Jul
5

ယနေ့ ခေတ်မှာ GYM တွေကိုသွားပြီး ဘာကြောင့် လေ့ကျင့်သလဲ ?

Home > နိုင်ဦး စာမျက်နှာ > ယနေ့ ခေတ်မှာ GYM တွေကိုသွားပြီး ဘာကြောင့် လေ့ကျင့်သလဲ ?

တင်ဆက်သူ — နိုင်ဦး (119) (intensemuscle@gmail.com)


ယနေ့ ခေတ်တွင် လူအများ၏ ဘ၀နေထိုင်မှု့ ပုံစံမှာ ကျန်းမာရေးအတွက် အထောက်အကူ

မပြုရုံသာမက ဆိုးကျိုးပင် သက်ရောက်စေပေသည်။ ကျန်းမာရေးဆောင်းပါး မဟုတ်သောကြောင့်

အကျယ်ရှင်းမပြတော့ပဲ ကျွန်တော်တို့ နှင့် သက်ဆိုင်သောအရာများကိုသာ တင်ပြပေးလိုက်မည်။

လူငယ်တစ်ယောက်လေ့ကျင့်ခန်းလုပ်ရန် gym တစ်ခုကိုသွားမည်ဆိုလျင်သူ့ ကို သူ့ သူငယ်

ချင်းများကမင်းကလည်းကွာဝိတ်ပေါကြီးလုပ်ဖို့ လား။ဘာလုပ်မှာလည်းကွာတော်ကြာသိပ်

ဟဲဗီးကြီးဖြစ်လာရင်ရွံစရာကြီးကွာ။ဘာညာပေါ့။အဲဒီဝေဖန်တဲ့သူတွေကိုကြည့်လိုက်ပါ။လူက

ပိန်ညောင်ညောင်၊ဆံပင်ကထိုးထိုးထောင်ထောင်၊မျက်တွင်းကဟောက်ပက်၊နားကွင်းကတွဲလွဲ

အဝေးကကြည့်လျင်ယောကျာ်းမှန်းမသိ၊မိန်းမမှန်းမသိ၊အနီးကပ်ကြည့်လျင်တီဘီရောဂါသည်

လိုလို၊နာတာရှည်ရောဂါသည်လိုလိုတွေချည်းပါ။လူငယ်တွေရဲ့ ခေတ်စတိုင်ကိုဝေဖန်တာမ

ဟုတ်ပါ။ယောကျာ်းဆိုလည်းယောကျာ်းပီပီသသ၊မိန်းမဆိုလည်းမိန်းမပီသသောခန္ဒာကိုယ်ကို

ပိုင်ဆိုင်ပါကဘာဝတ်ဝတ်ကြည့်ကောင်းမည်ဖြစ်သည်။သန်စွမ်းထွားကျိုင်းခြင်းသည်ကျန်းမာ

ခြင်း၏လက္ခဏာတစ်ခုဖြစ်သည်။ထို့ ကြောင့်ကျန်းမာပြီးသန်စွမ်းစေရန်သင်တန်းသို့ သွား

ရောက်လေ့ကျင့်သင့်ကြောင်းအချက်ခုနှစ်ချက်ကိုတင်ပြပေးလိုက်ပါသည်။

(၁)—ပိုပြီးကြည့်ကောင်းစေရန်

(၂)—များစွာသောကျန်းမာရေးပြသနာများမှလွတ်ကင်းစေရန်

(၃)—စနစ်တကျနေထိုင်တတ်စေရန်

(၄)—အသက်ရှည်စေရန်

(၅)—မိမိကိုကိုယ်ပိုပြီးယုံကြည်မှု့ ရှိစေရန်

(၆)—နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေရန်

(၇)—နှလုံးရောဂါနှင့်ရောဂါဆိုးများမှကာကွယ်ရန်

-စသောအချက်များကြောင့်သင်လေ့ကျင့်ခန်းလုပ်သင့်ပါသည်။

တင်ပြသူ—–

နိုင်ဦး—–119

Email—-intensemuscle@gmail.com

Related posts:

  1. ကာယလေ့ကျင့်မှုတွင် မှားတတ်သော အမှားများ-နံပါတ်(၃)
  2. အာမက်ဟိုင်ဒါ (Ahmed Haider) ရဲ့ လက်မောင်းရှေ့ ကစားနည်း ပရိုဂရမ်
  3. သင်လေ့ကျင့်ရာမှာပုံစံကျစေရန် ဂရုစိုက်ပါ
  4. ထရစ်ကီဂျက်ဆင်၏ ၀မ်းဗိုက်ကြွက်သား ကစားနည်း
  5. သင်ဥကြိုက်လား