May
25

အနာဂါတ်ရဲ့ မောင်အိုလံပီယာ ချန်ပီယံဟာ အာရှသားဖြစ်လေမလား

Home > ကမ္ဘာ့သမိုင်းသို့, နိုင်ဦး စာမျက်နှာ > အနာဂါတ်ရဲ့ မောင်အိုလံပီယာ ချန်ပီယံဟာ အာရှသားဖြစ်လေမလား

တင်ဆက်သူ – နိုင်ဦး (119) (intensemuscle@gmail.com)

သူကတော့ 2009-ခုနှစ်ဗြိတိသျှ နေရှင်တယ် ကာယဗလပြိုင်ပွဲမှာ ဟဲဗီးဝိတ်တန်းနှင့် overall

ချန်ပီယံဇက်ခန်း (zack khan ) ပါ။ အဲဒီပြိုင်ပွဲမှာ သူက IFBB ရဲ့ ပရော်ဖက်ရှင်နယ် အသိအမှတ်

ပြုကဒ်ကိုရရှိခဲ့တာပါ။ သူ့ ကိုပါကစ္စတန်နိုင်ငံ၊ ကရှ်မီးယားဒေသမှာမွေးဖွားခဲ့ပြီး၊သူဟာအစ္စလာမ်

ဘာသာဝင် တစ်ယောက်ပါ။ ပြီးတော့မှ မိဘများဟာစီးပွားရေးအတွက်လန်ဒန်ကိုပြောင်းရွေ့ အ

ခြေချခြင်းကြောင့် သူဟာအင်္ဂလန်မှာ ကြီးပြင်းခဲ့ရသူပါ။သူ့ ရဲ့ အသက်ဟာနှစ်ဆယ့်ကိုးနှစ်သာ

ရှိသေးသူပါ။သူ့ အရပ်ကတော့ခြောက်ပေပါ။ပြိုင်ပွဲဝေးကိုယ်အလေးချိန်ကတော့ပေါင်-300၊

ဖြစ်ပြီးပြိုင်ပွဲဝင်ကိုယ်အလေးချိန်ကတော့ပေါင် 260-ပါ။သူ့ လက်မောင်းကလက်ရှိ 24 လက်မရှိ

ပါတယ်။အင်မတန်ကောင်းတဲ့သူ့ ထုထည်၊နှင့်အချိုးအစားဟာချန်ပီယံဖြစ်ဖို့ အများကြီးအလား

အလာကောင်းနေသူပါ။သူ့ ကိုလူအများစုကတော့ဒုတိယရွန်နီကိုလ်းမင်းလို့ တောင်တင်စားနေ

ကြပါတယ်။သူကတော့ဒီနှစ် 2010 အတွင်းမှာမည်သည့်ပရော်ဖက်ရှင်နယ်ပြိုင်ပွဲကိုမှဝင်

ရောက်ယှဉ်ပြိုင်ခြင်းမပြုပဲအကောင်းဆုံးအနေအထားရအောင်ကြိုးစားကာ 2011ခုနှစ်တွင်မှဝင်

ရောက်ယှဉ်ပြိုင်မည်ဟုဆုံးဖြတ်ထားသူဖြစ်သည်။သူ့ ကိုစောင့်ကြည့်ရမည့်သူတစ်ဦးအဖြစ်

အသိအမှတ်ပြုမိပါသည်။မိတ်ဆွေတို့ ပတ္တမြားလိုချင်လျင်ရန်ကုန်မှာမတူးနှင့်မိုးကုတ်မှာ

တူးမှရမည်ဟုလူကြီးများပြောသောစကားကမှန်နေပြီလို့ ထင်ပါတယ်။ကာယဗလသမားတစ်

ယောက်အောင်မြင်ဖို့ ကကျွန်တော်တို့ နိုင်ငံမှာမလွယ်ပါ။ထို့ အတူအာရှတွင်ပင်မလွယ်ကူလှ

ပေ။အမေရိကန်နှင့်အနောက်နိုင်ငံများတွင်အခြေချကာကြိုးစားသောကြောင့်အောင်မြင်သွား

သောအာရှမောင်များကိုကျွန်တော်ခင်ဗျားတို့ ကိုအလျဉ်းသင့်သလိုမိတ်ဆက်ပေးပြီးဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံအနေနှင့်လည်းကာယဗလတွင်အောင်မြင်လိုပါကအလားအလာကောင်း

သောမျိုးဆက်သစ်များကိုရွေးချယ်ကာစပွန်ဆာပေးကာထိုနိုင်ငံများသို့ စေလွတ်လေ့ကျင့်စေ

မည်ဆိုပါကနောက်ငါးနှစ်အတွင်းအင်မတန်ကောင်းသောရလာဒ်များဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်

မည်ဟုထင်ပါသည်။မျိုးဆက်သစ်များကိုရွေးချယ်သည်ဆိုရာဝယ်အထက်လူကြီးများနှင့်ပိုင်

သောအလျော်အစားကောင်းသောသူများကိုမဆိုလိုပါ။တစ်ကဲ့ကိုအချိုးအစားကောင်းမွန်သော

အသက်တစ်ကယ်ငယ်သော၊အလားအလာရှိသောမျိုးဆက်သစ်လူငယ်များကိုဆိုလိုသည်။တာ

ဝန်ရှိသူများအနေဖြင့်မည်သူ့ မျက်နှာကိုမှမထောက်ပဲနိုင်ငံတော်အတွက်သာလျင်ရွေးချယ်သင့်

