနှစ် မောင်အိုလံပီယာပြိုင်ပွဲကတော့ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။ ရွန်နီကိုလ်း
မင်းလည်း တစ်ကျော့ပြန်ပြိုင်မယ်လို့ ပြောပါတယ်။ အဲဒီလိုပြောတာ 2008 ခုနှစ်ကတည်းကပါ။
ဒါပေမဲ့မပြိုင်ဖြစ်ခဲ့ပါဘူး။အကယ်၍ပြန်ပြိုင်ဖြစ်ပါကမောင်အိုလံပီယာချန်ပီယံသုံးယောက်ဖြစ်တဲ့
ဂျေးကတ်လာ၊ရွန်နီကိုလ်းမင်းနှင့်ဒက်တာဂျက်ဆင်တို့ သုံးယောက်ဟာသူတင်ကိုယ်တင်အား
ပြိုင်ကြမယ့်တစ်ကဲ့အကြိတ်အနယ်ပြိုင်ပွဲကောင်းကြီးတစ်ပွဲပေါ့။ဒါပေမဲ့ကျွန်တော့်အထင်ပြောရရင်တော့
သူတို့ သုံးယောက်လုံးချန်ပီယံပြန်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ဂျေးကတ်လာက
တော့50-50ပေါ့ဗျာ။ဒီနှစ်မှာသူတို့ ထက်ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေသူများကတော့ဖီလ်းဟိသ်
နှင့်ကိုင်ဂရီန်းပေါ့ဗျာ။ကိုင်ဂရီန်းက2009-2010 အာနိုးကလပ်စစ်ချန်ပီယံပါ။ဒါပေမဲ့ဒီနှစ်အိုလံပီ
ယာချန်ပီယံဖြစ်သင့်သူကတော့ဖီလ်းဟိသ်လို့ ထင်ပါတယ်။သူကချန်ပီယံဖြစ်ဖို့ အဖက်ဖက်က
ပြည့်စုံသူပါ။မနှစ်ကအိုလံပီယာဒုတိယဆုရှင်ဘရန့် ခ်ျဝါရန်ကိုတော့ချန်ပီယံဖြစ်ဖို့ သိပ်မမျှော်
မှန်းပါဘူး။သူကမာဆယ်ကွာလတီနှင့်ထုထည်အလွန်ကောင်းသော်လည်းအချိုးအစားသိပ်မလှ
ပါဘူး။ဒီနှစ်မှာပထမခြောက်ယောက်ထဲဝင်ဖို့ တောင်မနည်းကြိုးစားရမဲ့အနေအထားမှာရှိပါ
တယ်။ကဲဗျာနောက်ပြိုင်ပွဲနီးမှပဲဝေဖန်ရေးဆောင်းပါးလေးရေးဦးမယ်ဗျာ။အခုတော့ပြိုင်ပွဲ
ဝင်စာရင်းကိုတင်ပြပေးလိုက်ပါတယ်။
ပြိုင်ပွဲဝင်ခွင့်ရသူများကတော့—–
1—ဂျေးကတ်လာ
2—ဘရန့် ခ်ျဝါရန်
3—ဒက်တာဂျက်ဆင်
4—ကိုင်ဂရီန်း
5—ဖီလ်းဟိသ်
6—ဗစ်တာမာတီးနက်စ်
7—ရွန်နီရာကယ်လ်
8—တိုနီဖရီးမင်း
9—ဟီဒီတာဒါယာမာဂီရှီ
10—ထရိုင်အဲလ်ဗ်
11—မယ်လဗင်အန်ထော်နီ
12—အဲရစ်ဖရန့် ခ်ဟောက်ဆာ
13—ဒင်းနစ်ဝုဖ်
14—ရိုလီဝင်ကလာ
15—အက်ဝပ်နန်း
16—ဘင်ဝှိုက်
202-ပေါင်အောက်ပြိုင်ပွဲဝင်အချို့ —–
1—ဒေးဗစ်ဟင်နရီ
2—ကီဗင်အင်္ဂလိပ်
3—အီဒူရာဒိုဒါဆေလ်းဗား
4—ရောဇ့်ရှားဗာဇ်
5—ဂျိုဆေးရီမွန်
6—အာမက်အာမက်
7—ဂျေဆန်အန့် ဇ်
8—ထရစ်ကီဂျက်ဆင်
9—မိုက်ဗလင်တီနို
10—ဘိုလာအိုဂျက်စ်
ကဲပရိတ်သတ်ကြီးဒီနှစ်ဘယ်သူချန်ပီယံလို့ သင်ထင်လဲ?
စီစဉ်တင်ဆက်သူ—
နိုင်ဦး—119
Related posts:


































Phil Heath ကြီး ကောင်းတာကတော့ လွန်လွန်းပါတယ်။ ကျွန်တော်ကတော့ သူနဲ့ Jay Cutler တစ်ယောက်ယောက်လို့ ထင်တာပဲ။
ကိုနိုင်ေ၀၀င်းရေ ခင်ဗျားနဲ့ ကျွန်တော် အကြိုက်ချင်း တူသွားပြီဗျ။ သေချာပါတယ် သူရမှာပါ။ ဒါပေမဲ့ ကိုင်ဂရီန်းကိုတော့ လျော့မတွက်သင့်ဘူးဗျ။
နိုင်ဦး–119