သည်ဟုထင်ပါသည်။ခင်ဗျားတို့ သတိထားမိရဲ့ လား။ကျွန်တော်တို့ နိုင်ငံမှာကာယဗလမျိုးဆက်

ပြတ်နေတာကြာပါပြီ။ကျွန်တော်တို့ ရဲ့ ပြိုင်ဖက်အိမ်နီးခြုင်းထိုင်းနိုင်ငံမှာလက်ရွေးစင်ကာယဗ

လသမားချည်းပဲအယောက်ခြောက်ဆယ်လောက်ရှိပါတယ်။အဲဒီထဲကတစ်ချို့ ကိုကမ္ဘာကျော်

နည်းပြမီလော့ဆာချက်ဆီမှာသွားရောက်လေ့ကျင့်ခိုင်းထားပါတယ်။ကဲသူတို့ နဲ့ ဘယ်လိုယှဉ်

မလဲဗျာ။လုပ်ငန်းရှင်တွေကလည်းဘောလုံးအဖွဲ့ ချုပ်အတွက်ဆိုသိန်းကိုထောင်နှင့်ချီပြီးလှူဒါန်း

သော်လည်းကာယဗလအတွက်ဆိုရန်ပုံငွေအတွက်ပြက္ခဒိန်တောင်မ၀ယ်ချင်ကြပါဘူး။တစ်

ကယ်တော့သူတို့ မသိတာကကျွန်တော်တို့ ကာယဗလအားကစားကတစ်ယောက်ကောင်းရင်

ရွေတစ်ခုရတာပါ။အတန်းလေးတန်းကရွေလေးခုရရင်နိုင်ငံတော်အတွက်ရွေလေးခုပါ။စပွန်ဆာ

ပေးရမှကလေးယောက်ထဲပါ။ဘောလုံးကအယောက်နှစ်ဆယ်လောက်ရှိပါတယ်။ရွေရရင်တစ်ခုပဲရမှာပါ။ဒါပေမဲ့ အဲဒီရွေကအိပ်မက်လိုပဲလိုက်လေပြေးလေပါ။နည်းပြမကောင်းလို့ ဘာလို့ ညာ

လို့ နဲ့ ပဲပြီးနေတာပါ။ကျွန်တော်ကမြန်မာဘောလုံးသမားတွေကိုဝေဖန်နေတာမဟုတ်ပါဘူး။

စပွန်ဆာတွေကိုဝေဖန်နေတာပါ။ပေါ်ပြူလာဖြစ်တဲ့အားကစားကိုစပွန်ဆာသိန်းသုံးထောင်ပေး

ရင်ကျွန်တော်တို့ ကာယဗလကိုသိန်းသုံရာပဲပေးပါ။ရွေနှစ်ခုအနဲဆုံးရမယ်လို့ ကျွန်တော်အာမခံ

တယ်ဗျာ။ကျွန်တော့်မှာကာယဗလလောကအတွက်စိတ်ကူးယဉ်အိပ်မက်တွေစီမံကိန်းတွေအ

များကြီးရှိပါတယ်။အကယ်၍လုပ်ပိုင်ခွင့်များသာရလို့ ကတော့ဗျာဘာပြောကောင်းမလဲဗျာ။

အတိုင်းထက်အလွန်တံခွန်နဲ့ ကုက္ကားဆိုတာမျိုးဖြစ်သွားစေရမယ်ဗျာ။ဒါပေမဲ့ကျွန်တော်သိပါ

တယ်ဒါကဖြစ်ဖို့ မလွယ်တဲ့အိမ်မက်တစ်ခုဆိုတာကိုပါ။ပြောရင်းနဲ့ ပဲအရသာယူနေရတာပါ။

ဒါပေမဲ့တစ်နေ့ နေ့ တော့တစ်နေ့ နေ့ ပေါ့ဗျာ။အဲ့ဒီတစ်နေ့ နေ့ ကအချိန်မနှောင်းပါစေနဲ့ လို့ 

ဆန္ဒပြုပါတယ်။ခင်ဗျားတို့ အသံလေးတွေကြားချင်တယ်ဗျာ။ comment လေးတွေလုပ်ပါဦး။

စီစဉ်တင်ပြသူ——

နိုင်ဦး—-119

Email—–intensemuscle@gmail.com

Related posts:

  1. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (နောက်ဆုံးပိုင်း)
  2. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (ဒုတိယပိုင်း)
  3. အာနိုးရွှာဇီနက်ဂါး၏ လူသိမများသော ငယ်စဉ်ဘ၀ (ပထမပိုင်း)
  4. ဒတ်စတာ ဂျက်ဆင်၏ လေ့ကျင့်စဉ်
  5. သိပ္ပံနည်းကျ အဆီချနည်းများ စာအုပ်